<Unicode>
#အင်ဂျင်ဝိုင်(Engine Oil) #ဘယ်လိုရွေးဝယ်မလဲ????
#Conventional_Oil-အင်ဂျင်ဝိုင်တွေထဲမှာ စျေးအသက်သာဆုံးပါ. သဘာဝဆီကို ချက်လုပ်ထားတာပါ။ အပူချိန်ကို မခံနိုင်ပါဘူး။ စျေးကွက်ထဲမှာ ပေပါလိုက်တွေ ဝင်လေ့ရှိပါတယ်။ အင်ဂျင်ဝိုင်ဖြစ်ရင်ပြီးရော ဆိုတဲ့ လူတွေ သုံးစွဲသင့်ပါတယ်.
#Synthetic_oil- ဓာတ်ခွဲခန်းတွေမှာ သိပ္ပံပညာရှင်တွေ စနစ်တကျ ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်တွေပါ။ Conventionalထက် စျေးများပါတယ်။ ပိုတာရှည်ခံပါတယ်။ မိမိကား ဆိုင်ကယ် အင်ဂျင်နဲ့ သင့်တော်မယ် အင်ဂျင်ဝိုင် gradeတွေ အမျိုးမျိုး ထုတ်လုပ်ပါတယ်။
မိမိရဲ့ကားတွေ ဆိုင်ကယ်တွေကို တန်းဖိုးထားတဲ့ လူတွေ သုံးသင့်ပါတယ်။
#Synthetic_blend_oil - Conventional oilနဲ့ Synthetic Oilအရောပါ။ သုံးမျိုးမှာ သူ့စျေးက အလယ်အလတ်ပါ။ Blend oilကို စျေးများရင် မဝယ်ယူသင့်ပါဘူး။
Syntheticကို မတတ်နိုင် Conventional oilကိုလည်း မသုံးချင်တဲ့ လူတွေ အတွက်ပါ။
ခေတ်တွေ တိုးတတ်လာတာနဲ့အညီ အင်ဂျင်ဝိုင်တွေမှာ ဆီကြည့်မဟုတ်ဘဲ အင်ဂျင်အတွက် ပိုကောင်းမွန်မဲ့ Engine Oil Additivesတွေ ထည့်လာကြပါတယ်။ အင်ဂျင်ဝိုင်ဗူးမှာ ပါဝင်တဲ့ additivesတွေကို ရေးထားကြပါတယ်။
#Anti_foam_additives အင်ဂျင်ဝိုင်အတွင်းမှာ လေပူဖောင်းဖြစ်ခြင်းကို ကာကွယ်ပေးတဲ့ ပစ္စည်းပါ.အင်ဂျင်ဝိုင်အတွင်းမှာ လေပူဖောင်းတွေ ဖြစ်ရင် အင်ဂျင်ကပိုရုန်းရပါတယ်။ အေးဖို့လည်း ကြာပါတယ်။
-Anti-wear additives အင်ဂျင်အတွင်း သတ္တုတခုနဲ့ တခု ပွတ်တိုက်တဲ့ အခါ သတ္တုတွေ ပွန်းပဲ့ခြင်းမှ ကာကွယ်ပေးပါတယ်။
-Antioxidants အင်ဂျင်အတွင်းမှာ အောက်စီဂျင်က တခြား ဓာတုပစ္စည်းတွေနဲ့ ဓာတ်ပြုပါတယ်။ သံကို သံခြေးကိုက်သလိုပါပဲ။ ဒီ additiveက အဲ့လိုဖြစ်တာတွေကို ကာကွယ်ပေးပါတယ်။ အပူချိန်မြင့်မားတဲ့ အပိုင်းတွေ သန့်ရှင်းအောင်နဲ့ အညစ်အကြေးတွေ အနည်ထိုင်တာကို ကာကွယ်ပေးပါတယ်။
-Detergents အင်ဂျင်က အလုပ်လုပ်တဲ့ အခါ ပူပါတယ်။ အင်ဂျင်ဝိုင်အတွင်း Detergentsတွေက အပူချိန်မြင့်မားတဲ့ အချိန်မှာလဲ အလုပ်လုပ်နိုင်အောင် ပြုလုပ်ထားပါတယ်။
-Friction modifiers အင်ဂျင်အတွင်း ပွတ်တိုက် အလုပ်လုပ်ရတဲ့ အစိတ်အပိုင်းတွေကို ပွတ်တိုက်မှုကြောင့်ဖြစ်လာတဲ့ အပူတွေကိုလျော့ချပေးပါတယ်။
#အကြံပေးချက်
-အရေအသွေးနိုမ့်တဲ့ အင်ဂျင်ဝိုင်တွေက ကား ဆိုင်ကယ် အင်ဂျင်ကို ထိခိုက်စေပါတယ်။
-မိမိကား ဆိုင်ကယ် အင်ဂျင်နဲ့ မကိုက်ညီတဲ့ အင်ဂျင်ဝိုင်တွေဟာ အင်ဂျင်ကို ထိခိုက်စေပါတယ်။
-အင်ဂျင်ဝိုင်လဲရင် လိုတာထက် လျံအောင် မထည့်သင့်ပါဘူး.
-ကားပေါ်မှာ အင်ဂျင်ဝိုင်တဗူးကိုဆောင်ထားသင့်ပါတယ်။
-oil filterကို အင်ဂျင်ဝိုင်လဲတိုင်း လဲ သင့်ပါတယ်။
-၃လ ဒါမှမဟုတ် ကီလို ၃၀၀၀-၅၀၀၀ တခါ အင်ဂျင်ဝိုင်လဲသင့်ပါတယ်။
#အင်ဂျင်ဝိုင်ဗူးပေါ်မှာပါတဲ့ပြစ်အားဂဏန်းတွေ
#အင်ဂျင်ဝိုင်ဘယ်လိုရွေးဝယ်မလဲ
ပြစ်အား
အင်ဂျင်ဝိုင်ဗူးတွေမှာ အင်ဂျင်ဝိုင်ရဲ့ပြစ်အားကို ရေးထားကြပါတယ်.
xxW-xx
ဥပမာ_
10W-30
10W-40
5W-30
Wဆိုတာ winter ဆောင်းရာသီကိုပြောတာပါ။ 0°F မှာ အင်ဂျင်ဝိုင်ရဲ့ ပြစ်အားကို ပြောတာပါ။
10W-30နဲ့ 5W-30 အင်ဂျင်ဝိုင် နှစ်ခုမှာ
5W-30က ဆောင်းရာသီမှာ ပြစ်အားနည်းပါတယ်။ အေးတဲ့ဒေသမှာ Wရှေ့က ဂဏန်းကို ကြည့်သင့်ပါတယ်။
Wနောက်က ဂဏာန်းကတော့ ပူတဲ့အချိန် 212°F မှာ
အင်ဂျင်ဝိုင်ရဲ့ ကျဲအားပါ။
ဂဏန်းများလေ ပူလို့ကျဲသွားတာကို ခံနိုင်လေပါပဲ။
10W-40နဲ့ 10W-30မှာ 10W-40က အင်ဂျင်ပူလို့ အင်ဂျင်ဝိုင်ကျဲသွားတာကို ပိုခံနိုင်ပါတယ်။
အင်ဂျင်ဝိုင်ရဲ့ အလုပ်က သူ့သတ်မှတ်ထားတဲ့ ပြစ်အားတခုမှာ နေပြီး အင်ဂျင်အစိတ်အပိုင်းတွေကို ကာကွယ်ပေးရမှာပဲ ဖြစ်ပါတယ်။
အေးလွန်းရင်လည်း ပြစ်ခဲမသွား ပူလွန်းရင်လည်း ကျဲမသွားတဲ့ အင်ဂျင်ဝိုင်ကို ရွေးချယ်သင့်ပါတယ်။
ကား ဆိုင်ကယ်ရဲ့ manual စာအုပ်တွေမှာ မိမိကား ဆိုင်ကယ်နဲ့သင့်တော်မဲ့ အင်ဂျင်ဝိုင်ရဲ့ ပြစ်အားကို ဖော်ပြထားပါတယ်။
#Credit
<Zawgyi>
#အင္ဂ်င္ဝိုင္(Engine Oil) #ဘယ္လိုေရြးဝယ္မလဲ????
#Conventional_Oil-အင္ဂ်င္ဝိုင္ေတြထဲမွာ ေစ်းအသက္သာဆုံးပါ. သဘာဝဆီကို ခ်က္လုပ္ထားတာပါ။ အပူခ်ိန္ကို မခံႏိုင္ပါဘူး။ ေစ်းကြက္ထဲမွာ ေပပါလိုက္ေတြ ဝင္ေလ့ရွိပါတယ္။ အင္ဂ်င္ဝိုင္ျဖစ္ရင္ၿပီးေရာ ဆိုတဲ့ လူေတြ သုံးစြဲသင့္ပါတယ္.
#Synthetic_oil- ဓာတ္ခြဲခန္းေတြမွာ သိပၸံပညာရွင္ေတြ စနစ္တက် ထုတ္လုပ္ထားတဲ့ အင္ဂ်င္ဝိုင္ေတြပါ။ Conventionalထက္ ေစ်းမ်ားပါတယ္။ ပိုတာရွည္ခံပါတယ္။ မိမိကား ဆိုင္ကယ္ အင္ဂ်င္နဲ႔ သင့္ေတာ္မယ္ အင္ဂ်င္ဝိုင္ gradeေတြ အမ်ိဳးမ်ိဳး ထုတ္လုပ္ပါတယ္။
မိမိရဲ႕ကားေတြ ဆိုင္ကယ္ေတြကို တန္းဖိုးထားတဲ့ လူေတြ သုံးသင့္ပါတယ္။
#Synthetic_blend_oil - Conventional oilနဲ႔ Synthetic Oilအေရာပါ။ သုံးမ်ိဳးမွာ သူ့ေစ်းက အလယ္အလတ္ပါ။ Blend oilကို ေစ်းမ်ားရင္ မဝယ္ယူသင့္ပါဘူး။
Syntheticကို မတတ္ႏိုင္ Conventional oilကိုလည္း မသုံးခ်င္တဲ့ လူေတြ အတြက္ပါ။
ေခတ္ေတြ တိုးတတ္လာတာနဲ႔အညီ အင္ဂ်င္ဝိုင္ေတြမွာ ဆီၾကည့္မဟုတ္ဘဲ အင္ဂ်င္အတြက္ ပိုေကာင္းမြန္မဲ့ Engine Oil Additivesေတြ ထည့္လာၾကပါတယ္။ အင္ဂ်င္ဝိုင္ဗူးမွာ ပါဝင္တဲ့ additivesေတြကို ေရးထားၾကပါတယ္။
#Anti_foam_additives အင္ဂ်င္ဝိုင္အတြင္းမွာ ေလပူေဖာင္းျဖစ္ျခင္းကို ကာကြယ္ေပးတဲ့ ပစၥည္းပါ.အင္ဂ်င္ဝိုင္အတြင္းမွာ ေလပူေဖာင္းေတြ ျဖစ္ရင္ အင္ဂ်င္ကပို႐ုန္းရပါတယ္။ ေအးဖို႔လည္း ၾကာပါတယ္။
-Anti-wear additives အင္ဂ်င္အတြင္း သတၱဳတခုနဲ႔ တခု ပြတ္တိုက္တဲ့ အခါ သတၱဳေတြ ပြန္းပဲ့ျခင္းမွ ကာကြယ္ေပးပါတယ္။
-Antioxidants အင္ဂ်င္အတြင္းမွာ ေအာက္စီဂ်င္က တျခား ဓာတုပစၥည္းေတြနဲ႔ ဓာတ္ျပဳပါတယ္။ သံကို သံေျခးကိုက္သလိုပါပဲ။ ဒီ additiveက အဲ့လိုျဖစ္တာေတြကို ကာကြယ္ေပးပါတယ္။ အပူခ်ိန္ျမင့္မားတဲ့ အပိုင္းေတြ သန္႔ရွင္းေအာင္နဲ႔ အညစ္အေၾကးေတြ အနည္ထိုင္တာကို ကာကြယ္ေပးပါတယ္။
-Detergents အင္ဂ်င္က အလုပ္လုပ္တဲ့ အခါ ပူပါတယ္။ အင္ဂ်င္ဝိုင္အတြင္း Detergentsေတြက အပူခ်ိန္ျမင့္မားတဲ့ အခ်ိန္မွာလဲ အလုပ္လုပ္ႏိုင္ေအာင္ ျပဳလုပ္ထားပါတယ္။
-Friction modifiers အင္ဂ်င္အတြင္း ပြတ္တိုက္ အလုပ္လုပ္ရတဲ့ အစိတ္အပိုင္းေတြကို ပြတ္တိုက္မႈေၾကာင့္ျဖစ္လာတဲ့ အပူေတြကိုေလ်ာ့ခ်ေပးပါတယ္။
#အႀကံေပးခ်က္
-အေရအေသြးႏိုမ့္တဲ့ အင္ဂ်င္ဝိုင္ေတြက ကား ဆိုင္ကယ္ အင္ဂ်င္ကို ထိခိုက္ေစပါတယ္။
-မိမိကား ဆိုင္ကယ္ အင္ဂ်င္နဲ႔ မကိုက္ညီတဲ့ အင္ဂ်င္ဝိုင္ေတြဟာ အင္ဂ်င္ကို ထိခိုက္ေစပါတယ္။
-အင္ဂ်င္ဝိုင္လဲရင္ လိုတာထက္ လ်ံေအာင္ မထည့္သင့္ပါဘူး.
-ကားေပၚမွာ အင္ဂ်င္ဝိုင္တဗူးကိုေဆာင္ထားသင့္ပါတယ္။
-oil filterကို အင္ဂ်င္ဝိုင္လဲတိုင္း လဲ သင့္ပါတယ္။
-၃လ ဒါမွမဟုတ္ ကီလို ၃၀၀၀-၅၀၀၀ တခါ အင္ဂ်င္ဝိုင္လဲသင့္ပါတယ္။
#အင္ဂ်င္ဝိုင္ဗူးေပၚမွာပါတဲ့ျပစ္အားဂဏန္းေတြ
#အင္ဂ်င္ဝိုင္ဘယ္လိုေရြးဝယ္မလဲ
ျပစ္အား
အင္ဂ်င္ဝိုင္ဗူးေတြမွာ အင္ဂ်င္ဝိုင္ရဲ႕ျပစ္အားကို ေရးထားၾကပါတယ္.
xxW-xx
ဥပမာ_
10W-30
10W-40
5W-30
Wဆိုတာ winter ေဆာင္းရာသီကိုေျပာတာပါ။ 0°F မွာ အင္ဂ်င္ဝိုင္ရဲ႕ ျပစ္အားကို ေျပာတာပါ။
10W-30နဲ႔ 5W-30 အင္ဂ်င္ဝိုင္ ႏွစ္ခုမွာ
5W-30က ေဆာင္းရာသီမွာ ျပစ္အားနည္းပါတယ္။ ေအးတဲ့ေဒသမွာ Wေရွ႕က ဂဏန္းကို ၾကည့္သင့္ပါတယ္။
Wေနာက္က ဂဏာန္းကေတာ့ ပူတဲ့အခ်ိန္ 212°F မွာ
အင္ဂ်င္ဝိုင္ရဲ႕ က်ဲအားပါ။
ဂဏန္းမ်ားေလ ပူလို႔က်ဲသြားတာကို ခံႏိုင္ေလပါပဲ။
10W-40နဲ႔ 10W-30မွာ 10W-40က အင္ဂ်င္ပူလို႔ အင္ဂ်င္ဝိုင္က်ဲသြားတာကို ပိုခံႏိုင္ပါတယ္။
အင္ဂ်င္ဝိုင္ရဲ႕ အလုပ္က သူ့သတ္မွတ္ထားတဲ့ ျပစ္အားတခုမွာ ေနၿပီး အင္ဂ်င္အစိတ္အပိုင္းေတြကို ကာကြယ္ေပးရမွာပဲ ျဖစ္ပါတယ္။
ေအးလြန္းရင္လည္း ျပစ္ခဲမသြား ပူလြန္းရင္လည္း က်ဲမသြားတဲ့ အင္ဂ်င္ဝိုင္ကို ေရြးခ်ယ္သင့္ပါတယ္။
ကား ဆိုင္ကယ္ရဲ႕ manual စာအုပ္ေတြမွာ မိမိကား ဆိုင္ကယ္နဲ႔သင့္ေတာ္မဲ့ အင္ဂ်င္ဝိုင္ရဲ႕ ျပစ္အားကို ေဖာ္ျပထားပါတယ္။
#Credit