ပလပ်မကောင်းခြင်းခြင်းကြောင့် စတ်နိုးမရသောပြဿနာခဏတာဖြေရှင်းနည်း





(Unicode)

#မီးမထွက်သည့်
ပလတ်အားခဏသုံးရန်ပြုပြင်နည်း#

ဆိုင်ကယ်ချစ်သူနှင့်ဆိုင်ကယ်စီးသူဝါသနာရှင်များ။တကြိမ်မဟုတ်တကြိမ်ကြုံတွေ့ဘူးမှာအသေအခြာပင်။မိမိအချစ်တော်စီးတော်ဘီးပေါ်တွင်အခန့့်သားစီးနှင်းနေစဉ်ဆိုင်ကယ်၏
ပေးလာမဲ့ဝေဒနာအသေအခြာ
မသိသေည်လဲ။ဘီးပေါက်
ပလတ်မီးပျောက်ပါကဆိုင်ကယ်တွန်းရသည့်ဒုက္ခစာဖွဲ့၍ပင်
မရ။နေပူချိန်ဖြစ်ကသာ၍ပင်ဆိုးပေသည်။ချွေးကပြိုက်ပြိုက်။လူကဖုတ်လိုက်ဖုတ်လိုက်။တွန်းရတာရှည်ကြာလျင်ကိုယ့်အချစ်တော်ကိုပင်အပြစ်မြင်၍ဆောင့်ကန်ချင်စိတ်ဝင်သည်မှာလဲအကြိမ်ကြိမ်ပေါ့။ဘီးပေါက်တာက
ဘီးဖြုတ်၍ပို့လိုက်လို့ရသည်။
ဘီးမပေါက်ဘဲပလတ်ကြောင်လျင်/မကောင်းလျင်အခက်ပွေ
တော့သည်။
ဆိုင်ကယ်စီးသူတိုင်းပလတ်ကောင်း/မကောင်း  ပြင်ဆိုင်မှဆရာများလုပ်သမျှကြည့်ထား၍စစ်ဆေးတတ်သည်ကများသည်။    (မသိသူများစစ်တတ်ရန်ပြောရအံ့ထင်သည်)
ပလတ်ဖြုတ်တံဖြင့်ဖြုတ်။ပြီးလျင်ပလတ်ဂေါင်းစွပ်တံတွင်ပြန်စွပ်။ပလတ်သံဂေါင်းကိုယ်ထည်ကို
အင်ဂျင်သံဘော်ဒီတွင်ထိထိ မိမိ
ကပ်ပြီးသော့ဖွင့် စတပ်ဆွဲ/ကစ်နင်း။ပလတ်ထိပ်မှမီးမထွက်လျင်ပလတ်ကြိုးကိုစွပ်တံမှလှည့်
၍ဖြုတ်ပြီးဆိုင်ကယ်သံဘော်ဒီဖြင့်လက္မဝက်ခွါ  စတတ်ဆွဲလျင်မီး
စိမ်းပြာရောင်ခုန်ကူးရမည်။ကြိုးမီးထွက်လျင်ပလတ်မကောင်းသည်မှာသေခြာပြီပေါ့။ပလတ်ဝယ်ရန်ဆိုင်ကမရှိ။ပလတ်အပိုကလဲဆောင်မထား။ဆိုင်ကယ်တွန်းဘို့ကြတော့လဲကိုယ့်ကိုကိုယ်
သနား(အမေရေ ကယ်ပါဦးပေါ့)
       အဲဒီတော့ပုံမှာပြထားတဲ့အတိုင်း
မီးမထွက်တော့တဲ့ပလတ်ဟောင်းအလယ်ကသံမန်တိုင်အုပ်
ကြွေတောင့်ရှည်ရှည်လေးကို
ရရာသံချောင်း/ဝက်အူလှည့်
နဲ့ရိုက်ခွဲ(အပြင်ကြွေကိုယ်ထည်မ
အက်မကွဲရ)ပါ။အလယ်မန်တိုင်သံချောင်းသက်သက်ကျန်လျင်ပြန်တပ်။ပလတ်စွတ်ပြန်
စွတ်။ဆိုင်ကယ်စက်နှိုး၍နီး