<Unicode>
#အလွဲ
ဝပ်ရှော့သက်တမ်းလေးကြာလာလို့ကိုယ့်ကိုကိုယ်
ဟုတ်လှပြီထင်နေတာ။တရုတ်125 CZI လေး
ပိုင်ရှင်ကပြောတယ်ဗျ ။စီးရင်းလီဗာဆွဲမရတော့လို့တဲ့
စက်သံမမှန်ပဲ အင့်နေပီးတက်မလာတာ ။
ok ။ဒါမျိ ု းကပလပ်ဖေါက်တာ မီလိုင်းတွေအဆင်မပြေတာ ဆီလိုင်းပိတ်ဆို့့့ပျတ်တောက်နေတာ အင်ဂျင်မှာဆိုဘားဝေးလွန်းပြီး
ဖွင့်ပိတ်နည်းတာ ခါးဘီးကြွေလို့တိုင်မင်မမှန်တာ
ကမ်ရှပ်ဘုတွေစားလွန်းသွားတာ သံလိုက်အုံရွေ့သွားတာ စသဖြင့်ပေါ့ ။
ကိုယ့်ဒေတာတွေထဲကပြေးမလွတ်ပါဘူးလေ ။
စမ်းသပ်ကြည့်တယ် ။ နိုးလို့တော့ရတယ်ဗျ ။
လီဗာဆွဲရင် ပြန်ကျသွားပီး ဒုန်းဒုန်း ဒုန်းဒုန်းနဲ့
အင်ဂျင်ကထုံခံနေတာ ။ထူးခြားချက်က
ကာပရိုတ်တာနှာပေါက်ကဆီတွေ အမှုန်မွှားလောက်မဟုတ်ပဲအတော်ပျစ်ပျစ်ကိုမှုတ်ထုတ်တယ် ခနခြင်းကိုမလကတ်မှာရွဲစိုသွားတာ အမြု တ်လေးတွေတောင်ထတယ် ။နောက်ပီးအိပ်ဇောကလဲ
မီးခိုးဖြူ တွေအူထွက်လာတာပဲ။
စဉ်းစားမိတာက
ဒီဇယ်အရောများပါလာလေသလား ။အင်ဂျင်ပဲကျသွားသလားပေါ့ ။
လုပ်ရိုးလုပ်စဉ် ဆီကိုစမ်းသပ်ကြည့်တယ်
အကောင်းဟ
ကော်ပရက်ရှင်အားစစ်ကြည့်တယ် အမှန်ဗျ
မာကာ
ဘား
မီးပိုင်း စစ်
ကာပရိုတ်တာအပ်ပြု တ်နေသလားဆက်စစ်အကုန်
ကောင်းပါရဲ့ဗျာ ။ဘာလားဟ
အချိန်ကတစ်နာရီလောက်ကြာသွားပီ အဖြေအတွေ့ဘူး
နောက်မှ ဒီကာပရိုတ်တာမသင်ကာဘူးကွားဆိုပီး
ဖြု တ်ကြည့်မှ
လခွမ်း ဆီဂျက်ကအကုန်ပြု တ်ကျလို့ကန်ထဲမှာတုံးလုံး
အရင့် အရင် ဂျက်ပြု တ်တာတွေလဲကြုံ ဖူးပါရဲ့။
ဒလိုမဟုတ်ဘူးလေ ။အာ့လေးပြန်တပ်အငြိမ်ပဲဗျ ။
ဒီပိုစ့်နဲ့ပြောခြင်တာက
ပြစ်ချက်တွေဟာဝပ်ရှော့သမားကိုအမြဲလှည့်စားနေတတ်တယ် ။ပုံသေမှတ်တတ်သူများအခက်ခဲကြုံ ရတာဒါတွေ
ကြောင့်ပါ။နောက်ပီး ကျနော်ဟာလဲဘာမှမဟုတ်သေးတဲ့
အူချာချာတစ်ယောက်ပါပဲဆိုတာပါ ။ဟုတ်ကဲ့
ပြစ်ချက်တစ်ခုကိုခင်ဗျားရှာဖွေနေချိန်မှာ
နောက်ထပ်အလားတူဖြစ်နိုင်ချေကိုသတိမလွတ်မိပါစေနဲ့။
<Zawgyi>
#အလြဲ
ဟုတ်လှပြီထင်နေတာ။တရုတ်125 CZI လေး
ok ။ဒါမျိုးကပလပ်ဖေါက်တာ မီလိုင်းတွေအဆင်မပြေတာ ဆီလိုင်းပိတ်ဆို့ပျတ်တောက်နေတာ အင်ဂျင်မှာဆိုဘားဝေးလွန်းပြီး
စမ်းသပ်ကြည့်တယ် ။ နိုးလို့တော့ရတယ်ဗျ ။
အင်ဂျင်ကထုံခံနေတာ ။ထူးခြားချက်က
စဉ်းစားမိတာက
အကောင်းဟ
မာကာ
ဘား
မီးပိုင်း စစ်
ကောင်းပါရဲ့ဗျာ ။ဘာလားဟ
ဖြု တ်ကြည့်မှ
တမာမွေ အညာသား