ရုန်းအားနဲခြင်းပြစ်ချက်များ

ဆိုင်ကယ်ရုန်းအားလျော့ခြင်း


ရုန်းအားဆိုပေမယ့်အကုန်လုံးနဲ့သက်ဆိုင်ပါတယ်

၁။ဓာတ်ဆီလိုင်း/အင်္ဂျင်ဝိုင်လိုင်း
၂။မီးလိုင်း
၃။အင်္ဂျင်ဝိုင်လိုင်း

၁။ဓာတ်ဆီလိုင်း/အင်္ဂျင်ဝိုင်လိုင်း


ဓာတ်ဆီလိုင်းမှာအဓိကက ကာပရိုက်တာပါ 
အရင်ဆုံးစပြီးစစ်ရမှာက ဓာတ်ဆီစား မစား ဆီစားရင်အိပ်ဇောကမီးခိုးအနက်တွေထွက်ပါတယ် ဆီစားလို့လိုက်တဲ့မီးခိုးက ရှိုက်ဘားကလုံးဝမထွက်ပါ အိပ်ဇောကပဲမီးခိုးထွက်ပါတယ်
တချို့က ကာပရိုက်တာဆေးတယ်ဆို အပေါ်ယံလေးပဲဆေးကြတယ် ကာပရိုက်တာဆေးပြီဆို အတွင်းဂျက်လိုင်းတွေပွင့်ဖို့ကအရေးကြီးတာပါ
ကာပရိုက်တာကြောင့်ရုန်းအားလျော့နိုင်တယ် စက်သံဝတ်တာတွေဖြစ်တယ် စက်သံမမှန်တာတွေဖြစ်တယ် လီဗာဆွဲသလောက်စက်သံတက်မလာတာတွေဖြစ်တတ်ပါတယ် 

အင်္ဂျင်ဝိုင်ဆိုတာကတော့ တချို့ကဂိတ်တောင်တိုင်းမကြည့်ကြဘူး
အင်္ဂျင်ဝိုင်ဂိတ်မှီရပါမယ် အင်္ဂျင်ဝိုင်အစစ်တွေကောင်းရပါမယ် ပန့်လိုင်းတွေကောင်းရမယ် ဒါတွေမကောင်းရင်အင်္ဂျင်heatတက်ပြီးရုန်းအားလျော့ပါမယ်

၂။မီးလိုင်း

မီးလိုင်းကြောင့်လဲဖြစ်တတ်ပါတယ် ဆိုင်ကယ်တစ်စီးစက်သံချောဖို့ဆိုတာ ဆီမီးမျှနေဖို့လိုပါတယ် မီးထွက်အရမ်းလဲမများရဘူး နဲလို့လဲမရပါဘူး

 ၅စ ဘီးတွေမှာဆို စတက်ကွိုင်အားနဲတာဖြစ်နိုင်တယ် Cdiကြောင်တာတွေရှိတယ် 4စဘီးတွေမှာဆိုဘက်ထရီရှိသင့်တယ် ဘက်ထရီ မကောင်းရင် ဒိုင်အုပ်ကောင်းရမယ် ဘက်ထရီမကောင်းရင်ဒိုင်အုပ်ကဘက်ထရီလောက်အားမငြိမ်နိုင်ဘူး Cdiအတွက်သိပ်မကောင်းဘူးပဲဆိုပါတော့
Cdi မီးများ မီးနဲ မီးဖြန်းတာတွေဆို စက်သံမကောင်းပါ
ပါဆာကွိူင်တွေလဲစစ်ရပါမယ် ပလပ်ကွိုင် ပလပ်စစ်ရပါမယ်  မီးလိုင်းမကောင်းရင်လည်းစက်သံမငြိမ်ပါဘူး ဆွဲသလောက်အကုန်မပါပါဘူး

အင်္ဂျင်လိုင်း

အင်္ဂျင်လိုင်းမှာလဲ ပြောစရာများပါတယ် 
ဝရိမ်းကျပြီး ကွန်ပရက်ရှင်းကျတာကြောင့်ရုန်းအားလျော့တာရှိတယ် မီးခိုးဖြူလိုက်ပါတယ်  ရှိုက်ဘားကလည်းအင်္ဂျင်ဝိုင်မှုတ်ပါတယ်

ဘားတွေကြောင့် ဘားတွင်းနက်တာ ဂိုက်လူးတာ လေမလုံတော့တာ ဒါတွေကြောင့် စက်သံမမှန်တာ ဆွဲသလောက်မပါတာ တွေဖြစ်နိုင်ပါတယ်  

နောက်ဆုံးတစ်ခုကတော့ ကလပ်ပြားပါ
ကလပ်ပြားကျရင်တော့ စက်သံက ပုံမှန်လိုပါပဲ စက်သံချောတယ် စနိုးရတယ် ငြိမ်တယ် လီဗာဆွဲသလောက် စက်သံပါပါတယ် ရုန်းအားသာကျတာပါ ပြစ်ချက်အနေနဲ့က ကစ်ချော်တာပါ ကလပ်ပြားခဏ ခဏလဲရတယ် ကြာရှည်မခံဘူးဆိုရင်တော့ကလပ်အထိုင်တွေကိုပါစစ်ရပါမယ် ဂါပနာဘီးတွေအနေနဲ့ကတော့ ရှူး နဲ့ကတော့ပါလဲရပါမယ် ဂါပနာဘီးတွေက ကလပ်ပြားကောင်းပေမယ့် ကစ်ချော်တတ်ပါတယ် ကစ်ဘောကတစ်ဆင့်ပါနေလို့ပါ ကစ်ဘောသီးသန့်လဲပေးရပါတယ်

ကျန်တဲ့အပြင်ဖရိမ်လိုင်းလောက်ကတော့အမြဲစစ်ပါ ရှေ့ဘီး နောက်ဘီး သွက်မသွက် ဘောတွေကောင်းမကောင်း ချိန်းဆီပုံမှန်ထိုးရမယ် လေစစ်တွေလဲရမယ် အင်္ဂျင်ဝိုင်စစ်တွေလဲရပါမယ်

Admin --Khant Hmhwe Swe

Crd.