<Unicode>
ရိန်းထားပုံထားနည်းမမှန်ခြင်းဆိုးကျိုးများ
ပုံတွင်ပြထားသည့် ပုံစံတွေက ရိန်းပါးစပ်ဟ တပြေညီသည်ရှိသည့်ပုံစံ
မျိုးထားပြီး စလစ်ထဲထည့်သွင်းမရပါ။ ကျန်သည့်ပုံစံမျိုးထားပေးရမည်
ရိန်းပါးစပ်ဟကို တထပ်တည်းမထားပေးရပါ။ က်ြခြေခတ် အမြောက်ပုံစံ
တွင် ထားပေးရမည်။ ဂါဂျီပင်အပေါက်ဝနှင့်တည့်၍ ထားပေးလို့မရပါ။
ထားမိခဲ့သော်လည်းကောင်း သတိမပြုဘဲ ထည့်မိသော်လည်းကောင်း
ဝိုင်တွေစားမယ် အရုန်းဆွဲအပြည့်အဝ ရမည်မဟုတ်ပါ။ တစ်ထပ်တည်း
ထားရင် ဘာဖြစ်နိုင်မလဲဆိုတော့ ပစ်စတင်က လေကိုရယူဖို့ TDC
ကနေ BDC သို့ ဆောင်ရွက်စပြုလာသည်နှင့်တစ်ပြိုက်နက် အင်း
လက်ဘားက ပွင့်ပေးပြီး လေတွေက စလစ်တွင်းသို့ ဝင်ရောက်လာ
မည်ဖြစ်ပြီး အဲ့အချိန်တွင် မိမိထည့်သွင်းတပ်ဆင်ထားသည့် ရိန်းပါးစပ်
ဟသည် တပြေညီသော်လည်းကောင်း ဂါဂျီပင်ပေါက်နှင့်ရှိသည်
လည်းကောင်း ပင်စတင်က ထိပ်သို့ပြန်တက်လာချိန် လေကိုဖိကျစ်ဖို့အ
တွက် ရိန်းတွေအထားမမှန်တော့ လေသည် အင်ဂျင်ခန်းသို့ ထွက်သွား
သည့်တွက် လေအနည်းသာ ဖိကျစ်ပြီး နောဇယ်ကနေ ဖြန်းလိုက်
သည့် ဒီဇယ်မှုန်မွှားနှင့်မျှတမှု မရှိသည့်အတွက်ကြောင့် အင်ဂျင်ပါဝါ
စွမ်းအားအပြည့်အဝမရမည် ဖြစ်သည်။ လေအချိုးနှင့်ဆီအချိုး တူနေ
လျှင်မှသာ အင်ဂျင်စွမ်းအားပြည့်ဝရမည်။
ဆက်လက်ရေးပါ့မည့်
စက်ပညာဆိုင်ရာ ဗဟုသုတ
<Zawgyi>
ရိန်းထားပုံထားနည်း
ဆက်လက်ရေးပါ့မည့်
စက်ပညာဆိုင်ရာ ဗဟုသုတ