အင်ဂျင်ဝိုင်အကြောင်း Engine Oil

<Unicode>
#အင်ဂျင်ဝိုင်အကြောင်း Engine Oil

အင်ဂျင်တစ်လုံးရဲ့ အသက် သွေး။Motor Oil,Engine Oil or Engine Lubricant.ဘယ်လိုပဲခေါ်ခေါ်ပါ 
အင်ဂျင်တစ်လုံးထဲမှာ ခေါက်တုံ့လူးလာ လှုပ်ရှား
လည်ပတ်နေတဲ့ သံ၊သတ္ထု အစိတ်အပိုင်းတွေ 
ကြားထဲမှာ ပွန်းစားမှု နည်းနိုင်သမျှ နည်းအောင် 
လုပ်ပေးနေတဲ့ ချောဆီ ပါ။Engine Oil အကြောင်း
မပြောခင် Internal Combustion engine တွေ
အကြောင်း အကြမ်းဖျဉ်းလေး ရှင်းပါရစေ။Cylinder Liner လို့ခေါ်တဲ့ ပိုက်လုံးပြွန်ထဲမှာ လေလုံလောက်
အောင် ကွက်တိ စွပ်ထားတဲ့ Piston and Ring ရဲ့ linear motion လို့ခေါ်တဲ့ အဖြောင့်အတိုင်း 
ခေါက်တုံ့ ခေါက်ပြန် အတက်အဆင်း လှုပ်ရှားမှုကို Connecting rod နဲ့ Crankshaft ဆိုတဲ့ အစိတ်အ
ပိုင်းတွေကြောင့် Angular Motion လို့ခေါ်တဲ့ ချာရပတ်လည်တဲ့ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။Crankshaft 
လည်တော့ သူနဲ့ ချိတ်ဆက်ပြီး လိုရာ အသုံးချလို့
ရပါတယ်။Dynamo နဲ့ ချိတ်ပြီး လှည့်ပေးရင် 
လျှပ်စစ်ဓာတ်အားထွက်လာမယ်။ဂီယာတွေ 
ဘီးတွေနဲ့ ချိတ်ဆက်ပေးလိုက်ရင် ယာဉ်၊ယန္တယားတွေ မောင်းနှင်လို့ရလာမယ်။ပန့်တွေနဲ့ ချိတ်ဆက်ပေးရင် ဆီ၊ရေ၊လေ တွေကို လိုသလို ရွှေ့နိုင်ပြောင်းနိုင်မယ်။Internal Combustion Engine ထဲကို ဆီနဲ့လေ 
ရောထည့်ပေးလိုက်လို့ မီးလောင်ပေါက်ကွဲပြီး ထွက်လာတဲ့ အလည် စွမ်းအင်ကို ချိတ်ဆက်ပြီး လိုသလို 
အသုံးပြုလို့ရပါတယ်။သူ့အထဲမှာက သံ သတ္ထု အစိတ်အပိုင်းတွေက ပွတ်တိုက်လှုပ်ရှားပြီး အလုပ်လုပ်ရတာဆိုတော့ အဲဒီ ပွတ်တိုက်မှုတွေကြောင့် လိုအပ်တာ
ထက်ပိုပူမလာရအောင် ပွန်းစားမသွားအောင် 
ချောဆီထည့်ပေးဖို့ လိုပါတယ်။အဲ့ဒီ Internal Combustion Engine(ICE)တွေထဲမှာမှ 
ဆိုင်ကယ်အင်ဂျင်က အပတ်ရေ အများဆုံး 
ထွက်အောင် လုပ်ထားပါတယ်။ဆိုင်ကယ်စီးတဲ့ ဆရာများ မနက်စက်နှိုးပြီး လီဗာ မဆွဲသေးတဲ့အချိန်မှာ 
ဆိုင်ကယ်အမျိုးအစားပေါ် မူတည်ပြီး အပတ်ရေ ၆၀၀ ကနေ ၁၂၀၀ လည်နေပါတယ်။တစ်မိနစ်မှာပါ။1200 rpm နဲ့ တွက်ကြည့်ရအောင် rpm 1200 တစ်မိနစ်မှာ တစ်စက္ကန်ဆို အပတ်ရေ ၂၀။Crankshaftအပတ်ရေ ၂၀ လည်အောင် အထဲမှာ Piston က တစ်စက္ကန့်မှာ 
အတက်အဆင်း အကြိမ် ၄၀ လုပ်နေရတာပါ။လီဗာ
မဆွဲသေးဘူးနော် မျက်စိထဲ မြင်ကြည့်ကြပါ။rpm 6000 ဆို တစ်စက္ကန့်မှာ အတက်အဆင်း အကြိမ် ၂၀၀ပါ။
ဒီလောက်များတဲ့အရှိန်နဲ့ အထဲမှာ သံ၊သတ္ထုတွေ ပွတ်တိုက်နေတာ အပူတွေအများကြီး ထွက်လာတာပေါ့။
ပူလာရင် ပွ လာပြီး fitting ထည့်ထားတဲ့ အစိတ်အ
ပိုင်းတွေ ကြပ် ကုန်မှာပေါ့။နောက်ဆုံး လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ မလှုပ်ရှားနိုင်တော့ပဲ ရပ်ကုန်မှာပါ။အဲဒီလိုမဖြစ်အောင် ချောဆီ ဖြစ်တဲ့ အင်ဂျင်ဝိုင်ကို 
ထည့်ပေးရတာပါ။Engine Oil က ပွန်းစားမှုကို 
ကာကွယ်ပေးတယ်။ဓာတု ဓာတ်ပြုခြင်းတွေကြောင့် 
ဖြစ်လာတဲ့ တိုက်စားမှုတွေကို ကာကွယ်ပေးတယ်။Sealing လို့ခေါ်တဲ့ လှုပ်ရှားနေတဲ့ အစိတ်အပိုင်း
တွေကြားထဲမှာ ယိုစိမ့်မှု မဖြစ်အောင်လုပ်ပေးတယ်။
အင်ဂျင်ထဲမှာ ဖြစ်လာတဲ့ အပူကို သယ်ဆောင်လာပြီး လျှော့ချပေးတယ်။နောက် Cushining affect လို့ခေါ်
တဲ့ တိုက်ရိုက် ရိုက်ခတ်မှုတွေ မှာ ကြားခံပေးတယ်။အဓိက ၂ မျိုးရှိပါတယ်။Petroleum-based လို့ခေါ်တဲ့ ရေနံစိမ်းကနေ ချက်လုပ်ထားတဲ့ engine oil နဲ့ Synthetic လို့ခေါ်တဲ့ လူ လုပ်တဲ့ ဓာတုဗေဒဒြပ်ပေါင်းတွေနဲ့ engine oil ပါ။Petroleum-based engine oil ကို 1866 မှာ Dr John Ellis က ရှာဖွေတွေ့ရှိခဲ့ပြီး Synthetic Oil ကိုတော့ 1930 လောက်မှာ 
ရိုးရိုးအင်ဂျင်ဝိုင်တွေရဲ့ ဖယောင်းပါ၀င်မှုများတာကြောင့် အအေးပိုင်း ရာသီဥတုတွေမှာ ခဲတတ်တဲ့ ပြဿနာကို 
ဖြေရှင်းနိုင်ဖို့ ဂျာမန် ပညာရှင်တွေ ကြိုးစားရင်းနဲ့ 
ထွက်ပေါ်လာတာပါ။ဘာကွာလဲလို့မေးရင် သူတို့ 
ဥပမာပေးထားတာလေးက အရမ်းကောင်းပါတယ်။Engine Oil ကို နောက်ဆုံး အနုစိတ်ဓာတ်ခွဲကြရင် Hydrocarbon molecules လေးတွေ အနေနဲ့ တွေ့ရမှာပါ။Mineral Oil ရဲ့ Hydrocarbon တွေက ပုံမှန်စစ်တပ်လိုပါပဲတဲ့ တန်းစီထားပေမယ့် ပုတဲ့လူ ပိန်တဲ့လူ 
မြင့်တဲ့လူ ၀ တဲ့လူနဲ့ ဗျောက်သောက်ပါပဲ။Synthetic 
oil ရဲ့ hydrocarbon molecule တွေကတော့ Clone လို့ခေါ်တဲ့ ဓာတ်ခွဲခန်းက ထုတ်လုပ်လိုက်တဲ့ 
လူသားတွေလို တစ်ပုံစံတည်း တစ်ဆိုဒ်တည်းပါပဲတဲ့။ICE engine အမျိုးမျိုးအတွက် အင်ဂျင်ဝိုင်ကလည်း 
အမျိးမျိုး ရှိပါတယ်။ဘာနဲ့ ခွဲသလဲဆိုတော့ စေးပျစ်မှု ပမာဏနဲ့ ခွဲပါတယ်။Viscosity Index လို့ခေါ်ပါတယ်။စေးပျစ်မှု ညွှန်းကိန်း လို့ပဲ ဆိုကြပါစို့။ဘယ်သူက 
သတ်မှတ်သလဲ ဆိုတော့ Society of Automotive Engineers(SAE) မော်တော်ယာဉ် အင်ဂျင်နီယာများ အစည်းအရုံးပေါ့။0,5,10,15,20..........50,60 စသည်
ဖြင့် နံပါတ်တွေနဲ့ပေါ့ နံပါတ်ပိုကြီးလာလေ ပိုစေးပျစ်လာလေ ဝိတ်လည်းပိုများလာလေပါပဲ။SAE 30 ,SAE 50 တို့လို ဂဏန်းတစ်လုံးထဲပါတာတွေကို Single grade လို့ခေါ်ပါတယ်။အဲ့ဒီ နံပါတ်တွေဟာ အပူချိန် 100°C ရှိတဲ့အချိန်မှာ အဲဒီဆီရဲ့ စေးပျစ်မှုပါ။Centistoke ဆိုတဲ့ ယူနစ်နဲ့ တိုင်းပါတယ်။100°C 
အောက်ကျသွားရင် ဒီ့ထက်ပိုပျစ်သွားမယ်။100°C 
ထက်ပိုပူလာရင် ဒီ့ထက်ကျဲ သွားမယ်ပေါ့။အဲ့ဒီတော့ 
အေးတဲ့ အချိန်အတွက်ကျဲတဲ့ ဆီရွေး၊ပူတဲ့ အချိန်အ
တွက်ပျစ်တဲ့ ဆီရွေး။မလိုအပ်ပဲ အလုပ်တွေရှုပ်။Viscosity မြင့်တဲ့ဆီထည့်ထားမိလို့ အေးတဲ့အခါ 
ခဲနေပြီး အင်ဂျင်ဝိုင်ကတော်တော်နဲ့ အင်ဂျင်ထဲ မနှံ့လို့ စက်ပစ္စည်းတွေ ပွန်းစား၊အင်ဂျင်ဝိုင် ခဲပျစ်ပျစ်ကြီးထဲမှာ အင်ဂျင်ထဲ့က အစိတ်အပိုင်းတွေ လှုပ်ရှားလာအောင် 
မော်တာကလည်း မနည်းရုန်းရတာမို့ ဘတ္ထရီတွေ၀ပ် မော်တာတွေနာနဲ့ ဒုက္ခတွေ ရောက်ရတာပါပဲ။
နောက်တစ်ခါ အေးတဲ့ ရာသီအတွက် Viscosity နိမ့်တဲ့ကောင်ရွေးထားပြန်တော့ ရာသီဥတု ပူလာတော့ 
ကျဲလာပြီး Sealing affect တွေကျလို့ ပါဝါတွေကျလာ၊Cushining affect ကျလို့ အသံတွေ ဆူလာ ဖြစ်ကုန်ပြန်ရော။ဒါက Single grade သုံးလို့ ဖြစ်ရတဲ့ ဒုက္ခတွေပါ။ဒါမျိုးတွေ ငါတို့ဆီမှာ မဖြစ်ဖူးပါဘူးလို့ ပြောချင်ရင်လည်းပြောနိုင်ပါတယ်။ဟုတ်ပါတယ် စက်ပစ္စည်းတွေ ထွင်တာ အနောက်တိုင်းက လူတွေပဲများပါတယ်။သူတို့အရပ်ဒေသတွေမှာအေးပြီဆိုရေခဲ အောင်အေးလေ့ ရှိပါတယ်။ပူတယ်ဆိုတာ ကျွန်တော်တို့အတွက် နေလို့ကောင်းရုံပဲ ရှိပါတယ်။ဒီတော့ ဘယ်ကိစ္စဖြစ်ဖြစ် သူတို့မှာ 
အအေးဒဏ် ခံနိုင်အောင်ပါ အမြဲ ကြိုတင်စဉ်းစား ပြင်ဆင်ရပါတယ်။အဲဒီတော့ Single grade က အပူအ
အေးကြောင့် အပြောင်းအလဲများတဲ့ ပမာဏ များတဲ့ 
အခါကျတော့ အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းရှာကြပါတယ်။အဲဒီမှာ ကျဲစရာရှိလည်း သိပ်ကျဲမသွားအောင် 
ပျစ်စရာ ရှိလည်း သိပ်ပျစ်မသွားအောင် Viscosity Index Improver လို့ခေါ်တဲ့ polymer တစ်မျိုး 
ထပ်ရောပေးရာကနေ Multi grade ဆိုတဲ့ အင်ဂျင်ဝိုင်တစ်မျိုး ထပ်ထွက်လာရပါတယ်။သူ့ကို All Season Oil လို့လဲခေါ်ပါတယ်။ရာသီမရွေးသုံးလို့ရတယ်ပေါ့။သူ့မှာ နံပါတ်က ၂ မျိုးဖြစ်သွားပြီ ဥပမာ 10W-30 ,0°C မှာ Viscosity 10 ရှိပြီး 100°C မှာ Viscosity 30 
ရှိနေအောင်လုပ်ပေးထားတာပါ။သူများခဲတဲ့ အချိန်မှာ လိုက်မခဲအောင်။သူများကျဲတဲ့အချိန်မှာ လိုက်မကျဲ
အောင် ထိမ်းထားနိုင်တဲ့ ဆီမျိုးပါ။သူလည်း အပူချိန်ကိုလိုက်ပြီး အပြောင်းအလဲ ရှိတာပဲ ဒါပေမယ့် ရိုရိုးဆီလောက် အပြောင်းအလဲ မများဘူးဗျ။10W မှာ W 
ဆိုတာ winter ,ဆောင်းရာသီကို ဆိုလိုတာပါ။10W-30 ထက် 20W-50 က ပိုစေးပျစ်ပါတယ်။ဒါက engine oil grade တွေပါ။နောက်တစ်ခုက API(American Petroleum Institute)က သတ်မှတ်တဲ့ Standard ပါ။Engine Oil ကုမ္ပဏီ မြေက်များစွာက engine oil အမျိးအစားပေါင်းများစွာ ထုတ်လုပ်ထားတာကို ဘယ်ဆီကဖြင့် ဘယ်အင်ဂျင်နဲ့ သင့်တော်တယ် ဆိုပြီး အဆင့်အတန်း ခွဲထားတာပါ။SJ,SL,SM,SN,CH 4Plus,CJ 4 စသည်ဖြင့် ပေါ့။အကြမ်းအားဖြင့် S အမျိုးအစားတွေက Spark Ignition engine (ဓာတ်ဆီ အင်ဂျင်) တွေအတွက်ဖြစ်ပြီး C တွေကတော့ Compression Ignition (ဒီဇယ် အင်ဂျင်) တွေအတွက်ပါ။အဝိုင်းပုံလေးနဲ့ အင်ဂျင်ဝိုင် ဗူးပေါ်မှာ သူ့ Standard ကို ဖော်ပြပေးထားပါတယ်။SF နဲ့ SJ ဆိုရင်တော့ ဆိုင်ကယ်အင်ဂျင်အတွက်ပါ။ဆိုင်ကယ်သမားဆိုတော့ ဆိုင်ကယ်အကြောင်းပဲ အဓိက ပြောပါရစေ။ရှေ့ကပြောခဲ့သလိုပဲ ဆိုင်ကယ်အင်ဂျင်က ICE တွေထဲမှာ အပတ်ရေအများဆုံးပါပဲ။ဒါ့အပြင် ဆိုင်ကယ်အင်ဂျင်မှာ Engine နဲ့ Gearbox ကိုတစ်ခါထဲ တွဲထားတဲ့ Unit construction engine တွေများပါတယ်။လက်ရှိမှာ Harley နဲ့ အရင် BSA,Triumph,Norton တို့လောက်ပဲ Pre Unit လို့ခေါ်တဲ့ engine သပ်သပ် ဂီယာဘောက်သပ်သပ် ထားကြတာပါ။Unit construction engine တွေမှာ အင်ဂျင်ဝိုင်ဟာ ဂီယာဝိုင်တာ၀န်ကိုပါ ထမ်းနိုင်ရပါတယ်။ဒါ့ကြောင့် ဆိုင်ကယ်ထဲကို ဆိုင်ကယ်အင်ဂျင်ဝိုင်ပဲ ထည့်ကြပါ။နောက်တစ်ခုက ဂီယာ ပင်နယံတွေကြားမှာ ဖိကြိတ်ခံရတဲ့ အခါတိုင်း အင်ဂျင်ဝိုင်ထဲက Molecule အမျှင်တန်းလေးတွေက ပြတ်ကုန် တိုကုန်ပါတယ်။Molecule လေးတွေ ပြတ်တာများလေ အင်ဂျင်ဝိုင် ကျဲလာလေပါပဲ။နောက် အင်ဂျင်ဝိုင်က အင်ဂျင်တစ်ခုလုံးကိုလှည့်ပတ်ပြီး ချောဆီတာ၀န်ထမ်းဆောင်ရသလို အင်ဂျင်ထဲက အညစ်အကြေးအမှုန်အမှိုက်တွေကိုလည်း သန့်ရှင်းပေး သယ်လာပေးရပါတယ်။ပြီးမှ engine oil filter ကိုဖြတ်ပြီး အမှိုက်တွေကို စစ်ထားခဲ့ရတာပါ။ဒါ့ကြောင့် engine oil ကိုမှန်မှန်လဲပေးသင့်သလို engine oil နှစ်ခါလောက်လဲပြီးရင် engine oil filter ပါလဲပေးသင့်ပါတယ်။Engine oil မှန်မှန်လဲပေးရင် အင်ဂျင်သက်တမ်းကို ဆွဲဆန့်ထားလို့ရပါတယ်။တို့ ခေါင်းဆောင်ကြီး သွေးသစ်လဲပြီး အသက်ကို ဆွဲဆန့်သွားသလိုပေါ့။အဲဒီတော့ ဘယ်လောက်တစ်ခါလဲရမှာလဲတဲ့။ဆိုင်ကယ်ရောင်းတဲ့ ကုမ္ပဏီ တွေကတော့ ကီလို ၅၀၀၀ တစ်ခါလဲခိုင်းပါတယ်။သူတို့ အင်ဂျင်ကြာကြာခံတော့ သူတို့နာမည်ကောင်းရတာပေါ့။တကယ်တော့ ကီလို ၅၀၀၀ မှာဆီက အကောင်းကြီး ရှိပါသေးတယ်။ကျွန်တော့ သဘောကတော့ ကီလို ၁၀၀၀၀၊၁၂၀၀၀ လောက်ထိ ထားလို့ရပါတယ်။လဲရင်သာကောင်းကောင်းလဲပေးပါ။နောက် ဆီယိုနေတာကို မှေးပြီး မစီးပါနဲ့ ။ခေါင်းစဉ်တပ်ထာသလိုပဲ engine တစ်လုံးအတွက် Engine Oil ဟာ လူနဲ့ နှိုင်းပြီးပြောရရင် လူ့ခန္ဓာကိုယ်ထဲကသွေးလိုပဲ အရေးပါပါတယ်။သွေးမရှိရင်အသက်မရှင်သလို engine oil မရှိရင် အင်ဂျင် ဂန့်ပါမယ်။Engine oil ယိုနေတာ သိရက်နဲ့ ဆက်စီးနေရင် 
သွေးထွက်နေတဲ့ အနာကြီးနဲ့ အလုပ်တွေ ဆက်လုပ်နေသလိုပဲ သွေထွက်များလာရင် သွေးအားနည်းလာမယ်။
ကြာလာရင် မူးလဲမယ်။နောက်ဆုံးသေမယ်။အဲလိုပါပဲ။ခဏ နဲ့ပြီးရမယ့် ဆီယိုနေတာလေးကို မလုပ်ရင် 
အင်ဂျင် ခွဲရတဲ့အထိ ဖြစ်ရော။အင်ဂျင်ဝိုင်ကို လဲသင့်တဲ့ အချိန်မလဲတော့ အင်ဂျင်ဝိုင်က ညစ်ပတ်လာ ဂျီးထူလာ ဂျိုးတွေများလာ ပြီး ပျစ်လာတော့ သူသွားရာ 
လမ်းတစ်လျှောက်အနည်အနှစ်တွေထားခဲ့။အင်ဂျင်ဝိုင် လိုင်းတွေ ပိတ် ရောက်သင့်တဲ့နေရာမရောက် 
ချောဆီအနေနဲ့လည်း တာ၀န်မထမ်းဆောင်နိုင်တော့တဲ့အခါကျ အထဲက စက်ပစ္စည်းတွေက ပို ပျက်စီးကုန်ရောပေါ့။သွေးတိုးရှိတဲ့ လူနာကြီးလိုပဲလေ 
သွေးကြောတွေကျဉ်းပြီး နောက်ဆုံး ဦးနှောက်မှာ 
သွေးခဲဆို့ပြီး ဦနှာက်သွေးကြောပြတ်ရော။
ကိုယ်အမြတ်တနိုးနဲ့ တန်ဖိုးထားပြီး စီးတဲ့ ဆိုင်ကယ်ကို အင်ဂျင်ဝိုင်လေးတော့ မတွန့်မတို လဲပေးကြပါ။
အဲဒီတော့ ကျွန်တော်တို့က ဘာသုံးရမှာတုန်း ဘယ်ဟာသုံးရမှာတုံးဆိုရင် ပြောပါ့မယ်။SG,SJ API Standard ပါတဲ့ Synthetic Oil ,Multi grade သုံးပါ။အအေးပိုင်းဒေသ တောင်ပေါ်က ဘီးတွေအတွက်ဆို 10w-30 သို့ 20W-40 အဆင်ပြေတာ သုံးလို့ရပါတယ်။SAE 10,20 တွေက အအေးပိုင်းအတွက်ပါ။မြန်မာပြည် 
အလည်ပိုင်းကနေ အောက်ပိုင်း အကုန်လုံး SAE 30 အထက်သုံးလို့ရပါတယ်။ဥပမာ 30-50 ပေါ့။20W-50 ပဲ ရလဲ ထည့်လို့ရပါတယ်။ကိုယ်တွေ ရွှေပြည်ကြီး
ကလည်း လိုချင်တာ လက်ညှိုးထိုး ၀ယ်လို့က 
ရတာမျိုးမဟုတ်တော့ ရနိုင်တာထဲက အသင့်တော်
ဆုံးလေးပေါ့။သိပ်ကျဲ လွန်းတော့လည်း အသံဆူသလို အကုန်မြန်တယ်။သိပ်ပျစ်နေတော့လည်း အင်ဂျင် 
လေးတယ်။အကြံပေးချင်တာကတော့ ကျဲတာ 
အရင်စထည့်ကြည့်ပါ။အဲဒါကို လျော့တာ 
မြန်တယ်ဆိုမှ နဲနဲ ပိုပျစ်တာ ပြောင်းထည့်ပါ။အောက်မှာ ဗဟုသုတ ရအောင် ကမ္ဘာ့အကောင်းဆုံး ဆိုင်ကယ်အင်ဂျင်ဝိုင် ၁၀ မျိုးကို ရေးပေးလိုက်ပါ့မယ်။လေ့လာရတာပေါ့။နောက်တစ်ခုသတိပေးချင်တာက အခု 
ဘီအသစ်တွေ၀င်လာတော့ ပါကင် ဖောက်စီးကြတာပေါ့။မိဘက အသစ်လေး၀ယ်ပေး ကိုယ်တွေက 
စွတ်ဖြဲ ခဏနေတော့ ကြွရော။Engineering မှာတော့ Break in period လို့ခေါ်ပါတယ်။ပါကင်ဖောက် ပေါ့။တအားဖြဲ လို့မရသေးပါဘူး အထဲက အစိတ်အပိုင်းလေးတွေက အခုမှ တစ်ခုနဲ့တစ်ခု စပွတ်ရတာဆိုတော့ ရှင်းရှင်းပြောရရင် နှုတ်ခမ်းမလုံးသေးပါဘူး။မချောမွေ့သေးပါဘူး။တစ်ခုနဲ့ တစ်ခု အသားမကျသေးပါဘူး။စပြီး ပွတ်တိုက်ပြီဆိုမှ တစ်ခုနဲ့ တစ်ခုကလည်း အသားကျ။စွန်းထွက်နေတဲ့ ပိုနေတဲ့ တံဇဉ်းစာလေးတွေကလည်း လုံးသွားတော့မှ အသားကျတာပါ။အဲဒီတော့ အသစ်၀ယ်စီးကြတဲ့ ညီကိုမှာ ကီလို ၅၀၀ ၊၆၀၀ မကျော်မချင်း တအးမစီးကြပါနဲ့ တအားမဆွဲ ကြပါနဲ့။အင်ဂျင်လေး အသားကျအောင်စောင့်ကြပါ။စစီးပြီး ဒိုင်ခွက်က ကီလိုမှတ်တမ်းလေးမှာ ၁၀၀၀ မကျော်ခင် အင်ဂျင်ဝိုင် လဲ ပစ်ပါ။အဲဒါမှ စက်အစိတ်အပိုင်းအသစ်တွေက ပွန်းပဲ့ထွက်လာတဲ့ သံမှုန်သံစလေးတွေ ပါသွားမှာပါ။အဲဒါကိုမလဲပဲ စီးနေရင် အဲ့ဒီသံအမှုန်အစတွေက ကော်ပတ်နဲ့ ပွတ်သလို စားပြစ်ကုန်ပါလိမ့်မယ်။အင်ဂျင်ဝိုင် Standard သတ်မှတ်တဲ့ အဖွဲ့တွေ အများကြီးရှိပါတယ်။မျက်စိတွေလည်ကုန်မှာစိုးလို့ မရေးပေးတော့ပါဘူးILSACACEAJASO(Japanese Automobile Standard Organization)ASTM အများကြီးပါ။အဓိက က SAE number နဲ့ API Standard ကို သိရင်ရပါပြီ။လမ်းဘေးမှာ ငှက်ပျောဖူးပုလင်းနဲ့ထည့်ရောင်းတဲ့ ဆီမှာတော့ အဲ့နံပါတ်တွေ မရှိဘူးပေါ့ဗျာ။မလုပ်ကြပါနဲ့နော်။အားလုံးပဲ ဆိုင်ကယ်ဗဟုသုတနဲ့ပြည့်စုံကြပါစေ။စိတ်ချမ်းသာစွာ စီးနင်းကြရပါစေ။1➳ Shell Advance Ultra4 stroke အင်ဂျင်တွေအတွက်ပါ။API SN Standard နဲ့ JASO MA2 သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပါတယ်။အင်ဂျင်အရွယ်စုံ အတွက်သုံးနိုင်ပြီး ဂီယာချိန်းကို ပိုညက်ညောစေကာ တုန်ခါမှုနဲ့ ဆူညံသံကို လျှော့ပေးပါတယ်။Ducati ရဲ့ထောက်ခံချက်ရထားပြီး 10W-40 နဲ့ 15W-50 grade တွေ ရနိုင်ပါတယ်။2 ➳ .Pennzoil GT Performance Racing Oil၄ ချက်ခုတ်ပြိုင်ဆိုင်ကယ်တွေ အတွက်ပါ။API SJ standard နဲ့ကိုက်ညီပြီး25W 50 mineral oil ဟာ အပူချိန်အမြင့် rpm အမြင့်တွေမှာ ပြိုကွဲခြင်းမရှိပဲ ကြံ့ကြံ့ ခံနိုင်စွမ်းပါတယ်။Cam ဘုလေးတွေပွန်းစားခြင်းမှ ကာကွယ်နိုင်သလို piston ring sealing ပိုကောင်းစေပြီး ဘယ်ယာရင်သက်တမ်းကိုလည်း ကြာရှည်စေပါတယ်။3 ➳ Mobile 1 V TwinV Twin engine တွေဖြစ်တဲ့ Honda SP2,Ducati 1098 နဲ့ Harley အမျိုးမျိုးအတွက်ရည်ရွယ်ထုတ်လုပ်ပါတယ်။20W50 fully synthetic oil ဟာ အထူးသဖြင့် Air Cool engine တွေကို Heat တက်ခြင်းမှ ကာကွယ်ပါတယ်။အေးနေချိန်တွေမှာလည်း ခဲမနေပဲ ကောင်းကောင်း စီးဆင်းနိုင်တာကြောင့် အင်ဂျင်နိုးနိုးချင်းပဲ အင်ဂျင်အနှံ့ကိုတာ၀န်ထမ်းဆောင်ဖို့ ရောက်ရှိနေမှာ ဖြစ်ပါတယ်။4 ➳ Elf Moto 4XT Tech SyntheticJASO MA,နဲ့ API SG စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ Multi grade,Synthetic oil ဖြစ်ပါတယ်။10W50 ဆီဟာ ကလပ်ပြားတွေချော်ခြင်းကို ကာကွယ်ပေးတယ်။အင်ဂျင်ကို ပိုမို သန့်ရှင်းစေတယ်။ချောမွေ့မှုနဲ့ ဂီယာညက်ညောမှုတွေကိုပေးစွမ်းနိုင်ပါတယ်။5 ➳ Chevron Delo 40015W40 အမျိုးအစားဖြစ်ပြီး ခရီးသွားဘီးဖြစ်ဖြစ် ပြိုင်ဘီးဖြစ်ဖြစ် သုံးနိုင်ပါတယ်။အင်ဂျင်ဝိုင်အမြှုပ်ထခြင်းကိုလျှော့ချပေးပြီး တစ်ရွေ့ရွေ့သွားနေရတဲ့ မြို့တွင်းလမ်းတွေမှာ ဆိုင်ကယ် ကို အပူမတက်စေပဲ အေးမြနေစေမှာပါ။6 ➳ Castrol Actevo X tra 4Tတစ်စိတ်တစ်ပိုင်း Synthetic ဖြစ်တဲ့ ဆီဟာ ၄ချက်ခုတ်အင်ဂျင်တွေ ပွန်းစားခြင်းနဲ့ အပူချိန်အမြင့်တွေမှား ဂျိုး ကပ်ခြင်းကို ကာကွယ်ဖို့ အထူးဖန်တီးထားတာပါ။10W40 ဆီဟာ အပူတက်မြန်စေတဲ့ လေနဲ့အအေးခံတဲ့ အင်ဂျင်တွေအတွက်သင့်တော်လှပါတယ်။7 ➳ Valvoline 4 stroke20W50 နဲ့ 10W40 ၂မျိုးရနိုင်ပါတယ်။အပူချိန်အမြင့်နဲ့ rpm အမြင့်တွေမှာ အင်ဂျင်ဝိုင်အပူချိန် အလွယ်တကူ မပြောင်းလဲအောင်အထူးဖော်စပ်ထားပါတယ်။Zinc နဲ့ Phosphorus ပါ၀င်တဲ့အတွက် ပွန်းစားမှုသက်သာစေပြီး အနည်အနှစ်တွေကိုလည်း ဓာတ်ပြယ် ပျက်စီးစေပါတယ်။ထပ်ပေါင်းထည့်ထားတဲ့ Silicone ကြောင့်လည်း သတ္ထုမျက်နှာပြင်တွေပေါ်မှာ ဆီအလွှာပါးလေးဖြစ်စေပြီး အမြှုပ်ထခြင်းမှလည်း ကာကွယ်ပါတယ်။8 ➳ Shell Advance Ultra 22 stroke engine တွေအတွက်ပါ။သံသံချင်ပွန်းစားမှုမှ ကာကွယ်ပေးပြီး အင်ဂျင်ကို သန့်ရှင်းနေစေပါတယ်။မီးခိုးအထွက်နည်းစေတဲ့ ဒီဆီဟာ ဆီတိုင်ကီထဲရောပေးလို့ရသလို ဆီပန့်နဲ့ ပိုတဲ့ စနစ်လည်း ရပါတယ်။9 ➳ Red Line 20W50Big Twin engine တွေအတွက်အထူးဖော်မြူလာထုတ်ထားတဲ့ Synthetic oil ပါ။Harley Twin Cam model နဲ့ Evolution engine တွေနဲ့ သင့်တော်လှပါတယ်။Cam နဲ့ Bearing တွေ အပေါ်မှာ အလွှာထူထူ အုပ်ပေးထားနိုင်ပါတယ်။အငွေ့ပျံမှုနည်းတာကြောင့် ring တွေ Sealing ပိုကောင်းစေပြီး ပဝါ ပိုတက် ဆီစာကိုသက်သာစေပါတယ်။10 ➳ Shell Rotella T6Fully synthetic oil ဖြစ်ပြီး 5W40 ဖြစ်ခါ 4 stroke engine အတွက်ပါ။JASO-MA စံချိန်မှီ ဖြစ်ပါတယ်။ဂီယာချိန်းကို ညက်ညောစေသလို အင်ဂျင်ကို သန့်စေပါတယ်။rpm အမြင့်တွေမှာတောင် ပွန်းစားမှုကို ကာကွယ်ပေးပါတယ်။ကမ္ဘာ့ပထမဆုံး အင်ဂျင်ဝိုင် ကုမ္ပဏီ က VALVOLINE ပါ။အခု အ၀င်များနေတဲ MOTUL OIL ဟာ အမေရိကန် Base ပြင်သစ် ဖက်စပ်ပါ။
အချိန်ပေးပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

#Crd Real Image Rcb

<Zawgyi>
#အင္ဂ်င္ဝိုင္အေၾကာင္း Engine Oil

အင္ဂ်င္တစ္လုံးရဲ႕ အသက္ ေသြး။Motor Oil,Engine Oil or Engine Lubricant.ဘယ္လိုပဲေခၚေခၚပါ 
အင္ဂ်င္တစ္လုံးထဲမွာ ေခါက္တုံ႔လူးလာ လႈပ္ရွား
လည္ပတ္ေနတဲ့ သံ၊သတၳဳ အစိတ္အပိုင္းေတြ 
ၾကားထဲမွာ ပြန္းစားမႈ နည္းႏိုင္သမွ် နည္းေအာင္ 
လုပ္ေပးေနတဲ့ ေခ်ာဆီ ပါ။Engine Oil အေၾကာင္း
မေျပာခင္ Internal Combustion engine ေတြ
အေၾကာင္း အၾကမ္းဖ်ဉ္းေလး ရွင္းပါရေစ။Cylinder Liner လို႔ေခၚတဲ့ ပိုက္လုံးႁပြန္ထဲမွာ ေလလုံေလာက္
ေအာင္ ကြက္တိ စြပ္ထားတဲ့ Piston and Ring ရဲ႕ linear motion လို႔ေခၚတဲ့ အေျဖာင့္အတိုင္း 
ေခါက္တုံ႔ ေခါက္ျပန္ အတက္အဆင္း လႈပ္ရွားမႈကို Connecting rod နဲ႔ Crankshaft ဆိုတဲ့ အစိတ္အ
ပိုင္းေတြေၾကာင့္ Angular Motion လို႔ေခၚတဲ့ ခ်ာရပတ္လည္တဲ့ လႈပ္ရွားမႈကို ျဖစ္ေစပါတယ္။Crankshaft 
လည္ေတာ့ သူနဲ႔ ခ်ိတ္ဆက္ၿပီး လိုရာ အသုံးခ်လို႔
ရပါတယ္။Dynamo နဲ႔ ခ်ိတ္ၿပီး လွည့္ေပးရင္ 
လွ်ပ္စစ္ဓာတ္အားထြက္လာမယ္။ဂီယာေတြ 
ဘီးေတြနဲ႔ ခ်ိတ္ဆက္ေပးလိုက္ရင္ ယာဉ္၊ယႏၲယားေတြ ေမာင္းႏွင္လို႔ရလာမယ္။ပန္႔ေတြနဲ႔ ခ်ိတ္ဆက္ေပးရင္ ဆီ၊ေရ၊ေလ ေတြကို လိုသလို ေရႊ႕ႏိုင္ေျပာင္းႏိုင္မယ္။Internal Combustion Engine ထဲကို ဆီနဲ႔ေလ 
ေရာထည့္ေပးလိုက္လို႔ မီးေလာင္ေပါက္ကြဲၿပီး ထြက္လာတဲ့ အလည္ စြမ္းအင္ကို ခ်ိတ္ဆက္ၿပီး လိုသလို 
အသုံးျပဳလို႔ရပါတယ္။သူ့အထဲမွာက သံ သတၳဳ အစိတ္အပိုင္းေတြက ပြတ္တိုက္လႈပ္ရွားၿပီး အလုပ္လုပ္ရတာဆိုေတာ့ အဲဒီ ပြတ္တိုက္မႈေတြေၾကာင့္ လိုအပ္တာ
ထက္ပိုပူမလာရေအာင္ ပြန္းစားမသြားေအာင္ 
ေခ်ာဆီထည့္ေပးဖို႔ လိုပါတယ္။အဲ့ဒီ Internal Combustion Engine(ICE)ေတြထဲမွာမွ 
ဆိုင္ကယ္အင္ဂ်င္က အပတ္ေရ အမ်ားဆုံး 
ထြက္ေအာင္ လုပ္ထားပါတယ္။ဆိုင္ကယ္စီးတဲ့ ဆရာမ်ား မနက္စက္ႏႈိးၿပီး လီဗာ မဆြဲေသးတဲ့အခ်ိန္မွာ 
ဆိုင္ကယ္အမ်ိဳးအစားေပၚ မူတည္ၿပီး အပတ္ေရ ၆၀၀ ကေန ၁၂၀၀ လည္ေနပါတယ္။တစ္မိနစ္မွာပါ။1200 rpm နဲ႔ တြက္ၾကည့္ရေအာင္ rpm 1200 တစ္မိနစ္မွာ တစ္စကၠန္ဆို အပတ္ေရ ၂၀။Crankshaftအပတ္ေရ ၂၀ လည္ေအာင္ အထဲမွာ Piston က တစ္စကၠန္႔မွာ 
အတက္အဆင္း အႀကိမ္ ၄၀ လုပ္ေနရတာပါ။လီဗာ
မဆြဲေသးဘူးေနာ္ မ်က္စိထဲ ျမင္ၾကည့္ၾကပါ။rpm 6000 ဆို တစ္စကၠန္႔မွာ အတက္အဆင္း အႀကိမ္ ၂၀၀ပါ။
ဒီေလာက္မ်ားတဲ့အရွိန္နဲ႔ အထဲမွာ သံ၊သတၳဳေတြ ပြတ္တိုက္ေနတာ အပူေတြအမ်ားႀကီး ထြက္လာတာေပါ႔။
ပူလာရင္ ပြ လာၿပီး fitting ထည့္ထားတဲ့ အစိတ္အ
ပိုင္းေတြ ၾကပ္ ကုန္မွာေပါ႔။ေနာက္ဆုံး လႈပ္ရွားေနတဲ့ အစိတ္အပိုင္းေတြ မလႈပ္ရွားႏိုင္ေတာ့ပဲ ရပ္ကုန္မွာပါ။အဲဒီလိုမျဖစ္ေအာင္ ေခ်ာဆီ ျဖစ္တဲ့ အင္ဂ်င္ဝိုင္ကို 
ထည့္ေပးရတာပါ။Engine Oil က ပြန္းစားမႈကို 
ကာကြယ္ေပးတယ္။ဓာတု ဓာတ္ျပဳျခင္းေတြေၾကာင့္ 
ျဖစ္လာတဲ့ တိုက္စားမႈေတြကို ကာကြယ္ေပးတယ္။Sealing လို႔ေခၚတဲ့ လႈပ္ရွားေနတဲ့ အစိတ္အပိုင္း
ေတြၾကားထဲမွာ ယိုစိမ့္မႈ မျဖစ္ေအာင္လုပ္ေပးတယ္။
အင္ဂ်င္ထဲမွာ ျဖစ္လာတဲ့ အပူကို သယ္ေဆာင္လာၿပီး ေလွ်ာ့ခ်ေပးတယ္။ေနာက္ Cushining affect လို႔ေခၚ
တဲ့ တိုက္႐ိုက္ ႐ိုက္ခတ္မႈေတြ မွာ ၾကားခံေပးတယ္။အဓိက ၂ မ်ိဳးရွိပါတယ္။Petroleum-based လို႔ေခၚတဲ့ ေရနံစိမ္းကေန ခ်က္လုပ္ထားတဲ့ engine oil နဲ႔ Synthetic လို႔ေခၚတဲ့ လူ လုပ္တဲ့ ဓာတုေဗဒျဒပ္ေပါင္းေတြနဲ႔ engine oil ပါ။Petroleum-based engine oil ကို 1866 မွာ Dr John Ellis က ရွာေဖြေတြ႕ရွိခဲ့ၿပီး Synthetic Oil ကိုေတာ့ 1930 ေလာက္မွာ 
႐ိုး႐ိုးအင္ဂ်င္ဝိုင္ေတြရဲ႕ ဖေယာင္းပါ၀င္မႈမ်ားတာေၾကာင့္ အေအးပိုင္း ရာသီဥတုေတြမွာ ခဲတတ္တဲ့ ျပႆနာကို 
ေျဖရွင္းႏိုင္ဖို႔ ဂ်ာမန္ ပညာရွင္ေတြ ႀကိဳးစားရင္းနဲ႔ 
ထြက္ေပၚလာတာပါ။ဘာကြာလဲလို႔ေမးရင္ သူတို႔ 
ဥပမာေပးထားတာေလးက အရမ္းေကာင္းပါတယ္။Engine Oil ကို ေနာက္ဆုံး အႏုစိတ္ဓာတ္ခြဲၾကရင္ Hydrocarbon molecules ေလးေတြ အေနနဲ႔ ေတြ႕ရမွာပါ။Mineral Oil ရဲ႕ Hydrocarbon ေတြက ပုံမွန္စစ္တပ္လိုပါပဲတဲ့ တန္းစီထားေပမယ့္ ပုတဲ့လူ ပိန္တဲ့လူ 
ျမင့္တဲ့လူ ၀ တဲ့လူနဲ႔ ေဗ်ာက္ေသာက္ပါပဲ။Synthetic 
oil ရဲ႕ hydrocarbon molecule ေတြကေတာ့ Clone လို႔ေခၚတဲ့ ဓာတ္ခြဲခန္းက ထုတ္လုပ္လိုက္တဲ့ 
လူသားေတြလို တစ္ပုံစံတည္း တစ္ဆိုဒ္တည္းပါပဲတဲ့။ICE engine အမ်ိဳးမ်ိဳးအတြက္ အင္ဂ်င္ဝိုင္ကလည္း 
အမ်ိးမ်ိဳး ရွိပါတယ္။ဘာနဲ႔ ခြဲသလဲဆိုေတာ့ ေစးပ်စ္မႈ ပမာဏနဲ႔ ခြဲပါတယ္။Viscosity Index လို႔ေခၚပါတယ္။ေစးပ်စ္မႈ ၫႊန္းကိန္း လို႔ပဲ ဆိုၾကပါစို႔။ဘယ္သူက 
သတ္မွတ္သလဲ ဆိုေတာ့ Society of Automotive Engineers(SAE) ေမာ္ေတာ္ယာဉ္ အင္ဂ်င္နီယာမ်ား အစည္းအ႐ုံးေပါ႔။0,5,10,15,20..........50,60 စသည္
ျဖင့္ နံပါတ္ေတြနဲ႔ေပါ႔ နံပါတ္ပိုႀကီးလာေလ ပိုေစးပ်စ္လာေလ ဝိတ္လည္းပိုမ်ားလာေလပါပဲ။SAE 30 ,SAE 50 တို႔လို ဂဏန္းတစ္လုံးထဲပါတာေတြကို Single grade လို႔ေခၚပါတယ္။အဲ့ဒီ နံပါတ္ေတြဟာ အပူခ်ိန္ 100°C ရွိတဲ့အခ်ိန္မွာ အဲဒီဆီရဲ႕ ေစးပ်စ္မႈပါ။Centistoke ဆိုတဲ့ ယူနစ္နဲ႔ တိုင္းပါတယ္။100°C 
ေအာက္က်သြားရင္ ဒီ့ထက္ပိုပ်စ္သြားမယ္။100°C 
ထက္ပိုပူလာရင္ ဒီ့ထက္က်ဲ သြားမယ္ေပါ႔။အဲ့ဒီေတာ့ 
ေအးတဲ့ အခ်ိန္အတြက္က်ဲတဲ့ ဆီေရြး၊ပူတဲ့ အခ်ိန္အ
တြက္ပ်စ္တဲ့ ဆီေရြး။မလိုအပ္ပဲ အလုပ္ေတြရႈပ္။Viscosity ျမင့္တဲ့ဆီထည့္ထားမိလို႔ ေအးတဲ့အခါ 
ခဲေနၿပီး အင္ဂ်င္ဝိုင္ကေတာ္ေတာ္နဲ႔ အင္ဂ်င္ထဲ မႏွံ႔လို႔ စက္ပစၥည္းေတြ ပြန္းစား၊အင္ဂ်င္ဝိုင္ ခဲပ်စ္ပ်စ္ႀကီးထဲမွာ အင္ဂ်င္ထဲ့က အစိတ္အပိုင္းေတြ လႈပ္ရွားလာေအာင္ 
ေမာ္တာကလည္း မနည္း႐ုန္းရတာမို႔ ဘတၳရီေတြ၀ပ္ ေမာ္တာေတြနာနဲ႔ ဒုကၡေတြ ေရာက္ရတာပါပဲ။
ေနာက္တစ္ခါ ေအးတဲ့ ရာသီအတြက္ Viscosity နိမ့္တဲ့ေကာင္ေရြးထားျပန္ေတာ့ ရာသီဥတု ပူလာေတာ့ 
က်ဲလာၿပီး Sealing affect ေတြက်လို႔ ပါဝါေတြက်လာ၊Cushining affect က်လို႔ အသံေတြ ဆူလာ ျဖစ္ကုန္ျပန္ေရာ။ဒါက Single grade သုံးလို႔ ျဖစ္ရတဲ့ ဒုကၡေတြပါ။ဒါမ်ိဳးေတြ ငါတို႔ဆီမွာ မျဖစ္ဖူးပါဘူးလို႔ ေျပာခ်င္ရင္လည္းေျပာႏိုင္ပါတယ္။ဟုတ္ပါတယ္ စက္ပစၥည္းေတြ ထြင္တာ အေနာက္တိုင္းက လူေတြပဲမ်ားပါတယ္။သူတို႔အရပ္ေဒသေတြမွာေအးၿပီဆိုေရခဲ ေအာင္ေအးေလ့ ရွိပါတယ္။ပူတယ္ဆိုတာ ကြၽန္ေတာ္တို႔အတြက္ ေနလို႔ေကာင္း႐ုံပဲ ရွိပါတယ္။ဒီေတာ့ ဘယ္ကိစၥျဖစ္ျဖစ္ သူတို႔မွာ 
အေအးဒဏ္ ခံႏိုင္ေအာင္ပါ အၿမဲ ႀကိဳတင္စဉ္းစား ျပင္ဆင္ရပါတယ္။အဲဒီေတာ့ Single grade က အပူအ
ေအးေၾကာင့္ အေျပာင္းအလဲမ်ားတဲ့ ပမာဏ မ်ားတဲ့ 
အခါက်ေတာ့ အဲ့ဒီျပႆနာကိုေျဖရွင္းဖို႔ နည္းလမ္းရွာၾကပါတယ္။အဲဒီမွာ က်ဲစရာရွိလည္း သိပ္က်ဲမသြားေအာင္ 
ပ်စ္စရာ ရွိလည္း သိပ္ပ်စ္မသြားေအာင္ Viscosity Index Improver လို႔ေခၚတဲ့ polymer တစ္မ်ိဳး 
ထပ္ေရာေပးရာကေန Multi grade ဆိုတဲ့ အင္ဂ်င္ဝိုင္တစ္မ်ိဳး ထပ္ထြက္လာရပါတယ္။သူ့ကို All Season Oil လို႔လဲေခၚပါတယ္။ရာသီမေရြးသုံးလို႔ရတယ္ေပါ႔။သူ့မွာ နံပါတ္က ၂ မ်ိဳးျဖစ္သြားၿပီ ဥပမာ 10W-30 ,0°C မွာ Viscosity 10 ရွိၿပီး 100°C မွာ Viscosity 30 
ရွိေနေအာင္လုပ္ေပးထားတာပါ။သူမ်ားခဲတဲ့ အခ်ိန္မွာ လိုက္မခဲေအာင္။သူမ်ားက်ဲတဲ့အခ်ိန္မွာ လိုက္မက်ဲ
ေအာင္ ထိမ္းထားႏိုင္တဲ့ ဆီမ်ိဳးပါ။သူလည္း အပူခ်ိန္ကိုလိုက္ၿပီး အေျပာင္းအလဲ ရွိတာပဲ ဒါေပမယ့္ ႐ို႐ိုးဆီေလာက္ အေျပာင္းအလဲ မမ်ားဘူးဗ်။10W မွာ W 
ဆိုတာ winter ,ေဆာင္းရာသီကို ဆိုလိုတာပါ။10W-30 ထက္ 20W-50 က ပိုေစးပ်စ္ပါတယ္။ဒါက engine oil grade ေတြပါ။ေနာက္တစ္ခုက API(American Petroleum Institute)က သတ္မွတ္တဲ့ Standard ပါ။Engine Oil ကုမၸဏီ ေျမက္မ်ားစြာက engine oil အမ်ိးအစားေပါင္းမ်ားစြာ ထုတ္လုပ္ထားတာကို ဘယ္ဆီကျဖင့္ ဘယ္အင္ဂ်င္နဲ႔ သင့္ေတာ္တယ္ ဆိုၿပီး အဆင့္အတန္း ခြဲထားတာပါ။SJ,SL,SM,SN,CH 4Plus,CJ 4 စသည္ျဖင့္ ေပါ႔။အၾကမ္းအားျဖင့္ S အမ်ိဳးအစားေတြက Spark Ignition engine (ဓာတ္ဆီ အင္ဂ်င္) ေတြအတြက္ျဖစ္ၿပီး C ေတြကေတာ့ Compression Ignition (ဒီဇယ္ အင္ဂ်င္) ေတြအတြက္ပါ။အဝိုင္းပုံေလးနဲ႔ အင္ဂ်င္ဝိုင္ ဗူးေပၚမွာ သူ့ Standard ကို ေဖာ္ျပေပးထားပါတယ္။SF နဲ႔ SJ ဆိုရင္ေတာ့ ဆိုင္ကယ္အင္ဂ်င္အတြက္ပါ။ဆိုင္ကယ္သမားဆိုေတာ့ ဆိုင္ကယ္အေၾကာင္းပဲ အဓိက ေျပာပါရေစ။ေရွ႕ကေျပာခဲ့သလိုပဲ ဆိုင္ကယ္အင္ဂ်င္က ICE ေတြထဲမွာ အပတ္ေရအမ်ားဆုံးပါပဲ။ဒါ႔အျပင္ ဆိုင္ကယ္အင္ဂ်င္မွာ Engine နဲ႔ Gearbox ကိုတစ္ခါထဲ တြဲထားတဲ့ Unit construction engine ေတြမ်ားပါတယ္။လက္ရွိမွာ Harley နဲ႔ အရင္ BSA,Triumph,Norton တို႔ေလာက္ပဲ Pre Unit လို႔ေခၚတဲ့ engine သပ္သပ္ ဂီယာေဘာက္သပ္သပ္ ထားၾကတာပါ။Unit construction engine ေတြမွာ အင္ဂ်င္ဝိုင္ဟာ ဂီယာဝိုင္တာ၀န္ကိုပါ ထမ္းႏိုင္ရပါတယ္။ဒါ႔ေၾကာင့္ ဆိုင္ကယ္ထဲကို ဆိုင္ကယ္အင္ဂ်င္ဝိုင္ပဲ ထည့္ၾကပါ။ေနာက္တစ္ခုက ဂီယာ ပင္နယံေတြၾကားမွာ ဖိႀကိတ္ခံရတဲ့ အခါတိုင္း အင္ဂ်င္ဝိုင္ထဲက Molecule အမွ်င္တန္းေလးေတြက ျပတ္ကုန္ တိုကုန္ပါတယ္။Molecule ေလးေတြ ျပတ္တာမ်ားေလ အင္ဂ်င္ဝိုင္ က်ဲလာေလပါပဲ။ေနာက္ အင္ဂ်င္ဝိုင္က အင္ဂ်င္တစ္ခုလုံးကိုလွည့္ပတ္ၿပီး ေခ်ာဆီတာ၀န္ထမ္းေဆာင္ရသလို အင္ဂ်င္ထဲက အညစ္အေၾကးအမႈန္အမႈိက္ေတြကိုလည္း သန္႔ရွင္းေပး သယ္လာေပးရပါတယ္။ၿပီးမွ engine oil filter ကိုျဖတ္ၿပီး အမႈိက္ေတြကို စစ္ထားခဲ့ရတာပါ။ဒါ႔ေၾကာင့္ engine oil ကိုမွန္မွန္လဲေပးသင့္သလို engine oil ႏွစ္ခါေလာက္လဲၿပီးရင္ engine oil filter ပါလဲေပးသင့္ပါတယ္။Engine oil မွန္မွန္လဲေပးရင္ အင္ဂ်င္သက္တမ္းကို ဆြဲဆန္႔ထားလို႔ရပါတယ္။တို႔ ေခါင္းေဆာင္ႀကီး ေသြးသစ္လဲၿပီး အသက္ကို ဆြဲဆန္႔သြားသလိုေပါ႔။အဲဒီေတာ့ ဘယ္ေလာက္တစ္ခါလဲရမွာလဲတဲ့။ဆိုင္ကယ္ေရာင္းတဲ့ ကုမၸဏီ ေတြကေတာ့ ကီလို ၅၀၀၀ တစ္ခါလဲခိုင္းပါတယ္။သူတို႔ အင္ဂ်င္ၾကာၾကာခံေတာ့ သူတို႔နာမည္ေကာင္းရတာေပါ႔။တကယ္ေတာ့ ကီလို ၅၀၀၀ မွာဆီက အေကာင္းႀကီး ရွိပါေသးတယ္။ကြၽန္ေတာ့ သေဘာကေတာ့ ကီလို ၁၀၀၀၀၊၁၂၀၀၀ ေလာက္ထိ ထားလို႔ရပါတယ္။လဲရင္သာေကာင္းေကာင္းလဲေပးပါ။ေနာက္ ဆီယိုေနတာကို ေမွးၿပီး မစီးပါနဲ႔ ။ေခါင္းစဉ္တပ္ထာသလိုပဲ engine တစ္လုံးအတြက္ Engine Oil ဟာ လူနဲ႔ ႏႈိင္းၿပီးေျပာရရင္ လူ့ခႏၶာကိုယ္ထဲကေသြးလိုပဲ အေရးပါပါတယ္။ေသြးမရွိရင္အသက္မရွင္သလို engine oil မရွိရင္ အင္ဂ်င္ ဂန္႔ပါမယ္။Engine oil ယိုေနတာ သိရက္နဲ႔ ဆက္စီးေနရင္ 
ေသြးထြက္ေနတဲ့ အနာႀကီးနဲ႔ အလုပ္ေတြ ဆက္လုပ္ေနသလိုပဲ ေသြထြက္မ်ားလာရင္ ေသြးအားနည္းလာမယ္။
ၾကာလာရင္ မူးလဲမယ္။ေနာက္ဆုံးေသမယ္။အဲလိုပါပဲ။ခဏ နဲ႔ၿပီးရမယ့္ ဆီယိုေနတာေလးကို မလုပ္ရင္ 
အင္ဂ်င္ ခြဲရတဲ့အထိ ျဖစ္ေရာ။အင္ဂ်င္ဝိုင္ကို လဲသင့္တဲ့ အခ်ိန္မလဲေတာ့ အင္ဂ်င္ဝိုင္က ညစ္ပတ္လာ ဂ်ီးထူလာ ဂ်ိဳးေတြမ်ားလာ ၿပီး ပ်စ္လာေတာ့ သူသြားရာ 
လမ္းတစ္ေလွ်ာက္အနည္အႏွစ္ေတြထားခဲ့။အင္ဂ်င္ဝိုင္ လိုင္းေတြ ပိတ္ ေရာက္သင့္တဲ့ေနရာမေရာက္ 
ေခ်ာဆီအေနနဲ႔လည္း တာ၀န္မထမ္းေဆာင္ႏိုင္ေတာ့တဲ့အခါက် အထဲက စက္ပစၥည္းေတြက ပို ပ်က္စီးကုန္ေရာေပါ႔။ေသြးတိုးရွိတဲ့ လူနာႀကီးလိုပဲေလ 
ေသြးေၾကာေတြက်ဉ္းၿပီး ေနာက္ဆုံး ဦးေႏွာက္မွာ 
ေသြးခဲဆို႔ၿပီး ဦႏွာက္ေသြးေၾကာျပတ္ေရာ။
ကိုယ္အျမတ္တႏိုးနဲ႔ တန္ဖိုးထားၿပီး စီးတဲ့ ဆိုင္ကယ္ကို အင္ဂ်င္ဝိုင္ေလးေတာ့ မတြန္႔မတို လဲေပးၾကပါ။
အဲဒီေတာ့ ကြၽန္ေတာ္တို႔က ဘာသုံးရမွာတုန္း ဘယ္ဟာသုံးရမွာတုံးဆိုရင္ ေျပာပါ႔မယ္။SG,SJ API Standard ပါတဲ့ Synthetic Oil ,Multi grade သုံးပါ။အေအးပိုင္းေဒသ ေတာင္ေပၚက ဘီးေတြအတြက္ဆို 10w-30 သို႔ 20W-40 အဆင္ေျပတာ သုံးလို႔ရပါတယ္။SAE 10,20 ေတြက အေအးပိုင္းအတြက္ပါ။ျမန္မာျပည္ 
အလည္ပိုင္းကေန ေအာက္ပိုင္း အကုန္လုံး SAE 30 အထက္သုံးလို႔ရပါတယ္။ဥပမာ 30-50 ေပါ႔။20W-50 ပဲ ရလဲ ထည့္လို႔ရပါတယ္။ကိုယ္ေတြ ေရႊျပည္ႀကီး
ကလည္း လိုခ်င္တာ လက္ညႇိဳးထိုး ၀ယ္လို႔က 
ရတာမ်ိဳးမဟုတ္ေတာ့ ရႏိုင္တာထဲက အသင့္ေတာ္
ဆုံးေလးေပါ႔။သိပ္က်ဲ လြန္းေတာ့လည္း အသံဆူသလို အကုန္ျမန္တယ္။သိပ္ပ်စ္ေနေတာ့လည္း အင္ဂ်င္ 
ေလးတယ္။အႀကံေပးခ်င္တာကေတာ့ က်ဲတာ 
အရင္စထည့္ၾကည့္ပါ။အဲဒါကို ေလ်ာ့တာ 
ျမန္တယ္ဆိုမွ နဲနဲ ပိုပ်စ္တာ ေျပာင္းထည့္ပါ။ေအာက္မွာ ဗဟုသုတ ရေအာင္ ကမၻာ့အေကာင္းဆုံး ဆိုင္ကယ္အင္ဂ်င္ဝိုင္ ၁၀ မ်ိဳးကို ေရးေပးလိုက္ပါ႔မယ္။ေလ့လာရတာေပါ႔။ေနာက္တစ္ခုသတိေပးခ်င္တာက အခု 
ဘီအသစ္ေတြ၀င္လာေတာ့ ပါကင္ ေဖာက္စီးၾကတာေပါ႔။မိဘက အသစ္ေလး၀ယ္ေပး ကိုယ္ေတြက 
စြတ္ၿဖဲ ခဏေနေတာ့ ႂကြေရာ။Engineering မွာေတာ့ Break in period လို႔ေခၚပါတယ္။ပါကင္ေဖာက္ ေပါ႔။တအားၿဖဲ လို႔မရေသးပါဘူး အထဲက အစိတ္အပိုင္းေလးေတြက အခုမွ တစ္ခုနဲ႔တစ္ခု စပြတ္ရတာဆိုေတာ့ ရွင္းရွင္းေျပာရရင္ ႏႈတ္ခမ္းမလုံးေသးပါဘူး။မေခ်ာေမြ႕ေသးပါဘူး။တစ္ခုနဲ႔ တစ္ခု အသားမက်ေသးပါဘူး။စၿပီး ပြတ္တိုက္ၿပီဆိုမွ တစ္ခုနဲ႔ တစ္ခုကလည္း အသားက်။စြန္းထြက္ေနတဲ့ ပိုေနတဲ့ တံဇဉ္းစာေလးေတြကလည္း လုံးသြားေတာ့မွ အသားက်တာပါ။အဲဒီေတာ့ အသစ္၀ယ္စီးၾကတဲ့ ညီကိုမွာ ကီလို ၅၀၀ ၊၆၀၀ မေက်ာ္မခ်င္း တအးမစီးၾကပါနဲ႔ တအားမဆြဲ ၾကပါနဲ႔။အင္ဂ်င္ေလး အသားက်ေအာင္ေစာင့္ၾကပါ။စစီးၿပီး ဒိုင္ခြက္က ကီလိုမွတ္တမ္းေလးမွာ ၁၀၀၀ မေက်ာ္ခင္ အင္ဂ်င္ဝိုင္ လဲ ပစ္ပါ။အဲဒါမွ စက္အစိတ္အပိုင္းအသစ္ေတြက ပြန္းပဲ့ထြက္လာတဲ့ သံမႈန္သံစေလးေတြ ပါသြားမွာပါ။အဲဒါကိုမလဲပဲ စီးေနရင္ အဲ့ဒီသံအမႈန္အစေတြက ေကာ္ပတ္နဲ႔ ပြတ္သလို စားျပစ္ကုန္ပါလိမ့္မယ္။အင္ဂ်င္ဝိုင္ Standard သတ္မွတ္တဲ့ အဖြဲ႕ေတြ အမ်ားႀကီးရွိပါတယ္။မ်က္စိေတြလည္ကုန္မွာစိုးလို႔ မေရးေပးေတာ့ပါဘူးILSACACEAJASO(Japanese Automobile Standard Organization)ASTM အမ်ားႀကီးပါ။အဓိက က SAE number နဲ႔ API Standard ကို သိရင္ရပါၿပီ။လမ္းေဘးမွာ ငွက္ေပ်ာဖူးပုလင္းနဲ႔ထည့္ေရာင္းတဲ့ ဆီမွာေတာ့ အဲ့နံပါတ္ေတြ မရွိဘူးေပါ႔ဗ်ာ။မလုပ္ၾကပါနဲ႔ေနာ္။အားလုံးပဲ ဆိုင္ကယ္ဗဟုသုတနဲ႔ျပည့္စုံၾကပါေစ။စိတ္ခ်မ္းသာစြာ စီးနင္းၾကရပါေစ။1➳ Shell Advance Ultra4 stroke အင္ဂ်င္ေတြအတြက္ပါ။API SN Standard နဲ႔ JASO MA2 သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီပါတယ္။အင္ဂ်င္အရြယ္စုံ အတြက္သုံးႏိုင္ၿပီး ဂီယာခ်ိန္းကို ပိုညက္ေညာေစကာ တုန္ခါမႈနဲ႔ ဆူညံသံကို ေလွ်ာ့ေပးပါတယ္။Ducati ရဲ႕ေထာက္ခံခ်က္ရထားၿပီး 10W-40 နဲ႔ 15W-50 grade ေတြ ရႏိုင္ပါတယ္။2 ➳ .Pennzoil GT Performance Racing Oil၄ ခ်က္ခုတ္ၿပိဳင္ဆိုင္ကယ္ေတြ အတြက္ပါ။API SJ standard နဲ႔ကိုက္ညီၿပီး25W 50 mineral oil ဟာ အပူခ်ိန္အျမင့္ rpm အျမင့္ေတြမွာ ၿပိဳကြဲျခင္းမရွိပဲ ႀကံ့ႀကံ့ ခံႏိုင္စြမ္းပါတယ္။Cam ဘုေလးေတြပြန္းစားျခင္းမွ ကာကြယ္ႏိုင္သလို piston ring sealing ပိုေကာင္းေစၿပီး ဘယ္ယာရင္သက္တမ္းကိုလည္း ၾကာရွည္ေစပါတယ္။3 ➳ Mobile 1 V TwinV Twin engine ေတြျဖစ္တဲ့ Honda SP2,Ducati 1098 နဲ႔ Harley အမ်ိဳးမ်ိဳးအတြက္ရည္ရြယ္ထုတ္လုပ္ပါတယ္။20W50 fully synthetic oil ဟာ အထူးသျဖင့္ Air Cool engine ေတြကို Heat တက္ျခင္းမွ ကာကြယ္ပါတယ္။ေအးေနခ်ိန္ေတြမွာလည္း ခဲမေနပဲ ေကာင္းေကာင္း စီးဆင္းႏိုင္တာေၾကာင့္ အင္ဂ်င္ႏိုးႏိုးခ်င္းပဲ အင္ဂ်င္အႏွံ႔ကိုတာ၀န္ထမ္းေဆာင္ဖို႔ ေရာက္ရွိေနမွာ ျဖစ္ပါတယ္။4 ➳ Elf Moto 4XT Tech SyntheticJASO MA,နဲ႔ API SG စံၫႊန္းေတြနဲ႔ ကိုက္ညီတဲ့ Multi grade,Synthetic oil ျဖစ္ပါတယ္။10W50 ဆီဟာ ကလပ္ျပားေတြေခ်ာ္ျခင္းကို ကာကြယ္ေပးတယ္။အင္ဂ်င္ကို ပိုမို သန္႔ရွင္းေစတယ္။ေခ်ာေမြ႕မႈနဲ႔ ဂီယာညက္ေညာမႈေတြကိုေပးစြမ္းႏိုင္ပါတယ္။5 ➳ Chevron Delo 40015W40 အမ်ိဳးအစားျဖစ္ၿပီး ခရီးသြားဘီးျဖစ္ျဖစ္ ၿပိဳင္ဘီးျဖစ္ျဖစ္ သုံးႏိုင္ပါတယ္။အင္ဂ်င္ဝိုင္အျမႇဳပ္ထျခင္းကိုေလွ်ာ့ခ်ေပးၿပီး တစ္ေရြ႕ေရြ႕သြားေနရတဲ့ ၿမိဳ႕တြင္းလမ္းေတြမွာ ဆိုင္ကယ္ ကို အပူမတက္ေစပဲ ေအးျမေနေစမွာပါ။6 ➳ Castrol Actevo X tra 4Tတစ္စိတ္တစ္ပိုင္း Synthetic ျဖစ္တဲ့ ဆီဟာ ၄ခ်က္ခုတ္အင္ဂ်င္ေတြ ပြန္းစားျခင္းနဲ႔ အပူခ်ိန္အျမင့္ေတြမွား ဂ်ိဳး ကပ္ျခင္းကို ကာကြယ္ဖို႔ အထူးဖန္တီးထားတာပါ။10W40 ဆီဟာ အပူတက္ျမန္ေစတဲ့ ေလနဲ႔အေအးခံတဲ့ အင္ဂ်င္ေတြအတြက္သင့္ေတာ္လွပါတယ္။7 ➳ Valvoline 4 stroke20W50 နဲ႔ 10W40 ၂မ်ိဳးရႏိုင္ပါတယ္။အပူခ်ိန္အျမင့္နဲ႔ rpm အျမင့္ေတြမွာ အင္ဂ်င္ဝိုင္အပူခ်ိန္ အလြယ္တကူ မေျပာင္းလဲေအာင္အထူးေဖာ္စပ္ထားပါတယ္။Zinc နဲ႔ Phosphorus ပါ၀င္တဲ့အတြက္ ပြန္းစားမႈသက္သာေစၿပီး အနည္အႏွစ္ေတြကိုလည္း ဓာတ္ျပယ္ ပ်က္စီးေစပါတယ္။ထပ္ေပါင္းထည့္ထားတဲ့ Silicone ေၾကာင့္လည္း သတၳဳမ်က္ႏွာျပင္ေတြေပၚမွာ ဆီအလႊာပါးေလးျဖစ္ေစၿပီး အျမႇဳပ္ထျခင္းမွလည္း ကာကြယ္ပါတယ္။8 ➳ Shell Advance Ultra 22 stroke engine ေတြအတြက္ပါ။သံသံခ်င္ပြန္းစားမႈမွ ကာကြယ္ေပးၿပီး အင္ဂ်င္ကို သန္႔ရွင္းေနေစပါတယ္။မီးခိုးအထြက္နည္းေစတဲ့ ဒီဆီဟာ ဆီတိုင္ကီထဲေရာေပးလို႔ရသလို ဆီပန္႔နဲ႔ ပိုတဲ့ စနစ္လည္း ရပါတယ္။9 ➳ Red Line 20W50Big Twin engine ေတြအတြက္အထူးေဖာ္ျမဴလာထုတ္ထားတဲ့ Synthetic oil ပါ။Harley Twin Cam model နဲ႔ Evolution engine ေတြနဲ႔ သင့္ေတာ္လွပါတယ္။Cam နဲ႔ Bearing ေတြ အေပၚမွာ အလႊာထူထူ အုပ္ေပးထားႏိုင္ပါတယ္။အေငြ႕ပ်ံမႈနည္းတာေၾကာင့္ ring ေတြ Sealing ပိုေကာင္းေစၿပီး ပဝါ ပိုတက္ ဆီစာကိုသက္သာေစပါတယ္။10 ➳ Shell Rotella T6Fully synthetic oil ျဖစ္ၿပီး 5W40 ျဖစ္ခါ 4 stroke engine အတြက္ပါ။JASO-MA စံခ်ိန္မွီ ျဖစ္ပါတယ္။ဂီယာခ်ိန္းကို ညက္ေညာေစသလို အင္ဂ်င္ကို သန္႔ေစပါတယ္။rpm အျမင့္ေတြမွာေတာင္ ပြန္းစားမႈကို ကာကြယ္ေပးပါတယ္။ကမၻာ့ပထမဆုံး အင္ဂ်င္ဝိုင္ ကုမၸဏီ က VALVOLINE ပါ။အခု အ၀င္မ်ားေနတဲ MOTUL OIL ဟာ အေမရိကန္ Base ျပင္သစ္ ဖက္စပ္ပါ။
အခ်ိန္ေပးၿပီးဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္

#Crd Real Image Rcb