မီးတိုင်ပင်
<Unicode>
တိုင်ပင် များကိုသိခြင်း (သို့) စိတ်ကြိုက်ချိန်ညှိနိုင်သော ဆိုင်ကယ်၏နည်းပညာများ။ အပိုင်း(1)
ဒီနေ့ ပြောချင်တာတွေ ထဲကမှ motorcycle timing တွေအကြောင်းကို ပြောပြပေးပါ့မယ်။
ဆိုင်ကယ်နဲ့ ပါတ်သက်တဲ့ တိုင်ပင် တွေကိုအကြမ်းအားဖြင့် နှစ်မျိုးခွဲခြားပါတယ်။ fire timing ဆိုတဲ့ မီး အချက်ကျ ပေါက် ခြင်းနဲ့ engine timing လို့ခေါ်တဲ့ အင်ဂျင်ရဲ့ အချက်ကျ လုပ်ဆောင် ခြင်းဆိုပီး နှစ်ပိုင်းခွဲ ခြား မှတ်သားနိုင်ပါတယ်။(ဒါတွေကသင်တန်းက သင်ခန်းစာ အတိုင်းပြောပြတာပါ။ဤကားစကားချပ်)
ဒီနေ့ပြောပြပေးဖို့ ရည်ရွယ်တာက Fire timing လို့ပြောကြတဲ့ မီးပေါက်စဉ် (သို့) မီးတိုင်ပင်အကြောင်းပါ။ 
သိကြတဲ့အတိုင်းပါပဲ CDI( Capacitor of discharge Ignation ) လို့ခေါ်တဲ့ စနစ်ဟာ လက်ရှိ အချိန်အထိ အသုံးအဝင်ဆုံး မီးတိုင်ပင် အဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။ အပြည့်အဝ နားလည် ဖို့ အလိုအပ်ဆုံး နည်းစနစ် တစ်ခုပါပဲ။
ဝပ်ရှော့ဆရာအများစု အတွက် အခက်ခဲတွေဖြစ်ကောင်းဖြစ်နေကြတဲ့ အပိုင်းဆိုလဲ မမှားပါဘူး။ အဲ့တော့ ပထမဆုံး သူ့ရဲ့ အလုပ်လုပ်ပုံကိုကြည့်ရအောင် ။ 
CDI တစ်လူံးဟာPower source line / control parts နဲ့ out put ဆိုပီးသုံးပိုင်းဖွဲ့စည်းပါဝင်ပါတယ်။ cdiတိုင်းဟာ power အရင်းအမြစ်ကို အခြေခံပီးမှ spark လို့ခေါ်တဲ့ မီးပွားကို ထုတ်ပေးနိုင်တာပါ။ ဆိုလိုတာက အောက်ကွိုင်က AC မီးကို အရင်းအမြစ် အခြေခံထားပီး အလုပ်လုပ်ရင် AC CDI လို့အလွယ်ခေါ်ဆိုကြပီးတော့ ဘထရီက 12V ကို ယူပီး မီးပွားလုပ်ဆောင်ရင် DC CDI လို့ ခေါ်ပါတယ်။ Control ပိုင်းမှာတော့ အီလက်ထနောနစ် ပစ္စည်းတွေစုပေါင်းပါဝင်နေပီးတော့ trigger pulsa လို့ခေါ်တဲ့ သံလိုက်အုံက ဆင်ဆာလေးတစ်ခုလဲ ပါဝင်ပါတယ်။ TDC ( Top death center ) လို့ခေါ်တဲ့ ပင်စင် တက်နယ်ကုန်မှတ်မရောက်ခင် 7/5 ဒီဂရီ အလိုမှာ သံလိုက်အုံက ဘုလေး နဲ့ဖြတ်ပီး ac လျှပ်စစ် လှိုင်းတိုလေးကိုထုတ်လွှတ်ပါတယ်။ cdi ရဲ့ fed ကို စစ်ကနယ် ပေးလိုက်ချိန်မှာ အချိန်ကိုက် ထိန်းချုပ်ခန်းကနေ မီးပွားကိူ ဆောင့်လွှတ်ပေးပါတယ်။
out put ပိုင်းလို့ခေါ်တဲ့ ပလပ်ကွိုင် မှာတော့ primary coil နဲ့ secondary coil ဆိုပီးတော့ နှစ်ပိူင်းခွဲခြားတည်ရှိပါတယ်။ primary coil ကို ဆောင့်ဝင်သွားတဲ့ cdi အောင်းလျှပ်စစ်ရဲ့ တွန်းအားနဲ့ Secondary ကွိုင်ကနေ magneto spark electric သံလိုက်လျှော့တိုက် မီး ထွက်လာပါတယ်။ ဆိုလိုတာက ပလပ်ကမီးသည် အောက်ကွိုင်က CDI ကလာသော မီး မဟုတ်ပါ။ မက်ကနစ်မီးခြစ် သဖွယ် အလုပ်လုပ် ခြင်းသာပါ။အဖိုကနေ အမ ငုတ်ကိုခုန်ကူးပီး ပလပ်ကို မီးပွားထွက်စေပါတယ်။
ဒါက သမရိုးကျ ပလပ်ကွိုင်ရဲ့ အလုပ် ပါ။
DC Plug coilတွေကျတော့ dc 12v အဝင်ယူထားပီး cdi ကနေ အပ်ကိုပဲ ပေးခြင်းဖြင့် spark plug ကိုမီးကူးစေတဲ့ ကွိုင်စနစ်လဲ သီးသန့်ရှိနေပါတယ်။(EFI စနစ်များ နှင့် ဘီးကြီးအများစု )
ဒီအချိန်မှာ ကွန်ထရိုးပိုင်းရဲ့ Fire timing ကိုသတ်မှတ်တာက ပါစာ လို့ခေါ်တဲ့ ဖြတ်ကွိုင်ရဲ့ အလုပ်ပါ။ဘယ်အချိန်မီးပေါက်သင့်တယ်ဆိုတာကို သူကဆုံးဖြတိသလို မိမိ စိတ်ကြိုက် ကစားနိင်တဲ့ အဓိက ကွန်ထရိုးပါ။အဲ့တော့ မီးတိုင်ပင်ရဲ့ သဘောသဘာဝကို လေ့လာကြည့်ရအောင် ………
( အပိုင်းနှစ် လာပါမည်။)
Copy crd.
<Zawgyi>
( အပိုင်းနှစ် လာပါမည်။)
Copy crd.