ကလပ်အုံအထိုင်ကလပ်ပြားတို့ရဲ့ပစ်ချက်မာယာများ

<Unicode>
ကလပ်အုံအထိုင်နှင့် ကလပ်ပြားတို့၏ ပြစ်ချက်မာယာများကလပ်ပြားသည် ဆိုင်ကယ်၏ နောက်ဘီးရုန်းအားကို တိုက်ရိုက်ပို့ဆောင်ပေးသော

ကြားခံပစ္စည်းတစ်ခုဖြစ်သည်။ ဂီယာ (Gear Box) သည် ကလပ်ပြား၏ ဆွဲချိတ်ရုန်းကန်မှုအပေါ် ကုတ်အားပြောင်းလဲပေးသော ကြားခံဖြစ်သောကြောင့် ကလပ်ပြား ပျက်စီးနေခဲ့လျှင်ဂီယာဘောက် ကောင်းနေသော်လည်း အရုန်းအဆွဲကောင်းမည်မဟုတ်ပေ။ ကလပ်ပြားပျက်စီးရခြင်းအကြောင်းတရားများမှာ အရည်အသွေးနိမ့် အင်ဂျင်ဝိုင်များ ထည့်သွင်းအသုံးပြုခြင်းအင်ဂျင်ဝိုင်ကို သတ်မှတ်ကီလိုထက် ကျော်မောင်းခြင်း (သတ်မှတ်ကီလို ဆိုသည်မှာ အရည်အသွေးမြင့် အင်ဂျင်ဝိုင် အသုံးပြုထားသော ကားနှင့်ဆိုင်ကယ်တို့တွင် ကီလိုသုံးထောင်(kilo 3000)နှင့်အထက် အသုံးပြုခွင့်ပေးထားပြီး အရည်အသွေးနိမ့်သော အင်ဂျင်ဝိုင်ကိုလဲလှယ်အသုံးပြုမိပါက ကီလို ၁၀၀၀ ထက် ပိုမစီးသင့်ပေ။)

အင်ဂျင်ဝိုင်ပါဝါကျလာသည်နှင့်အမျှ အင်ဂျင်၏ အပူချိန်ကြောင့် အင်ဂျင်ဝိုင် ခမ်းခြောက်လာကာ သတ်မှတ်ဂိတ်ထက်လျော့နည်းပြီး ကလပ်ပြား ပွန်းစားမှုကို ပိုမိုဖြစ်ပေါ်စေသည်။ကလပ်ပြားကို ထိန်းသိမ်းထားသော ကလပ်ပြားအိမ်များသည် သတ္တုအုံများဖြစ်သောကြောင့်ကလပ်ပြားများ ပွန်းစားသည့်အခါ သတ္တုအုံများသည် ပတ်လည်အစင်းများ ဖြစ်ပေါ်လျက်မူလရှိနေရမည့် ထုထက် နိမ့်ကျကာ အင်ဂျင်၏ ပါဝါကို ပျောက်ဆုံးစေသည်။ ဝပ်ရှော့ပ်ဆရာများ အနေဖြင့် အထူးသတိပြုရမည်မှာ ကလပ်ပြားနှင့် အင်ဂျင်ဝိုင် မကောင်းလျှင်အင်ဂျင်၏ အပူချိန်သည် သာမန်ထက် မြင့်တက်နေခြင်း၊ ဆီစားခြင်း၊ ညှော်နံ့ထွက်ခြင်း၊ကစ်ချော်ခြင်း၊ အရုန်းအဆွဲကျဆင်းခြင်း စသည်တို့ ကြုံတွေ့လာခဲ့လျှင် အင်ဂျင်ရှေ့ခြမ်း၏ပြစ်ချက်နှင့် ကလပ်၏ လှည့်စားခြင်းတို့ကို သေချာစွာ ဝေခွဲဆုံးဖြတ်ပြီးမှသာ ပြုပြင်ပေးသင့်သည်။

ကလပ်ပြား ပွန်းစားလာမှုကြောင့် ကလပ်ကြားခံပြားနှင့် ကြောင်လိမ်၊ ကျောက်ပျဉ်၊ကလပ်ပြား၏ အထိုင်များ ပွန်းစားတတ်သည်။ ကလပ်ပြားလဲသည့်အခါတွင် အင်ဂျင်ဝိုင်စကာနှင့်ကလပ်ဘောများကိုလည်း ကောင်းမကောင်း စစ်ဆေးပြီးမှ ပြန်လည်အသုံးပြုသင့်သည်။

ကလပ်အုံ ဂျော်ကီပင်နယံ (ခိုပင်နယံအကြီး)နှင့် ပင်နယံအသေး လဲသည့်အခါ ကလပ်အုံသည် တစ်ဖက်သတ် free အနေအထား ဖြစ်ရမည့်အစား ခိုပင်နယံအကြီးမှ လှည့်သည့်အခါfree ဖြစ်မနေဘဲ တင်းကျပ်နေတတ်သည်။ ကလပ်အုံ၏ မိန်းနတ်ကိုလျှော့ပြီး လှည့်သည့်အခါပုံမှန်အတိုင်း တဖက်သတ်လှည့်ရနေပြန်သည်။ ၎င်းပြစ်ချက်သည် အသစ်ဝယ်ယူလာသောခိုပင်နယံအသေး၏ အတွင်းဘွက် တိုနေသော ပြစ်ချက်ကြောင့် ဖြစ်သည်။ ၎င်းလှည့်စားမှုကိုဖြေရှင်းရန်အတွက် ဂီယာဘောက် ကောင်တာရှပ်မှ ကီးလင်းပါရှာအသေးတစ်ကွင်းကိုကလပ်အုံနှင့် ခိုပင်နယံအသေးကြား ခုပေးလိုက်ရုံဖြင့် အဆင်ပြေသွားပေမည်။
ဆရာစွမ်းနိုင်

<Zawgyi>
ကလပ္အုံအထိုင္ႏွင့္ ကလပ္ျပားတို႔၏ ျပစ္ခ်က္မာယာမ်ားကလပ္ျပားသည္ ဆိုင္ကယ္၏ ေနာက္ဘီး႐ုန္းအားကို တိုက္႐ိုက္ပို႔ေဆာင္ေပးေသာ

ၾကားခံပစၥည္းတစ္ခုျဖစ္သည္။ ဂီယာ (Gear Box) သည္ ကလပ္ျပား၏ ဆြဲခ်ိတ္႐ုန္းကန္မႈအေပၚ ကုတ္အားေျပာင္းလဲေပးေသာ ၾကားခံျဖစ္ေသာေၾကာင့္ ကလပ္ျပား ပ်က္စီးေနခဲ့လွ်င္ဂီယာေဘာက္ ေကာင္းေနေသာ္လည္း အ႐ုန္းအဆြဲေကာင္းမည္မဟုတ္ေပ။ ကလပ္ျပားပ်က္စီးရျခင္းအေၾကာင္းတရားမ်ားမွာ အရည္အေသြးနိမ့္ အင္ဂ်င္ဝိုင္မ်ား ထည့္သြင္းအသုံးျပဳျခင္းအင္ဂ်င္ဝိုင္ကို သတ္မွတ္ကီလိုထက္ ေက်ာ္ေမာင္းျခင္း (သတ္မွတ္ကီလို ဆိုသည္မွာ အရည္အေသြးျမင့္ အင္ဂ်င္ဝိုင္ အသုံးျပဳထားေသာ ကားႏွင့္ဆိုင္ကယ္တို႔တြင္ ကီလိုသုံးေထာင္(kilo 3000)ႏွင့္အထက္ အသုံးျပဳခြင့္ေပးထားၿပီး အရည္အေသြးနိမ့္ေသာ အင္ဂ်င္ဝိုင္ကိုလဲလွယ္အသုံးျပဳမိပါက ကီလို ၁၀၀၀ ထက္ ပိုမစီးသင့္ေပ။)

အင္ဂ်င္ဝိုင္ပါဝါက်လာသည္ႏွင့္အမွ် အင္ဂ်င္၏ အပူခ်ိန္ေၾကာင့္ အင္ဂ်င္ဝိုင္ ခမ္းေျခာက္လာကာ သတ္မွတ္ဂိတ္ထက္ေလ်ာ့နည္းၿပီး ကလပ္ျပား ပြန္းစားမႈကို ပိုမိုျဖစ္ေပၚေစသည္။ကလပ္ျပားကို ထိန္းသိမ္းထားေသာ ကလပ္ျပားအိမ္မ်ားသည္ သတၱဳအုံမ်ားျဖစ္ေသာေၾကာင့္ကလပ္ျပားမ်ား ပြန္းစားသည့္အခါ သတၱဳအုံမ်ားသည္ ပတ္လည္အစင္းမ်ား ျဖစ္ေပၚလ်က္မူလရွိေနရမည့္ ထုထက္ နိမ့္က်ကာ အင္ဂ်င္၏ ပါဝါကို ေပ်ာက္ဆုံးေစသည္။ ဝပ္ေရွာ့ပ္ဆရာမ်ား အေနျဖင့္ အထူးသတိျပဳရမည္မွာ ကလပ္ျပားႏွင့္ အင္ဂ်င္ဝိုင္ မေကာင္းလွ်င္အင္ဂ်င္၏ အပူခ်ိန္သည္ သာမန္ထက္ ျမင့္တက္ေနျခင္း၊ ဆီစားျခင္း၊ ေညႇာ္နံ႔ထြက္ျခင္း၊ကစ္ေခ်ာ္ျခင္း၊ အ႐ုန္းအဆြဲက်ဆင္းျခင္း စသည္တို႔ ႀကဳံေတြ႕လာခဲ့လွ်င္ အင္ဂ်င္ေရွ႕ျခမ္း၏ျပစ္ခ်က္ႏွင့္ ကလပ္၏ လွည့္စားျခင္းတို႔ကို ေသခ်ာစြာ ေဝခြဲဆုံးျဖတ္ၿပီးမွသာ ျပဳျပင္ေပးသင့္သည္။

ကလပ္ျပား ပြန္းစားလာမႈေၾကာင့္ ကလပ္ၾကားခံျပားႏွင့္ ေၾကာင္လိမ္၊ ေက်ာက္ပ်ဉ္၊ကလပ္ျပား၏ အထိုင္မ်ား ပြန္းစားတတ္သည္။ ကလပ္ျပားလဲသည့္အခါတြင္ အင္ဂ်င္ဝိုင္စကာႏွင့္ကလပ္ေဘာမ်ားကိုလည္း ေကာင္းမေကာင္း စစ္ေဆးၿပီးမွ ျပန္လည္အသုံးျပဳသင့္သည္။

ကလပ္အုံ ေဂ်ာ္ကီပင္နယံ (ခိုပင္နယံအႀကီး)ႏွင့္ ပင္နယံအေသး လဲသည့္အခါ ကလပ္အုံသည္ တစ္ဖက္သတ္ free အေနအထား ျဖစ္ရမည့္အစား ခိုပင္နယံအႀကီးမွ လွည့္သည့္အခါfree ျဖစ္မေနဘဲ တင္းက်ပ္ေနတတ္သည္။ ကလပ္အုံ၏ မိန္းနတ္ကိုေလွ်ာ့ၿပီး လွည့္သည့္အခါပုံမွန္အတိုင္း တဖက္သတ္လွည့္ရေနျပန္သည္။ ၎ျပစ္ခ်က္သည္ အသစ္ဝယ္ယူလာေသာခိုပင္နယံအေသး၏ အတြင္းဘြက္ တိုေနေသာ ျပစ္ခ်က္ေၾကာင့္ ျဖစ္သည္။ ၎လွည့္စားမႈကိုေျဖရွင္းရန္အတြက္ ဂီယာေဘာက္ ေကာင္တာရွပ္မွ ကီးလင္းပါရွာအေသးတစ္ကြင္းကိုကလပ္အုံႏွင့္ ခိုပင္နယံအေသးၾကား ခုေပးလိုက္႐ုံျဖင့္ အဆင္ေျပသြားေပမည္။
ဆရာစြမ္းႏိုင္