<Unicode>
##ကရိုင်းရှပ်အားလေ့လာစမ်းစစ်
ခြင်း---အဆက်##
(ဘယ်သူမေးမေး ဖြေနိုင်အောင်)
စက်ဝိုင်းပုံဗဟိုချက်ကိုအခြေပြု၍လည်ပတ်နေသောအရာဝတ္ထုတိုင်းပစ္စည်းတိုင်းသည်အနီးအဝေး
ဆိုသည့်ကွာဟချက်အပေါ် ်သက်ရောက်အားအနည်းအများကြောင့်ဗဟိုခွါ
အား(Centerfugal Force)ကိုဖြစ်ပေါ််စေသည်မှာမငြင်းနိုင်သောနိယာမတရပ်ပင်ဖြစ်သည်။ ယင်းဗဟိုခွါအားအကြောင်းတရားကိုအခြေတည်ရယူ၍အရွေ့စွမ်းအင်ဖြစ်တည်ပေါ်ပေါက်အောင်
လုပ်ဆောင်မှုအစသည်အင်ဂျင်၏အစပျိုးတီထွင်မှုဆိုကမမှားပေ။(လည်ပတ်မှုနှေးလျင်နှေးသလို၊
မြန်လျင်မြန်သလိုလည်ပတ်မှုမှအရွေ့စွမ်းအင်အသွင်ဆောင်ကာသွေခွါရွေ့လျားစေခြင်းကိုဆိုလိုခြင်း)ပမာဆောင်ရသော်လေဗွေလည်ပတ်မြင့်တက်
ရွေ့လျားမှုသဘောပင်။လည်ပတ်မြင့်တက်မှုဆိုရာတွင် လည်ပတ်ပစ္စည်း၊လည်ပတ်အရာဝတ္ထုသည်
စက်ဝန်းပုံအဝန်းအဝိုင်းတိကျစွာလည်ပတ်နိုင်စေရန် အချင်းဝက်ဟုခေါ်ဆိုသောအကွာအဝေး၊အလေးချိန်ဟုခေါ််ဆိုအပ်သောသက်ရောက်မှုဝန်အားတသမတ်တည်းတိကျနေစေဘို့့လိုပေသည်။ပို၍ရှင်းအောင်ဆိုပါအံ့၊စက်ဝိုင်းအဝန်းအဝိုင်းတခုသည်၃၆၀ ဒီဂရီရှိကြောင်းစက်ဆရာတိုင်းအသိပင်ဖြစ်သည်။၎င်း ၃၆၀ လည်ပတ်မှုတွင်တဝက်ဖြစ်သော ၁၈၀
ဒီဂရီကိုသက်ရောက်အား ၁၀ပေါင်ဖြင့်လည်ပတ်စေပြီး၊ကျန်တဝက်ကို၈ပေါင်သက်ရောက်အားဖြင့်လည်ပတ်စေပါကစက်ဝန်းပုံအဝန်းအဝိုင်းမှသွေဖီခါရမ်း၍မမှန်ကန်သောဗဟိုခွါအားကိုဖြစ်ပေါ််စေကာလည်ပတ်ရွေ့လျားမှုကိုပျက်ပြားစေနိုင်ပေသည်။ဥပမာပြရသော်(စက်မှုနည်းပညာစာအုပ်
တအုပ်မှ)လူတယောက်သည်မြေပြင်တွင်တည်ငြိမ်စွာခြေစုံရပ်၍၅ ပေရှည်သောကြိုးထိပ်၊၁၀ပေါင်လေးသောအလေးကိုပတ်ခြာဝှေ့လည်စေလျင်ကြိုးအရှည်၊သက်ရောက်အားအလေးတသမတ်မပြောင်းလဲမှလည်ပတ်မှုတည်ငြိမ်ပေမည်။အဓိကမှာတည်ငြိမ်လည်ပတ်မှုအားအနည်းအများအရရွေ့လျားမှုအနည်းအများကိုဖြစ်ပေါ်စေမှုပင်။
သို့ဖြစ်ရာဖလိုင်းဝှီးခေါ်််အင်ဂျင်ထွက်ရှိရာလည်ပတ်အားကိုကလပ်ပလိပ်ကြားခံပွတ်ဆွဲဝိတ်ပြားနှင့်ကရိုင်းရှပ်အလယ်စန်တာထား၍လည်ပတ်မှုမှန်ကန်စေရန်ချိန်ညှိတပ်ဆင်ထားသောကရိုင်းဘဲလင့်ဝိတ်ပြားများသည်၎င်း၊တူညီလည်ပတ်အချင်းဝက်နှင့်တုညီသောသက်ရောက်အားဖြစ်နေရန်လိုပေသည်။သည့်အတွက်စက်ဝန်းပုံအဝန်းအဝိုင်းလည်ပတ်မည့်သံသတ္ထုမည်သည့်ပစ္စည်းက်ိုမဆိုဘဲလင့်တက်စတာ (Valance
Taster.)။ဗဟိုခွါအားတိုင်းတက်စတာတို့ဖြင့်
အရပ်ရှစ်မျက်နှာလှည့်ပတ်စမ်းသပ်ပြီး၊ဗဟိုသွေဖီ
ဝန်လေးအားများနေသည့်အရပ်မျက်နှာရှိသံသားအားအထူကိုပါးပစ်ခြင်း၊သံဖေါက်စူးသွားဖြင့်သံသားကိုတပေါက်နှင့်မရ ၂ပေါက်၊၂ပေါက်နှင့်မရ
၃ ၄ ပေါက်ဖေါက်၍ဝိတ်လျော့ညီမျှစေခြင်းကြောင့်
ဖြစ်ပေါ်လာရသည့်အပေါက်များဖြစ်ပါကြောင်း။
(အဓိကမှာ လည်ပတ်မွှေ့ရမ်းနေသောအင်ဂျင်တလုံး ရမ်းခါမှုမရှိဘဲတည်ငြိမ်ချောမွေ့စွာလည်ပတ်ထွက်ရှိလာမည့်အရွေ့စွမ်းအင်ကိုရယူလိုမှုပင်ဖြစ်သည်)။
ကဲ----ဒီလောက်ဆို ဘယ်သူမေးမေး၊ဖြေနိုင်လောက်ပါပြီလို့။။။
** အားလုံး အားလုံးရဲ့ ဘဘ*
<Zawgyi>
##က႐ိုင္းရွပ္အားေလ့လာစမ္းစစ္
ျခင္း---အဆက္##
(ဘယ္သူေမးေမး ေျဖႏိုင္ေအာင္)
စက္ဝိုင္းပုံဗဟိုခ်က္ကိုအေျချပဳ၍လည္ပတ္ေနေသာအရာဝတၳဳတိုင္းပစၥည္းတိုင္းသည္အနီးအေဝး
ဆိုသည့္ကြာဟခ်က္အေပၚ ်သက္ေရာက္အားအနည္းအမ်ားေၾကာင့္ဗဟိုခြါ
အား(Centerfugal Force)ကိုျဖစ္ေပင္ေစသည္မွာမျငင္းႏိုင္ေသာနိယာမတရပ္ပင္ျဖစ္သည္။ ယင္းဗဟိုခြါအားအေၾကာင္းတရားကိုအေျခတည္ရယူ၍အေရြ႕စြမ္းအင္ျဖစ္တည္ေပၚေပါက္ေအာင္
လုပ္ေဆာင္မႈအစသည္အင္ဂ်င္၏အစပ်ိဳးတီထြင္မႈဆိုကမမွားေပ။(လည္ပတ္မႈေႏွးလ်င္ေႏွးသလို၊
ျမန္လ်င္ျမန္သလိုလည္ပတ္မႈမွအေရြ႕စြမ္းအင္အသြင္ေဆာင္ကာေသြခြါေရြ႕လ်ားေစျခင္းကိုဆိုလိုျခင္း)ပမာေဆာင္ရေသာ္ေလေဗြလည္ပတ္ျမင့္တက္
ေရြ႕လ်ားမႈသေဘာပင္။လည္ပတ္ျမင့္တက္မႈဆိုရာတြင္ လည္ပတ္ပစၥည္း၊လည္ပတ္အရာဝတၳဳသည္
စက္ဝန္းပုံအဝန္းအဝိုင္းတိက်စြာလည္ပတ္ႏိုင္ေစရန္ အခ်င္းဝက္ဟုေခၚဆိုေသာအကြာအေဝး၊အေလးခ်ိန္ဟုေခင္ဆိုအပ္ေသာသက္ေရာက္မႈဝန္အားတသမတ္တည္းတိက်ေနေစဘို႔့လိုေပသည္။ပို၍ရွင္းေအာင္ဆိုပါအံ့၊စက္ဝိုင္းအဝန္းအဝိုင္းတခုသည္၃၆၀ ဒီဂရီရွိေၾကာင္းစက္ဆရာတိုင္းအသိပင္ျဖစ္သည္။၎ ၃၆၀ လည္ပတ္မႈတြင္တဝက္ျဖစ္ေသာ ၁၈၀
ဒီဂရီကိုသက္ေရာက္အား ၁၀ေပါင္ျဖင့္လည္ပတ္ေစၿပီး၊က်န္တဝက္ကို၈ေပါင္သက္ေရာက္အားျဖင့္လည္ပတ္ေစပါကစက္ဝန္းပုံအဝန္းအဝိုင္းမွေသြဖီခါရမ္း၍မမွန္ကန္ေသာဗဟိုခြါအားကိုျဖစ္ေပင္ေစကာလည္ပတ္ေရြ႕လ်ားမႈကိုပ်က္ျပားေစႏိုင္ေပသည္။ဥပမာျပရေသာ္(စက္မႈနည္းပညာစာအုပ္
တအုပ္မွ)လူတေယာက္သည္ေျမျပင္တြင္တည္ၿငိမ္စြာေျခစုံရပ္၍၅ ေပရွည္ေသာႀကိဳးထိပ္၊၁၀ေပါင္ေလးေသာအေလးကိုပတ္ျခာေဝွ႔လည္ေစလ်င္ႀကိဳးအရွည္၊သက္ေရာက္အားအေလးတသမတ္မေျပာင္းလဲမွလည္ပတ္မႈတည္ၿငိမ္ေပမည္။အဓိကမွာတည္ၿငိမ္လည္ပတ္မႈအားအနည္းအမ်ားအရေရြ႕လ်ားမႈအနည္းအမ်ားကိုျဖစ္ေပၚေစမႈပင္။
သို႔ျဖစ္ရာဖလိုင္းဝွီးေခင္္အင္ဂ်င္ထြက္ရွိရာလည္ပတ္အားကိုကလပ္ပလိပ္ၾကားခံပြတ္ဆြဲဝိတ္ျပားႏွင့္က႐ိုင္းရွပ္အလယ္စန္တာထား၍လည္ပတ္မႈမွန္ကန္ေစရန္ခ်ိန္ညႇိတပ္ဆင္ထားေသာက႐ိုင္းဘဲလင့္ဝိတ္ျပားမ်ားသည္၎၊တူညီလည္ပတ္အခ်င္းဝက္ႏွင့္တုညီေသာသက္ေရာက္အားျဖစ္ေနရန္လိုေပသည္။သည့္အတြက္စက္ဝန္းပုံအဝန္းအဝိုင္းလည္ပတ္မည့္သံသတၳဳမည္သည့္ပစၥည္းက္ိုမဆိုဘဲလင့္တက္စတာ (Valance
Taster.)။ဗဟိုခြါအားတိုင္းတက္စတာတို႔ျဖင့္
အရပ္ရွစ္မ်က္ႏွာလွည့္ပတ္စမ္းသပ္ၿပီး၊ဗဟိုေသြဖီ
ဝန္ေလးအားမ်ားေနသည့္အရပ္မ်က္ႏွာရွိသံသားအားအထူကိုပါးပစ္ျခင္း၊သံေဖါက္စူးသြားျဖင့္သံသားကိုတေပါက္ႏွင့္မရ ၂ေပါက္၊၂ေပါက္ႏွင့္မရ
၃ ၄ ေပါက္ေဖါက္၍ဝိတ္ေလ်ာ့ညီမွ်ေစျခင္းေၾကာင့္
ျဖစ္ေပၚလာရသည့္အေပါက္မ်ားျဖစ္ပါေၾကာင္း။
(အဓိကမွာ လည္ပတ္ေမႊ႕ရမ္းေနေသာအင္ဂ်င္တလုံး ရမ္းခါမႈမရွိဘဲတည္ၿငိမ္ေခ်ာေမြ႕စြာလည္ပတ္ထြက္ရွိလာမည့္အေရြ႕စြမ္းအင္ကိုရယူလိုမႈပင္ျဖစ္သည္)။
ကဲ----ဒီေလာက္ဆို ဘယ္သူေမးေမး၊ေျဖႏိုင္ေလာက္ပါၿပီလို႔။။။
** အားလုံး အားလုံးရဲ႕ ဘဘ*