<Unicode>
Carburetor
ကာပရိုက်တာအကြောင်း အသေးစိတ်လေး ထပ်ရေးပါဦးမယ်။
ဆိုင်ကယ်တစ်စီးမှာ အဓိကစက်နိုးဖို့လိုတာက
ဓါတ်ဆီလိုင်း၊ပလပ်မီးထွက်လိုင်း၊အင်္ဂျင်လိုင်း။
မီးထွက်လိုင်းကလည်း ပလပ်မီးကောင်းမကောင်းစစ်လိုက်ရင်ပြီးပြီ အင်္ဂျင်လိုင်းမှာကလည်း compressionစစ်မယ် တိုင်ပင်စစ်မယ်ဆိုရင်ရပြီ။
ကာပရိုက်တာလိုင်းမှာကြပြောရများတယ်
တချို့က ဆီကန်ထဲမှာ ဆီမမှီတာ အပ်တွေပြုတ်ကျတာ ဂျက်တွေပြုတ်ကျတာ အမျိုးမျိုးဖြစ်တတ်ကြတယ်။
ကာပရိုက်တာဆေးတဲ့အခါ သတိထားရမယ့်အချက်လေးတွေကိုပြောပြချင်ပါတယ်
အရင်ဆုံးတော့ကာပရိုက်တာကိုအကုန်ဖြုတ်ချဆေးပေါ့ ဆီကော့ကနေ ဆီချကြည့်ရမယ် ဆီလိုက်ကောင်းမကောင်းစစ်ကြည့်ပါ ဆီစစ်ပိတ်တာမျိုးတွေရှိတတ်တယ်
ကာပရိုက်တာဆီလိုင်းအတွင်းပေါက်တွေကိုအကုန်ပွင့်အောင်ဆေးပါ။
တစ်ခါတည်း လေဗူးဆေးရမယ် ဘားချိန်ရမယ် ပလပ်စစ်ရမယ်။ ဆီစားတဲ့ဘီးတွေဆို အပ်ပင် အပ်ဘွတ်လဲရမယ် လေစစ်ဖော့တွေပိတ်ရင်လည်း လေမဆွဲနိုင်တော့ပဲဆီစားတတ်တယ် ချုပ်တွေဆွဲမိထားလားစစ်ရမယ်။ဘားတွေနင်းနေရင် စနိုးချိန်မရတာတွေဖြစ်တတ်ပါတယ်။
ဆီယိုခြင်း
ဆီယိုတာမှာ၂မျိုးရှိတယ် ဆီများပြီးယိုတာနဲ့ အပေါ်အောက်အဆက်နေရာကယိုတာရှိတယ်။အဆက်နေရာကယိုတာတော့များသောအားဖြင့် အဝိုင်းစီးအသစ်လဲ တချို့ဆိုကော်တင်လိုက်ရုံနဲ့လုံသွားတာရှိတယ် တချို့ကတော့အောက်ခံခွက်မီးလိုက်တာကော့သွားတာတွေဖြစ်တတ်တယ် အသစ်ဝယ်ဖို့အဆင်မပြေရင် မှန်ပြင်ချပြီးမောက်နေတဲ့နေရာလေးတွေ ကော်ဘက်နဲ့စား ကော်တင် ပြန်တက်ရင်လုံတာတွေရှိပါတယ်။gasketသုံးကော်ဆိုရပါတယ်။
ဆီအိုဗာဖြစ်တာကတော့ လိုအပ်တဲ့ဆီထက်ပိုပြီးကာပရိုက်တာကန်ထဲရောက်တာပါ အဲလိုဆီယိုတာဖြစ်ပြီဆိုရင် အတတ်နိုင်ဆုံးတော့ချိန်လို့ရပါတယ် ဖလုတ်ဘောမှာသံလေးရှိတယ်ပုံမှာအနီကွင်းထားတဲ့နေရာလေးကိုချိန်ရတာပါ ဒုံးကျည်လေးကိုဖိတဲ့သံလေးကို အနိမ့် အမြင့်လုပ်ပြီးဖလုတ်ဘောကို အနိမ့် အမြင့်ချိန်တာပါ ဖလုတ်ဘောအရမ်းမြင့်သွားရင်လည်း ဆီလုံးဝမကျတာဖြစ်တတ်ပါတယ်။ နည်းနည်းဆီပဲချိန်ကြည့်ပါ။ဒုံးကျည်ထိပ်လေးနဲ့ဝင်မယ့်အထိုင်လေးကိုလည်းသေချာပြောင်အောင်ဆေးပါ။
အကုန်ပြီးသွားလို့ပြန်တက်ပြီးတဲ့အခါ ဆီဝိတ်ချိန်ပါ ဆီနည်းရင်ဂျက်တွေကိုမမှီပဲ လီဗာဆွဲမရတာမျိုးဖြစ်တတ်သလို များရင်လည်းဆီအိုဗာဖြစ်နိုင်ပါတယ်။ဆီဝိတ်ချိန်မယ်ဆိုရင် ဆီကော့ကိုပိတ်လိုက်ပါ ပုံမှာပြထားတဲ့နံပါတ်3နတ်ကိုလျော့ပါ ဆီခံခွက်အဟောင်းရှိရင်အဲဒီထဲဖောက်ချပြီးတိုင်းပါ ၃ပုံ၂ပုံလောက်ပဲရှိရပါမယ်။
အကုန်ပြန်တက်ပြီးစက်နိုးသွားပြီဆိုရင် စနိုးချိန်မယ်ဆိုရင် နံပါတ်၂နတ်ကိုစက်မရပ်တဲ့အထိ တင်းလိုက်ပါ ပြီးရင် 1နတ်ကိုအကုန်ကြပ်လိုက်ပါ ပြီးမှ1နတ်ကို ဖြည်းဖြည်းခြင်းစက်သံမှန်တဲ့နေရာထိ ပြန်လျော့ပါ တစ်ပတ်ဝန်းကျင်ပဲလျော့ပါအရမ်းလျော့လိုက်ရင်နှိုးရခက်တတ်ပါတယ် ပြီးမှ2နတ်ကိုစနိုးအနဲ အများလိုချင်သလောက်ထားပါ။
ဒါမှ သိသိသာသာစီးရတာပြောင်းလဲပါလေ့မယ်။
Copyမယူပဲshareပေးကြပါ
Admin-Khant Hmhwe Swe
<Zawgyi>
Carburetor
ကာပ႐ိုက္တာအေၾကာင္း အေသးစိတ္ေလး ထပ္ေရးပါဦးမယ္။
ဆိုင္ကယ္တစ္စီးမွာ အဓိကစက္ႏိုးဖို႔လိုတာက
ဓါတ္ဆီလိုင္း၊ပလပ္မီးထြက္လိုင္း၊အဂၤ်င္လိုင္း။
မီးထြက္လိုင္းကလည္း ပလပ္မီးေကာင္းမေကာင္းစစ္လိုက္ရင္ၿပီးၿပီ အဂၤ်င္လိုင္းမွာကလည္း compressionစစ္မယ္ တိုင္ပင္စစ္မယ္ဆိုရင္ရၿပီ။
ကာပ႐ိုက္တာလိုင္းမွာၾကေျပာရမ်ားတယ္
တခ်ိဳ႕က ဆီကန္ထဲမွာ ဆီမမွီတာ အပ္ေတြျပဳတ္က်တာ ဂ်က္ေတြျပဳတ္က်တာ အမ်ိဳးမ်ိဳးျဖစ္တတ္ၾကတယ္။
ကာပ႐ိုက္တာေဆးတဲ့အခါ သတိထားရမယ့္အခ်က္ေလးေတြကိုေျပာျပခ်င္ပါတယ္
အရင္ဆုံးေတာ့ကာပ႐ိုက္တာကိုအကုန္ျဖဳတ္ခ်ေဆးေပါ႔ ဆီေကာ့ကေန ဆီခ်ၾကည့္ရမယ္ ဆီလိုက္ေကာင္းမေကာင္းစစ္ၾကည့္ပါ ဆီစစ္ပိတ္တာမ်ိဳးေတြရွိတတ္တယ္
ကာပ႐ိုက္တာဆီလိုင္းအတြင္းေပါက္ေတြကိုအကုန္ပြင့္ေအာင္ေဆးပါ။
တစ္ခါတည္း ေလဗူးေဆးရမယ္ ဘားခ်ိန္ရမယ္ ပလပ္စစ္ရမယ္။ ဆီစားတဲ့ဘီးေတြဆို အပ္ပင္ အပ္ဘြတ္လဲရမယ္ ေလစစ္ေဖာ့ေတြပိတ္ရင္လည္း ေလမဆြဲႏိုင္ေတာ့ပဲဆီစားတတ္တယ္ ခ်ဳပ္ေတြဆြဲမိထားလားစစ္ရမယ္။ဘားေတြနင္းေနရင္ စႏိုးခ်ိန္မရတာေတြျဖစ္တတ္ပါတယ္။
ဆီယိုျခင္း
ဆီယိုတာမွာ၂မ်ိဳးရွိတယ္ ဆီမ်ားၿပီးယိုတာနဲ႔ အေပၚေအာက္အဆက္ေနရာကယိုတာရွိတယ္။အဆက္ေနရာကယိုတာေတာ့မ်ားေသာအားျဖင့္ အဝိုင္းစီးအသစ္လဲ တခ်ိဳ႕ဆိုေကာ္တင္လိုက္႐ုံနဲ႔လုံသြားတာရွိတယ္ တခ်ိဳ႕ကေတာ့ေအာက္ခံခြက္မီးလိုက္တာေကာ့သြားတာေတြျဖစ္တတ္တယ္ အသစ္ဝယ္ဖို႔အဆင္မေျပရင္ မွန္ျပင္ခ်ၿပီးေမာက္ေနတဲ့ေနရာေလးေတြ ေကာ္ဘက္နဲ႔စား ေကာ္တင္ ျပန္တက္ရင္လုံတာေတြရွိပါတယ္။gasketသုံးေကာ္ဆိုရပါတယ္။
ဆီအိုဗာျဖစ္တာကေတာ့ လိုအပ္တဲ့ဆီထက္ပိုၿပီးကာပ႐ိုက္တာကန္ထဲေရာက္တာပါ အဲလိုဆီယိုတာျဖစ္ၿပီဆိုရင္ အတတ္ႏိုင္ဆုံးေတာ့ခ်ိန္လို႔ရပါတယ္ ဖလုတ္ေဘာမွာသံေလးရွိတယ္ပုံမွာအနီကြင္းထားတဲ့ေနရာေလးကိုခ်ိန္ရတာပါ ဒုံးက်ည္ေလးကိုဖိတဲ့သံေလးကို အနိမ့္ အျမင့္လုပ္ၿပီးဖလုတ္ေဘာကို အနိမ့္ အျမင့္ခ်ိန္တာပါ ဖလုတ္ေဘာအရမ္းျမင့္သြားရင္လည္း ဆီလုံးဝမက်တာျဖစ္တတ္ပါတယ္။ နည္းနည္းဆီပဲခ်ိန္ၾကည့္ပါ။ဒုံးက်ည္ထိပ္ေလးနဲ႔ဝင္မယ့္အထိုင္ေလးကိုလည္းေသခ်ာေျပာင္ေအာင္ေဆးပါ။
အကုန္ၿပီးသြားလို႔ျပန္တက္ၿပီးတဲ့အခါ ဆီဝိတ္ခ်ိန္ပါ ဆီနည္းရင္ဂ်က္ေတြကိုမမွီပဲ လီဗာဆြဲမရတာမ်ိဳးျဖစ္တတ္သလို မ်ားရင္လည္းဆီအိုဗာျဖစ္ႏိုင္ပါတယ္။ဆီဝိတ္ခ်ိန္မယ္ဆိုရင္ ဆီေကာ့ကိုပိတ္လိုက္ပါ ပုံမွာျပထားတဲ့နံပါတ္3နတ္ကိုေလ်ာ့ပါ ဆီခံခြက္အေဟာင္းရွိရင္အဲဒီထဲေဖာက္ခ်ၿပီးတိုင္းပါ ၃ပုံ၂ပုံေလာက္ပဲရွိရပါမယ္။
အကုန္ျပန္တက္ၿပီးစက္ႏိုးသြားၿပီဆိုရင္ စႏိုးခ်ိန္မယ္ဆိုရင္ နံပါတ္၂နတ္ကိုစက္မရပ္တဲ့အထိ တင္းလိုက္ပါ ၿပီးရင္ 1နတ္ကိုအကုန္ၾကပ္လိုက္ပါ ၿပီးမွ1နတ္ကို ျဖည္းျဖည္းျခင္းစက္သံမွန္တဲ့ေနရာထိ ျပန္ေလ်ာ့ပါ တစ္ပတ္ဝန္းက်င္ပဲေလ်ာ့ပါအရမ္းေလ်ာ့လိုက္ရင္ႏႈိးရခက္တတ္ပါတယ္ ၿပီးမွ2နတ္ကိုစႏိုးအနဲ အမ်ားလိုခ်င္သေလာက္ထားပါ။
ဒါမွ သိသိသာသာစီးရတာေျပာင္းလဲပါေလ့မယ္။
Copyမယူပဲshareေပးၾကပါ
Admin-Khant Hmhwe Swe