ကြားခံ ဖောင်း

<Unicode>
စလစ် ပလောက်ဆက် ဖောင်း

ပလောက်ဆက်မှာရှိနေတဲ့ အင်ဂျင်စိုက်တံဖောင်းလေတွေဟာ အင်ဂျင်ရုန်းအားရဲ့ တုန်ခါမှုကိုထိန်းပေးတာကြောင့် အင်ဂျင်သက်တမ်းရှည်ခြင်းကိုလဲထိန်းပေးပါတယ်
အဲ့ဒါကြောင့်ပလောက်ဆက် စလစ်က ဖောင်းလေးတွေ မပါဖြစ် ပါရပါမယ် အရှေ့ပိုင်းကိုင်တဲ့အခါမှာ တစ်ချို့ ဝပ်ရှော့ဆရာတွေ ပြန်ထည့်မပေးတာတွေ ရှိတတ်ပါတယ် ဆိုင်ကယ်ပြုပြင်သူတွေအဖို့ ကိုယ့်ရဲ့နာမည် အလုပ်အကိုင်ရည်ရှည်ရပ်တည်စေဖို့အတွက် ပလောက်ဆက် စလစ်ဖောင်းလေးတွေ မပါလာခဲ့ရင် ထည့်ဖြစ်အောင်ထည့်ပေးဖို့လိုပါတယ်

ဟတ်ဆက် ဖောင်း 
ဟတ်ဆက်ဖောင်းလေးတွေက တချို့ဝပ်လျှော့ဆရာတို့ ရမ်းကုတို့ ပြုပြင်တဲ့အခါမျိုးတွေမှာ ဖောင်းတွေ မေ့ကျန်ခဲ့တာမျိုးတွေရှိပါတယ် ဟတ်ဆက်ဖောင်းရဲ့ မပါခြင်းဆိုကျိုးကတော့ ဂတ်စဂတ်ပေါက်တာတွေဖြစ်စေနိုင်ပါတယ်
အကယ်၍ ပြုပြင်သူဟာ နယ်ကဝပ်လျှော့ဆရာ ပစ္စည်းဖောင်းဝယ်ရ အဆင်မပြေ ဖြစ်တယ်ဆိုရင် ဟတ် လေးပေါက်ဂတ်စဂတ်ကို 2ချက်ခံပေးလိုက်ပါခင်ဗျ အဆင်ပြေသွားပါလိမ့်မယ်

အဓိက မိန်းကတော့ ပလောက်ဆက် စလစ်မှာ ဖောင်းထည့်ဖို့ မမေ့သင့်ပါဗျ

စာအရေးအသားမကြွယ်ဝတာကြောင့် လိုရင်ဖြည့်တွေးပေးပါဗျ 

<Zawgyi>
စလစ် ပလောက်ဆက် ဖောင်း


ဟတ်ဆက် ဖောင်း 

