<Unicode>
Piston rings ပျက်စီးခြင်း အကြောင်း
___________________________________
Engine တစ်လုံး၌
piston ring ထားရခြင်း၏ရည်ရွယ်ချက်---
1. piston မှ ဖိကျစ်ထားသော gas များအား liner wall ကြားမှတဆင့် မယိုစီးသွားစေရန်
2. piston အပေါ်သက်ရောက်နေသော အပူများအား liner wall သို့ကူးပြောင်းပေးရန်
3. liner wall အား ပွန်းစားမှုမှကာကွယ်ပေးရန်
4. ပွန်းစားမှုအားကာကွယ်ရန်အတွက် ချောဆီများအား ထိန်းသိမ်းရန်
Pistons ring မှာအမျိုးအစားအားဖြင့်(၃)မျိုးရှိတာကိုတွေ့ရှိရပါမယ်။ အဲ့ဒါတွေကတော့
1. compression(ဖိကျစ်ကွင်း)
2. intermediate(ကြားခံကွင်း) (ဖိကျစ်ရန်နှင့်ဆီများထိန်းရန်အတွက်အထောက်အပံ့ပြုပေးပါတယ်)
3. oil control (ဆီများထိန်းထားရန်) ဆိုပြီး၃ မျိုး ၃ စား တွေ့ရှိရမှာ ဖြစ်ပါတယ်။
Piston တလုံးမှာ ထိပ်ဆုံးမှာရှိနေတဲ့ ring ကcompression ring ပါ၊ အလယ်မှာရှိနေတဲ့ ring တွေကတော့ intermediate ring တွေပါ၊ အောက်ဆုံးမှာ ရှိနေတာကတော့ oil control ring ပါ။
Rings များအားထုတ်လုပ်ရာတွင် ထုတ်လုပ်သည့် engးအမျိုးအစားပေါ်မူတည်၍ သုံးစွဲသည့် သတ္တု အရည်အသွေးများ ကွာခြားကြသည်။ မူလထုတ်လုပ်စဉ်ကာလက rings များအားcast ion(သွန်းသံ) တခုတည်းကိုသာအသုံးပြု၍ ထုတ်လုပ်ကြသည်။ Eng းတလုံးတွင် engးအား စတင်နှိုးသည့်အချိန်ကာလ၌ ၊ piston ring နှင့် liner ကြားတွင် ချောဆီလုံးဝ မရောက်ရှိသေးပဲ အခြောက်တိုက်ရွေ့လျားပြီး အချိန်အတိုင်းအတာ တခုရောက်မှသာ ၊ ချောဆီ p/p မှတွန်းပို့သော ချောဆီသည် ring နှင့် liner ကြားသို့ရောက်ရှိကြသည်။ ထိုအခါ ring နှင့် liner သည် အခြောက်တိုက် ရွေ့လျားမှုကြောင့်ဖြစ်ပေါ်လာသော ပွန်းစားမှုဒဏ်ကို engး စတင်နှိုးသောအချိန်တိုင်းခံစားကြရလေသည် (ကြီးမားသော eng း များတွင် အဆိုပါပွန်းစားမှုဒဏ်ကို ကာကွယ်ရန်အတွက် lube oil priming p/p ဟုခေါ်သည့် ချောဆီအကြို ပံ့ပိုးပေးသော p/p ဖြင့် engး အနှံ့ပံ့ပိုးပေးစေသည်) ။ cast ion ဖြင့်ပြုလုပ်ထားသော rings များတွင် ထိုသို့အခြောက်တိုက် ပွန်းစားမှုဒဏ်ကို မခံနိုင်ကြပေ၊ ထိုအခါ အဆိုပါပွန်းစားမှုဒဏ်ခံနိုင်သော သတ္တုအရည်တမျိုးအား cast ion ပေါ်တွင် coating တင်ပေးခြင်းဖြင့် ကာကွယ်လာကြသည်။ ထိုသတ္တုမှာ chromium ပင်ဖြစ်သည်။ chromium သည် ပွန်းစားမှုဒဏ်ကို ခံနိုင်ရည်ရှိသော မာကြောသည့်ဂုဏ်သတ္တိရှိသည်။ ထို့ကြောင့်ယခုအခါတွင် high speed engး များ၏ compression rings များတွင် အပေါ်ယံ၌ chromium သုတ်လိမ်းထားသော rings များသုံးစွဲလာကြခြင်းဖြစ်သည်။ rings များသည် piston မှ အပူများကို liner သို့ကူးပြောင်းပေးရသောကြောင့် အပူဒဏ်ကို ထိုက်သင့့်သလောက် ခံစားကြရသည်။သတ္တုတခုသည် ပူလျင်(ပွ) ဆန့်ထွက်၍ အေးလျင် ကျုံ့သော ဂုဏ်သတ္တိအသီးသီးရှိကြသည်၊ ထို့အတွက် rings များသည် အပူဒဏ်နှင့် ပွန်းစားမှုကို ခံနိုင်သောဂုဏ်သတ္တိ အထူးရှိရန်လိုအပ်ပါသည်။ တချို့သော ထုတ်ကုန် engးများတွင် Titanium ကို coating အဖြစ်သုံးထားသော rings များကို သုံးစွဲလာကြသည်ကိုပင် တွေ့ရှိလာရပြီ။ သို့သော် အကုန်အကျများသောကြောင့် နာမည်ကြီး ထုတ်ကုန် engးများတွင်သာ သုံးစွဲကြသေးသည်။
Liner ပုံပျက်ခြင်းကြောင့်လည်း rings များကို ထိခိုက်ပျက်စီးစေသည်။ ထိုသို့ liner ပုံပျက်ရခြင်းမှာလည်း cylး head bolt များကိုတင်းကြပ်ရာတွင် ပုံစံမမှန်ခြင်းနှင့် cylး head နှင့် liner တို့ ပွတ်စားမိမှုကြောင့် ဖြစ်ရသည်။ liner ပုံပျက်ခြင်းကြောင့် ချောဆီစားနှုန်းများလာသည်။ ring သည် liner နှင့်အံမဝင်တော့ဘဲ ၊ အထူးသဖြင့် ပုံမှန်မဟုတ်သောမောင်းနှင်မှုကြောင့်လည်း liner များပုံပျက်ရသည်။ ring သည် liner အတွင်းတွင် လိုသလိုကျုံ ုနိုင်ဆန့်နိုင်ရမည့် ပုံသဏ္ဍာန်ရှိဖို့အရေးကြီးသည်။ liner ပေါ်တွင်တင်ကျန်မည့် ချောဆီ၏ထုထည်(အထူ)နှင့်ဖိအားသည်လည်း ring ၏ ပွန်းစားမှုအတွက်အရေးပါသည်။ ချောဆီ၏ထုထည်ပါးလျင် ချောဆီဖိအားကျဆင်းလျင် ring များအား ပိုမိုထိခိုက်ပျက်စီးစေသည်။
Blow-by action
blow-by ဆိုသည်မှာ combustion chamber(မီးလောင်ပေါက်ကွဲခန်း)ထဲမှ gas များ crankcase ထဲသို့ ယိုစီးခြင်းကို ခေါ်သည်။ ထို gas များသည် ringများ၏ နေရာအသီးသီးမှ ယိုစီးကြသည်။ (a) piston rings gap ကြားမှ (b) rings များ၏မျက်နှာပြင် (liner နှင့်ထိစပ်နေသောနေရာ) နှင့် (c) rings groove ကြားတွင် ရှိသော rings ၏နောက်ကြောဘက်ခြမ်းတို့မှ ယိုစီး၍ထွက်လာကြသည်။ ထိုပူသော gas များကြောင့် piston နှင့် rings များ၏ အပူချိန်ကိုတိုးစေသည်၊ ထို့ပြင် ထို gas များသည် crankcase အတွင်းရှိ ချောဆီအတွင်းသို့ တိုးဝင်ပြီး ချောဆီ၏အရည်အသွေးကို ကျဆင်းစေသည်။ ထို blow-by ဖြစ်စဉ်ကြောင့် engး စွမ်းရည်ကို ကျဆင်းစေသည်။ ထို blow-by gas စီးဆင်းခြင်း ဖြစ်စဉ်သည် အထူးသဖြင့် thrust side ၏ဆန့်ကျင်ဘက်အခြမ်း anti side thrusဘက်အခြမ်းတွင်အများဆုံးဖြစ်ပေါ်သည်။တနည်းအားဖြင့်ပြောရလျင်piston pin ရှိသည့်ဘက်အခြမ်းသည် ထို blow-by gas များကို crankcase အတွင်း များစွာစီးဝင်စေသည်။ ring gap clearance များလေ များစွာယိုစီးလေဖြစ်သည်။ ထို့ကြောင့် ring gap များအား အဆိုပါ piston pin ရှိသည့်နေရာကို ရှောင်၍ ထည့်ရခြင်းဖြစ်သည်။ 1985 မတိုင်မီခေတ်ကာလ များဆီက engး တလုံးတွင် ချောဆီစားနှုန်းများရခြင်းသည်rings များနှင့်သက်ဆိုင်သည်ဟု မယူဆခဲ့ကြ ၊ ထို့အပြင် ring gap များကြောင့်လည်း blow-by ဖြစ်စဉ် ဖြစ်နိုင်သည်ဟု မယူဆခဲ့ကြ ၊ ထို့ကြောင့် ထိုခေတ်များဆီက ring gap များကို piston pin ရှိသည့်ဘက်အခြမ်းတွင်ထား၍ တပ်ဆင်ခဲ့ကြသေးသည်။ engး တလုံးတွင် blow-by ဖြစ်စဉ် ဖြစ်ပေါ်နေလျင် breather ထဲမှ gas များမှုတ်ထုတ်နေသည်ကို သတိပြုခြင်းဖြင့်သိရှိနိုင်သည်။ ဆိုးရွားသော blow-by ဖြစ်စဉ်များတွင် breather ထဲမှ ချောဆီထွက်စေသည်အထိ မှုတ်ထုတ်နေပေလိမ့်မည်။ engး တလုံးတွင် ထို blow-by ဖြစ်စဉ် ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါက စောလျင်စွာ ပြု ုပြင်ပြင်ဆင်မိရန် အရေးကြီးသည် ။ သို့မဟုတ်ပါက engး အား ဆိုးရွားစွာ ပျက်စီးစေပေလိမ့်မည်။
စက်ပြင်ခါစ ပညာသင်တွေအတွက်တော့
ရိန်းလှဲလျှင် ရိန်းကွင်းရဲ့ တဖက်မှာ စာသားနံပတ်ကလေးတွေပါတာကို သတိပြုမိမှာ
၄င်းစာသားပါတဲ့ဖက်ကို အပြင်(ဟက်ဘား)သို့ ထည့်ထားရမည် ဖြစ်ပါကြောင်း…
ပညာရေးရင့် ပွဲလယ်တင့်ပါစေ
ဆန္ဒမွန်ဖြင့်
T H P
*** အတိုကောက် ရည်ညွှန်းချက်***
eng = engine
cyl။ = cylinder
p/p = pump
Credit - အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ
#SharingByEmpireMotocycleTeach
<Zawgyi>
Piston rings ပ်က္စီးျခင္း အေၾကာင္း
___________________________________
Engine တစ္လုံး၌
piston ring ထားရျခင္း၏ရည္ရြယ္ခ်က္---
1. piston မွ ဖိက်စ္ထားေသာ gas မ်ားအား liner wall ၾကားမွတဆင့္ မယိုစီးသြားေစရန္
2. piston အေပၚသက္ေရာက္ေနေသာ အပူမ်ားအား liner wall သို႔ကူးေျပာင္းေပးရန္
3. liner wall အား ပြန္းစားမႈမွကာကြယ္ေပးရန္
4. ပြန္းစားမႈအားကာကြယ္ရန္အတြက္ ေခ်ာဆီမ်ားအား ထိန္းသိမ္းရန္
Pistons ring မွာအမ်ိဳးအစားအားျဖင့္(၃)မ်ိဳးရွိတာကိုေတြ႕ရွိရပါမယ္။ အဲ့ဒါေတြကေတာ့
1. compression(ဖိက်စ္ကြင္း)
2. intermediate(ၾကားခံကြင္း) (ဖိက်စ္ရန္ႏွင့္ဆီမ်ားထိန္းရန္အတြက္အေထာက္အပံ့ျပဳေပးပါတယ္)
3. oil control (ဆီမ်ားထိန္းထားရန္) ဆိုၿပီး၃ မ်ိဳး ၃ စား ေတြ႕ရွိရမွာ ျဖစ္ပါတယ္။
Piston တလုံးမွာ ထိပ္ဆုံးမွာရွိေနတဲ့ ring ကcompression ring ပါ၊ အလယ္မွာရွိေနတဲ့ ring ေတြကေတာ့ intermediate ring ေတြပါ၊ ေအာက္ဆုံးမွာ ရွိေနတာကေတာ့ oil control ring ပါ။
Rings မ်ားအားထုတ္လုပ္ရာတြင္ ထုတ္လုပ္သည့္ engးအမ်ိဳးအစားေပၚမူတည္၍ သုံးစြဲသည့္ သတၱဳ အရည္အေသြးမ်ား ကြာျခားၾကသည္။ မူလထုတ္လုပ္စဉ္ကာလက rings မ်ားအားcast ion(သြန္းသံ) တခုတည္းကိုသာအသုံးျပဳ၍ ထုတ္လုပ္ၾကသည္။ Eng းတလုံးတြင္ engးအား စတင္ႏႈိးသည့္အခ်ိန္ကာလ၌ ၊ piston ring ႏွင့္ liner ၾကားတြင္ ေခ်ာဆီလုံးဝ မေရာက္ရွိေသးပဲ အေျခာက္တိုက္ေရြ႕လ်ားၿပီး အခ်ိန္အတိုင္းအတာ တခုေရာက္မွသာ ၊ ေခ်ာဆီ p/p မွတြန္းပို႔ေသာ ေခ်ာဆီသည္ ring ႏွင့္ liner ၾကားသို႔ေရာက္ရွိၾကသည္။ ထိုအခါ ring ႏွင့္ liner သည္ အေျခာက္တိုက္ ေရြ႕လ်ားမႈေၾကာင့္ျဖစ္ေပၚလာေသာ ပြန္းစားမႈဒဏ္ကို engး စတင္ႏႈိးေသာအခ်ိန္တိုင္းခံစားၾကရေလသည္ (ႀကီးမားေသာ eng း မ်ားတြင္ အဆိုပါပြန္းစားမႈဒဏ္ကို ကာကြယ္ရန္အတြက္ lube oil priming p/p ဟုေခၚသည့္ ေခ်ာဆီအႀကိဳ ပံ့ပိုးေပးေသာ p/p ျဖင့္ engး အႏွံ႔ပံ့ပိုးေပးေစသည္) ။ cast ion ျဖင့္ျပဳလုပ္ထားေသာ rings မ်ားတြင္ ထိုသို႔အေျခာက္တိုက္ ပြန္းစားမႈဒဏ္ကို မခံႏိုင္ၾကေပ၊ ထိုအခါ အဆိုပါပြန္းစားမႈဒဏ္ခံႏိုင္ေသာ သတၱဳအရည္တမ်ိဳးအား cast ion ေပၚတြင္ coating တင္ေပးျခင္းျဖင့္ ကာကြယ္လာၾကသည္။ ထိုသတၱဳမွာ chromium ပင္ျဖစ္သည္။ chromium သည္ ပြန္းစားမႈဒဏ္ကို ခံႏိုင္ရည္ရွိေသာ မာေၾကာသည့္ဂုဏ္သတၱိရွိသည္။ ထို႔ေၾကာင့္ယခုအခါတြင္ high speed engး မ်ား၏ compression rings မ်ားတြင္ အေပၚယံ၌ chromium သုတ္လိမ္းထားေသာ rings မ်ားသုံးစြဲလာၾကျခင္းျဖစ္သည္။ rings မ်ားသည္ piston မွ အပူမ်ားကို liner သို႔ကူးေျပာင္းေပးရေသာေၾကာင့္ အပူဒဏ္ကို ထိုက္သင့့္သေလာက္ ခံစားၾကရသည္။သတၱဳတခုသည္ ပူလ်င္(ပြ) ဆန္႔ထြက္၍ ေအးလ်င္ က်ဳံ႕ေသာ ဂုဏ္သတၱိအသီးသီးရွိၾကသည္၊ ထို႔အတြက္ rings မ်ားသည္ အပူဒဏ္ႏွင့္ ပြန္းစားမႈကို ခံႏိုင္ေသာဂုဏ္သတၱိ အထူးရွိရန္လိုအပ္ပါသည္။ တခ်ိဳ႕ေသာ ထုတ္ကုန္ engးမ်ားတြင္ Titanium ကို coating အျဖစ္သုံးထားေသာ rings မ်ားကို သုံးစြဲလာၾကသည္ကိုပင္ ေတြ႕ရွိလာရၿပီ။ သို႔ေသာ္ အကုန္အက်မ်ားေသာေၾကာင့္ နာမည္ႀကီး ထုတ္ကုန္ engးမ်ားတြင္သာ သုံးစြဲၾကေသးသည္။
Liner ပုံပ်က္ျခင္းေၾကာင့္လည္း rings မ်ားကို ထိခိုက္ပ်က္စီးေစသည္။ ထိုသို႔ liner ပုံပ်က္ရျခင္းမွာလည္း cylး head bolt မ်ားကိုတင္းၾကပ္ရာတြင္ ပုံစံမမွန္ျခင္းႏွင့္ cylး head ႏွင့္ liner တို႔ ပြတ္စားမိမႈေၾကာင့္ ျဖစ္ရသည္။ liner ပုံပ်က္ျခင္းေၾကာင့္ ေခ်ာဆီစားႏႈန္းမ်ားလာသည္။ ring သည္ liner ႏွင့္အံမဝင္ေတာ့ဘဲ ၊ အထူးသျဖင့္ ပုံမွန္မဟုတ္ေသာေမာင္းႏွင္မႈေၾကာင့္လည္း liner မ်ားပုံပ်က္ရသည္။ ring သည္ liner အတြင္းတြင္ လိုသလိုက်ဳံ ုႏိုင္ဆန္႔ႏိုင္ရမည့္ ပုံသ႑ာန္ရွိဖို႔အေရးႀကီးသည္။ liner ေပၚတြင္တင္က်န္မည့္ ေခ်ာဆီ၏ထုထည္(အထူ)ႏွင့္ဖိအားသည္လည္း ring ၏ ပြန္းစားမႈအတြက္အေရးပါသည္။ ေခ်ာဆီ၏ထုထည္ပါးလ်င္ ေခ်ာဆီဖိအားက်ဆင္းလ်င္ ring မ်ားအား ပိုမိုထိခိုက္ပ်က္စီးေစသည္။
Blow-by action
blow-by ဆိုသည္မွာ combustion chamber(မီးေလာင္ေပါက္ကြဲခန္း)ထဲမွ gas မ်ား crankcase ထဲသို႔ ယိုစီးျခင္းကို ေခၚသည္။ ထို gas မ်ားသည္ ringမ်ား၏ ေနရာအသီးသီးမွ ယိုစီးၾကသည္။ (a) piston rings gap ၾကားမွ (b) rings မ်ား၏မ်က္ႏွာျပင္ (liner ႏွင့္ထိစပ္ေနေသာေနရာ) ႏွင့္ (c) rings groove ၾကားတြင္ ရွိေသာ rings ၏ေနာက္ေၾကာဘက္ျခမ္းတို႔မွ ယိုစီး၍ထြက္လာၾကသည္။ ထိုပူေသာ gas မ်ားေၾကာင့္ piston ႏွင့္ rings မ်ား၏ အပူခ်ိန္ကိုတိုးေစသည္၊ ထို႔ျပင္ ထို gas မ်ားသည္ crankcase အတြင္းရွိ ေခ်ာဆီအတြင္းသို႔ တိုးဝင္ၿပီး ေခ်ာဆီ၏အရည္အေသြးကို က်ဆင္းေစသည္။ ထို blow-by ျဖစ္စဉ္ေၾကာင့္ engး စြမ္းရည္ကို က်ဆင္းေစသည္။ ထို blow-by gas စီးဆင္းျခင္း ျဖစ္စဉ္သည္ အထူးသျဖင့္ thrust side ၏ဆန္႔က်င္ဘက္အျခမ္း anti side thrusဘက္အျခမ္းတြင္အမ်ားဆုံးျဖစ္ေပၚသည္။တနည္းအားျဖင့္ေျပာရလ်င္piston pin ရွိသည့္ဘက္အျခမ္းသည္ ထို blow-by gas မ်ားကို crankcase အတြင္း မ်ားစြာစီးဝင္ေစသည္။ ring gap clearance မ်ားေလ မ်ားစြာယိုစီးေလျဖစ္သည္။ ထို႔ေၾကာင့္ ring gap မ်ားအား အဆိုပါ piston pin ရွိသည့္ေနရာကို ေရွာင္၍ ထည့္ရျခင္းျဖစ္သည္။ 1985 မတိုင္မီေခတ္ကာလ မ်ားဆီက engး တလုံးတြင္ ေခ်ာဆီစားႏႈန္းမ်ားရျခင္းသည္rings မ်ားႏွင့္သက္ဆိုင္သည္ဟု မယူဆခဲ့ၾက ၊ ထို႔အျပင္ ring gap မ်ားေၾကာင့္လည္း blow-by ျဖစ္စဉ္ ျဖစ္ႏိုင္သည္ဟု မယူဆခဲ့ၾက ၊ ထို႔ေၾကာင့္ ထိုေခတ္မ်ားဆီက ring gap မ်ားကို piston pin ရွိသည့္ဘက္အျခမ္းတြင္ထား၍ တပ္ဆင္ခဲ့ၾကေသးသည္။ engး တလုံးတြင္ blow-by ျဖစ္စဉ္ ျဖစ္ေပၚေနလ်င္ breather ထဲမွ gas မ်ားမႈတ္ထုတ္ေနသည္ကို သတိျပဳျခင္းျဖင့္သိရွိႏိုင္သည္။ ဆိုးရြားေသာ blow-by ျဖစ္စဉ္မ်ားတြင္ breather ထဲမွ ေခ်ာဆီထြက္ေစသည္အထိ မႈတ္ထုတ္ေနေပလိမ့္မည္။ engး တလုံးတြင္ ထို blow-by ျဖစ္စဉ္ ျဖစ္ေပၚေနသည္ကို ေတြ႕ရွိရပါက ေစာလ်င္စြာ ျပဳ ုျပင္ျပင္ဆင္မိရန္ အေရးႀကီးသည္ ။ သို႔မဟုတ္ပါက engး အား ဆိုးရြားစြာ ပ်က္စီးေစေပလိမ့္မည္။
စက္ျပင္ခါစ ပညာသင္ေတြအတြက္ေတာ့
ရိန္းလွဲလွ်င္ ရိန္းကြင္းရဲ႕ တဖက္မွာ စာသားနံပတ္ကေလးေတြပါတာကို သတိျပဳမိမွာ
၄င္းစာသားပါတဲ့ဖက္ကို အျပင္(ဟက္ဘား)သို႔ ထည့္ထားရမည္ ျဖစ္ပါေၾကာင္း…
ပညာေရးရင့္ ပြဲလယ္တင့္ပါေစ
ဆႏၵမြန္ျဖင့္
T H P
*** အတိုေကာက္ ရည္ၫႊန္းခ်က္***
eng = engine
cyl။ = cylinder
p/p = pump
Credit - ေအာင္ျမင္သူ - ဆားဗစ္ အင္ဂ်င္နီယာ
#SharingByEmpireMotocycleTeach