ပလပ်များကိုစစ်ဆေးပါ
အင်ဂျင်အတွင်းပိုင်းအခြေအနေနှင့်စက်သံအခြေအနေများအတွက်ပလပ်များကိုစစ်ဆေးပါ။ပလပ်တွင်ဆီများစိုနေလျှင် အင်ဂျင်ကိုချက်ခြင်းပြုပြင်ရန်လိုအပ်ပေသည်။ပလပ်များတွင်ကာဗွန်များကပ်ညိမှုများနေလျှင်မီးလောင်ခန်းအတွင်းအင်ဂျင်ဝိုင်ယိုစိမ့်မှုရှိကြောင်းသိရှိနိုင်ပြီးမကြာခင်ပစ္စတင်ရိန်းများလဲရနိုင်ပါတယ်။ခဲဓာတ်ပါသောဓာတ်ဆီဖြင့်မောင်းနှင်အသုံးပြုထားသောဆိုင်ကယ်ပလပ်သည်အလယ်ငုတ်တိုင်တွင်အညိုရောင်ဖျော့ပြီးကွေးထားသောgroundငုတ်သည်ပန်းနုရောင်သန်းသောအဝါဖျော့ရောင်ဖြစ်နေပေမည်။ခဲဓာတ်မပါသောဓာတ်ဆီသုံးအင်ဂျင်များတွင် ပလပ်သည်အရောင်မရှိပေ။မော်ဒယ်မြင့်Ecuစနစ်သုံးဆိုင်ကယ်များတွင်ဆီအလွန်နည်းသောလေဆီထိန်းချုပ်မှုများဖြင့်မောင်းနှင်ရသောအင်ဂျင်များ၏ပလပ်သည် ပလပ်အတွင်းပိုင်းကြွေငုတ်အရောင်မှာအဖြူရောင်နီးနီးမှအညိုရောင်အဆင့်အထိရောက်နေတတ်ပြီးဂရောင်းငုတ်သည်အည်ိုရောင်ဖျော့မှမီးခိုးရောင်အထိရှိတတ်သည်။ဆီးကြွေးများနေသည့်ပလပ်တစ်လုံးသည်ပလပ်ထိပ်များမဲနေပြီးဆီနည်းသည့်ပလပ်အနေအထားသည်အညိုဖျော့သို့မဟုတ်အဖြူရောင်ဖြစ်နေတတ်သည်။ပလပ်များ၏အရောင်ကိုကြည့်ပြီးဆီလေအရောအနောမှန်မမှန်ကို စစ်ဆေးခဲဲခြားနိုင်မည်ဖြစ်ပါသည်။ဓာတ်ဆီအင်ဂျင်တစ်လုံးအတွက် spark plugသည်အရေးကြီးပြီးအဓိကကျတဲ့အပိုင်းမှာပါဝင်တာကြောင့် ပလပ်၏အရေးပါမှုကို သတိထားသင့်ပေသည်။ပလပ်မကောင်းလျှင်နှိုးရခက်ခြင်း အရုန်းဆွဲမကောင်းခြင်း အိတ်ဇောမှဖုန်းဒိုင်းဆိုပေါက်ထွက်ခြင်း ဆီစားခြင်းစတဲ့ပြသနာများဖြစ်လာတတ်သည်က်ို ဝပ်ရှော့ဆရာများအနေဖြင့်သတိပြုသင့်ပါကြောင်းတင်ပြအပ်ပေသည်။
Copy Crd.