ပလက် အကြောင်းလေးပါ
မီးပွင့်ပလပ်သည် ဆိုင်ကယ်အင်ဂျင်စက်နှိုးစနစ်အတွက် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
အင်ဂျင်မောင်းနှင်ချိန် ကြာမြင့်လာတာနှင့်အမျှ မီးပွင့်ပလပ်ကလဲ အောက်ဖော်ပြပါ အချက်တွေကြောင့် ပျက်စီးနိုင်ပါတယ်။
မီးလောင်ခန်းအတွင်းရှိ အိတ်ဇောငွေ့များကြောင့် ကာဗွန်ချိုးများကပ်ငြိ၍ ပျက်စီးလာခြင်း။
အပူလွန်ကဲ၍ ပျက်စီးလာခြင်း။
အီလက်ထရုတ် (အူတိုင်) ပွန်းစား၍ ပျက်စီးလာခြင်း။
ပျက်စီးလာခြင်းများကြောင့် စက်နှိုးရခက်ခြင်း၊ အင်ဂျင်ရုန်းဆွဲအားကျခြင်း၊ စက်သံမမှန်ခြင်း စသည့် ပြဿနာများကို ဖြစ်စေတယ်။
ဒါကြောင့် ပလပ်ကို *ကီလိုမီတာ 5000 တိုင်း* တွင် *စစ်ဆေးပြီး* အင်ဂျင်သက်တမ်း ကြာရှည်စွာ အသုံးပြုနိုင်ရန် အတွက် *ကီလိုမီတာ 10000 တိုင်း* တွင် *မဖြစ်မနေ အသစ် လဲလှယ်ပေးရမှာ* ဖြစ်ပါတယ်။