<Unicode>
လိုင်းဘိုးရိမ်းဆိုတာဘာလဲ...?
လိုင်းဘိုးရိမ်းထိုးတယ်ဆိုတာဘာလဲ...?
---------------------------------------------------
လိုင်းဘိုးရိမ်းလုပ်တယ်ဆိုတာ အင်ဂျင်နဲ့ပတ်သက်တဲ့
စက်ဆရာတော်တော်များတော့ သိပြီးသားဖြစ်မှာပါ။
လိုင်းဘိုးရိမ်းဆိုတာဘာလဲ...✍
လိုင်းဘိုးရိမ်းလုပ်တယ်ဆိုတာကို မပြောခင်
အရင်ဆုံး "လိုင်းဘိုးရိမ်း" ဆိုတာဘာကိုပြောတာလဲ
ဆိုတာတော့ အရင်သိထားရပါမယ်။
လိုင်းဘိုးရိမ်းဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်လိုသုံးတဲ့ စကားလုံးပါ။ မြန်မာလို တိုက်ရိုက်ခေါ်ဆိုထားတာပါ။
အင်္ဂလိပ်လိုက Line Boring ရေးပြီး၊ အဓိပ္ပါယ်ကတော့ မြန်မာလိုဆီလျော်အောင် ဘာသာပြန်ရမယ်ဆိုရင်
"အလိုင်းမင်းမှန်အောင်ထွင်းဖောက်ခြင်း" လို့
ပြောလို့ရပါတယ်။
Line ဆိုတာကတော့ အလိုင်းမင်းကို ကိုယ်စားပြုပြီး၊
Boring ဆိုတာကတော့ ထွင်းဖောက်ခြင်းကို
ကိုယ်စားပြုပါတယ်။
Line ဆိုတာ ဘယ်အလိုင်းမင်းကို ပြောတာလည်းဆိုတော့ အင်ဂျင်ဘလော့ခ်ရဲ့ မိန်းဘယ်ရင်အထိုင်တွေ ဖြောင့်တန်းမှုရှိမရှိကို ဆိုလိုတာပါ။
လိုင်းဘိုးရိမ်းထိုးတယ်ဆိုတာဘာလဲ...✍
လိုင်းဘိုးရိမ်းထိုးတယ်ဆိုတာကတော့ အခုနက
Line လို့ပြောတဲ့ အင်ဂျင်ဘလော့ခ်ရဲ့ မိန်းဘယ်ရင်အထိုင်တွေကို "မျဥ်းဖြောင့်" လိုမျိုးတစ်ဖြောင့်တည်း
ဖြစ်သွားအောင် ပုံမှာပြထားတဲ့ စက်ပေါ်တင်ပြီး ဆောက်သွားဖြင့် ခုတ်စားခြင်း (သို့) ထွင်းဖောက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
အတိုချုပ်အနေနဲ့ မှတ်မယ်ဆိုရင်တော့...✍
လိုင်းဘိုးရိမ်းထိုးတယ်ဆိုတာဟာ အင်ဂျင်ရဲ့မိန်းဘယ်ရင်အထိုင်တွေကို အလိုင်းမင်းမှန်အောင်ပြုပြင်ခြင်းလို့
မှတ်ယူနိုင်ပါတယ်။ ဒါကို တစ်နည်းအားဖြင့် အင်ဂျင်မိန်းလိုင်းဘိုးရိမ်းထိုးခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။
ဘယ်လိုအခြေအနေမှာ
လိုင်းဘိုးရိမ်းလုပ်ရလေ့ရှိလည်းဆိုတော့...✍
📌 မိန်းဘယ်ရင်ဖမ်းသွားခြင်း။
📌 မိန်းဘယ်ရင်လည်၍ စားသွားခြင်း။
📌 ဟိတက်ထား၍ မိန်းကပ်များချောင်နေခြင်း။
📌 ဘယ်ရင်ဖမ်းသွား၍ ကရိုင်းရှပ်ကောက်သွားခြင်း။
📌 မိန်းဘိုးနပ်လျော့၍ မိန်းကပ်များဆောင့်ထားခံရခြင်း။
📌 ကရိုင်းရှပ်ကျိုးသွား၍ မိန်းအလိုင်းမင်းအောက်သွားခြင်း။
📌 အင်ဂျင်အလိုင်းမင်းအောက်သွား၍ ဘယ်ရင်ဖမ်းမရခြင်း။
စတဲ့...လက္ခဏာလေးတွေကြောင့် အင်ဂျင်ကို
မိန်းလိုင်းဘိုးရိမ်းလုပ်ရခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ သတိပြုစေချင်တာက...✍
အင်ဂျင်ကို မိန်းလိုင်းဘိုးရိမ်းလုပ်ရန် လိုအပ်နေပါလျက်နဲ့ မလုပ်ပဲဒီအတိုင်း အင်ဂျင်လုံးလို့ရအောင်လုပ်ပြီး သုံးမယ်ဆိုရင် ကရိုင်းရှပ်ကျိုးခြင်းကို ဖြစ်ပေါ်စေဖို့ရာခိုင်နှုန်းများပါတယ်။
ကဲ့...စာလည်းအတော်ရှည်နေပြီ။
ဒါလေးကတော့ လိုင်းဘိုးရိမ်းဆိုတာဘာလဲ၊ အင်ဂျင်လိုင်းဘိုးရိမ်းထိုးတယ်ဆိုတာဘာလဲဆိုတာကို သိလိုသူများအတွက် အသိပညာအနေဖြင့်မျှဝေပေးတာပါ။
သိပြီးသားလူတွေအတွက် ဤပို့စ်အားကျော်သွားနိုင်သလို၊ မသိသေးတဲ့သူတွေအတွက် လေ့လာနိုင်ပါတယ်။
အကျိုးရှိအောင်တော့ နားလည်သလောက်ကြိုးစားပြီး မျှဝေပေးထားပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ like, comment & share လုပ်ပေးသွားလို့
ရပါတယ်။
စာဖတ်သူမိတ်ဆွေများနှင့် စက်ပြင်ဆရာများအားလုံးကို
အစဥ်လေးစားလျက်...✍✍✍
သိန်းဇော်ဦး (MESR)
#mesr
#tzomesr
#mesrservicerepair
#myanmar_engine_service_&_repair
<Zawgyi>
လိုင္းဘိုးရိမ္းဆိုတာဘာလဲ...?
လိုင္းဘိုးရိမ္းထိုးတယ္ဆိုတာဘာလဲ...?
---------------------------------------------------
လိုင္းဘိုးရိမ္းလုပ္တယ္ဆိုတာ အင္ဂ်င္နဲ႔ပတ္သက္တဲ့
စက္ဆရာေတာ္ေတာ္မ်ားေတာ့ သိၿပီးသားျဖစ္မွာပါ။
လိုင္းဘိုးရိမ္းဆိုတာဘာလဲ...✍
လိုင္းဘိုးရိမ္းလုပ္တယ္ဆိုတာကို မေျပာခင္
အရင္ဆုံး "လိုင္းဘိုးရိမ္း" ဆိုတာဘာကိုေျပာတာလဲ
ဆိုတာေတာ့ အရင္သိထားရပါမယ္။
လိုင္းဘိုးရိမ္းဆိုတဲ့ စကားလုံးဟာ အဂၤလိပ္လိုသုံးတဲ့ စကားလုံးပါ။ ျမန္မာလို တိုက္႐ိုက္ေခၚဆိုထားတာပါ။
အဂၤလိပ္လိုက Line Boring ေရးၿပီး၊ အဓိပၸါယ္ကေတာ့ ျမန္မာလိုဆီေလ်ာ္ေအာင္ ဘာသာျပန္ရမယ္ဆိုရင္
"အလိုင္းမင္းမွန္ေအာင္ထြင္းေဖာက္ျခင္း" လို႔
ေျပာလို႔ရပါတယ္။
Line ဆိုတာကေတာ့ အလိုင္းမင္းကို ကိုယ္စားျပဳၿပီး၊
Boring ဆိုတာကေတာ့ ထြင္းေဖာက္ျခင္းကို
ကိုယ္စားျပဳပါတယ္။
Line ဆိုတာ ဘယ္အလိုင္းမင္းကို ေျပာတာလည္းဆိုေတာ့ အင္ဂ်င္ဘေလာ့ခ္ရဲ႕ မိန္းဘယ္ရင္အထိုင္ေတြ ေျဖာင့္တန္းမႈရွိမရွိကို ဆိုလိုတာပါ။
လိုင္းဘိုးရိမ္းထိုးတယ္ဆိုတာဘာလဲ...✍
လိုင္းဘိုးရိမ္းထိုးတယ္ဆိုတာကေတာ့ အခုနက
Line လို႔ေျပာတဲ့ အင္ဂ်င္ဘေလာ့ခ္ရဲ႕ မိန္းဘယ္ရင္အထိုင္ေတြကို "မ်ဥ္းေျဖာင့္" လိုမ်ိဳးတစ္ေျဖာင့္တည္း
ျဖစ္သြားေအာင္ ပုံမွာျပထားတဲ့ စက္ေပၚတင္ၿပီး ေဆာက္သြားျဖင့္ ခုတ္စားျခင္း (သို႔) ထြင္းေဖာက္ျခင္းကို ဆိုလိုတာျဖစ္ပါတယ္။
အတိုခ်ဳပ္အေနနဲ႔ မွတ္မယ္ဆိုရင္ေတာ့...✍
လိုင္းဘိုးရိမ္းထိုးတယ္ဆိုတာဟာ အင္ဂ်င္ရဲ႕မိန္းဘယ္ရင္အထိုင္ေတြကို အလိုင္းမင္းမွန္ေအာင္ျပဳျပင္ျခင္းလို႔
မွတ္ယူႏိုင္ပါတယ္။ ဒါကို တစ္နည္းအားျဖင့္ အင္ဂ်င္မိန္းလိုင္းဘိုးရိမ္းထိုးျခင္းလို႔ ေခၚဆိုႏိုင္ပါတယ္။
ဘယ္လိုအေျခအေနမွာ
လိုင္းဘိုးရိမ္းလုပ္ရေလ့ရွိလည္းဆိုေတာ့...✍
📌 မိန္းဘယ္ရင္ဖမ္းသြားျခင္း။
📌 မိန္းဘယ္ရင္လည္၍ စားသြားျခင္း။
📌 ဟိတက္ထား၍ မိန္းကပ္မ်ားေခ်ာင္ေနျခင္း။
📌 ဘယ္ရင္ဖမ္းသြား၍ က႐ိုင္းရွပ္ေကာက္သြားျခင္း။
📌 မိန္းဘိုးနပ္ေလ်ာ့၍ မိန္းကပ္မ်ားေဆာင့္ထားခံရျခင္း။
📌 က႐ိုင္းရွပ္က်ိဳးသြား၍ မိန္းအလိုင္းမင္းေအာက္သြားျခင္း။
📌 အင္ဂ်င္အလိုင္းမင္းေအာက္သြား၍ ဘယ္ရင္ဖမ္းမရျခင္း။
စတဲ့...လကၡဏာေလးေတြေၾကာင့္ အင္ဂ်င္ကို
မိန္းလိုင္းဘိုးရိမ္းလုပ္ရျခင္းျဖစ္ပါတယ္။
ဒီေနရာမွာ သတိျပဳေစခ်င္တာက...✍
အင္ဂ်င္ကို မိန္းလိုင္းဘိုးရိမ္းလုပ္ရန္ လိုအပ္ေနပါလ်က္နဲ႔ မလုပ္ပဲဒီအတိုင္း အင္ဂ်င္လုံးလို႔ရေအာင္လုပ္ၿပီး သုံးမယ္ဆိုရင္ က႐ိုင္းရွပ္က်ိဳးျခင္းကို ျဖစ္ေပၚေစဖို႔ရာခိုင္ႏႈန္းမ်ားပါတယ္။
ကဲ့...စာလည္းအေတာ္ရွည္ေနၿပီ။
ဒါေလးကေတာ့ လိုင္းဘိုးရိမ္းဆိုတာဘာလဲ၊ အင္ဂ်င္လိုင္းဘိုးရိမ္းထိုးတယ္ဆိုတာဘာလဲဆိုတာကို သိလိုသူမ်ားအတြက္ အသိပညာအေနျဖင့္မွ်ေဝေပးတာပါ။
သိၿပီးသားလူေတြအတြက္ ဤပို႔စ္အားေက်ာ္သြားႏိုင္သလို၊ မသိေသးတဲ့သူေတြအတြက္ ေလ့လာႏိုင္ပါတယ္။
အက်ိဳးရွိေအာင္ေတာ့ နားလည္သေလာက္ႀကိဳးစားၿပီး မွ်ေဝေပးထားပါတယ္။ ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ေတာ့ like, comment & share လုပ္ေပးသြားလို႔
ရပါတယ္။
စာဖတ္သူမိတ္ေဆြမ်ားႏွင့္ စက္ျပင္ဆရာမ်ားအားလုံးကို
အစဥ္ေလးစားလ်က္...✍✍✍
သိန္းေဇာ္ဦး (MESR)
#mesr
#tzomesr
#mesrservicerepair
#myanmar_engine_service_&_repair