<Unicode>
Bearing seize (ဘယ်ရင်ဖမ်း) ထားတဲ့ engine တလုံးကို အကြိမ်ကြိမ်စစ်...အထပ်ထပ်စစ်...ဖမ်းထားလို့ ပျက်စီးနေတဲ့ bearing ပုံစံကို သေချာ အသေးစိတ်စစ်...ဒါမှ ပျက်စီးမှုပုံစံကိုကြည့်ပြီး... အင်ဂျင်ရဲ့ ဘယ်အစိတ်အပိုင်း ချို့ယွင်းပျက်စီးလို့ ဒီလိုပုံစံ bearing ဖမ်းရပါတယ်ဆိုတာ အဖြေထုတ်နိုင်မှာ ။ ဥပမာ တခုပြောပြမယ်..overheat ဖြစ်ထားတဲ့ engine ဆိုပါစို့ ။ overheat ရဲ့ဒဏ်ကြောင့် အင်ဂျင်အတွင်း လည်ပတ်နေတဲ့ အင်ဂျင်ဝိုင်ဟာ အပူကြောင့် ကျဲလာမယ်...အင်ဂျင်ဝိုင်ကျဲလာတဲ့အတွက် အင်ဂျင်ဝိုင်ရဲ့ viscosity (ပျစ်/ကျဲ မှုအရည်အသွေး) လျော့နည်းလာမယ်...ဒါကြောင့် အင်ဂျင်ဝိုင် ဖြတ်သန်းစီးဆင်းနေတဲ့ အစိတ်အပိုင်းတွေမှာ အင်ဂျင်ဝိုင်ရဲ့ ထုထည် အထူ/အပါးဟာ အပါးဘက်ကို ရောက်သွားတယ်...ဒါကို အင်ဂျင်ဝိုင်ရဲ့ thin film လို့ခေါ်တယ် ။ ဒီအကျို းဆက်ကြောင့် ပွတ်တိုက်နေတဲ့ သတ္တု အစိတ်အပိုင်းအချင်းချင်းဟာ ပြည့်ဝတဲ့ ချောမွတ်မှုကို မရရှိ မခံစားရတော့ဘူး ။ ( အင်ဂျင်ဝိုင် လုံးဝ ငတ်သွားတာ မဟုတ်ဘူး..နော်) ...bearing တွေမှာ ဖြစ်တည်နေတဲ့အပူချိန်တွေကို မလျှော့ချပေးနိုင်တော့ဘူး။ အချိန်အနည်းငယ်ကြာလာတဲ့အခါ bearing တွေ စတင်ပျက်စီးစ ပြုလာပြီ။ ဒီလိုအချိန်နဲ့ အခြေအနေမှာ အင်ဂျင်ရဲ့ စက်လည်နှုန်းဟာ တအိအိနဲ့ ကျဆင်းလာတယ် ပြီးရင် အင်ဂျင်ဟာ လုံးဝရပ်တန့်သွားတတ်တယ် ။ ဒါဟာ အပူကြောင့် ပွလာတဲ့ ဘယ်ရင်သတ္တု သားတွေက crankshaft ကို မလည်ပတ်နိုင်အောင်ဖမ်းဆုပ်လိုက်သလို ဖြစ်စေတယ် ။ ဒါ့ကြောင့် မြန်မာမှုအနေနဲ့ အင်ဂျင်ဘယ်ရင်" ဖမ်း"တယ်လိုိ့ု ခေါ်ဆိုကြတာ ။ ဒီလို အင်ဂျင်ရပ်တန့်မှုမျို းမှာ အင်ဂျင်ရပ်တန့်ပြီး အချိန်နာရီ အနည်းငယ်အကြာမှာ ပြန်နှိုးကြည့် အင်ဂျင်ကို နှိုးလို့ ရနေတတ်တယ် ။ ဘာလို့ အင်ဂျင်ပြန်နှိုးလို့ ရနေတာလဲ? ...အစောနက အပူကြောင့် ပွလာတဲ့ ဘယ်ရင်သတ္တု သားတွေဟာ အင်ဂျင်အေးသွားမှုကြောင့် ဘယ်ရင်သတ္တု တွေ ပြန်ကျုံ့သွားကြတယ် ။ ဒါ့ကြောင့် ဘယ်ရင်ဟာ crankshaft ကို အပြည့်အဝမဖမ်းထားပဲ crankshaft နဲ့ ဘယ်ရင်သားတွေ ပြန်ကွာသွားကြတယ် ။ ဒါ့ကြောင့် အင်ဂျင်ကို ပြန်နှိုးလို့ရနေတာ ။ အင်ဂျင် overhat ကြောင့် ပျက်စီးရတဲ့ bearing သားတွေမှာ bearing နဲ့ crankshaft ရဲ့ အခိုက်အတန့်ပွတ်တိုက်မှုကြောင့် ရရှိတဲ့ အစင်းကြောင်းအရာတွေအပြင် ဘယ်ရင်သားဟာ မည်းနေတတ်တာကို တွေ့ရလိမ့်မယ် ။
ဒုတိယ ဥပမာတခု...ဒီပျက်စီးမှုကတော့ အင်ဂျင်ဝိုင် ငတ်မွတ်မှုကြောင့် ဖြစ်ရတဲ့ ဘယ်ရင်သား ပျက်စီးစေမှုပဲ ။ ပျက်စီးမှုထဲမှာ ဒီပျက်စီးမှုက အဆိုးရွားဆုံးသော ပျက်စီးမှုအမျိုးအစားထဲမှာပါတယ် ။ ဒီပျက်စီးမှုမျိုးကို oil starvation လို့ ခေါ်တယ်။ starvation ကို မြန်မာလိုပြောရရင် ငတ်မွတ်ခေါင်းပါးမှုလို့ ပြောရမလားပဲ ။ တချိန်က အီသီယိုးပီးယားနိုင်ငံရဲ့ အစာရေစာ ငတ်မွတ်မှုကြောင့် ခန္ဓာကိုယ် ပိန်လှီပြီး နံရိုးအပြိုင်းပြိုင်းထနေတဲ့ ကလေးငယ်တွေရဲ့ ပုံတွေကို TV တွေမှာ ကြည့်ဖူး မှတ်မိဖူးကြမှာပေါ့.... အဲ့ဒါဟာ starvation ကြောင့် ဖြစ်တဲ့ လက္ခဏာ အမှတ်အသားတွေပဲ ။ အင်ဂျင်မှာလည်း oil starvation ဟာ ဘယ်ရင်တွေကို ဆိုးရွားစွာ ပုံပျက်ပန်းပျက် ပျက်စီးစေတယ် ။ ဒီလို oil starvation ကြောင့် ပျက်စီးရတဲ့ ဘယ်ရင်သားတွေမှာ ကြည့်ကြည့်ရင် ဘယ်ရင်သားဟာ ပွန်းစားမှု အစင်းအရာတွေနဲ့ သတ္တု သားအချင်းချင်းပွတ်တိုက်မှုကြောင့် ပြောက်လက်နေတာကို တွေ့ရတတ်တယ် ။ ဒီလိုပျက်စီးမှုပုံစံအခြေအနေမျိုးမှာ အင်ဂျင်ကို ပြန်နှိုးလို့မရတတ်ဘူး ။
ဘယ်ရင်သားဟာ သတ္တု အချင်းချင်းပွတ်တိုက်မှုနဲ့ ပွတ်တိုက်မှုကြောင့်ရရှိတဲ့ အပူချိန်ကြောင့် ဘယ်ရင်အရည်ပျော်ပြီး ဘယ်ရင်နဲ့ crankshaft ကို ဂဟေ (welding) ဆော်ထားသလို မြဲသွားစေတတ်လို့ပဲ ။ ဒီလို ဘယ်ရင်ပျက်စီးမှုမျိုးမှာ အင်ဂျင်တလုံးလုံးမှာရှိတဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကို သေချာ အသေးစိတ်စစ်ဆေးပြုပြင်ပေးဖို့ရာ အရေးကြီးတယ် ။ ကွန်နက်တင်း လေးချောင်းပါတဲ့ လေးလုံးထိုး အင်ဂျင်မှာ ကွန်နက်တင်း တချောင်းရဲ့ ဘယ်ရင်မှာပဲ ဒီလိုပျက်စီးမှုပုံစံတွေ့ရပြီး ကျန်တဲ့ ၃ချောင်းမှာ မတွေ့ရဘူးဆိုရင် ၊ စစ်ဆေးမှုမှာ အရမ်းအရေးကြီးသွားပြီ ။ ဘာကြောင့်လဲ ? crankshaft (သို့မဟုတ်) connecting ကောက်သွား ၊ ကွေးသွား ၊ အက်သွား ၊ ကျိုးသွားစေတတ်လို့ပဲ ။ အင်ဂျင်အတွင်းမှာ အင်ဂျင်ဝိုင် ငတ်သွားတဲ့အတွက် ဘယ်ရင်(တွေ) ဟာ သတ္တု ချင်း အချင်းချင်းပွတ်တိုက်မှုကြောင့် ဘယ်ရင်သား ရုတ်ချည်းအပူချိန်တိုးလာပြီး ဘယ်ရင်သားပျော်သွားကာ ၊ လည်ပတ်မှုအရှိန် မြန်နှုန်းမြင့်ဖြင့် လည်ပတ်နေတဲ့ crankshaft ကို ရုတ်တရက် ဖမ်းဆုပ် ရပ်တန့်စေလိုက်လို့ပဲ ။ အဲ့အကျိုးဆက်ကြောင့် ကျန်တဲ့ အရှိန်ရှိနေတဲ့ အစိတ်အပိုင်းတွေမှာ သူတို့တွေမှာရှိနေတဲ့ momentum (အဟုန်) နဲ့ inertia force (တွန်း/ဆုတ် ရွေ့လျားအား) ဟာ မကုန်သေးဘူး ။ ဆက်လက် လည်ပတ်ချင်နေတုန်းပဲ ။ ဒါကြောင့် ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေရဲ့ အထက်ဖော်ပြပါအားများဟာ ၄င်းနဲ့ဆက်စပ်နေတဲ့ အစိတ်အပိုင်းတွေကို ဆိုးရွားစွာ ပျက်စီးစေနိုင်ပါတယ် ။
အထက်ဖော်ပြပါ ပျက်စီးမှုပုံစံ၂မျိုးကို အနှစ်ချုပ်သုံးသပ်ရရင် အင်ဂျင်ဝိုင်ကျဲလို့ ဘယ်ရင်သားပျက်စီးရင် ပွတ်တိုက်မှုအစင်းရာအပြင် အမည်းရောင်ပါ သမ်းနေတတ်တယ်။ အင်ဂျင်ဝိုင်ငတ်ရင် ပွတ်တိုက်မှုအစင်းရာအပြင် ဘယ်ရင်သား ပြောင်လက်နေတတ်ပါတယ် ။ အင်ဂျင်ဝိုင်ဟာ အပူကြောင့် ကျဲတတ်သလို အင်ဂျင်ဝိုင်အတွင်း လောင်စာဆီ (ဓာတ်ဆီ/ဒီဇယ်) ရောနှောနေရင်လည်း အင်ဂျင်ဝိုင်ဟာ ကျဲနေတတ်ပါတယ် ။ အချိန်ရလျင် ရသလို ဘယ်ရင်သား ပျက်စီးမှုပုံစံများအား ဆန်းစစ်ပုံ ဆန်းစစ်နည်း အပိုင်းတခုချင်းစီအလိုက် အသေးစိတ်ရေးသားဖော်ပြပေးပါအုံး...မယ်။
စာဖတ်သူအားလုံး ဘေးဥပါဒ် ရောဂါ အန္တရာယ်များကင်းဝေး၍ စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။
ပညာရှင်အားလုံးအား လေးစားလျက်
A . M . T
<Zawgyi>
Bearing seize (ဘယ္ရင္ဖမ္း) ထားတဲ့ engine တလုံးကို အႀကိမ္ႀကိမ္စစ္...အထပ္ထပ္စစ္...ဖမ္းထားလို႔ ပ်က္စီးေနတဲ့ bearing ပုံစံကို ေသခ်ာ အေသးစိတ္စစ္...ဒါမွ ပ်က္စီးမႈပုံစံကိုၾကည့္ၿပီး... အင္ဂ်င္ရဲ႕ ဘယ္အစိတ္အပိုင္း ခ်ိဳ႕ယြင္းပ်က္စီးလို႔ ဒီလိုပုံစံ bearing ဖမ္းရပါတယ္ဆိုတာ အေျဖထုတ္ႏိုင္မွာ ။ ဥပမာ တခုေျပာျပမယ္..overheat ျဖစ္ထားတဲ့ engine ဆိုပါစို႔ ။ overheat ရဲ႕ဒဏ္ေၾကာင့္ အင္ဂ်င္အတြင္း လည္ပတ္ေနတဲ့ အင္ဂ်င္ဝိုင္ဟာ အပူေၾကာင့္ က်ဲလာမယ္...အင္ဂ်င္ဝိုင္က်ဲလာတဲ့အတြက္ အင္ဂ်င္ဝိုင္ရဲ႕ viscosity (ပ်စ္/က်ဲ မႈအရည္အေသြး) ေလ်ာ့နည္းလာမယ္...ဒါေၾကာင့္ အင္ဂ်င္ဝိုင္ ျဖတ္သန္းစီးဆင္းေနတဲ့ အစိတ္အပိုင္းေတြမွာ အင္ဂ်င္ဝိုင္ရဲ႕ ထုထည္ အထူ/အပါးဟာ အပါးဘက္ကို ေရာက္သြားတယ္...ဒါကို အင္ဂ်င္ဝိုင္ရဲ႕ thin film လို႔ေခၚတယ္ ။ ဒီအက်ိဳ းဆက္ေၾကာင့္ ပြတ္တိုက္ေနတဲ့ သတၱဳ အစိတ္အပိုင္းအခ်င္းခ်င္းဟာ ျပည့္ဝတဲ့ ေခ်ာမြတ္မႈကို မရရွိ မခံစားရေတာ့ဘူး ။ ( အင္ဂ်င္ဝိုင္ လုံးဝ ငတ္သြားတာ မဟုတ္ဘူး..ေနာ္) ...bearing ေတြမွာ ျဖစ္တည္ေနတဲ့အပူခ်ိန္ေတြကို မေလွ်ာ့ခ်ေပးႏိုင္ေတာ့ဘူး။ အခ်ိန္အနည္းငယ္ၾကာလာတဲ့အခါ bearing ေတြ စတင္ပ်က္စီးစ ျပဳလာၿပီ။ ဒီလိုအခ်ိန္နဲ႔ အေျခအေနမွာ အင္ဂ်င္ရဲ႕ စက္လည္ႏႈန္းဟာ တအိအိနဲ႔ က်ဆင္းလာတယ္ ၿပီးရင္ အင္ဂ်င္ဟာ လုံးဝရပ္တန္႔သြားတတ္တယ္ ။ ဒါဟာ အပူေၾကာင့္ ပြလာတဲ့ ဘယ္ရင္သတၱဳ သားေတြက crankshaft ကို မလည္ပတ္ႏိုင္ေအာင္ဖမ္းဆုပ္လိုက္သလို ျဖစ္ေစတယ္ ။ ဒါ႔ေၾကာင့္ ျမန္မာမႈအေနနဲ႔ အင္ဂ်င္ဘယ္ရင္" ဖမ္း"တယ္လိုိ႔ု ေခၚဆိုၾကတာ ။ ဒီလို အင္ဂ်င္ရပ္တန္႔မႈမ်ိဳ းမွာ အင္ဂ်င္ရပ္တန္႔ၿပီး အခ်ိန္နာရီ အနည္းငယ္အၾကာမွာ ျပန္ႏႈိးၾကည့္ အင္ဂ်င္ကို ႏႈိးလို႔ ရေနတတ္တယ္ ။ ဘာလို႔ အင္ဂ်င္ျပန္ႏႈိးလို႔ ရေနတာလဲ? ...အေစာနက အပူေၾကာင့္ ပြလာတဲ့ ဘယ္ရင္သတၱဳ သားေတြဟာ အင္ဂ်င္ေအးသြားမႈေၾကာင့္ ဘယ္ရင္သတၱဳ ေတြ ျပန္က်ဳံ႕သြားၾကတယ္ ။ ဒါ႔ေၾကာင့္ ဘယ္ရင္ဟာ crankshaft ကို အျပည့္အဝမဖမ္းထားပဲ crankshaft နဲ႔ ဘယ္ရင္သားေတြ ျပန္ကြာသြားၾကတယ္ ။ ဒါ႔ေၾကာင့္ အင္ဂ်င္ကို ျပန္ႏႈိးလို႔ရေနတာ ။ အင္ဂ်င္ overhat ေၾကာင့္ ပ်က္စီးရတဲ့ bearing သားေတြမွာ bearing နဲ႔ crankshaft ရဲ႕ အခိုက္အတန္႔ပြတ္တိုက္မႈေၾကာင့္ ရရွိတဲ့ အစင္းေၾကာင္းအရာေတြအျပင္ ဘယ္ရင္သားဟာ မည္းေနတတ္တာကို ေတြ႕ရလိမ့္မယ္ ။
ဒုတိယ ဥပမာတခု...ဒီပ်က္စီးမႈကေတာ့ အင္ဂ်င္ဝိုင္ ငတ္မြတ္မႈေၾကာင့္ ျဖစ္ရတဲ့ ဘယ္ရင္သား ပ်က္စီးေစမႈပဲ ။ ပ်က္စီးမႈထဲမွာ ဒီပ်က္စီးမႈက အဆိုးရြားဆုံးေသာ ပ်က္စီးမႈအမ်ိဳးအစားထဲမွာပါတယ္ ။ ဒီပ်က္စီးမႈမ်ိဳးကို oil starvation လို႔ ေခၚတယ္။ starvation ကို ျမန္မာလိုေျပာရရင္ ငတ္မြတ္ေခါင္းပါးမႈလို႔ ေျပာရမလားပဲ ။ တခ်ိန္က အီသီယိုးပီးယားႏိုင္ငံရဲ႕ အစာေရစာ ငတ္မြတ္မႈေၾကာင့္ ခႏၶာကိုယ္ ပိန္လွီၿပီး နံ႐ိုးအၿပိဳင္းၿပိဳင္းထေနတဲ့ ကေလးငယ္ေတြရဲ႕ ပုံေတြကို TV ေတြမွာ ၾကည့္ဖူး မွတ္မိဖူးၾကမွာေပါ႔.... အဲ့ဒါဟာ starvation ေၾကာင့္ ျဖစ္တဲ့ လကၡဏာ အမွတ္အသားေတြပဲ ။ အင္ဂ်င္မွာလည္း oil starvation ဟာ ဘယ္ရင္ေတြကို ဆိုးရြားစြာ ပုံပ်က္ပန္းပ်က္ ပ်က္စီးေစတယ္ ။ ဒီလို oil starvation ေၾကာင့္ ပ်က္စီးရတဲ့ ဘယ္ရင္သားေတြမွာ ၾကည့္ၾကည့္ရင္ ဘယ္ရင္သားဟာ ပြန္းစားမႈ အစင္းအရာေတြနဲ႔ သတၱဳ သားအခ်င္းခ်င္းပြတ္တိုက္မႈေၾကာင့္ ေျပာက္လက္ေနတာကို ေတြ႕ရတတ္တယ္ ။ ဒီလိုပ်က္စီးမႈပုံစံအေျခအေနမ်ိဳးမွာ အင္ဂ်င္ကို ျပန္ႏႈိးလို႔မရတတ္ဘူး ။
ဘယ္ရင္သားဟာ သတၱဳ အခ်င္းခ်င္းပြတ္တိုက္မႈနဲ႔ ပြတ္တိုက္မႈေၾကာင့္ရရွိတဲ့ အပူခ်ိန္ေၾကာင့္ ဘယ္ရင္အရည္ေပ်ာ္ၿပီး ဘယ္ရင္နဲ႔ crankshaft ကို ဂေဟ (welding) ေဆာ္ထားသလို ၿမဲသြားေစတတ္လို႔ပဲ ။ ဒီလို ဘယ္ရင္ပ်က္စီးမႈမ်ိဳးမွာ အင္ဂ်င္တလုံးလုံးမွာရွိတဲ့ က်န္တဲ့အစိတ္အပိုင္းေတြကို ေသခ်ာ အေသးစိတ္စစ္ေဆးျပဳျပင္ေပးဖို႔ရာ အေရးႀကီးတယ္ ။ ကြန္နက္တင္း ေလးေခ်ာင္းပါတဲ့ ေလးလုံးထိုး အင္ဂ်င္မွာ ကြန္နက္တင္း တေခ်ာင္းရဲ႕ ဘယ္ရင္မွာပဲ ဒီလိုပ်က္စီးမႈပုံစံေတြ႕ရၿပီး က်န္တဲ့ ၃ေခ်ာင္းမွာ မေတြ႕ရဘူးဆိုရင္ ၊ စစ္ေဆးမႈမွာ အရမ္းအေရးႀကီးသြားၿပီ ။ ဘာေၾကာင့္လဲ ? crankshaft (သို႔မဟုတ္) connecting ေကာက္သြား ၊ ေကြးသြား ၊ အက္သြား ၊ က်ိဳးသြားေစတတ္လို႔ပဲ ။ အင္ဂ်င္အတြင္းမွာ အင္ဂ်င္ဝိုင္ ငတ္သြားတဲ့အတြက္ ဘယ္ရင္(ေတြ) ဟာ သတၱဳ ခ်င္း အခ်င္းခ်င္းပြတ္တိုက္မႈေၾကာင့္ ဘယ္ရင္သား ႐ုတ္ခ်ည္းအပူခ်ိန္တိုးလာၿပီး ဘယ္ရင္သားေပ်ာ္သြားကာ ၊ လည္ပတ္မႈအရွိန္ ျမန္ႏႈန္းျမင့္ျဖင့္ လည္ပတ္ေနတဲ့ crankshaft ကို ႐ုတ္တရက္ ဖမ္းဆုပ္ ရပ္တန္႔ေစလိုက္လို႔ပဲ ။ အဲ့အက်ိဳးဆက္ေၾကာင့္ က်န္တဲ့ အရွိန္ရွိေနတဲ့ အစိတ္အပိုင္းေတြမွာ သူတို႔ေတြမွာရွိေနတဲ့ momentum (အဟုန္) နဲ႔ inertia force (တြန္း/ဆုတ္ ေရြ႕လ်ားအား) ဟာ မကုန္ေသးဘူး ။ ဆက္လက္ လည္ပတ္ခ်င္ေနတုန္းပဲ ။ ဒါေၾကာင့္ က်န္ရွိေနတဲ့ အစိတ္အပိုင္းေတြရဲ႕ အထက္ေဖာ္ျပပါအားမ်ားဟာ ၄င္းနဲ႔ဆက္စပ္ေနတဲ့ အစိတ္အပိုင္းေတြကို ဆိုးရြားစြာ ပ်က္စီးေစႏိုင္ပါတယ္ ။
အထက္ေဖာ္ျပပါ ပ်က္စီးမႈပုံစံ၂မ်ိဳးကို အႏွစ္ခ်ဳပ္သုံးသပ္ရရင္ အင္ဂ်င္ဝိုင္က်ဲလို႔ ဘယ္ရင္သားပ်က္စီးရင္ ပြတ္တိုက္မႈအစင္းရာအျပင္ အမည္းေရာင္ပါ သမ္းေနတတ္တယ္။ အင္ဂ်င္ဝိုင္ငတ္ရင္ ပြတ္တိုက္မႈအစင္းရာအျပင္ ဘယ္ရင္သား ေျပာင္လက္ေနတတ္ပါတယ္ ။ အင္ဂ်င္ဝိုင္ဟာ အပူေၾကာင့္ က်ဲတတ္သလို အင္ဂ်င္ဝိုင္အတြင္း ေလာင္စာဆီ (ဓာတ္ဆီ/ဒီဇယ္) ေရာေႏွာေနရင္လည္း အင္ဂ်င္ဝိုင္ဟာ က်ဲေနတတ္ပါတယ္ ။ အခ်ိန္ရလ်င္ ရသလို ဘယ္ရင္သား ပ်က္စီးမႈပုံစံမ်ားအား ဆန္းစစ္ပုံ ဆန္းစစ္နည္း အပိုင္းတခုခ်င္းစီအလိုက္ အေသးစိတ္ေရးသားေဖာ္ျပေပးပါအုံး...မယ္။
စာဖတ္သူအားလုံး ေဘးဥပါဒ္ ေရာဂါ အႏၲရာယ္မ်ားကင္းေဝး၍ စိတ္သြားတိုင္းကိုယ္ပါ လိုအင္ဆႏၵမ်ား ျပည့္ဝၾကပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းေပးအပ္ပါသည္။
ပညာရွင္အားလုံးအား ေလးစားလ်က္
A . M . T