zawgyi & uni
*ဘိုးရင်းထိုးရင်ကျပ်ကျပ်လေးထိုးပေးပါ
စီးစီးလေးထိုးပေးပါ ပြောင်ပြောင်လေး
ဘာလို့reboring လုပ်ကြတဲ့အခါ အစည်းအကျပ်ထိုးခိုင်းတာလဲ စည်းလေ တင်းလေ အင်ဂျင်ရဲ့သက်တမ်းက တိုလေပါပဲ။ဘာဖြစ်လို့လဲ ဆိုတော့ ပူလာရင်ပွလာမယ့် ပင်စင်အသားနဲ့ရင်းတွေဟာ ခြစ်ချနေသလို ဖြစ်လာနိုင်တာတွေကြောင့်ပါ။ပြောင်ပြောင်လေးဘိုးရင်းထိုးတော့ စလစ်လိုင်နာအတွင်းသားနဲ့ ပင်စင် တိုက်ရိုက်ပွတ်နေတာကြောင့် အင်ဂျင်မြန်မြန်ကျလာစေမှာပါပဲ။ဒါဆိုဘာကအဖြေမှန်ဖြစ်မလဲ။
အရင်ဆုံး အရှိတရားတစ်ခုကို စပြောကြရမယ်။
ပင်စင်တစ်လုံးကို ကြည့်တဲ့အခါ ရိန်းလိုင်း စကဒ် ပိုင်း နဲ့ ဂါချီပင်ဆ်ိုတဲ့အပိုင်းလေးတွေတွေ့ရပါ့မယ်။ ကျန်တော်တို့မြင်သလို ပင်စင်အိုးတစ်လုံးဟာ အဝိုင်းမဟုတ်ပါဘူး။ကွန်နတင်း ထိုးချက်အတိုင်း အပေါ်နဲ့အောက် နေရာတွေမှာ ပင်စင်ရဲ့ စကဒ်လို့ခေါ်တဲ့ အပိုင်းတွေရှိပြီးတော့ ဘဲဥတစ်လုံးရဲ့ ထိပ်ချွန်နေရာတွေပါ။ ဆိုလိုတာက ပင်စင်ဟာဘဲဥပုံပါ။ စကဒ် ပိုင်းမှာဘဲဥပုံဖြစ်ပြီးတော့ ရင်းထည့်တဲ့ နေရာမှာတော့ အဝိုင်းပြန်ဖြစ်သွားပါတယ်။ ရင်းတွေဟာ သတ်မှတ်လိုင်းထဲမှာ ရှေ့နောက်မခါသလောက်ရှိနေပြီး ဘေးတိုက် ရွေ့လျှားနေရပါတယ်။ ရင်းတစ်စုံရဲ့သက်တမ်းဟာ စလစ်လိုင်နာ(အတွင်းမျက်နှာပြင်)ရဲ့ သက်တမ်းနဲ့လေးဆတစ်ဆ ပါ။ ဟုတ်ပြီ ဒါဆို တီထွင်သူတွေရဲ့ အလုပ်လုပ်ပုံကိုပြောကြည့်ရအောင် အေးနေချိန်မှာထိရင်ထိမယ် ကွ စလစ်နဲ့ ပင်စင်ဟာ နိူးထားချိန်မှာလုံးဝမထိဘူးတဲ့(ကွီးမျိုး special thank ပါ)။ ဟုတ်ပါတယ် စက်နိုးနေချိန်မှာ စလစ်နဲ့ပင်စင်ဟာ ဘယ်တော့မှမထိတော့ပါဘူး ထိနေခဲ့ရင် ဘာဖြစ်မလဲ ထိနေရင် ထိနေတဲ့စကဒ်ပိုင်းတွေက ပွန်းစားလာမှာပဲ။ဘာတွေက မထိအောင် လုပ်ထားတာလဲ လို့မေးရင်တော့စလစ်လိုင်နာပေါ်က အဆင်းကြောင်းလေးတွေထဲမှာနေတဲ့ အင်ဂျင်ဝိုင်ပါ။ အဆင်းကြောင်းလေးတွေဟာ ပင်စင်ရဲ့swipe (ပွတ်တိုက်)နေတဲ့နေရာတိုင်းမှာအင်ဂျင်ဝိုင်တစ်ဒု စာ နေပေးရတာပါ။အဆင်းလေးတွေပျောက်တဲ့နေ့ အင်ဂျင်သက်တမ်းကုန်တဲ့နေပါ့ပဲ။ ဘယ်လိုအချက်တွေက လိုင်နာထဲကအဆင်းတွေကိုပျောက်စေသလဲ ? ပထမဆုံးအချက်က ပာဖွဲ့စည်းပုံပါ။အင်ဂျင်အသေးတွေမှာ ကရိုင်းကပက်ထည့်တဲ့အင်ဂျင်ဝိုင်နဲ့ စလစ်လိုင်နာကို ဆီရောက်စေတာပါ။နိုးနေချိန်မှာပြသနာမရှိပေမယ့် ရပ်ထားပြီးအင်ဂျင်ဝိုင်တွေဆင်းခါစအချိန်တွေမှာ ပြန်စ နိုးမယ်ဆို အင်ဂျင်ဝိုင်ဟာ ရုတ်တရက် ပက်ဖို့ ဂိတ်မှီရမှာဖြစ်သလို လီဘာဆတ်ခနဲ ဆွဲနိုးတာတွေကြောင့်လဲ ယာယီ ဆီငတ်သလိုဖြစ်တာကြောင့် အဆင်းလေးတွေပျောက်ပါတယ်။ နည်းပညာမြင့်စနစ် နဲ့ ဒူကာတီ ယာမဟာ အင်ဂျင်တွေမှာတော့ ပန့်ကတဆင့် ပင်စင်ရဲ့စကဒ် အထိ ဆီပန်းသွင်းတဲ့ စနစ်တွေပါလာပါတယ်။ ဒါကလဲ အင်ဂျင်သက်တမ်းကိုရှည်စေတာပါ။ရပ်ထားတဲ့အချိန်မှာ စလစ်လိုင်နာဟာ ပင်စင်နဲ့ ထိနေတဲ့အတွက် ရုတ်တရက်နိူးနိုးခြင်းလီဘာဆွဲတာက မလုပ်သင့်တဲ့အလုပ်ပါ။ဟုတ်ပြီ ဘယ်လိုလုပ်ကြမလဲ ဖြစ်နိုင်ရင် လီဘာမကိုင်ပဲနိူးပါ။နိုးအောင်လဲ idel speed ကိုချိန်ထားပါ။မနက်စောစော စက်မနိုးခင် သော့ပိတ်ကစ်နှစ်ချက်နင်းပေးပါ။ကစ်နင်းတယ်ဆိုတာတန်းနိူးတာမဟုတ်တဲ့အတွက် ဆီရောက်ပြီးပွတ်မူအားကိုလျော့စေပါတယ်။ပင်စင်ရဲ့ ဘဲဥပိုင်းလို့ခေါ်တဲ့ စကဒ်ဟာ စက်ရုံထုတ်မှာကတည်းက 20°c မှာ0.001-3mm ဟထားပါတယ် ဒါက ပင်စင်ကို ခြောက်နေတဲ့စလစ်ထဲထည့်လိုက်မယ်ဆိုရင် ဂွပ်ခနဲ ကျသွားနိုင်တဲ့ အခြေနေပါ။တကယ်လို့ မျက်မှန်းနဲ့ စစ်မယ်ဆို ပင်စင်ကိုအင်ဂျင်ဝိုင်သုတ် ပြီးထည့်ကြည့်ပါ တရွေ့ရွေ့လျောဆင်းနေမယ်ဆိုရင် အဆင်ပြေပါပြီ။
ဟုတ်ပြီရေကျင့်တာ ရေလောင်းကျင့်တယ်ဆိုတာဘာလဲ။ ပင်စင်ကိုတင်းတင်းလေးဘိုးရင်းထိုးထားပြီး mirror effect လို့ခေါ်တဲ့ မှန်သားကျအာင် ပြောင်ပြောင်လေးထိုးထားတဲ့စလစ်လိုင်နာဟာ အင်ဂျင်ဝိုင်ကိုထိမ်းစရာအဆင်းတွေမပါတာကြောင့် မြန်မြန် ဟိတက်ပါတယ်။ဆီမစိုတဲ့ ဆီမနေတဲ့စလစ်ကြောင့် အပူတက်တာမြန်လာတဲ့အခါ တင်းနေတဲ့ ပင်စင်အိုးကြောင့် ပွတ်မူအား မြင့်တက်ပြီး အပူတက်ကာပွလာတဲ့အခါ အင်ဂျင်အသားမကျတဲ့ပြသနာဖြစ်လာပါတယ်။ဘာလဲဆိုတော့ ပူတာနဲ့ထိုးရပ် စလစ်မှာပင်စင်မှာအဆင်းတွေထ ကုန်တဲ့ပြသနာပါ။အဲ့တော့ ဆရာသမားတွေကရေလောင်းကျင့်ပါတယ် သွသူစား ကုန်ပြီးချောင်တဲ့အထိ ပေါ့လေ။ ဒါတောင် တစ်လလောက်က ဟိုင်းဝေးမသွားရသေးပါဘူး။ မောင်းရင်းဖမ်းတတ်ရပ်တတ်လို့ပါ။ ဟွန်ဒါစလစ်အသစ်ကိုဝယ်ပါ ပင်စင်အသစ်နဲ့ချောင်ပါတယ်။စလစ်မှာအဆင်းရာလေးတွေပါပါတယ်။ခုတပ်ခုနိူးခုလီဘာအဆုံးဆွဲ ခု ဟိုင်းဝေးမောင်းပါ။မဖမ်းရမကျပ်ရပါဘူး။ အဲ့ဒါအဖြေဖြစ်မယ်ထင်ပါတယ်။ ရေကျင့်တဲ့ နည်းက ကားကြီးပြင်ဆရာတွေဆီက လာပါတယ်။ အဲ့တော့ ရေကျင့်တာတွေ ဘိုးရင်းအပြောင်ထိုးတာတွေအကျပ် ထိုးတာတွေဟာ ဘာကြောင့် မလုပ်သင့်သလဲဆိုတာ သိသင့်ပြီလို့ထင်ပါတယ်။ ဆဲလဲဆဲဗျာ ဆဲလဲခံယုံပဲ။ အရိုးဆွဲခဲ့တော့ ပြောင်းလဲဖို့ခက်တာသဘာဝပဲ။
ခင်ဗျားတို့ အပြောင်ထိုးတဲ့ ဘိုးရင်းဆိုတာ တကယ့်ပညာရှင်တွေအဖို့ အဆင်းပြန်ပေါ်တဲ့ကျောက်လုံးလေးတွေသုံးပြီးအဆင်းပြန်ဖေါ်ပေးနေရတဲ့အပိုင်းပါ။ (ပုံမှာကြည့်ပါ။ )ရင်း လေးဆ လိုင်နာတစ်ဆ သက်တမ်းမှာရင်းလဲတိုင်း အဆင်းလေးတွေပျောက်နေပြီဆိုရင် စလစ်ဟာကျယ်တော့မှာဖြစ်လို့ အဆင်းလေးတွေပြန်ဖေါ်ပေးရပါတယ်။ ဒီလောက်ဆို အဆွဲတစ်ခုတော့ပြုတ်လေပြီထင်ပါတယ်။
ကျွန်တော် ရဲရင့်သာဝေပိုင်ပါ။
Crd ဆရာကောင်းထက်ပိုင်