**တိုင်ပင်ချိန်း**
(ပညာသင်ညီကိုများအားရည်ရွယ်ပါသည်)
ဒီအခြမ်းမှာက ကလပ်ပြားခြမ်းလို ကလပ်ပြားလေးတင်လဲလို့မရပါဘူး စစ်ရမှာတွေပိုပြီးများပါတယ်
၁။တိုင်ပင်ချိန်း
၂။ခါးရိုလာ
၃။ရိုလာအသေး
၄။ကမ်းမရှပ်တိုင်ပင်ပီနယံ
၅။ကရိုင်းပီနီယံ
၆။ရိုလာမောင်း
၇။တိုင်ပင်ချိန်းထောက်ပလွေ
[ဖော့သီး/စပရင်]
၈။အင်္ဂျင်ဝိုင်ပန့်ဘီး
၉။ဆီကာပွား
၁၀။ သံလိုက်အုံအဝိုင်းစီး
၁၁။စတက်ချိန်း/စတက်ပီနီယံ
၁၂။စတက်ဘောကတ်
၁၃။သံလိုက်တုံး
၁၄။ကွိုင်
အင်္ဂျင်တစ်ခုကို စနစ်တကျနဲ့ အသန့်ကိုင်ချင်သူများအနေဖြင့်တစ်ခါထဲစစ်သင့်သောအချက်အလက်များပါ
၁။တိုင်ပင်ချိန်း
တိုင်ပင်ချိန်းကတော့အစထဲကလျော့လို့လဲတဲ့အတွက် လဲကိုလဲရမှာပါ
၂။ ခါးရိုလာ
ခါးရိုလာကတစ်ခြမ်းစားနေရင် အရမ်းသေးနေရင်လဲရပါမယ် တိုင်ပင်ချိန်းပြေးလမ်းချောမွေ့ဖို့ညီနေဖို့လိုပါတယ်
၃။ရိုလာအသေး
ရိုလာအသေးကိုပီနီယံလေးတွေရှိပါတယ် စားနေရင် မကောင်းတော့ရင် ပေမသုံးပါနဲ့လဲပါ တိုင်ပင်ချိန်းချော်ကျတတ်ပါတယ်
၄၊၅။ကရိုင်းနှင့်တိုင်ပင်ပီနီယံ
ပီနီယံတွေက အရမ်းချွန်နေရင်တိုင်ပင်ချိန်းကိုအစားမြန်တတ်ပါတယ်
၆။ရိုလာမောင်း
ရိုလာမောင်းမှာ ရိုလာသေးတတ်တဲ့နေရာကောင်းမကောင်း ချိန်းထောက်ဖော့သီးကိုဖိမယ့်နေရာကောင်းမကောင်းစစ်ရပါမယ်
၇။တိုင်ပင်ချိန်းထောက်ပလွေ
ချိန်းထောက်ပလွေမှာက အောက်မှာဘောစိလေးရှိပါတယ် ကောင်းမကောင်းစစ်ရပါမယ်
၈။ပန့်ဘီး
ပန့်ဘီး အထိုင်တွေပြတ်နေတာတွေ ပီနီယံ စားနေတာတွေရှိတတ်ပါတယ်
တိုင်ပင်ချိန်းနဲ့မချိတ်ရင် အင်္ဂျင်ဝိုင်မပို့တော့ပါ
၉။ဆီကာပွား
စတပ်ချိန်းကြိုးပြတ်ရင်ဖြစ်စေ ဘောကတ်ကြောင့်ဖြစ်စေ အရာထင်တာ ကွဲတာမျိုးတွေဖြစ်တတ်ပါတယ် ကွဲရင်ဆီမလုံတော့ပါ
၁၀။သံလိုက်အုံအဝိုင်းစီး
သံလိုက်အုံအဝိုင်းစီးက ၃ကွင်းရှိပါတယ် မကောင်းရင် အင်္ဂျင်ဝိုင်ယိုပါမယ်
၁၁။စတက်ချိန်း/စတက်ပီနီယံ
စတက်ချိန်း အရမ်းလျော့နေရင် သံချေးအရမ်းတတ်နေရင်လဲပါ ပြတ်ပြီးရိုက်တတ်ပါတယ်
စတက်ချိန်းခံလေးတွေကိုလဲ မကောင်းရင်လဲပါ
စတက်ပီနီယံက အရမ်းချွန်နေရင်လဲပါ
၁၂။စတက်ဘောကတ်
ဘောကတ်မကောင်းရင် ဂွမ်းကနဲ ပြန်ရိုက်တတ်ပါတယ် လုံးလုံးမချိတ်တာလဲဖြစ်တတ်ပါတယ်
နတ်ကျွတ်ပြီးကွိုင်တွေကိုရိုက်တတ်ပါတယ် နတ်တွေကိုသေချာစစ်ဆေးပါ
၁၃။သံလိုက်တုံး
တချို့ သံလိုက်တွေကွာနေရင် စနိုးချက်နဲ့ဆိုအသံမြည်နေတာတွေဖြစ်တတ်တယ် အထိုင်စားနေတာတွေရှိတတ်ပါတယ်
၁၄။ကွိုင်
တချို့က စတက်ကွိုင်တွေတပ်တဲ့အခါ ခဲမဆော်ပဲ ကြိုးလေးတင်ပတ်ပေးတာမျိုးရှိတတ်ပါတယ် အဲဒါမျိုးတွေဆိုခဲဆော်ပေးလိုက်ပါ လွတ်ပြီးကျွမ်းတတ်ပါတယ်
တိုင်ပင်ချိန်တာကတော့ ကရိုင်းကီးကိုခါးရိုးလာနတ်တည့်၂လောက်ကိုထား
ကမ်းမရှပ်ပီနယံရဲ့အမှတ်လေးကိုရှေ့တည့်၂ထားပါ ကမ်းမရှပ်ကိုလှည့်ကြည့်ပါ ကယ်ရီလိုင်းရှိတဲ့နေရာမှားထား ကယ်ရီလိုင်းရဲ့ အလယ်လောက်ကိုချိန်ထားပေါ့ ကင်းဘုလေးတွေမှောက်ခုံဖြစ်နေတဲ့နေရာမှာထားပါ အရင်postတစ်ခုကိုဖတ်ထားတဲ့သူဆိုပိုနားလည်ပါလေ့မယ်
တချို့Userတွေက တိုင်ပင်ချိန်းသံထွက်ပြီဆိုရင်ပေစီးတယ်ပျက်ရင်လည်းတိုင်ပင်ချိန်းလေးတင် လဲရမယ်လို့ပဲတွေးကြတယ် ပေစီးရင်ဆိုးကျိုးတွေအများကြီးရှိပါတယ် ဘားကောက်တာ အင်္ဂျင်ဝိုင်ပန့်ချော်တာ စသည်ဖြင့်အများကြီးပါ
ပညာသင်ခါစ ညီကိုတွေအနေနဲ့လည်းတိုင်ပင်ချိန်းလေးတင်လဲပေးပြီး ကျန်တာမစစ်တာတွေဖြစ်တတ်လို့ရေးပေးလိုက်တာပါ။
မူရင်း စာမူ Khant Hmhwe Swe