အင်္ဂျင်ကိုင်ရင် တစ်ခါတည်းဘာတွေလုပ်သင့်လဲ?
အရင်ဆုံး အင်္ဂျင်ရဲ့အစိတ်အပိုင်းတွေကိုစပြီးကြည့်ရအောင်
၁။ဟတ်ခြမ်း
၂။စလစ်ခြမ်း
၃။တိုင်ပင်ချိန်းခြမ်း
၄။ကလပ်ပြားခြမ်း
၅။အလယ်၂ခြမ်း
၁။ဟတ်ခြမ်း
ဟတ်မှာဆိုရင်
ဂိုက်/ဘား/ဘားမျက်ကွင်းတွေစစ်ရမယ် ဂိုက်ဘားတွေမကောင်းရင်စနိုးမရတာ
မီးခိုးမပျောက်တာတွေဖြစ်နိုင်တယ်။
ကမ်းမရှပ်အမ်းမောင်းတွေစစ်ရမယ် အမ်းမောင်းတွေစားနေရင် ကင်းဘုတွေစားနေရင် အသံမငြိမ်ပါဘူး။ကင်းဘုတွေစားရင် ဘားအဖွင့် အပိတ်အပြည့်အဝမလုပ်နိုင်သလို အသံတွေလည်းထွက်နိုင်ပါတယ်။
၂။စလစ်ခြမ်း
စလစ်ခြမ်းမှာတော့ ပစ္စတင်ဝရိမ်းပဲရှိပါတယ်။လေကျစ်အားလျော့မယ်/မီးခိုးလိုက်မယ်။
ဝရိမ်းမှာနည်း၂ပြောစရာရှိတယ်။
ဝရိမ်း၅ကွင်းရှိတယ် အဲဒီအထဲမှာရှေ့၂ကွင်းက Compressionအတွက်အဓိကလုပ်ဆောင်တယ် နောက်၃ကွင်းကဆီထိန်းဖို့ကိုအဓိကလုပ်ဆောင်တယ်။တချို့ဘီးတွေက ရှေ့ကွန်ပရက်ရှင်းဝရိမ်းအရင်ကျတယ် တချို့က ဆီဝရိမ်းအရင်ကျတယ် ပြိုင်တူကျတာတွေလဲရှိတာပေါ့။
ဒါကြောင့်တချို့က မီးခိုးလိုက်တယ်
တချို့ကမီးခိုးအရမ်းမလိုက်ဘူး compressionအရင်ကျတယ်။
၃။တိုင်ပင်ချိန်းခြမ်း
တိုင်ပင်ချိန်းကတော့ တိုင်ပင်ကိုအဓိကညှိပေးတာဆိုတော့ လျော့တာတို့ တိုင်ပင်ကျော်တာတို့လုံးဝဖြစ်လို့မရပါဘူး။တိုင်ပင်ချိန်းနဲ့ဆက်နွယ်နေတာတွေတော့များပါတယ်။တစ်ခါတည်းအကုန်စစ်ပါ။တိုင်ပင်ချိန်းလျော့နေတာကိုပေမောင်းရင် ချိန်းကျပြီးရိုက်တာတွေ ဘားကောက်တာတွေအများကြီးကြုံရတတ်ပါတယ်။ပထမpostမှာတိုင်ပင်ချိန်းအတွက်အသေးစိတ်ရေးထားပါတယ်။
၄။ကလပ်ပြားခြမ်း
ကလပ်ခြမ်းမှာတော့ရိုး၂နဲ့ဂါပနာနဲ့ပေါ့ အဓိကကတော့ရုန်းအားကိုလုပ်ဆောင်ပေးတာပါ။ ကလပ်ပြားတွေမကောင်းရင် ဂါပနာဘီးဆိုရင် ကတော့နဲ့ရှူးတွေမကောင်းရင် ကျန်တဲ့အင်္ဂျင်ပိုင်းတွေဘယ်လောက်ကောင်း၂ ရုန်းအားမကောင်းနိုင်ပါဘူး။
၅။အလယ်ခြမ်း
အလယ်ခြမ်းမှာကတော့ ဂီယာဘောက် ကစ်ရှပ် ကရိုင်း ရှိမယ်။
အင်္ဂျင်ကိုင်ပြီဆိုရင် ကရိုင်း ဂီယာဘောက် ကစ်ရှပ် ကောင်းမကောင်းအရင်စစ်ရမယ်။လုပ်ပြီးမှမကောင်းလို့ပြန်လဲချင်ရင် ဘေးခြမ်းတွေလိုတစ်ခြမ်းထဲဖွင့်မရဘူးအကုန်ပြန်ဖွင့်ရမှာပါ။
အလယ်ခြမ်းကောင်းရင်တောင်ကျန်တဲ့၄ခြမ်းကိုတော့ တစ်ခါတည်းလုပ်စေချင်ပါတယ်။ စလစ်အသစ်လဲလို့မီးခိုးပျောက်တာပဲရှိမယ် ဟတ်ခြမ်းကမကောင်းရင် အသံမငြိမ်တာ စနိုးမရတာတွေဖြစ်မယ်။
ရှေ့၂ခြမ်းကောင်းပေမယ့် တိုင်ပင်ချိန်းတွေမကောင်းရင်အသံတွေထွက်နေမယ်။ သံလိုက်အုံအဝိုင်းစီးတွေမကောင်းရင်ဆီယိုပါမယ်။
ဟတ် စလစ် တိုင်ပင်ချိန်း အလယ်ခြမ်း အကုန်ကောင်းနေရင်တောင်ကလပ်ပြားခြမ်းမကောင်းရင် ရုန်းအားမကောင်းပါဘူး။
ဒါကြောင့်အင်္ဂျင်တစ်ခုကိုကောင်းကောင်းစီးချင်ရင် ပြင်တဲ့နေရာမှာလိုအပ်တာတွေအကုန်လုပ်ဖို့လိုပါတယ်။ဒီလိုမှမဟုတ်ပဲ ကလပ်ပြားလေးရွေးလဲလိုက် ပစ္စတင်ဝရိမ်းလေးတင်လဲလိုက် ပဲပြင်နေရင်တော့ ပိုပြီးအချိန်ကြာအလုပ်ရှုပ်သလို စီးတဲ့နေရာလဲ အရသာရှိမှာမဟုတ်ပါဘူး။ အင်္ဂျင်တစ်ခုလုံးကဆက်နွယ်နေတဲ့အရာတွေချည်ပဲမလို့အကုန်ပြင်ရင်ပိုပြီးစိတ်ချလက်ချစီးရပါလေ့မယ်။
ဒါကြောင့်အင်္ဂျင်တွေကိုင်ရင် ၄ခြမ်းအနည်းဆုံးကိုင်စေချင်တယ်
အလယ်ခြမ်းပါမကောင်းရင်တော့တစ်လုံး၂ခွဲပေါ့။ ဒါမှစိတ်တိုင်းကျပါတယ်။
ကျွန်တော်ကတော့ကိုယ်စိတ်တိုင်းကျမပြင်နိုင်ရင်တော့အကျိုးအကြောင်းရှင်းပြပြီးပြန်လွှတ်လိုက်တာပါပဲ။ဘီးတစ်စီးကို ကိုယ်စိတ်တိုင်းကျပဲကိုင်တတ်လို့ပါ။
Admin- Khant Hmhwe Swe
<Zawgyi>
အဂၤ်င္ကိုင္ရင္ တစ္ခါတည္းဘာေတြလုပ္သင့္လဲ?
အရင္ဆုံး အဂၤ်င္ရဲ႕အစိတ္အပိုင္းေတြကိုစၿပီးၾကည့္ရေအာင္
၁။ဟတ္ျခမ္း
၂။စလစ္ျခမ္း
၃။တိုင္ပင္ခ်ိန္းျခမ္း
၄။ကလပ္ျပားျခမ္း
၅။အလယ္၂ျခမ္း
၁။ဟတ္ျခမ္း
ဟတ္မွာဆိုရင္
ဂိုက္/ဘား/ဘားမ်က္ကြင္းေတြစစ္ရမယ္ ဂိုက္ဘားေတြမေကာင္းရင္စႏိုးမရတာ
မီးခိုးမေပ်ာက္တာေတြျဖစ္ႏိုင္တယ္။
ကမ္းမရွပ္အမ္းေမာင္းေတြစစ္ရမယ္ အမ္းေမာင္းေတြစားေနရင္ ကင္းဘုေတြစားေနရင္ အသံမၿငိမ္ပါဘူး။ကင္းဘုေတြစားရင္ ဘားအဖြင့္ အပိတ္အျပည့္အဝမလုပ္ႏိုင္သလို အသံေတြလည္းထြက္ႏိုင္ပါတယ္။
၂။စလစ္ျခမ္း
စလစ္ျခမ္းမွာေတာ့ ပစၥတင္ဝရိမ္းပဲရွိပါတယ္။ေလက်စ္အားေလ်ာ့မယ္/မီးခိုးလိုက္မယ္။
ဝရိမ္းမွာနည္း၂ေျပာစရာရွိတယ္။
ဝရိမ္း၅ကြင္းရွိတယ္ အဲဒီအထဲမွာေရွ႕၂ကြင္းက Compressionအတြက္အဓိကလုပ္ေဆာင္တယ္ ေနာက္၃ကြင္းကဆီထိန္းဖို႔ကိုအဓိကလုပ္ေဆာင္တယ္။တခ်ိဳ႕ဘီးေတြက ေရွ႕ကြန္ပရက္ရွင္းဝရိမ္းအရင္က်တယ္ တခ်ိဳ႕က ဆီဝရိမ္းအရင္က်တယ္ ၿပိဳင္တူက်တာေတြလဲရွိတာေပါ႔။
ဒါေၾကာင့္တခ်ိဳ႕က မီးခိုးလိုက္တယ္
တခ်ိဳ႕ကမီးခိုးအရမ္းမလိုက္ဘူး compressionအရင္က်တယ္။
၃။တိုင္ပင္ခ်ိန္းျခမ္း
တိုင္ပင္ခ်ိန္းကေတာ့ တိုင္ပင္ကိုအဓိကညႇိေပးတာဆိုေတာ့ ေလ်ာ့တာတို႔ တိုင္ပင္ေက်ာ္တာတို႔လုံးဝျဖစ္လို႔မရပါဘူး။တိုင္ပင္ခ်ိန္းနဲ႔ဆက္ႏြယ္ေနတာေတြေတာ့မ်ားပါတယ္။တစ္ခါတည္းအကုန္စစ္ပါ။တိုင္ပင္ခ်ိန္းေလ်ာ့ေနတာကိုေပေမာင္းရင္ ခ်ိန္းက်ၿပီး႐ိုက္တာေတြ ဘားေကာက္တာေတြအမ်ားႀကီးႀကဳံရတတ္ပါတယ္။ပထမpostမွာတိုင္ပင္ခ်ိန္းအတြက္အေသးစိတ္ေရးထားပါတယ္။
၄။ကလပ္ျပားျခမ္း
ကလပ္ျခမ္းမွာေတာ့႐ိုး၂နဲ႔ဂါပနာနဲ႔ေပါ႔ အဓိကကေတာ့႐ုန္းအားကိုလုပ္ေဆာင္ေပးတာပါ။ ကလပ္ျပားေတြမေကာင္းရင္ ဂါပနာဘီးဆိုရင္ ကေတာ့နဲ႔႐ွဴးေတြမေကာင္းရင္ က်န္တဲ့အဂၤ်င္ပိုင္းေတြဘယ္ေလာက္ေကာင္း၂ ႐ုန္းအားမေကာင္းႏိုင္ပါဘူး။
၅။အလယ္ျခမ္း
အလယ္ျခမ္းမွာကေတာ့ ဂီယာေဘာက္ ကစ္ရွပ္ က႐ိုင္း ရွိမယ္။
အဂၤ်င္ကိုင္ၿပီဆိုရင္ က႐ိုင္း ဂီယာေဘာက္ ကစ္ရွပ္ ေကာင္းမေကာင္းအရင္စစ္ရမယ္။လုပ္ၿပီးမွမေကာင္းလို႔ျပန္လဲခ်င္ရင္ ေဘးျခမ္းေတြလိုတစ္ျခမ္းထဲဖြင့္မရဘူးအကုန္ျပန္ဖြင့္ရမွာပါ။
အလယ္ျခမ္းေကာင္းရင္ေတာင္က်န္တဲ့၄ျခမ္းကိုေတာ့ တစ္ခါတည္းလုပ္ေစခ်င္ပါတယ္။ စလစ္အသစ္လဲလို႔မီးခိုးေပ်ာက္တာပဲရွိမယ္ ဟတ္ျခမ္းကမေကာင္းရင္ အသံမၿငိမ္တာ စႏိုးမရတာေတြျဖစ္မယ္။
ေရွ႕၂ျခမ္းေကာင္းေပမယ့္ တိုင္ပင္ခ်ိန္းေတြမေကာင္းရင္အသံေတြထြက္ေနမယ္။ သံလိုက္အုံအဝိုင္းစီးေတြမေကာင္းရင္ဆီယိုပါမယ္။
ဟတ္ စလစ္ တိုင္ပင္ခ်ိန္း အလယ္ျခမ္း အကုန္ေကာင္းေနရင္ေတာင္ကလပ္ျပားျခမ္းမေကာင္းရင္ ႐ုန္းအားမေကာင္းပါဘူး။
ဒါေၾကာင့္အဂၤ်င္တစ္ခုကိုေကာင္းေကာင္းစီးခ်င္ရင္ ျပင္တဲ့ေနရာမွာလိုအပ္တာေတြအကုန္လုပ္ဖို႔လိုပါတယ္။ဒီလိုမွမဟုတ္ပဲ ကလပ္ျပားေလးေရြးလဲလိုက္ ပစၥတင္ဝရိမ္းေလးတင္လဲလိုက္ ပဲျပင္ေနရင္ေတာ့ ပိုၿပီးအခ်ိန္ၾကာအလုပ္ရႈပ္သလို စီးတဲ့ေနရာလဲ အရသာရွိမွာမဟုတ္ပါဘူး။ အဂၤ်င္တစ္ခုလုံးကဆက္ႏြယ္ေနတဲ့အရာေတြခ်ည္ပဲမလို႔အကုန္ျပင္ရင္ပိုၿပီးစိတ္ခ်လက္ခ်စီးရပါေလ့မယ္။
ဒါေၾကာင့္အဂၤ်င္ေတြကိုင္ရင္ ၄ျခမ္းအနည္းဆုံးကိုင္ေစခ်င္တယ္
အလယ္ျခမ္းပါမေကာင္းရင္ေတာ့တစ္လုံး၂ခြဲေပါ႔။ ဒါမွစိတ္တိုင္းက်ပါတယ္။
ကြၽန္ေတာ္ကေတာ့ကိုယ္စိတ္တိုင္းက်မျပင္ႏိုင္ရင္ေတာ့အက်ိဳးအေၾကာင္းရွင္းျပၿပီးျပန္လႊတ္လိုက္တာပါပဲ။ဘီးတစ္စီးကို ကိုယ္စိတ္တိုင္းက်ပဲကိုင္တတ္လို႔ပါ။
Admin- Khant Hmhwe Swe