**မီးခိုးလိုက်ခြင်း**

<Unicode>
**မီးခိုးလိုက်ခြင်း**

Userတွေသေချာဖတ်ဖို့လိုပါတယ်ဗျ 
မီးခိုးလိုက်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။

>> တချို့ Userတွေက
     မီးခိုးလိုက်ပြီဆိုရင်
      စိုးရိမ်တတ်ကြတယ်

>>တချို့ကျတော့လဲ မီးခိုးလိုက်တိုင်း
      ပစ္စတင် ဝရိမ်း အင်္ဂျင်ကျတာလို့
       ထင်ကျတယ်။

---မီးခိုးလိုက်တာကတော့အကြမ်းအား ဖြင့်ကြည့်ရင် အင်္ဂျင်ရဲ့ မီးလောင်ခန်းထဲကို

ဓာတ်ဆီ (သို့မဟုတ်)အင်္ဂျင်ဝိုင်ရောက်သွားလို့ပါ ဓာတ်ဆီကိုလောင်ကျွမ်းတဲ့အခါ အနက်ရောက်လိုက်ပါမယ် အင်္ဂျင်ဝိုင်ကို လောင်ကျွမ်းတဲ့အခါ ဖြူပြာရောင်လိုမျိုးလိုက်ပါမယ်။

**မီးခိုးအနက်လိုက်ခြင်း**

>>ကာပရိုက်တာဆီလိုင်းပေါက်ပိတ်
    ခြင်း
>>အပ်ပင်/အပ်ဘွတ် မကောင်းခြင်း
>>လေဂျက်ပိတ်နေခြင်း
>>လေစစ်ဖော့ မကောင်းခြင်း
>>ချုပ်ဆွဲမိထားခြင်း
>>ဆီမသန့်ခြင်း
>>Efiဘီးတွေမှာဆိုရင် Injectorမကောင်းခြင်း

ဒါကြောင့်မီးခိုးအနက်လိုက်တာကပြင်ရရင်သိပ်ပြီးမကုန်နိုင်ပါဘူး စိုးရိမ်စရာအရမ်းမရှိပါဘူး ပြစ်ချက်က ဓာတ်ဆီစားမယ် ပလပ် ခဏ ခဏထိပါမယ်။

**မီးခိုးအဖြူလိုက်ခြင်း**

မီးခိုး အဖြူလိုက်နိုင်တာကတော့ဟတ်ခြမ်းမှာဆိုရင်

>>ဂိုက်နဲ့ဘား မကောင်းခြင်း
>>ဘားစီးမကောင်းခြင်း

**စလစ်ခြမ်း**

စလစ်ခြမ်းမှာကတော့ ပစ္စတင် ဝရိမ်းကျခြင်း။

မီးခိုးဖြူလိုက်ရင်တော့ အင်္ဂျင်ကိုင်ရဖို့ပဲများပါတယ်။တချို့ဘီးတွေက အိပ်ဇောက မီးခိုးမလိုက်ပဲ ရှိုက်ဘားက မီးခိုးမှုတ်တာတွေ အင်္ဂျင်ဝိုင်မှုတ်တာတွေရှိတတ်ပါတယ်။

၀ရိမ်းအကြာင်းပြောစရာရှိပါတယ်

တချို့ကနှိုးခါစ မီးခိုးဖြူပြာတွေလိုက်တယ် ပြီးရင်ပြန်ပျောက်တယ် ဘီးက အသစ်တွေ ဒါတွေက စိုးရိမ်းစရာမလိုပါဘူး။

များသောအားဖြင့် ယိုးဒယားဘီးတွေအဖြစ်များကြတယ် ကျွန်တော်Smashဝယ်တုန်းက လက်တွေ့ပါပဲ ဘာကြောင့်လဲဆိုရင်
အသစ်မှာအသားမကျသေးတာလဲပါတယ်

နောက်တစ်ခုက Oil ringကအပျော့လေးတွေသုံးတာများသလို expander ringကလဲ ကန်အားက တရုတ်ဘီးတွေလောက်မကန်ပါဘူး
ဒီတော့ ကြာရှည်ထားတဲ့အခါ Ringထဲကိုအင်္ဂျင်ဝိုင်နည်းနည်းစိမ့်ဝင်ပါတယ် နှိုးလိုက်တဲ့အခါ အဲဒီအင်္ဂျင်ဝိုင် အစ အနတွေကိုလောင်ကျွမ်းသွားတဲ့သဘောပါပဲ။

မီးခိုးလိုက်တိုင်း အင်္ဂျင်ကိုင်ရမှာမဟုတ်သလို အသစ်တွေဆိုအရမ်းစိုးရိမ်စရာမလိုပါဘူး။မီးခိုးဖြူပြာတော့ လိုက်စပြုနေတယ် မပြင်ခင်စီးနေသေးတယ်ဆိုရင် အင်္ဂျင်ဝိုင်ကိုဂရုစိုက်ဖို့သတိပေးလိုပါတယ်။

Admin- Khant Hmhwe Swe

<Zawgyi>
**မီးခိုးလိုက္ျခင္း**

Userေတြေသခ်ာဖတ္ဖို႔လိုပါတယ္ဗ် 
မီးခိုးလိုက္တယ္ဆိုတာ အမ်ိဳးမ်ိဳးရွိပါတယ္။

>> တခ်ိဳ႕ Userေတြက
     မီးခိုးလိုက္ၿပီဆိုရင္
      စိုးရိမ္တတ္ၾကတယ္

>>တခ်ိဳ႕က်ေတာ့လဲ မီးခိုးလိုက္တိုင္း
      ပစၥတင္ ဝရိမ္း အဂၤ်င္က်တာလို႔
       ထင္က်တယ္။

---မီးခိုးလိုက္တာကေတာ့အၾကမ္းအား ျဖင့္ၾကည့္ရင္ အဂၤ်င္ရဲ႕ မီးေလာင္ခန္းထဲကို

ဓာတ္ဆီ (သို႔မဟုတ္)အဂၤ်င္ဝိုင္ေရာက္သြားလို႔ပါ ဓာတ္ဆီကိုေလာင္ကြၽမ္းတဲ့အခါ အနက္ေရာက္လိုက္ပါမယ္ အဂၤ်င္ဝိုင္ကို ေလာင္ကြၽမ္းတဲ့အခါ ျဖဴျပာေရာင္လိုမ်ိဳးလိုက္ပါမယ္။

**မီးခိုးအနက္လိုက္ျခင္း**

>>ကာပ႐ိုက္တာဆီလိုင္းေပါက္ပိတ္
    ျခင္း
>>အပ္ပင္/အပ္ဘြတ္ မေကာင္းျခင္း
>>ေလဂ်က္ပိတ္ေနျခင္း
>>ေလစစ္ေဖာ့ မေကာင္းျခင္း
>>ခ်ဳပ္ဆြဲမိထားျခင္း
>>ဆီမသန္႔ျခင္း
>>Efiဘီးေတြမွာဆိုရင္ Injectorမေကာင္းျခင္း

ဒါေၾကာင့္မီးခိုးအနက္လိုက္တာကျပင္ရရင္သိပ္ၿပီးမကုန္ႏိုင္ပါဘူး စိုးရိမ္စရာအရမ္းမရွိပါဘူး ျပစ္ခ်က္က ဓာတ္ဆီစားမယ္ ပလပ္ ခဏ ခဏထိပါမယ္။

**မီးခိုးအျဖဴလိုက္ျခင္း**

မီးခိုး အျဖဴလိုက္ႏိုင္တာကေတာ့ဟတ္ျခမ္းမွာဆိုရင္

>>ဂိုက္နဲ႔ဘား မေကာင္းျခင္း
>>ဘားစီးမေကာင္းျခင္း

**စလစ္ျခမ္း**

စလစ္ျခမ္းမွာကေတာ့ ပစၥတင္ ဝရိမ္းက်ျခင္း။

မီးခိုးျဖဴလိုက္ရင္ေတာ့ အဂၤ်င္ကိုင္ရဖို႔ပဲမ်ားပါတယ္။တခ်ိဳ႕ဘီးေတြက အိပ္ေဇာက မီးခိုးမလိုက္ပဲ ရႈိက္ဘားက မီးခိုးမႈတ္တာေတြ အဂၤ်င္ဝိုင္မႈတ္တာေတြရွိတတ္ပါတယ္။

၀ရိမ္းအၾကာင္းေျပာစရာရွိပါတယ္

တခ်ိဳ႕ကႏႈိးခါစ မီးခိုးျဖဴျပာေတြလိုက္တယ္ ၿပီးရင္ျပန္ေပ်ာက္တယ္ ဘီးက အသစ္ေတြ ဒါေတြက စိုးရိမ္းစရာမလိုပါဘူး။

မ်ားေသာအားျဖင့္ ယိုးဒယားဘီးေတြအျဖစ္မ်ားၾကတယ္ ကြၽန္ေတာ္Smashဝယ္တုန္းက လက္ေတြ႕ပါပဲ ဘာေၾကာင့္လဲဆိုရင္
အသစ္မွာအသားမက်ေသးတာလဲပါတယ္

ေနာက္တစ္ခုက Oil ringကအေပ်ာ့ေလးေတြသုံးတာမ်ားသလို expander ringကလဲ ကန္အားက တ႐ုတ္ဘီးေတြေလာက္မကန္ပါဘူး
ဒီေတာ့ ၾကာရွည္ထားတဲ့အခါ Ringထဲကိုအဂၤ်င္ဝိုင္နည္းနည္းစိမ့္ဝင္ပါတယ္ ႏႈိးလိုက္တဲ့အခါ အဲဒီအဂၤ်င္ဝိုင္ အစ အနေတြကိုေလာင္ကြၽမ္းသြားတဲ့သေဘာပါပဲ။

မီးခိုးလိုက္တိုင္း အဂၤ်င္ကိုင္ရမွာမဟုတ္သလို အသစ္ေတြဆိုအရမ္းစိုးရိမ္စရာမလိုပါဘူး။မီးခိုးျဖဴျပာေတာ့ လိုက္စျပဳေနတယ္ မျပင္ခင္စီးေနေသးတယ္ဆိုရင္ အဂၤ်င္ဝိုင္ကိုဂ႐ုစိုက္ဖို႔သတိေပးလိုပါတယ္။

Admin- Khant Hmhwe Swe