<Unicode>
ဆိုင်ကယ်အင်ဂျင်ဝိုင် လဲလှယ် သင့်နေပြီး
အလွယ်တကူ သိနိုင်သော အချက်များ
အင်ဂျင်သံ ကျယ်လာပြီး တုန်ခါမှု များလာခြင်း
အင်ဂျင်ဝိုင်ရဲ့ သဘောက သတ္ထုနှစ်ခုကြားမှာ အလွှာပါးလေး တစ်ခု ဖြစ်နေစေပြီး ပွတ်တိုက်မှုကို လျော့ပါးစေတာ ဖြစ်ပါတယ်။ အဲ့သည် အင်ဂျင်ဝိုင် ရဲ့ မော်လီကျူးလေးတွေ ပြိုကွဲပျက်စီးသွားတဲ့ အခါမှာ ပွတ်တိုက်မှုကို မလျော့ပါးစေပဲ အင်ဂျင်ကို နဂိုထက် အသံတွေ ထွက်လာစေပါတယ်။
အိတ်ဇော မှ မီးခိုးပိုထွက်လာခြင်း
ရာသီဥတု အေးရင် မီးခိုးပိုက်မှ ထွက်လာတဲ့ မီးခိုးဟာ အကြည်ရောင်လေး ဖြစ်နေတတ်ပါတယ်။ အကယ်လို့ မီးခိုး သိသိ သာသာ ထွက်နေရင်တော့ အင်ဂျင်ထဲမှာ Oil Leakage ဖြစ်မဖြစ် စစ်ကြည့်သင့်ပါတယ်။ အကယ်၍ ဘာကြောင့်ဖြစ်မှန်း သေချာ မသိရင် ကျွမ်းကျင်တဲ့ ဝပ်ရှော့ဆရာများကို ပြသသင့်ပါတယ်။
မောင်းနှင်နေစဉ် ဆီနံ့ရခြင်း
မောင်းနှင်နေစဉ် ဆီအနံ့ ရတာကတော့ အန္တရာယ် ရှိပြီး ကားကို အမြန်ဆုံး စစ်ဆေးသင့်တဲ့ အချိန်ပါ။ လိုအပ်တာတွေ လဲလှယ်ဖို့လဲ ကြိုတင်တွေးဆထားရမှားပေါ့
အင်ဂျင်ဝိုင် Gauge ဖြင့် စစ်လျှင် မည်းညစ်နေခြင်း
အင်ဂျင်ဝိုင် အသစ်က ပယင်းရောင်လေး ဖြစ်ပြီး မည်းညစ်နေပြီဆိုရင် ဆက်မသုံးသင့်ဘဲ လှဲလှယ်သင့်နေပါပြီနော်...
သတ်မှတ် သုံးစွဲရမည့် မိုင် ပြည့်လျှင်
အင်ဂျင်ဝိုင် အမျိုးအစား တစ်ခုအတွက် အာမခံပေးထားသည့် မိုင်အရေအတွက်ထက် ပိုမိုပြီး မောင်းနှင်ခဲ့ပြီ ဆိုရင်လဲ အင်ဂျင်ဝိုင်လေး လဲသင့်ပါတယ်
#CRD poto.copy
<Zawgyi>
ဆိုင္ကယ္အင္ဂ်င္ဝိုင္ လဲလွယ္ သင့္ေနၿပီး
အလြယ္တကူ သိႏိုင္ေသာ အခ်က္မ်ား
အင္ဂ်င္သံ က်ယ္လာၿပီး တုန္ခါမႈ မ်ားလာျခင္း
အင္ဂ်င္ဝိုင္ရဲ႕ သေဘာက သတၳဳႏွစ္ခုၾကားမွာ အလႊာပါးေလး တစ္ခု ျဖစ္ေနေစၿပီး ပြတ္တိုက္မႈကို ေလ်ာ့ပါးေစတာ ျဖစ္ပါတယ္။ အဲ့သည္ အင္ဂ်င္ဝိုင္ ရဲ႕ ေမာ္လီက်ဴးေလးေတြ ၿပိဳကြဲပ်က္စီးသြားတဲ့ အခါမွာ ပြတ္တိုက္မႈကို မေလ်ာ့ပါးေစပဲ အင္ဂ်င္ကို နဂိုထက္ အသံေတြ ထြက္လာေစပါတယ္။
အိတ္ေဇာ မွ မီးခိုးပိုထြက္လာျခင္း
ရာသီဥတု ေအးရင္ မီးခိုးပိုက္မွ ထြက္လာတဲ့ မီးခိုးဟာ အၾကည္ေရာင္ေလး ျဖစ္ေနတတ္ပါတယ္။ အကယ္လို႔ မီးခိုး သိသိ သာသာ ထြက္ေနရင္ေတာ့ အင္ဂ်င္ထဲမွာ Oil Leakage ျဖစ္မျဖစ္ စစ္ၾကည့္သင့္ပါတယ္။ အကယ္၍ ဘာေၾကာင့္ျဖစ္မွန္း ေသခ်ာ မသိရင္ ကြၽမ္းက်င္တဲ့ ဝပ္ေရွာ့ဆရာမ်ားကို ျပသသင့္ပါတယ္။
ေမာင္းႏွင္ေနစဉ္ ဆီနံ႔ရျခင္း
ေမာင္းႏွင္ေနစဉ္ ဆီအနံ႔ ရတာကေတာ့ အႏၲရာယ္ ရွိၿပီး ကားကို အျမန္ဆုံး စစ္ေဆးသင့္တဲ့ အခ်ိန္ပါ။ လိုအပ္တာေတြ လဲလွယ္ဖို႔လဲ ႀကိဳတင္ေတြးဆထားရမွားေပါ႔
အင္ဂ်င္ဝိုင္ Gauge ျဖင့္ စစ္လွ်င္ မည္းညစ္ေနျခင္း
အင္ဂ်င္ဝိုင္ အသစ္က ပယင္းေရာင္ေလး ျဖစ္ၿပီး မည္းညစ္ေနၿပီဆိုရင္ ဆက္မသုံးသင့္ဘဲ လွဲလွယ္သင့္ေနပါၿပီေနာ္...
သတ္မွတ္ သုံးစြဲရမည့္ မိုင္ ျပည့္လွ်င္
အင္ဂ်င္ဝိုင္ အမ်ိဳးအစား တစ္ခုအတြက္ အာမခံေပးထားသည့္ မိုင္အေရအတြက္ထက္ ပိုမိုၿပီး ေမာင္းႏွင္ခဲ့ၿပီ ဆိုရင္လဲ အင္ဂ်င္ဝိုင္ေလး လဲသင့္ပါတယ္
#CRD poto.copy