အင်ဂျင်ဝိုင်3

<Unicode>
ဗားကောက်ကွေးခြင်း 
ဘားဟာခြင်း အကြောင်းအရင်း…
==================
အင်ဂျင်မှာ ဗားဟာခြင်းပြဿ နာ
အပူချိန်လွန်ကဲခြင်း ၊
လည်နှုန်းမြင့်မားလွန်းခြင်း၊
ဆီမှားခြင်း၊
အင်ဂျင်ဝိုင်နည်းလွန်းခြင်း ၊
အင်ဂျင်ဝိုင်မတတ်ခြင်း၊ 
တို့ကြောင့် ဗားဟာခြင်း  
ဗားမီးစားသွားခြင်းဖြစ်သည်…
 
ဗားကွေးခြင်းရဲ့ 
အဓိကအကြောင်းကတော့… 
ဗားနဲ့ ပစ်စတင် ထိတွေ့မှု 
ဖြစ်တာကြောင့် ဖြစ်သည်…

၁. အင်ဂျင်လည်နှုန်းမြင့်ခြင်း
အင်ဂျင်အမျိုးအစားအပေါ်
မူတည်ပြီး အမြင့်ဆုံး 
တစ်မိနစ် လည်နှုန်း RPM 
သတ်မှတ်ချက် ရှိပါတယ်။
အန္တ ရာယ်ကင်းတဲ့
အမြင့်ဆုံးလည်နှုန်းထက် 
ခဏတာပိုခဲ့မယ်ဆိုရင်တောင် 
ဗားကောက်ရုံတင်မက 
အင်ဂျင်ပျက်စီးနိုင်ပါတယ်။
အင်ဂျင်လည်နှုန်း 
အရမ်းမြင့်လာရင် 
အပူရှိန်ကြောင့် ဗားက 
ဆန့်ထွက်လာပြီး 
ပစ်စတင်နဲ့ အနမ်းပေးနိုင်ပါတယ်။
လည်နှုန်းက အရမ်းများလာရင် 
အင်ဂျင်က တိုင်မင် 
အနည်းငယ်လွဲလာနိုင်ပါတယ်။
ဒီအခါ ပစ်စတင် ထိပ်နဲ့ 
ထိတွေ့မှုဖြစ်ပြီး 
ပစ်စတင်လည်း ပျက်စီး ဗားလည်း 
ကွေးနိုင်ပါတယ်။

၂. တိုင်ပင်ချိန်း မကောင်းခြင်း
ကင်မ်ရှပ် မမှန်ခြင်း ဒါမှမဟုတ် 
တိုင်ပင်ချိန် း လွဲချော်ခြင်း
တိုင်ပင်ကြိုးပျက်ခြင်း တကယ်လို့
အရှိန်မြင့်မောင်းနှင်နေစဉ် 
တိုင်ပင်ကြိုး တိုင်ပင်ချိန်းပြတ်ခြင်း 
ဖြစ်မယ်ဆိုရင် 
ဆက်လက်လည်ပတ်နေတဲ့ 
အင်ဂျင်က ဗားက ပစ္စတင်နဲ့ 
အနမ်းပေးနိုင်ပါတယ်။
ဒီလိုဖြစ်မယ်ဆိုရင် 
ဗားကောက်တာ ပစ္စတင် 
ပျက်စီးတာအပြင် အင်ဂျင် 
ဟဒ်ပါ ထိခိုက်နိုင်ပါတယ်။

၃. ပစ်စတင်နဲ့ ဗားထိတွေ့မှု 
ဖြစ်ရတဲ့ အကြောင်းအရင်းက 
တ်ိုင်ပင်မမှန်တာ 
တိုင်ပင်လွဲရင်ဖြစ်နိုင်ပါတယ်။
တစ်ခြားအကြောင်း
အရင်းတွေလည်း ရှိနိင်ပါတယ်…

၄. အင်ဂျင် ထိမ်းသိမ်းမှု ညံ့ဖျင်းခြင်း
အင်ဂျင်အပူချိန် မြင့်လွန်းပြီး 
အင်ဂျင်ဝိုင် 
နည်းတာကြောင့်လည်း
ဗားကောက်နိုင်ပါတယ်။
အင်ဂျင်အပူချိန် မြင့်နေချိန် 
အင်ဂျင်ကို ဆက်လက် 
မောင်းနှင်နေမယ်ဆိုရင် 
ဗားဟာတတ်ပြီး ဗားက 
အပူကြောင့် 
ပြန့်ကားပြီး ဗားဂိုက်မှာ 
ပူးကပ်နိုင်တာကြောင့် 
ပစ္စတင်နဲ့ ထိတွေ့မှု ဖြစ်နိုင်ပါတယ်
ချောဆီ မလုံလောက်ခြင်းကြောင့်လည်း 
ဖြစ်နိုင်ပါတယ်။

၅. အင်ဂျင် ပြန်လည်တပ်ဆင်ခြင်း
အင်ဂျင် ပြန်လည်တပ်ဆင်ချိန်မှာ 
ဗားလစ်တာ ပစ်စတင်နဲ့ ဗားအကွာအဝေးကို ဂရုတစိုက် 
ပြန်လည်မစစ်ဆေးဘဲ 
တပ်ဆင်ခဲ့မယ်ဆိုရင် 
ပထမဆုံးအကြိမ် 
စက်နိုးတာမှာတင် ပစ်စတင်နဲ့ ဗား 
ထိတွေ့မှုဖြစ်ပြီး ဗားကွေး ပစ္စတင် 
ပျက်စီးတာ ဖြစ်နိုင်ပါတယ်။
တိုင်ပင်ချိန်းရှည်ပြီး
တိုင်ပင်ကျော်တာ  
သံလုံက်တုံးကီးချော်နေတာကို
မသိပဲ သံလိုက်တုံးအမှတ်ကို 
အမှန်ယူပီးတိုင်ပင်ချိန်ခြင်း
အင်ဂျင်ပြန်လုံးတဲ့အချိန်မှာ 
ပင်စတင်က စလစ်ကိုကျော်လွန်နေတာကို သတိမထားဘဲ 
အင်ဂျင်ပြန်လည် 
တပ်ဆင်မိခြင်းတို့ဖြစ်သည်…

အနန္တော၊ အနန္တငါးပါးအား 
ဦးထိပ်ထား၍
သင်ဆရာမြင်ဆရာအပေါင်းနှင့်
ထမင်းရှင် ဟင်းရှင်များအား
ရိုသေလေးစားလျှက်ပါ…

မူရင်း ဆိုင်ကယ်ဒေါက်တာ
Crd.

Cycle. Dr

<Zawgyi>
ဗားကောက်ကွေးခြင်း 
==================
အပူချိန်လွန်ကဲခြင်း ၊
ဆီမှားခြင်း၊
 
ဗားကွေးခြင်းရဲ့ 
အဓိကအကြောင်းကတော့… 

မူတည်ပြီး အမြင့်ဆုံး 
သတ်မှတ်ချက် ရှိပါတယ်။
အန္တ ရာယ်ကင်းတဲ့
ဗားကောက်ရုံတင်မက 
အင်ဂျင်လည်နှုန်း 
အရမ်းမြင့်လာရင် 
အပူရှိန်ကြောင့် ဗားက 
ဆန့်ထွက်လာပြီး 
အင်ဂျင်က တိုင်မင် 
ဒီအခါ ပစ်စတင် ထိပ်နဲ့ 
ထိတွေ့မှုဖြစ်ပြီး 
ကွေးနိုင်ပါတယ်။

ဖြစ်မယ်ဆိုရင် 
ဆက်လက်လည်ပတ်နေတဲ့ 
အနမ်းပေးနိုင်ပါတယ်။
ဒီလိုဖြစ်မယ်ဆိုရင် 
ဗားကောက်တာ ပစ္စတင် 

တိုင်ပင်မမှန်တာ 
တစ်ခြားအကြောင်း

၎. အင်ဂျင် ထိမ်းသိမ်းမှု ညံ့ဖျင်းခြင်း
အင်ဂျင်ဝိုင် 
နည်းတာကြောင့်လည်း
ဗားကောက်နိုင်ပါတယ်။
အင်ဂျင်ကို ဆက်လက် 
ဗားဟာတတ်ပြီး ဗားက 
အပူကြောင့် 
ဖြစ်နိုင်ပါတယ်။

ပြန်လည်မစစ်ဆေးဘဲ 
တပ်ဆင်ခဲ့မယ်ဆိုရင် 
ပထမဆုံးအကြိမ် 
တိုင်ပင်ကျော်တာ  
အင်ဂျင်ပြန်လည် 

ဦးထိပ်ထား၍
ရိုသေလေးစားလျှက်ပါ…

Crd.

Cycle. Dr