စတတ် ပြစ်ချက်များ

*အတွေ့အကြုံမျှဝေတဲ့postပါ*

ဆိုင်ကယ်တစ်စီးရောက်လာတယ် ဖြစ်တဲ့ပြဿနာကစက်မနိုးတာပါ။ 
ဘီးကလည်းတော်တော်စုတ်နေတဲ့ဘီး ခေါင်းတွေဆိုကာဘာတွေတောင်မရှိဘူးပေါ့ ခလုပ်တွေကအစဒီတိုင်းတွဲလျားချထားတာ ဂီယာမီးလေးတွေကတော့ အစဥ်လိုက်ကပ်ပြီးကြိုးနဲ့တွဲထားတာပေါ့။

ဒါနဲ့ပဲ စက်မနိုးတော့ ပလပ်ဖြုတ် ကွန်ပရက်ရှင်းစမ်းကြည့်တယ်
ကာပရိုက်တာ ဆီဝိတ်စစ်ကြည့်လိုက်တယ် အကုန်ကောင်းနေတယ်။
ဖြစ်တဲ့ပြဿနာက မီးမထွက်တာပါ

ပလပ်ကြိုးမီးမထွက်တော့ အရင်ဆုံးCdiကိုကြည့်လိုက်တယ် 
Cdiက၄စ ဘက်ထရီအိုးကမကောင်းဘူး။ဝါယာညံ့တာနဲ့၄စနဲ့တော့စပြီးတွေ့တော့တာပဲပေါ့။ကြိုးတွေက အပြတ်တွေချည်းဆိုတော့ ကိုယ်လည်းဘယ်ကအရင်စရမှန်းတောင်မသိဘူးစိတ်ရှုပ်သွားတယ်။တစ်ချောင်းတောင်၃ခါလောက်ပြတ်နေတာ။

၄စဆိုတာဘက်ထရီကောင်းရင်ကောင်းမဟုတ်ရင်ဒိုင်အုပ်တော့ကောင်းရမယ်လေပေါ့။ဒိုင်အုပ်ကအသစ်ကြီးလဲထားတယ် အသစ်ဆိုပေမယ့်သေချာအောင်စစ်ကြည့်တယ် ဒါနဲ့ဒိုင်အုပ်ကိုဖြုတ်ပြီးမီတာတိုင်းအကုန်ကောင်းတယ်။ဒိုင်အုပ်လည်းကောင်းတာပဲ ဒါဆိုကွိုင်လားပေါ့။ 
ကွိုင်ကိုမီတာတိုင်းကြည့်တော့လည်းရှော့လည်းကင်းတယ် ကြိုးတွေလဲမပြတ် ကွိုင်ကလည်းကောင်းနေပြန်ရော။ကွိုင်ကလည်းအသစ်လဲပြီးသား
အကုန်ပြန်တပ်စမ်းကြည့် ပလပ်မီးမထွက်သေးဘူးပဲ။

ပထမထဲက ကွိုင်ရော ဒိုင်အုပ်ရော Cdiရောအသစ်လဲလာပြီးသား။မရတော့တဲ့အဆုံးလက်လျော့လိုက်တဲ့ပုံပါ။ဝါယာကလည်း အဆက်တွေချည်းအရောင်တွေကလည်းမမှန်တော့ဘူး။ဒါကြောင့်ဝါယာကိုအရောင်အသေမမှတ်ကြဖို့အမြဲ​ပြောတာပါ။

ကိုယ်လဲရှော့ရှိပြီဆိုတာ​တော့သိပြီ ဒါပေမယ့် ပထမထဲက ဖရိန်နဲ့ထိမယ့်နေရာတွေ အပေါင်းကြိုးတွေကိုသေချာလုပ်ပြီးသားမြင်နေတော့ ရှော့ကိုလိုက်ပြီးသားထင်ပါရဲ့ 

ဒါနဲ့ သော့ပိတ် ဒိုင်အုပ်မီးထွက်စမ်းမီးထွက်တယ် သော့ပြန်ဖွင့် မီးကမထွက် သေချာပြီရှော့ဖြစ်နေပြီပေါ့ 
 
relayနဲ့မော်တာကိုတွေးမိသွားတယ် ဒီကောင်တွေပဲဖြစ်နိုင်တော့တယ်ပေါ့ ဒါနဲ့ ကြိုးထုတ်ထဲက စတပ်ခလုပ်ကိုရှာကြည့်တော့ တွေ့ပါလေရော ပြစ်ချက်က။
စတပ်ခလုပ်ကျိုးပြီးပူးနေတာ အဲတော့ကစ်နင်းတဲ့အချိန်Cdiကိုအားမရောက်တော့ပဲမော်တာကိုအားပြေးဝင်ပြီး မနိုးတာ။ခလုပ်ကလေးပြန်ခွါလိုက်တယ် တစ်ချက်ပါပဲတန်းပြီးနိုးတော့တာပါပဲ။ကျန်တာဘာမှလုပ်စရာမလိုတော့ဘူး။
ကိုယ်လည်း နာရီဝက်လောက်တော့အဖြေရှာလိုက်ရတာပေါ့။ ပထမတော့Cdi ဒိုင်အုပ် ကွိုင်တွေက အပိုလဲလိုက်ရတာပေါ့။
ဝါယာလိုင်းလိုက်တဲ့အခါပတ်လမ်းကိုသေချာသိဖို့လိုပါတယ်။မဟုတ်ရင်ဘာမဟုတ်တာနဲ့တိုင်ပတ်တတ်ပါတယ်။ 

အတွေ့အကြုံဆိုတာပိုက်ဆံပေးဝယ်လို့မရတော့ အတွေ့ကြုံတိုင်းကို လေးလေးစားစားတန်ဖိုးထားမိနေတာပါပဲ။

Admin-Khant Hmhwe Swe
*အတှေ့အကွုံမြှဝတေဲ့postပါ*







 


Admin-Khant Hmhwe Swe