အခြေခံနည်းပညာလမ်းညွန်များ

Air cleaner(လေစစ်)


အော်တိုဘီးတွေရဲ့လေစစ်ဟာ နောက်ဘီးနဲ့အင်မတန်နီးကပ်လွန်းတာကြောင့်ဖုန်ဝင်မှုပမာဏအရမ်းများပါတယ်။လေစစ်ကိုမကြာမကြာသန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။မကောင်းရင်လဲပေးရ​ပါမယ်။လေစစ်မကောင်းလို့အင်ဂျင်ရှေ့ခြမ်းခနခနဖွင့်ရတတ်ပါတယ်။air cleanerပေါက်ကနေသဲ ဖုန်အစရှိသည်တို့ အင်းလက်တဆင့်ဝင်ရောက်ကာ စလစ်ပြင်နှင့်ရိန်းကွင်းတို့ကိုပွန်းစားစေပါတယ်။ဆိုင်ကယ်တစ်စီးရှေ့ခြမ်းလှပ်ရင် ရိန်းကိုသေခြာစစ်ကြည့်သင့်​တပါတယ်။ရိန်းကသေးသေးမျှင်မျှင်လေးဘဲကျန်တော့တယ်ဆိုရင်ဖြင့်သေခြာပါပြီ လေစစ်မလုံလို့ပါ မကောင်းတော့လို့ပါ သဲဝင်ပြီးစားသွားတာပါ။ပုံမှန်သက်တမ်းကုန်လို့မီးခိုးလိုက်ပြီးရိန်းစားခြင်းမျိုးမဟုတ်ဘဲရိန်းကွင်းလေးတွေဟာတစ်ခါတစ်ခါဆံပင်မွှေးထက်အနည်းငယ်ကြီးတဲ့ဆိုဒ်လောက်သာကျန်ပါတော့တယ်။ဒါဆိုရင်လေစစ်ပါစစ်ဆေးပြီးလဲသင့်ပါတယ်ဝပ်ရှော့ဆရာတို့အတော်များများလေစစ်ကိုမစစ်ဆေးခြင်ကြပါဘူး အင်ဂျင်ရှေ့ခြမ်းပြုပြင်တိုင်းလေစစ်တွေကိုစစ်ဆေးပေးသင့်ပါတယ်။တရုတ်clickဆိုရင်ပိုပြီးသတိထားသင့်တယ်Air cool engineဖြစ်တာကြောင့်အင်ဂျင်ရဲ့ညာဘက်လေအုံမှရိုက်ခတ်လိုက်သည့်လေနှင့်အတူလေစစ်အတွင်းသို့ဖုန်နှင့်သဲများဝင်ရောက်လေ့ရှိတာကြောင့် တရုတ်clickဘီးရဲ့လေစစ်တွေကိုမကြာမကြာသန့်ရှင်းပေးသင့်ပါတယ်။လေစစ်ဘူးရဲ့အင်ဂျင်နဲ့ဆက်သွယ်ထားတဲ့လည်ချောင်းပိုက်တွေမကောင်းရင်လဲ လဲလှယ်ပေးရပါမယ်။
မူရင်း ဆရာစွမ်းနိုင် ဆင်ဖြူကျွှန်း
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,