အင်ဂျင်ဝိုင်

<Unicode>


*အင်ဂျင်ဝိုင်က ပျစ်သေးတယ် သုံးလို့ရသေးတယ်မလဲနဲ့ဦး။

ဒါက ဒုတိယလိုက်မယ့်ပြသနာတစ်ခုလို့ထင်မိပါတယ်။အင်ဂျင်ဝိုင်ဆိုပျစ်မှ ဘိုးရင်းဆို ကျပ်မှ ချိန်းဆီဆိုရွှဲမှ  
ဒီလိုအတွေးအခေါ်တွေကြား ကျွန်နော်တို့အတော်ကြာ
အောင်ကြီးပြင်းခဲ့ကြတာပါ။ ဘာလို့အပျစ်အင်ဂျင်ဝိုင်ကိုကြိုက်တာလဲ။ အင်ဂျင်ဝိုင်အကြောင်းကို အတော်များများရေးကြလို့ သိပြီးကြပြီထင်မိပါတယ်။
နည်းနည်းတော့ပြန်အစကောက်ပါ့မယ်။ အင်ဂျင်ဝိုင်မှာ တွင်းထွက်စစ်စစ် (mineral base) ပြီးတော့ 
တဝက်တပျက် ဓါတုရောစနစ် (simi-synthetic )နဲ့ ဓါတုချောဆီစစ်စစ် (fully -synthetic)ဆိုပြီးသုံးမျိုးထွက်ပါတယ်။ တွင်းထွက်ရေနံကိုအခြေခံထားတဲ့ အင်ဂျင်ဝိုင်ဟာ ဖယောင်းပါဝင်မူများလွန်းတာကြောင့် ခမ်းခြောက်
မြန်ခြင်းနဲ့ အနယ်ကျခြင်းအလွန်ဖြစ်ပါတယ်။ဒါ့အပြင်ကို တွင်းထွက်ဖြစ်တဲ့အတွက် မော်လီကျူးလေးတွေ
မညီမညာ ဖြစ်နေတာကြောင့်လဲ ကြာကြာ အသုံးမခံတဲ့ အင်ဂျင်ဝိုင်အမျိုးအစားထဲမှာပါပါတယ်။နောက်တစ်ခုက ဓါတုဗေဒ တဝက် တွင်းထွက်တဝက် ရောစပ်ထားတဲ့ အင်ဂျင်ဝိုင်ပါ။ semi-synthetic လို့ခေါ်ပြီး တွင်းထွက် အင်ဂျင်ဝိုင်ထက်တော့ စျေးလဲများအရည်သွေးလဲ 
ပိုမိုကောင်းလာပါတယ် ။အငွေ့ပျံအနည်ကျမူနှုံးတွေ 
လျော့လာပြီးတော့ အလယ်လတ်တန်းစား
အင်ဂျင်ဝိုင်တစ်မျိုးပါ။နောက်တစ်မျိုးကတော့ အပြည့်အဝဓါတုဗေဒ စစ်စစ် ဖြစ်တဲ့ fully -synthetic အမျိုးအစားပါ။ 100ရာခိုင်နူန်း လူလုပ်အင်ဂျင်ဝိုင်ဖြစ်လို့ 
မော်လီကျူးတွေညီညာပါတယ်။အငွေ့ပျံအနည်ကျမူမရှိသလောက်ဖြစ်လာပြီးတော့ စျေးကလဲများပါတယ်။
ဟုတ်ပြီ ဒီလောက်သိရင်ကို ရှေ့ဆက်ကြရတော့မယ်။
ဆိုင်ကယ်မှာ ကားတွေလို အင်ဂျင် ဂီယာဘောက်စ် နဲ့
ကလပ်ဘောက်စ် က မခွဲခြားထားပါဘူး။
ကားတွေမှာတော့ အင်ဂျင်တမျိုးထဲအတွက်အင်ဂျင်ဝိုင်သီးသန့်သုံးရတဲ့အခါ mineral based လိုအင်ဂျင်ဝိုင်ကိုတောင်မိုင်သုံးထောင် အသုံးခံနိုင်ပါတယ်။
ဆိုင်ကယ်ကိုလဲကားအင်ဂျင်ဝိုင်ထည့်လို့မရတာအဲ့ဒါကြောင့်ပါ။
ဆိုင်ကယ်မှာပြသနာတွေအများသားပါ။ 
ဖြစ်နိုင်ရင်မိုင်ထက် အလုပ်လုပ်တဲ့အချိန်(working
hours)နဲ့တွက်ရင်ပိုတိကျပိုကောင်းပါလိမ့်မယ်။ 
အင်ဂျင် ထဲမှာပဲ အင်ဂျင်အတွက်ချောဆီကိုရော wet clutch လို့ခေါ်တဲ့ ကလပ်အုံအစိုအတွက်ချောဆီကိုရော ဂီယာဘောက်အတွက်ချောဆီကိုရော ရောနှောပြီး 
အင်ဂျင်ဝိုင်တစ်မျိုးထဲနဲ့ သုံးပေးထားတာပါ။
ဟုတ်ပြီ ပွန်းစားမူကိုလျှော့ချဖို့ အင်ဂျင်က 
အပူကိုရွေ့လျားလျှော့ချနိုင်ဖို့ သုံးထားတဲ့အင်ဂျင်ဝိုင်ဟာ ဂီယာဘောက်စ်က ပွန်းစင် လာတဲ့ သံမှုံအစအနတွေ ကလပ်အုံ ကလပ်ပြားတွေက ပွန်းပဲ့ကြွေကျလာတဲ့ 
အမှုန်အမွှားတွေနဲ့အင်ဂျင်ဝိုင်ဟာ ညစ်လာ
 ပျစ်လာပါတယ်။ oil filter ပါတဲ့ ဆိုင်ကယ်တွေမှာတော့ filter ထဲမှာ အညစ်အကြေးတွေကို စစ် ထုတ်ပေးပါ
တယ်။ အညစ်အကြေးတွေပိတ်ဆို့လာတဲ့အခါ စစ်ထုတ်နိုင်တာထက်ပိုမိုပျစ်စေးလာတဲ့အခါ အင်ဂျင်ဝိုင်ဟာ လဲကိုလဲရတော့မယ့်အနေအထားဖြစ်သွားပါတယ်။ 
ပျစ်သေးတယ် မလဲနဲ့ဦးလို့ ပြောတယ်ဆိုတာ mineral-base အင်ဂျင်ဝိုင်တွေကိုပဲအသုံးများကြတဲ့
ဒေသမို့လဲဖြစ်ပါလိမ့််မယ်။တွင်းထွက်တွေမို့ 
ပူလိုက်အေးလိုက်နဲ့ ကြိုနေသလိုဖြစ်နေတဲ့အခါ 
အနယ်ကျလာပါတယ်။ ပျစ်စေးမယ့်မော်လီကျူးတွေဟာ မညီညာတာတွေကြောင့် ပြတ်သတ်ကုန်ပါတယ်။ယ မကြာခင်မှာဖယောင်းဂျိုးအဖြစ်နဲ့အနယ်ကျတဲ့အခါ 
အပေါ်ဆီဟာ အရည်ကျဲဖြစ်ကျန်တတ်ပါတယ်။ 
ဒါ့ကြောင့် ပျစ်သေးတယ်ဆိုရင် မလဲပဲရသေးတယ်လို့
ပြောချင်တဲ့သဘောပါ။ ဟုတ်ပြီအဲ့သည့်အပေါစား
 အင်ဂျင်ဝိုင်တွေကိုပဲ တာတို ဟိုနားသည်နား ဟိတောင်တက်ချိန်မရအောင်(အကြိုမခံရ) အာင်စီးတဲ့ဆိုင်ကယ်မျိုးတွေမှာ အရည်ကျဲ ဖြစ်ဖို့အခွင့်လမ်းမရှိတော့ပါဘူး။ဟိုနားသည်နားသာစီးတာပါ။ ကလပ်ပြားကတော့ကြွေမှာပါပဲ။အဲ့လိုဆိုင်ကယ်တွေရဲ့အင်ဂျင်ဝိုင်ဟာ 
တစ်နှစ်ကျော်ထိမခမ်းပဲ မကျဲသွားပဲရှိနေတတ်ပါတယ်။ဒါမျိုးကို ပျစ်သေးလို့မလဲနဲ့လို့ပြောမယ်ဆို 
ငါးပါးတင်မဟုတ်သံဃာစင်ပါမှောက်ပါလေရော။
ဘယ်လိုအနေအထားမျိုးမှာ အင်ဂျင်ဝိုင်လဲသင့်သလဲ working hour ကို နာရီနဲ့မှတ်သလိုထိရောက်တဲ့
နည်းလမ်းတစ်ခုက စီးနင်းပြီးတဲ့ကီလိုမီတာနဲ့မှတ်တာပါပဲ။တွင်းထွက်(အပေါစား)အင်ဂျင်ဝိုင်ကိုသုံးမယ်ဆိုရင်
တော့ မကြာခဏလဲလှယ်ပေးသင့်တာသဘာဝပါပဲ။
အင်ဂျင်ဝိုင်လဲတော့မယ်ဆိုရင် တောလမ်းစီးလား ကယ်ရီဆွဲတာလား အတိုအပါး သွားတဲ့သူလား 
ဟိုင်းဝေးမောင်းနေကျလူလား အနေအထားကိုကြည့်ပြီးမှ သူမောင်းနေကျပုံစံနဲ့ လိုက်ဖက်မယ့်အင်ဂျင်ဝိုင်ကို 
ရွေးချယ်ပေးပြီး သတ်မှတ်ကီလိုကို သတ်မှတ်ပေးရမှာ
 ပြင်ဆရာတွေရဲ့တာဝန်ပါ။ အင်ဂျင်ဝိုင် ဂိတ်မှီရဲ့လား 
|ခမ်းလားလျော့လား |အင်ဂျင်ဝိုင်ဟာ ညစ်မဲမဲနဲ့ 
ပျစ်နေတာလား ဒါတွေကိုစစ်ဆေးပြီးမှ လဲဖယ်သင့်ပါ
တယ်။နားဝင်အောင်ရှင်းပြပါ။ ပျစ်တိုင်းသုံးမယ်ဆို 
အင်ဂျင်ဝိုင်ပေါက်တွေပိတ်တဲ့အထိ ဒုက္ခပေးတတ်ပါ
တယ်။စင်ထွီဖြူဂယ် ပန့်စနစ်ပါတဲ့ ဆိုင်ကယ်တွေမှာဆို ပန့်အခြေမှာအခဲလိုက်ဖယောင်းဂျိုးတွေကျနေတတ်ပါတယ်။ ဒါကြောင့်စင်ထွီဖြူဂယ်စနစ် စကူတာဘီးတွေမှာ အပေါစားအင်ဂျင်ဝိုင်သုံးမယ်ဆို ခဏလေးနဲ့ 
ကွန်နတင်းဒုက္ခပေးတတ်တာပါ။ fully-synthetic တွေဟာ ပျစ်စေးနေတဲ့အင်ဂျင်ဝိုင်အဖြစ်မလာတတ်ပါဘူး။ ပေါ့ပေါ့ပါးပါး ဘယ်ရင်တွေ ကြိုကြားဝင်ရမယ့် ဒီဆီကို လာပြီး လက်ကလေးနဲ့ပွတ်ကြည့်ပြီး မင်းဘီးကြီးကလဲကွာ ဆီတွေကျဲနေတာမလဲသေးဘူးလားလို့မေးရင်တော့ နီးစပ်ရာ လျှော့ဘားပိုက်နဲ့ အဆိုပါမျက်ခွက်အား ကန့်လန့်ဖြတ်ရိုက်လိုက်မှာသာဖြစ်ပါကြောင်း ။အင်ဂျင်ဝိုင်ပျစ်လို့ မလဲနဲ့ဦးဆိုသည့် စကားအားချေဖျက်ပေးလိုက်ပါသည်ညီအကိုတို့ရေ…………
နောက်တစ်ခုက ချိန်းဆီကို ရွှဲရွှဲထိုးနော် အသံမထွက်
အောင် ဆိုတဲ့စကားပါ။ချိန်းဟာ အန္တရာယ်အများဆုံး 
ပစ္စည်းပါပဲ အင်ဂျင်ကနေ နောက်ဘီးကိုလှည့်တဲ့စနစ် သုံးမျိုးရှိပါတယ်။ ချိန်း စနစ် ဘတ်ကြိုးစနစ်နဲ့ ကရောင်းစနစ်ပါ။power lose အနည်းဆုံး (အင်ဂျင်မှာမြင်းကောင်ရေတစ်ရာထွက်ရင်နောက်ဘီးမှာ98ကောင်ထိ ထွက်တာ) ချိန်းစနစ်မှာပဲရှိတာပါ။ တခြားကောင်တွေက ပါဝါဆုံးရှုံးမှုကြီးမားပါတယ်။အန္တရာယ်အများဆုံးကလဲချိန်းစနစ်ပါပဲ။ပြတ်ထွက်ရင် အသက်အန္တရာယ်အထိ ထိခိုက်တတ်ပါတယ်။ ဆူညံသံလဲအထွက်ဆုံးပါပဲ ဒါပေမယ့် ပါဝါဆုံးရှုံးမူနည်းတာရယ် ဝန်တာကျဉ်းတာရယ်ကြောင့် ချိန်းစနစ်ကိုလူကြိုက်များနေရတာပါ။ ချိန်းစနစ်ဟာ အားသာချက်တွေရှိသလိုပဲ ပြုပြင်ထိမ်းသိန်းမူကလဲအရေကြီးပါတယ်။ 
ချိန်းဟာ အပူတက်တဲ့အတွက် ဆီအမြန်ခမ်းခြောက်
လွယ်ပါတယ် ဒါပေမယ့်သူ့ကိုဆီပြန်ထိုးတဲ့အခါ ကျဲကျဲနဲ့ အလွယ်တကူပျံ့နှံ့ဝင်ရောက်မယ့် ဆီမျိုးကိုပဲသုံးသင့်ပါတယ်။ မောင်းရင်းကပ်လာမယ့် သဲနဲ့အမှုံတွေကို 
ကပ်မနေစေပဲ ခါထုတ်လိုက်နိုင်မှ ချိန်းနဲ့ဂီယာရဲ့
သက်တမ်းက ပိုမိုအသုံးခံစေမှာပါ။ဘီးကြီးတွေမှာတော့ ချိန်းဆစ်တစ်ဆက်စီတိုင်းမှာအမဲဆီထိုးပေးထားပြီး o ring လေးတွေနဲ့ ဖိ တပ်ထားပါတယ် အသံလဲငြိမ်စေ ရေလဲမဝင်စေအောင်ပေါ့လေ။တစ်ခါစီးတစ်ခါပြန်လာတိုင်းချိန်မှာပါတဲ့အညစ်အကြေးကို ပျော်ကျစေတဲ့ ချိန်းဆေးဘူးလေးတွေသုံးပြီးဖြန်းဆေး ရေနဲ့အပြောင်ဆေးချပြီး အဝတ်နဲ့အခြောက်သုတ် ပြီးမှ ဆီကျဲကျဲလေးကို 
ချိန်းဆက် အပြားလေးတွေကို ဖြန်းပြီးဆီထိုးရတာပါ။ ကျုပ်တို့မြန်မာပြည်မှာအင်ဂျင်ဝိုင်အကျကို ချိန်းဆီ
အဖြစ် သုံးပြီးတော့ ပျစ်စေး မဲရွှဲနေအောင် ဆီထိုးပါ
တော့တယ်။ တခါခါကျ နောက်ဂွေပေါ်ဆီတွေရွှဲကျတဲ့အထိ ကိုထိုးတာပါ။
ကပ်လာမယ့် သဲနဲ့ ဖုန်ကိုမခါထုတ်နိုင်တာကြောင့်  
တစဉ်းစားသလို စပေါ့ကက်ဂီယာသွားတွေချွန်ကုန်ပါ
တယ် ချိန်းလင့်တွေကျယ်ကုန်ပါတယ်။ချိန်းဆေးဖို့ဝေးစွကျုပ်ကတော့ အဲ့လိုချိန်းမျိုးဖြတ်ပေးရမှာတောင်
ကြောက်မိတယ်။လက်ကိုပြောင်အောင်အတော်ဆေးယူလိုက်ရတယ်။ ပိုင်ရှင်က ဆီရွှဲရွှဲထည့်ခိုင်းရင်နားလည်
အောင်ရှင်းပြပြီး အကုန်ဖြုတ် ဒီဇယ်နဲ့စိမ်ပြီးဆေးတယ် နောက်ဓါတ်ဆီနဲ့ဆေးတယ် နောက်ရေနဲ့ဆပ်ပြာမူန့်နဲ့ အပြောင်ဆေးတယ်။အဲ့လိုဆေးပြီးမှ ချိန်းလေးတင်းပြီးစီးခိုင်းတယ် သေချာတာတော့ နောက်တကြိမ်ချိန်းတင်းဖို့တောင်အတော်အစီးခံတယ်။ကွန်တိန်နာကျ 
ဆိုင်ကယ်တွေကီလို လေးငါးသောင်းအထိအော်စပေါ့
ကက်နဲ့ချိန်းကျန်နေတာသတိထားမိကြမယ့်ထင်ပါ
တယ်။ မြန်မာမြေကယိုးဒယားဘီးလေးတွေကတော့ 
အထက်က ဆီရွှဲမူတွေကြောင့် ကီလိုနှစ်သောင်းကျော်ပြီဆို အော်စပေါ့ကက်နဲ့ချိန်း လဲလိုက်ရတာပါပဲ။ ချိန်းဆီရွှဲရွှဲလေးထိုးပါပြောလာရင် ပိုင်ရှင်နားလည်အောင်ရှင်း
ပြပေးလိုက်ပါတယ်။ကိုယ်ညစ်ပါတ်ပေမယ့်လဲ 
ဘယ်လောက်ကြာကြာအပြောင်ဆေးပေးပြီးမှ ချိန်းပြန်တပ်ပေးဆီထိုးပေးတာပါ။
နောက်နေ့နောက်ခေါင်းစဉ်လေးတွေဆက်တာပေါ့ဗျာ။

အားလုံးပဲ ဆိုင်ကယ်ဗဟုသုတပြည့်ဝကြပါစေ။
ကျွန်တော် ရဲရင့်သာဝေပိုင်ပါ။

<Zawgyi>


*အင္ဂ်င္ဝိုင္က ပ်စ္ေသးတယ္ သုံးလို႔ရေသးတယ္မလဲနဲ႔ဦး။

ဒါက ဒုတိယလိုက္မယ့္ျပသနာတစ္ခုလို႔ထင္မိပါတယ္။အင္ဂ်င္ဝိုင္ဆိုပ်စ္မွ ဘိုးရင္းဆို က်ပ္မွ ခ်ိန္းဆီဆိုရႊဲမွ  
ဒီလိုအေတြးအေခၚေတြၾကား ကြၽန္ေနာ္တို႔အေတာ္ၾကာ
ေအာင္ႀကီးျပင္းခဲ့ၾကတာပါ။ ဘာလို႔အပ်စ္အင္ဂ်င္ဝိုင္ကိုႀကိဳက္တာလဲ။ အင္ဂ်င္ဝိုင္အေၾကာင္းကို အေတာ္မ်ားမ်ားေရးၾကလို႔ သိၿပီးၾကၿပီထင္မိပါတယ္။
နည္းနည္းေတာ့ျပန္အစေကာက္ပါ႔မယ္။ အင္ဂ်င္ဝိုင္မွာ တြင္းထြက္စစ္စစ္ (mineral base) ၿပီးေတာ့ 
တဝက္တပ်က္ ဓါတုေရာစနစ္ (simi-synthetic )နဲ႔ ဓါတုေခ်ာဆီစစ္စစ္ (fully -synthetic)ဆိုၿပီးသုံးမ်ိဳးထြက္ပါတယ္။ တြင္းထြက္ေရနံကိုအေျခခံထားတဲ့ အင္ဂ်င္ဝိုင္ဟာ ဖေယာင္းပါဝင္မူမ်ားလြန္းတာေၾကာင့္ ခမ္းေျခာက္
ျမန္ျခင္းနဲ႔ အနယ္က်ျခင္းအလြန္ျဖစ္ပါတယ္။ဒါ႔အျပင္ကို တြင္းထြက္ျဖစ္တဲ့အတြက္ ေမာ္လီက်ဴးေလးေတြ
မညီမညာ ျဖစ္ေနတာေၾကာင့္လဲ ၾကာၾကာ အသုံးမခံတဲ့ အင္ဂ်င္ဝိုင္အမ်ိဳးအစားထဲမွာပါပါတယ္။ေနာက္တစ္ခုက ဓါတုေဗဒ တဝက္ တြင္းထြက္တဝက္ ေရာစပ္ထားတဲ့ အင္ဂ်င္ဝိုင္ပါ။ semi-synthetic လို႔ေခၚၿပီး တြင္းထြက္ အင္ဂ်င္ဝိုင္ထက္ေတာ့ ေစ်းလဲမ်ားအရည္ေသြးလဲ 
ပိုမိုေကာင္းလာပါတယ္ ။အေငြ႕ပ်ံအနည္က်မူႏႈံးေတြ 
ေလ်ာ့လာၿပီးေတာ့ အလယ္လတ္တန္းစား
အင္ဂ်င္ဝိုင္တစ္မ်ိဳးပါ။ေနာက္တစ္မ်ိဳးကေတာ့ အျပည့္အဝဓါတုေဗဒ စစ္စစ္ ျဖစ္တဲ့ fully -synthetic အမ်ိဳးအစားပါ။ 100ရာခိုင္ႏူန္း လူလုပ္အင္ဂ်င္ဝိုင္ျဖစ္လို႔ 
ေမာ္လီက်ဴးေတြညီညာပါတယ္။အေငြ႕ပ်ံအနည္က်မူမရွိသေလာက္ျဖစ္လာၿပီးေတာ့ ေစ်းကလဲမ်ားပါတယ္။
ဟုတ္ၿပီ ဒီေလာက္သိရင္ကို ေရွ႕ဆက္ၾကရေတာ့မယ္။
ဆိုင္ကယ္မွာ ကားေတြလို အင္ဂ်င္ ဂီယာေဘာက္စ္ နဲ႔
ကလပ္ေဘာက္စ္ က မခြဲျခားထားပါဘူး။
ကားေတြမွာေတာ့ အင္ဂ်င္တမ်ိဳးထဲအတြက္အင္ဂ်င္ဝိုင္သီးသန္႔သုံးရတဲ့အခါ mineral based လိုအင္ဂ်င္ဝိုင္ကိုေတာင္မိုင္သုံးေထာင္ အသုံးခံႏိုင္ပါတယ္။
ဆိုင္ကယ္ကိုလဲကားအင္ဂ်င္ဝိုင္ထည့္လို႔မရတာအဲ့ဒါေၾကာင့္ပါ။
ဆိုင္ကယ္မွာျပသနာေတြအမ်ားသားပါ။ 
ျဖစ္ႏိုင္ရင္မိုင္ထက္ အလုပ္လုပ္တဲ့အခ်ိန္(working
hours)နဲ႔တြက္ရင္ပိုတိက်ပိုေကာင္းပါလိမ့္မယ္။ 
အင္ဂ်င္ ထဲမွာပဲ အင္ဂ်င္အတြက္ေခ်ာဆီကိုေရာ wet clutch လို႔ေခၚတဲ့ ကလပ္အုံအစိုအတြက္ေခ်ာဆီကိုေရာ ဂီယာေဘာက္အတြက္ေခ်ာဆီကိုေရာ ေရာေႏွာၿပီး 
အင္ဂ်င္ဝိုင္တစ္မ်ိဳးထဲနဲ႔ သုံးေပးထားတာပါ။
ဟုတ္ၿပီ ပြန္းစားမူကိုေလွ်ာ့ခ်ဖို႔ အင္ဂ်င္က 
အပူကိုေရြ႕လ်ားေလွ်ာ့ခ်ႏိုင္ဖို႔ သုံးထားတဲ့အင္ဂ်င္ဝိုင္ဟာ ဂီယာေဘာက္စ္က ပြန္းစင္ လာတဲ့ သံမႈံအစအနေတြ ကလပ္အုံ ကလပ္ျပားေတြက ပြန္းပဲ့ေႂကြက်လာတဲ့ 
အမႈန္အမႊားေတြနဲ႔အင္ဂ်င္ဝိုင္ဟာ ညစ္လာ
 ပ်စ္လာပါတယ္။ oil filter ပါတဲ့ ဆိုင္ကယ္ေတြမွာေတာ့ filter ထဲမွာ အညစ္အေၾကးေတြကို စစ္ ထုတ္ေပးပါ
တယ္။ အညစ္အေၾကးေတြပိတ္ဆို႔လာတဲ့အခါ စစ္ထုတ္ႏိုင္တာထက္ပိုမိုပ်စ္ေစးလာတဲ့အခါ အင္ဂ်င္ဝိုင္ဟာ လဲကိုလဲရေတာ့မယ့္အေနအထားျဖစ္သြားပါတယ္။ 
ပ်စ္ေသးတယ္ မလဲနဲ႔ဦးလို႔ ေျပာတယ္ဆိုတာ mineral-base အင္ဂ်င္ဝိုင္ေတြကိုပဲအသုံးမ်ားၾကတဲ့
ေဒသမို႔လဲျဖစ္ပါလိမ့္္မယ္။တြင္းထြက္ေတြမို႔ 
ပူလိုက္ေအးလိုက္နဲ႔ ႀကိဳေနသလိုျဖစ္ေနတဲ့အခါ 
အနယ္က်လာပါတယ္။ ပ်စ္ေစးမယ့္ေမာ္လီက်ဴးေတြဟာ မညီညာတာေတြေၾကာင့္ ျပတ္သတ္ကုန္ပါတယ္။ယ မၾကာခင္မွာဖေယာင္းဂ်ိဳးအျဖစ္နဲ႔အနယ္က်တဲ့အခါ 
အေပၚဆီဟာ အရည္က်ဲျဖစ္က်န္တတ္ပါတယ္။ 
ဒါ႔ေၾကာင့္ ပ်စ္ေသးတယ္ဆိုရင္ မလဲပဲရေသးတယ္လို႔
ေျပာခ်င္တဲ့သေဘာပါ။ ဟုတ္ၿပီအဲ့သည့္အေပါစား
 အင္ဂ်င္ဝိုင္ေတြကိုပဲ တာတို ဟိုနားသည္နား ဟိေတာင္တက္ခ်ိန္မရေအာင္(အႀကိဳမခံရ) အာင္စီးတဲ့ဆိုင္ကယ္မ်ိဳးေတြမွာ အရည္က်ဲ ျဖစ္ဖို႔အခြင့္လမ္းမရွိေတာ့ပါဘူး။ဟိုနားသည္နားသာစီးတာပါ။ ကလပ္ျပားကေတာ့ေႂကြမွာပါပဲ။အဲ့လိုဆိုင္ကယ္ေတြရဲ႕အင္ဂ်င္ဝိုင္ဟာ 
တစ္ႏွစ္ေက်ာ္ထိမခမ္းပဲ မက်ဲသြားပဲရွိေနတတ္ပါတယ္။ဒါမ်ိဳးကို ပ်စ္ေသးလို႔မလဲနဲ႔လို႔ေျပာမယ္ဆို 
ငါးပါးတင္မဟုတ္သံဃာစင္ပါေမွာက္ပါေလေရာ။
ဘယ္လိုအေနအထားမ်ိဳးမွာ အင္ဂ်င္ဝိုင္လဲသင့္သလဲ working hour ကို နာရီနဲ႔မွတ္သလိုထိေရာက္တဲ့
နည္းလမ္းတစ္ခုက စီးနင္းၿပီးတဲ့ကီလိုမီတာနဲ႔မွတ္တာပါပဲ။တြင္းထြက္(အေပါစား)အင္ဂ်င္ဝိုင္ကိုသုံးမယ္ဆိုရင္
ေတာ့ မၾကာခဏလဲလွယ္ေပးသင့္တာသဘာဝပါပဲ။
အင္ဂ်င္ဝိုင္လဲေတာ့မယ္ဆိုရင္ ေတာလမ္းစီးလား ကယ္ရီဆြဲတာလား အတိုအပါး သြားတဲ့သူလား 
ဟိုင္းေဝးေမာင္းေနက်လူလား အေနအထားကိုၾကည့္ၿပီးမွ သူေမာင္းေနက်ပုံစံနဲ႔ လိုက္ဖက္မယ့္အင္ဂ်င္ဝိုင္ကို 
ေရြးခ်ယ္ေပးၿပီး သတ္မွတ္ကီလိုကို သတ္မွတ္ေပးရမွာ
 ျပင္ဆရာေတြရဲ႕တာဝန္ပါ။ အင္ဂ်င္ဝိုင္ ဂိတ္မွီရဲ႕လား 
|ခမ္းလားေလ်ာ့လား |အင္ဂ်င္ဝိုင္ဟာ ညစ္မဲမဲနဲ႔ 
ပ်စ္ေနတာလား ဒါေတြကိုစစ္ေဆးၿပီးမွ လဲဖယ္သင့္ပါ
တယ္။နားဝင္ေအာင္ရွင္းျပပါ။ ပ်စ္တိုင္းသုံးမယ္ဆို 
အင္ဂ်င္ဝိုင္ေပါက္ေတြပိတ္တဲ့အထိ ဒုကၡေပးတတ္ပါ
တယ္။စင္ထြီျဖဴဂယ္ ပန္႔စနစ္ပါတဲ့ ဆိုင္ကယ္ေတြမွာဆို ပန္႔အေျခမွာအခဲလိုက္ဖေယာင္းဂ်ိဳးေတြက်ေနတတ္ပါတယ္။ ဒါေၾကာင့္စင္ထြီျဖဴဂယ္စနစ္ စကူတာဘီးေတြမွာ အေပါစားအင္ဂ်င္ဝိုင္သုံးမယ္ဆို ခဏေလးနဲ႔ 
ကြန္နတင္းဒုကၡေပးတတ္တာပါ။ fully-synthetic ေတြဟာ ပ်စ္ေစးေနတဲ့အင္ဂ်င္ဝိုင္အျဖစ္မလာတတ္ပါဘူး။ ေပါ႔ေပါ႔ပါးပါး ဘယ္ရင္ေတြ ႀကိဳၾကားဝင္ရမယ့္ ဒီဆီကို လာၿပီး လက္ကေလးနဲ႔ပြတ္ၾကည့္ၿပီး မင္းဘီးႀကီးကလဲကြာ ဆီေတြက်ဲေနတာမလဲေသးဘူးလားလို႔ေမးရင္ေတာ့ နီးစပ္ရာ ေလွ်ာ့ဘားပိုက္နဲ႔ အဆိုပါမ်က္ခြက္အား ကန္႔လန္႔ျဖတ္႐ိုက္လိုက္မွာသာျဖစ္ပါေၾကာင္း ။အင္ဂ်င္ဝိုင္ပ်စ္လို႔ မလဲနဲ႔ဦးဆိုသည့္ စကားအားေခ်ဖ်က္ေပးလိုက္ပါသည္ညီအကိုတို႔ေရ…………
ေနာက္တစ္ခုက ခ်ိန္းဆီကို ရႊဲရႊဲထိုးေနာ္ အသံမထြက္
ေအာင္ ဆိုတဲ့စကားပါ။ခ်ိန္းဟာ အႏၲရာယ္အမ်ားဆုံး 
ပစၥည္းပါပဲ အင္ဂ်င္ကေန ေနာက္ဘီးကိုလွည့္တဲ့စနစ္ သုံးမ်ိဳးရွိပါတယ္။ ခ်ိန္း စနစ္ ဘတ္ႀကိဳးစနစ္နဲ႔ ကေရာင္းစနစ္ပါ။power lose အနည္းဆုံး (အင္ဂ်င္မွာျမင္းေကာင္ေရတစ္ရာထြက္ရင္ေနာက္ဘီးမွာ98ေကာင္ထိ ထြက္တာ) ခ်ိန္းစနစ္မွာပဲရွိတာပါ။ တျခားေကာင္ေတြက ပါဝါဆုံးရႈံးမႈႀကီးမားပါတယ္။အႏၲရာယ္အမ်ားဆုံးကလဲခ်ိန္းစနစ္ပါပဲ။ျပတ္ထြက္ရင္ အသက္အႏၲရာယ္အထိ ထိခိုက္တတ္ပါတယ္။ ဆူညံသံလဲအထြက္ဆုံးပါပဲ ဒါေပမယ့္ ပါဝါဆုံးရႈံးမူနည္းတာရယ္ ဝန္တာက်ဉ္းတာရယ္ေၾကာင့္ ခ်ိန္းစနစ္ကိုလူႀကိဳက္မ်ားေနရတာပါ။ ခ်ိန္းစနစ္ဟာ အားသာခ်က္ေတြရွိသလိုပဲ ျပဳျပင္ထိမ္းသိန္းမူကလဲအေရႀကီးပါတယ္။ 
ခ်ိန္းဟာ အပူတက္တဲ့အတြက္ ဆီအျမန္ခမ္းေျခာက္
လြယ္ပါတယ္ ဒါေပမယ့္သူ့ကိုဆီျပန္ထိုးတဲ့အခါ က်ဲက်ဲနဲ႔ အလြယ္တကူပ်ံ႕ႏွံ႔ဝင္ေရာက္မယ့္ ဆီမ်ိဳးကိုပဲသုံးသင့္ပါတယ္။ ေမာင္းရင္းကပ္လာမယ့္ သဲနဲ႔အမႈံေတြကို 
ကပ္မေနေစပဲ ခါထုတ္လိုက္ႏိုင္မွ ခ်ိန္းနဲ႔ဂီယာရဲ႕
သက္တမ္းက ပိုမိုအသုံးခံေစမွာပါ။ဘီးႀကီးေတြမွာေတာ့ ခ်ိန္းဆစ္တစ္ဆက္စီတိုင္းမွာအမဲဆီထိုးေပးထားၿပီး o ring ေလးေတြနဲ႔ ဖိ တပ္ထားပါတယ္ အသံလဲၿငိမ္ေစ ေရလဲမဝင္ေစေအာင္ေပါ႔ေလ။တစ္ခါစီးတစ္ခါျပန္လာတိုင္းခ်ိန္မွာပါတဲ့အညစ္အေၾကးကို ေပ်ာ္က်ေစတဲ့ ခ်ိန္းေဆးဘူးေလးေတြသုံးၿပီးျဖန္းေဆး ေရနဲ႔အေျပာင္ေဆးခ်ၿပီး အဝတ္နဲ႔အေျခာက္သုတ္ ၿပီးမွ ဆီက်ဲက်ဲေလးကို 
ခ်ိန္းဆက္ အျပားေလးေတြကို ျဖန္းၿပီးဆီထိုးရတာပါ။ က်ဳပ္တို႔ျမန္မာျပည္မွာအင္ဂ်င္ဝိုင္အက်ကို ခ်ိန္းဆီ
အျဖစ္ သုံးၿပီးေတာ့ ပ်စ္ေစး မဲရႊဲေနေအာင္ ဆီထိုးပါ
ေတာ့တယ္။ တခါခါက် ေနာက္ေဂြေပၚဆီေတြရႊဲက်တဲ့အထိ ကိုထိုးတာပါ။
ကပ္လာမယ့္ သဲနဲ႔ ဖုန္ကိုမခါထုတ္ႏိုင္တာေၾကာင့္  
တစဉ္းစားသလို စေပါ႔ကက္ဂီယာသြားေတြခြၽန္ကုန္ပါ
တယ္ ခ်ိန္းလင့္ေတြက်ယ္ကုန္ပါတယ္။ခ်ိန္းေဆးဖို႔ေဝးစြက်ဳပ္ကေတာ့ အဲ့လိုခ်ိန္းမ်ိဳးျဖတ္ေပးရမွာေတာင္
ေၾကာက္မိတယ္။လက္ကိုေျပာင္ေအာင္အေတာ္ေဆးယူလိုက္ရတယ္။ ပိုင္ရွင္က ဆီရႊဲရႊဲထည့္ခိုင္းရင္နားလည္
ေအာင္ရွင္းျပၿပီး အကုန္ျဖဳတ္ ဒီဇယ္နဲ႔စိမ္ၿပီးေဆးတယ္ ေနာက္ဓါတ္ဆီနဲ႔ေဆးတယ္ ေနာက္ေရနဲ႔ဆပ္ျပာမူန္႔နဲ႔ အေျပာင္ေဆးတယ္။အဲ့လိုေဆးၿပီးမွ ခ်ိန္းေလးတင္းၿပီးစီးခိုင္းတယ္ ေသခ်ာတာေတာ့ ေနာက္တႀကိမ္ခ်ိန္းတင္းဖို႔ေတာင္အေတာ္အစီးခံတယ္။ကြန္တိန္နာက် 
ဆိုင္ကယ္ေတြကီလို ေလးငါးေသာင္းအထိေအာ္စေပါ႔
ကက္နဲ႔ခ်ိန္းက်န္ေနတာသတိထားမိၾကမယ့္ထင္ပါ
တယ္။ ျမန္မာေျမကယိုးဒယားဘီးေလးေတြကေတာ့ 
အထက္က ဆီရႊဲမူေတြေၾကာင့္ ကီလိုႏွစ္ေသာင္းေက်ာ္ၿပီဆို ေအာ္စေပါ႔ကက္နဲ႔ခ်ိန္း လဲလိုက္ရတာပါပဲ။ ခ်ိန္းဆီရႊဲရႊဲေလးထိုးပါေျပာလာရင္ ပိုင္ရွင္နားလည္ေအာင္ရွင္း
ျပေပးလိုက္ပါတယ္။ကိုယ္ညစ္ပါတ္ေပမယ့္လဲ 
ဘယ္ေလာက္ၾကာၾကာအေျပာင္ေဆးေပးၿပီးမွ ခ်ိန္းျပန္တပ္ေပးဆီထိုးေပးတာပါ။
ေနာက္ေန႔ေနာက္ေခါင္းစဉ္ေလးေတြဆက္တာေပါ႔ဗ်ာ။

အားလုံးပဲ ဆိုင္ကယ္ဗဟုသုတျပည့္ဝၾကပါေစ။
ကြၽန္ေတာ္ ရဲရင့္သာေဝပိုင္ပါ။