Zawgyi & uni
ဆိုင်ကယ်တွေ အပေါ် ဂရုမစိုက်ဘဲ လုပ်မိနေသော အမှား။
#Engineတွေကို_ချစ်လျှင်_ဒီအကျင့်ကို_ရှောင်ပါ။
တချို့တွေက ဆိုင်ကယ် စပြီးစက်နိုးလိုက်တဲ့ အချိန်မှာ အင်ဂျင်တောင် စက်နိုးချက် ကောင်းကောင်း မရသေးခင် ချက်ချင်း ဂီယာထိုး လီဗာဆွဲထွက်သွားကြတာတွေ တွေ့ရပါတယ်။Autoဘီးတွေလည်း အင်ဂျင် လည်ပတ်ရေ မရသေးဘဲ လီဗာဆွဲ ထွက်သွားကြတာ မြင်ရတာ စိတ်မကောင်းစရာပါပဲ။
တကယ်တတ်ကျွမ်းတဲ့ ဆရာတွေ ပြောပြချက်အရ အဲ့ဒီလိုတွေ လုပ်နေမယ်ဆို အင်ဂျင် ကို ဂရုမစိုက်ဘဲ သက်သက် နှိပ်စက်နေတာနဲ့ အတူတူပဲလို့တောင် ပြောကြပါတယ်။
ဘာကြောင့်လဲဆိုရင် အင်ဂျင် ရပ်ထားချိန် Engine oilများက အင်ဂျင် ရဲ့ အောက်ခြေမှာ အများဆုံး စုဝေးနေမှာပါ။စက်နိုးပြီဆိုမှ engine oil pumpမှတစ်ဆင့် အင်ဂျင် ထဲကို နေရာ အနှံ့ ပို့ပေးပါတယ်။သို့မှသာ အင်ဂျင် အတွင်းပိုင်မှ gear ပင်နယံများ Pistonများက လုံလောက်တဲ့ engine oilပမာဏ ရမှ ချောမွေ့စွာ လည်ပတ်နိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့် အင်ဂျင် စက်စနိုးပြီဆို 5secondsလောက် စက်နိုးချက်နဲ့ ထားပြီးနောက် လီဗာပုတ်တာမျိုး Gear ထိုးတာမျိုး လုပ်ပြီးမှသာ ဆိုင်ကယ် စထွက်တာ လုပ်ပေးမယ်ဆိုရင် အင်ဂျင် သက်တမ်းလည်း ကြာရှည်ခံပြီး ကုန်ကျစားရိတ်သက်သာမှာ အမှန်ပဲလို့ အကြံပြုပါရစေ။
#AgrocorpTVS
#Mandalay
#AgrocorpTVS
#Mandalay