<Unicode>
မြက်ရမ်းစက် ကာပရိုက်တာ
ကြုံတုန်း postလေး လာတင်တာ
စက်ကလေးတွေမှာက များသောအားဖြင့် ကာပရိုက်တာကြောင်တာများပါတယ်
သာမန် ဆိုင်ကယ် ကာပရိုက်တာမျိုးနဲ့တည်ဆောက်ပုံကွဲသွားတယ် မြက်ရမ်းစက်ကာပရိုက်တာလေးတွေက ရွက်ဖျင်လေးတွေကအရေးကြီးတယ် ရွက်ဖျင်တွေအရမ်းမာနေရင် စက်သံကပုံမှန် မရတာတို့ ဆီOverဖြစ်တာတို့ ဖြစ်တတ်တယ်
ဓာတ်ဆီ်ဆွဲတဲ့နေရာမှ တော်တော်အရေးကြီးပါတယ် အပေါ်ကအပ်နဲ့စလင်ဒါ ကတော့ စပရင်နဲ့အော်တို့ထည့်ထားတာ ဆွဲလိုက်ရင်မြောက်သွားမယ် ချရင်ပြန်အောက်ကျပါတယ်
အရေးကြီးတဲ့ ၂ခုက ဒုံးကျည်လေးတက်ထားတဲ့အခြမ်းနဲ့
fuel ချိန်တဲ့ဂျက်လေးပါ
ဆီဆွဲတဲ့အခါ ဆိုင်ကယ် ကာပရိုက်တာလို့ နတ်နဲ့မဟုတ်ဘူး အထိုင်ကိုအပေါက်အသေးလေးတွေဖောက်ထားတာပါ တစ်ချို့က ၁ပေါက်ကြီးကြီးဖောက်တယ် တချို့ကာပရိုက်တာက အပေါက်သေး၃ခုဖောက်တယ် အတွင်းထဲကပတ်ဖောက်ထားလို့ပိတ်သွားပြီဆိုရင် ဘယ်လိုမှ လုပ်မရတော့တာများပါတယ်
Fuelဂျက်ကလဲတော်တော်အရေးပါပါတယ် စက်နိုးတဲ့အခါဖြည်းဖြည်းချင်းချိန်ရတယ် ဘယ်လိုကြိုက်လဲပေါ့ ဆီနဲတာကြိုက်လား ဆီများတာကြိုက်လား လီဗာတင်းတင်းဆွဲရင်ပါလား စနိုးရလား ဒါတွေတစ်ခါတည်းမျှပြီးချိန်ရပါတယ်
နောက်တစ်ချက်က ဆီဗူးအပေါ်မှာရှိတဲ့ ဆေးဖျန်းစက်လို့ဟာမျိုးကပိုသတိထားရပါတယ် ဆီOverပိုဖြစ်တတ်ပါတယ် တချို့မမောင်းတာကြာရင်လည်း ဆီဂျိုးတက်ပြီးဆီOverဖြစ်တတ်ပါတယ် အဲဒါမျိုးဆိုရင်ဆေးလို့ရပါတယ် အိုဗာ ဖြစ်ရင်ရွက်ဖျင်ဖိမယ့်ဒုံးကျည်ကိုအပိတ်အဖွင့်လုပ်မယ့် လက်တံလေးကိုအနိမ့်အမြင့်ချိန်လို့ရပါတယ် ခုနောက်ပိုင်းအတွေ့များတာက ဓာတ်ဆီတွေကညံ့လာလို့လားမသိ
ကြာရင်ဆီကပျယ်ပြီး ရေလိုဖြစ်ပြီးသံချေးတက်တာတွေ ခဏ ခဏ တွေ့ရတယ်။
ကြုံတုန်းလေးတင်လိုက်ပါတယ်
Admin --Khant Hmhwe Swe
<Zawgyi>
ဓာတ်ဆ်ီဆွဲတဲ့နေရာမှ တော်တော်အရေးကြီးပါတယ် အပေါ်ကအပ်နဲ့စလင်ဒါ ကတော့ စပရင်နဲ့အော်တို့ထည့်ထားတာ ဆွဲလိုက်ရင်မြောက်သွားမယ် ချရင်ပြန်အောက်ကျပါတယ်
Admin --Khant Hmhwe Swe