<Unicode>
ဆိုင်ကယ် ၀ပ်ရှော့ဆရာများနှင့် လေ့လာ သူများအတွက်သာ။
အင်ဂျင် ခေါက်သံ အကြောင်းပြောမှ ရတော့မယ်။
Pinging လို့ ခေါ်တဲ့ အင်ဂျင်ထဲက ခေါက်သံ ဟာ
Pre-ignition ကြောင့်ရယ် Detonation ကြောင့်ရယ် ဖြစ်ပါတယ်။
အဲ့ ၂ ခုကို အနုလုံ အဋိလုံ ခွဲခြမ်းစိတ်ဖြာ ပြနေရင် ပို ရှုပ်မှာကြောင့်ရယ်။အဲ့ ၂ ခုကလည်း တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာ ကြောင့်ရယ် "ခေါက်သံ" လို့ပဲ ရောပြီး ရှင်းပါ့မယ်။
ဒီတော့ အရင်ဆုံး သိရမယ့် RON က စရှင်းရပါမယ်။
Relative Octane Number(ဆက်စပ်အောက်တိန်း နံပါတ်) ဆိုတာလေ 92 RON,95 RON ဆိုတာတွေပေါ့။
Octane Number 92 နဲ့ Octane Number 95 နဲ့ ဘယ်သူ မီးလောင်လွယ်သလဲဆိုရင် ၁၀၀ မှာ ၉၉ ယောက်က 95 လို့ ဆိုကြပါတယ်။
တကယ်တော့ Octane Number ဆိုတာ ဒီဓာတ်ဆီက ဖိသိပ်ခြင်း ကို ခံရတဲ့ အခါမှာ မီး ထမလောင်ပဲ တောင့်ခံထားနိုင်စွမ်း ကို ပြောတာပါ။ပလပ်က မီးပွင့်တော့မှ အားရပါရ လောင်တတ်တာမျိုး။ပလပ်က မီးပွင့် မပေးပဲ တခြား အပူဒဏ်၊ဖိအား ဒဏ်ကြောင့် သူ့ဟာသူ ဘယ်တော့မှ မီးထမလောင်တဲ့ ဆီအမျိုးတွေကို အဆင့်အတန်း ခွဲထားတဲ့ နံပါတ်တွေပါ။သူ မြင့်လေ ဖိအားဒဏ် အပူဒဏ် ခံနိုင်လေပါပဲ။
ဒီတော့ အင်ဂျင်ရဲ့ ဘာနဲ့ သွားသက်ဆိုင်သလဲ ဆိုတော့ Compression Ration ဆိုတာနဲ့ သွား သက်ဆိုင်ပါတယ်။
"Specification ကြိုးစား ဖတ်ကြည့်ပါ" ဆိုတဲ့ Post ထဲမှာလည်း ရှင်းပြထားပါတယ်။
Intake stroke မှာ ပစ္စတင်က အောက်ကိုဆင်းတဲ့ အချိန်မှာ အင်းလက်ဗား ပွင့်ပြီး ရှိုက်ဆွဲ သွားတဲ့ ဆီလေ အရောတွေကို ပစ္စတင် ပြန်တက်လာတဲ့ အခါမှာ အင်းလက်ရော အိပ်ဇောဗားရော ပိတ်ထားပြီး ဖိကျစ် ပစ်လိုက်ပါတယ်။ဆွဲသွင်းလာတဲ့ ထုထည်ပမာဏ နဲ့ ဖိကျစ်ခံရတဲ့ အချိန်(compression stroke)အဆုံးမှာ ကျန်တဲ့ ထုထည် ပမာဏ နဲ့ အချိုးချ ကြည့်တဲ့ အခါ ရတဲ့ ဂဏန်းကို Compression Ratio လို့ ခေါ်တာပါ။
ဥပမာ ဆွဲသွင်းလိုက်တာ 55 cubic centimeter(cc)
အဲ့ဒါတွေကို 5 cubic centimeter(cc) ပဲ ကျန်အောင် ဖိကျစ်ပစ်လိုက်ရင် အဲ့ အင်ဂျင်ရဲ့ compression ratio က 11:1 (၁၁ အချိုး ၁)ပါ။ဒီတော့ ၁၁ ပဲ ပြောကြပါစို့။
Compression Ratio မြင့်လေ Octane Number မြင့်မြင့် ထည့်ရလေပါပဲ။
ရှေ့က ပြောခဲ့သလို ပစ္စတင် တက်လာတဲ့ အချိန်မှာ ၀င်ထားတဲ့ ဆီလေ အရောတွေကို ဖိကျစ်လေတော့
အဖိအကျစ် ခံရတဲ့ ဆီလေ အရောထဲက ဆီက ညံ့ရင်(တစ်နည်းအားဖြင့် Octane Number နိမ့်ရင်)အကျစ်ခံနေရဆဲ မှာပဲ ဖိအားဒဏ်ရယ်၊ဖိအားကြောင့် တက်လာတဲ့ အပူဒဏ်ရယ်ကို တောင့် မခံနိုင်တော့ပဲ သူ့ဟာသူ ထ ပြီး ပေါက်ကွဲလောင်ကျွမ်း ပါတော့တယ်။
အဲ့ဒီတော့ ဘာဖြစ်လဲ??????
အဲ့ဒီတော့ ဒီဇယ်အင်ဂျင်အကြောင်း ရှင်းရပြန်ရော။
ဒီဇယ်အင်ဂျင်က စက်နှိုးထားရင် ဂလောက် ဂလောက် ဂလောက် ဆိုတဲ့ အသံကို စိတ်၀င်စားသူတိုင်း ကြားဖူးမှာပါ။ဓာတ်ဆီကျ နှိုးထားရင် ငြိမ်နေတာပဲ။အသံ မကြားရသလောက်ပါပဲ။
အင်ဂျင်ထဲမှာ ဆီကို မီးလောင် ပေါက်ကွဲပုံတွေ ကွာလို့ပါ။
ဓာတ်ဆီကို Spark Ignition(Spark plug ကြောင့် မီးလောင်ပေါက်ကွဲတဲ့ အင်ဂျင်) လို့ခေါ်ပြီး
ဒီဇယ် အင်ဂျင်ကို Compression ignition(ဖိသိပ်ခံရလို့ မီးလောင်ပေါက်ကွဲတဲ့ အင်ဂျင်)လို့ ခေါ်ပါတယ်။
ဒီဇယ်အင်ဂျင်ရဲ့ Compression Ratio ကလည်း ၁၃ ကနေ ၁၈ လောက်အထိ ရှိပါတယ်။ဒီလို ဖိကျစ်အားတွေ များများစားစားနဲ့ အလုပ်လုပ်နေတာမို့ အင်ဂျင်ကလည်း ထူထူထဲထဲ နဲ့ ထုထည်ပိုကြီးပါတယ်။
သူက intake stroke မှာ လေ ချည်းပဲ စုပ်ယူဆွဲသွင်းတယ်။Compression stroke မှာလည်း အဲ့ လေတွေကိုချည်းပဲ ဖိကျစ်ပစ်တယ်။၁၄၊၁၅ ဆ လောက်ဖိကျစ်ခံရတဲ့ လေက တအားပူလာတယ်။အဲ့ လေပူထဲကို ဒီဇယ်ဆီကို အမှုန်လေးတွေ ဖြစ်အောင် Nozzle နဲ့ ဖြန်းထည့်ပေးလိုက်တယ်။
လေပူနဲ့ ဒီဇယ်အမှုန်လေးတွေ တွေ့တဲ့၊ရောတဲ့ နေရာတိုင်းမှာ ပေါက်ကွဲမှု သေးသေးလေးတွေ နေရာ အနှံ့ ဖြစ်တယ်။
အဲ့ ပေါက်ကွဲမှု သေးသေးလေတွေ စုပေါင်းအားနဲ့ ပစ္စတင်ကို တွန်းချလိုက်သလို သူတို့ အချင်းချင်း ၀င်တိုက်မိကြလို့ အသံတွေ ထွက်လာပါတယ်။အဲ့ဒါကြောင့် ဒီဇယ်မှာ ဂလောက် ဂလောက် ဆိုတဲ့ အသံကြားနေရတာပါ။
ဓာတ်ဆီ အင်ဂျင်ကျတော့ ဖိကျစ်ခံထားရတဲ့ ဆီလေ အရောတွေဟာ Spark Plug က မီးပွင့်တော့မှ ပေါက်ကွဲမှု တစ်ခုတည်း ဖြစ်ပြီး အဲ့ဒီပေါက်ကွဲမှုကပဲ ပစ္စတင်ကို တွန်းချတာမို့ အသံငြိမ်သလို ထုထည်လည်း ပါးပါးလျားလျား ဖြစ်နေတာပါ။
ဆိုတော့
ဓာတ်ဆီအင်ဂျင်မှာလည်း ဒီဇယ်လို ပေါက်ကွဲပုံမျိုး ဖြစ်လာရင်" ခေါက်သံ" ထွက်လာတော့တာပါပဲ။
အတိအကျ ပြောရရင် Detonation ဖြစ်တာပါ။
အကျစ်ခံထားရတဲ့ ဆီလေ အရောက အပူဒဏ် ဖိအားဒဏ်ကို တောင့်မခံနိုင်တော့ပဲ သူ့ဟာသူ ထပေါက်ကွဲတာဆိုရင် ပလပ်မီးပွင့်ပေးလို့ ပေါက်ကွဲရတာနဲ့ မတူတော့ပဲ ဆီလေအရော ရှိတဲ့ နေရာတိုင်းက ပေါက်ကွဲမှု သေးသေးလေးတွေ ဖြစ်ကုန်တာကြောင့် အဲ့ဒါလေးတွေ
ရင်ဆိုင်တွေ့ကုန်ပါတယ်။အဲ့ မှာ ဒီဇယ်လို ခေါက်သံထွက်ပါတယ်။
နောက်တစ်မျိုးက ပလပ်က မီးပွင့်တဲ့ အခါ ဆီလေ အရောက မီးထလောင်တယ်။ထို့အတူ Conbustion Chamber ထဲက အခြားတစ်နေရာမှာလည်း ရှိတဲ့အပူ သို့မဟုတ် ဖိအားကြောင့် ဆီလေ အရောတွေ မီးထလောင်တယ်။အဲ့ ဒီ ပေါက်ကွဲမှု ၂ ခု သို့မဟုတ် ၃ ခု ရင်ဆိုင်တွေ့တဲ့ အခါ Pressure Spike လို့ခေါ်တဲ့ အချိန်တိုအတွင်းမှာ သိပ်ပြင်းထန်တဲ့ ပေါက်ကွဲမှု ထပ်ဖြစ်တယ်။ဘယ်လောက်ပြင်းလဲဆို အဲ့ဒီ ပေါက်ကွဲမှုရဲ့
Pressure wave တွေက ပစ္စတင်နဲ့ စလစ် နံရံပေါ်ကို တူနဲ့ ထုသလောက်ပြင်းထန်သလို သံ၊သတ္ထုတွေကို တူနဲ့ ထုနေတဲ့ အသံမျိုးလည်း ကြားရပါတယ်။
အသံလှိုင်းအားဖြင့် 6400 Hertz ရှိပါတယ်။ပြင်းထန်လွန်းလို့ တစ်ချို့က အင်ဂျင်ထဲက အစိတ်အပိုင်းတွေ တိုက်မိ ကုန်တယ် ပြောကြပါတယ်။မဟုတ်ပါဘူး။
ဒါပေမယ့် Detonation ဒဏ် ပြင်းပြင်းထန်ထန် ခံစားထားရတဲ့ အင်ဂျင်တွေမှာ ပစ္စတင်တွေ၊စလစ်တွေ၊ဗားတွေမှာ ဒဏ်ရာ ဒဏ်ချက်တွေ တွေ့ရလေ့ ရှိပါတယ်။
Pre-ignition ကျတော့ မီးလောင်ခန်းထဲမှာ ကပ်နေတဲ့ ဂျိုးကြောင့်သော်လည်းကောင်း၊အပူလွန်နေတဲ့ ပလပ်ထိပ်ကြောင့်သော်လည်းကောင်း၊ပူလွန်းနေတဲ့ ပစ္စတင်၊စလစ် နံရံ တွေကြောင့်သော်လည်းကောင်း ပလပ်က မီးပွင့်လို့ မဟုတ်ပဲ ရှိနေတဲ့ မီးစ မီးန ကြောင့် ဆီလေ အရောတွေ အချိန်မတိုင်ခင် ပေါက်ကွဲ ကုန်တာပါ။အကျိုးဆက်အားဖြင့် ပစ္စတင်က တက်လို့ကောင်းတုန်း သူ့လမ်းကြောင်း မဆုံးခင် ပေါက်ကွဲမှုက ဖြစ်လေတော့ သူ တက်လာတာကို အကြီးအကျယ် အဟန့်အတား ဖြစ်သလို သူပြန်ဆင်းတဲ့ အချိန် သူ့ကို တွန်းချပေးမယ် ပေါက်ကွဲမှုလည်း မရှိတော့တာကြောင့် ပါဝါ အကြီးအကျယ် လျော့သွားပါတယ်။ထို့အတူ မီးစ မီးန ကြောင့် လောင်ရတဲ့ ဆီလေ အရောကလည်း ပလပ်ကပေးတဲ့ မီးလို သေချာလောင်ရတာ မဟုတ်တော့ ကြွင်းကျန်တဲ့ ဆီလေ အရောက အချိန်ကျလို့ ပလပ်က မီးပွင့်တဲ့ အချိန်ထပ်လောင်ပြန်ရင် ပေါက်ကွဲမှု နှစ်ခု ဆုံပြီး Detonation ဆက်ဖြစ်ပြန်ရော။
ဒါလောက်ဆို အင်ဂျင်ထဲက ခေါက်သံအကြောင်းရိပ်ဖမ်းသံဖမ်းတော့ သိလောက်မယ် ထင်ပါတယ်။
ဒီတော့ Compression Ratio 9 အထက်ဆို RON 87 အထက် ထည့်ပါ။(ဒီမှာတော့ 92 ပေါ့)
Compression Ratio 10 အထက်ဆို RON 93 အထက်ထည့်ပါ။(ဒီမှာဆို 95 )
မိမိအင်ဂျင် အပူမလွန်ကဲပါစေနှင့်။
မိမိအင်ဂျင်အတွက် မှန်ကန်တဲ့ ပလပ်မျိုး ရွေးမိပါစေ။
အင်ဂျင်ကို ၀န်ပိုစေမယ့် ရုတ်တရက်ဆောင့်ဆွဲခြင်းမျိုး မလုပ်ပါနှင့်။
ဆီ၊အင်ဂျင်ဝိုင်၊လေ သန့်ရှင်းစေခြင်းအားဖြင့် အတွင်းမှာ ဂျိုးမကပ်အောင် ကာကွယ်ပါ။
ခေါက်သံ ကြားတာနဲ့ လီဗာ လျှော့ပါ။
အားလုံးပဲ ဆိုင်ကယ်ဗဟုသုတ နှင့်ပြည့်စုံကြပါစေ။
Crd copy....
<Zawgyi>
ဆိုင္ကယ္ ၀ပ္ေရွာ့ဆရာမ်ားႏွင့္ ေလ့လာ သူမ်ားအတြက္သာ။
အင္ဂ်င္ ေခါက္သံ အေၾကာင္းေျပာမွ ရေတာ့မယ္။
Pinging လို႔ ေခၚတဲ့ အင္ဂ်င္ထဲက ေခါက္သံ ဟာ
Pre-ignition ေၾကာင့္ရယ္ Detonation ေၾကာင့္ရယ္ ျဖစ္ပါတယ္။
အဲ့ ၂ ခုကို အႏုလုံ အဋိလုံ ခြဲျခမ္းစိတ္ျဖာ ျပေနရင္ ပို ရႈပ္မွာေၾကာင့္ရယ္။အဲ့ ၂ ခုကလည္း တစ္ခုနဲ႔ တစ္ခု ဆက္စပ္ေနတာ ေၾကာင့္ရယ္ "ေခါက္သံ" လို႔ပဲ ေရာၿပီး ရွင္းပါ႔မယ္။
ဒီေတာ့ အရင္ဆုံး သိရမယ့္ RON က စရွင္းရပါမယ္။
Relative Octane Number(ဆက္စပ္ေအာက္တိန္း နံပါတ္) ဆိုတာေလ 92 RON,95 RON ဆိုတာေတြေပါ႔။
Octane Number 92 နဲ႔ Octane Number 95 နဲ႔ ဘယ္သူ မီးေလာင္လြယ္သလဲဆိုရင္ ၁၀၀ မွာ ၉၉ ေယာက္က 95 လို႔ ဆိုၾကပါတယ္။
တကယ္ေတာ့ Octane Number ဆိုတာ ဒီဓာတ္ဆီက ဖိသိပ္ျခင္း ကို ခံရတဲ့ အခါမွာ မီး ထမေလာင္ပဲ ေတာင့္ခံထားႏိုင္စြမ္း ကို ေျပာတာပါ။ပလပ္က မီးပြင့္ေတာ့မွ အားရပါရ ေလာင္တတ္တာမ်ိဳး။ပလပ္က မီးပြင့္ မေပးပဲ တျခား အပူဒဏ္၊ဖိအား ဒဏ္ေၾကာင့္ သူ့ဟာသူ ဘယ္ေတာ့မွ မီးထမေလာင္တဲ့ ဆီအမ်ိဳးေတြကို အဆင့္အတန္း ခြဲထားတဲ့ နံပါတ္ေတြပါ။သူ ျမင့္ေလ ဖိအားဒဏ္ အပူဒဏ္ ခံႏိုင္ေလပါပဲ။
ဒီေတာ့ အင္ဂ်င္ရဲ႕ ဘာနဲ႔ သြားသက္ဆိုင္သလဲ ဆိုေတာ့ Compression Ration ဆိုတာနဲ႔ သြား သက္ဆိုင္ပါတယ္။
"Specification ႀကိဳးစား ဖတ္ၾကည့္ပါ" ဆိုတဲ့ Post ထဲမွာလည္း ရွင္းျပထားပါတယ္။
Intake stroke မွာ ပစၥတင္က ေအာက္ကိုဆင္းတဲ့ အခ်ိန္မွာ အင္းလက္ဗား ပြင့္ၿပီး ရႈိက္ဆြဲ သြားတဲ့ ဆီေလ အေရာေတြကို ပစၥတင္ ျပန္တက္လာတဲ့ အခါမွာ အင္းလက္ေရာ အိပ္ေဇာဗားေရာ ပိတ္ထားၿပီး ဖိက်စ္ ပစ္လိုက္ပါတယ္။ဆြဲသြင္းလာတဲ့ ထုထည္ပမာဏ နဲ႔ ဖိက်စ္ခံရတဲ့ အခ်ိန္(compression stroke)အဆုံးမွာ က်န္တဲ့ ထုထည္ ပမာဏ နဲ႔ အခ်ိဳးခ် ၾကည့္တဲ့ အခါ ရတဲ့ ဂဏန္းကို Compression Ratio လို႔ ေခၚတာပါ။
ဥပမာ ဆြဲသြင္းလိုက္တာ 55 cubic centimeter(cc)
အဲ့ဒါေတြကို 5 cubic centimeter(cc) ပဲ က်န္ေအာင္ ဖိက်စ္ပစ္လိုက္ရင္ အဲ့ အင္ဂ်င္ရဲ႕ compression ratio က 11:1 (၁၁ အခ်ိဳး ၁)ပါ။ဒီေတာ့ ၁၁ ပဲ ေျပာၾကပါစို႔။
Compression Ratio ျမင့္ေလ Octane Number ျမင့္ျမင့္ ထည့္ရေလပါပဲ။
ေရွ႕က ေျပာခဲ့သလို ပစၥတင္ တက္လာတဲ့ အခ်ိန္မွာ ၀င္ထားတဲ့ ဆီေလ အေရာေတြကို ဖိက်စ္ေလေတာ့
အဖိအက်စ္ ခံရတဲ့ ဆီေလ အေရာထဲက ဆီက ညံ့ရင္(တစ္နည္းအားျဖင့္ Octane Number နိမ့္ရင္)အက်စ္ခံေနရဆဲ မွာပဲ ဖိအားဒဏ္ရယ္၊ဖိအားေၾကာင့္ တက္လာတဲ့ အပူဒဏ္ရယ္ကို ေတာင့္ မခံႏိုင္ေတာ့ပဲ သူ့ဟာသူ ထ ၿပီး ေပါက္ကြဲေလာင္ကြၽမ္း ပါေတာ့တယ္။
အဲ့ဒီေတာ့ ဘာျဖစ္လဲ??????
အဲ့ဒီေတာ့ ဒီဇယ္အင္ဂ်င္အေၾကာင္း ရွင္းရျပန္ေရာ။
ဒီဇယ္အင္ဂ်င္က စက္ႏႈိးထားရင္ ဂေလာက္ ဂေလာက္ ဂေလာက္ ဆိုတဲ့ အသံကို စိတ္၀င္စားသူတိုင္း ၾကားဖူးမွာပါ။ဓာတ္ဆီက် ႏႈိးထားရင္ ၿငိမ္ေနတာပဲ။အသံ မၾကားရသေလာက္ပါပဲ။
အင္ဂ်င္ထဲမွာ ဆီကို မီးေလာင္ ေပါက္ကြဲပုံေတြ ကြာလို႔ပါ။
ဓာတ္ဆီကို Spark Ignition(Spark plug ေၾကာင့္ မီးေလာင္ေပါက္ကြဲတဲ့ အင္ဂ်င္) လို႔ေခၚၿပီး
ဒီဇယ္ အင္ဂ်င္ကို Compression ignition(ဖိသိပ္ခံရလို႔ မီးေလာင္ေပါက္ကြဲတဲ့ အင္ဂ်င္)လို႔ ေခၚပါတယ္။
ဒီဇယ္အင္ဂ်င္ရဲ႕ Compression Ratio ကလည္း ၁၃ ကေန ၁၈ ေလာက္အထိ ရွိပါတယ္။ဒီလို ဖိက်စ္အားေတြ မ်ားမ်ားစားစားနဲ႔ အလုပ္လုပ္ေနတာမို႔ အင္ဂ်င္ကလည္း ထူထူထဲထဲ နဲ႔ ထုထည္ပိုႀကီးပါတယ္။
သူက intake stroke မွာ ေလ ခ်ည္းပဲ စုပ္ယူဆြဲသြင္းတယ္။Compression stroke မွာလည္း အဲ့ ေလေတြကိုခ်ည္းပဲ ဖိက်စ္ပစ္တယ္။၁၄၊၁၅ ဆ ေလာက္ဖိက်စ္ခံရတဲ့ ေလက တအားပူလာတယ္။အဲ့ ေလပူထဲကို ဒီဇယ္ဆီကို အမႈန္ေလးေတြ ျဖစ္ေအာင္ Nozzle နဲ႔ ျဖန္းထည့္ေပးလိုက္တယ္။
ေလပူနဲ႔ ဒီဇယ္အမႈန္ေလးေတြ ေတြ႕တဲ့၊ေရာတဲ့ ေနရာတိုင္းမွာ ေပါက္ကြဲမႈ ေသးေသးေလးေတြ ေနရာ အႏွံ႔ ျဖစ္တယ္။
အဲ့ ေပါက္ကြဲမႈ ေသးေသးေလေတြ စုေပါင္းအားနဲ႔ ပစၥတင္ကို တြန္းခ်လိုက္သလို သူတို႔ အခ်င္းခ်င္း ၀င္တိုက္မိၾကလို႔ အသံေတြ ထြက္လာပါတယ္။အဲ့ဒါေၾကာင့္ ဒီဇယ္မွာ ဂေလာက္ ဂေလာက္ ဆိုတဲ့ အသံၾကားေနရတာပါ။
ဓာတ္ဆီ အင္ဂ်င္က်ေတာ့ ဖိက်စ္ခံထားရတဲ့ ဆီေလ အေရာေတြဟာ Spark Plug က မီးပြင့္ေတာ့မွ ေပါက္ကြဲမႈ တစ္ခုတည္း ျဖစ္ၿပီး အဲ့ဒီေပါက္ကြဲမႈကပဲ ပစၥတင္ကို တြန္းခ်တာမို႔ အသံၿငိမ္သလို ထုထည္လည္း ပါးပါးလ်ားလ်ား ျဖစ္ေနတာပါ။
ဆိုေတာ့
ဓာတ္ဆီအင္ဂ်င္မွာလည္း ဒီဇယ္လို ေပါက္ကြဲပုံမ်ိဳး ျဖစ္လာရင္" ေခါက္သံ" ထြက္လာေတာ့တာပါပဲ။
အတိအက် ေျပာရရင္ Detonation ျဖစ္တာပါ။
အက်စ္ခံထားရတဲ့ ဆီေလ အေရာက အပူဒဏ္ ဖိအားဒဏ္ကို ေတာင့္မခံႏိုင္ေတာ့ပဲ သူ့ဟာသူ ထေပါက္ကြဲတာဆိုရင္ ပလပ္မီးပြင့္ေပးလို႔ ေပါက္ကြဲရတာနဲ႔ မတူေတာ့ပဲ ဆီေလအေရာ ရွိတဲ့ ေနရာတိုင္းက ေပါက္ကြဲမႈ ေသးေသးေလးေတြ ျဖစ္ကုန္တာေၾကာင့္ အဲ့ဒါေလးေတြ
ရင္ဆိုင္ေတြ႕ကုန္ပါတယ္။အဲ့ မွာ ဒီဇယ္လို ေခါက္သံထြက္ပါတယ္။
ေနာက္တစ္မ်ိဳးက ပလပ္က မီးပြင့္တဲ့ အခါ ဆီေလ အေရာက မီးထေလာင္တယ္။ထို႔အတူ Conbustion Chamber ထဲက အျခားတစ္ေနရာမွာလည္း ရွိတဲ့အပူ သို႔မဟုတ္ ဖိအားေၾကာင့္ ဆီေလ အေရာေတြ မီးထေလာင္တယ္။အဲ့ ဒီ ေပါက္ကြဲမႈ ၂ ခု သို႔မဟုတ္ ၃ ခု ရင္ဆိုင္ေတြ႕တဲ့ အခါ Pressure Spike လို႔ေခၚတဲ့ အခ်ိန္တိုအတြင္းမွာ သိပ္ျပင္းထန္တဲ့ ေပါက္ကြဲမႈ ထပ္ျဖစ္တယ္။ဘယ္ေလာက္ျပင္းလဲဆို အဲ့ဒီ ေပါက္ကြဲမႈရဲ႕
Pressure wave ေတြက ပစၥတင္နဲ႔ စလစ္ နံရံေပၚကို တူနဲ႔ ထုသေလာက္ျပင္းထန္သလို သံ၊သတၳဳေတြကို တူနဲ႔ ထုေနတဲ့ အသံမ်ိဳးလည္း ၾကားရပါတယ္။
အသံလႈိင္းအားျဖင့္ 6400 Hertz ရွိပါတယ္။ျပင္းထန္လြန္းလို႔ တစ္ခ်ိဳ႕က အင္ဂ်င္ထဲက အစိတ္အပိုင္းေတြ တိုက္မိ ကုန္တယ္ ေျပာၾကပါတယ္။မဟုတ္ပါဘူး။
ဒါေပမယ့္ Detonation ဒဏ္ ျပင္းျပင္းထန္ထန္ ခံစားထားရတဲ့ အင္ဂ်င္ေတြမွာ ပစၥတင္ေတြ၊စလစ္ေတြ၊ဗားေတြမွာ ဒဏ္ရာ ဒဏ္ခ်က္ေတြ ေတြ႕ရေလ့ ရွိပါတယ္။
Pre-ignition က်ေတာ့ မီးေလာင္ခန္းထဲမွာ ကပ္ေနတဲ့ ဂ်ိဳးေၾကာင့္ေသာ္လည္းေကာင္း၊အပူလြန္ေနတဲ့ ပလပ္ထိပ္ေၾကာင့္ေသာ္လည္းေကာင္း၊ပူလြန္းေနတဲ့ ပစၥတင္၊စလစ္ နံရံ ေတြေၾကာင့္ေသာ္လည္းေကာင္း ပလပ္က မီးပြင့္လို႔ မဟုတ္ပဲ ရွိေနတဲ့ မီးစ မီးန ေၾကာင့္ ဆီေလ အေရာေတြ အခ်ိန္မတိုင္ခင္ ေပါက္ကြဲ ကုန္တာပါ။အက်ိဳးဆက္အားျဖင့္ ပစၥတင္က တက္လို႔ေကာင္းတုန္း သူ့လမ္းေၾကာင္း မဆုံးခင္ ေပါက္ကြဲမႈက ျဖစ္ေလေတာ့ သူ တက္လာတာကို အႀကီးအက်ယ္ အဟန္႔အတား ျဖစ္သလို သူျပန္ဆင္းတဲ့ အခ်ိန္ သူ့ကို တြန္းခ်ေပးမယ္ ေပါက္ကြဲမႈလည္း မရွိေတာ့တာေၾကာင့္ ပါဝါ အႀကီးအက်ယ္ ေလ်ာ့သြားပါတယ္။ထို႔အတူ မီးစ မီးန ေၾကာင့္ ေလာင္ရတဲ့ ဆီေလ အေရာကလည္း ပလပ္ကေပးတဲ့ မီးလို ေသခ်ာေလာင္ရတာ မဟုတ္ေတာ့ ႂကြင္းက်န္တဲ့ ဆီေလ အေရာက အခ်ိန္က်လို႔ ပလပ္က မီးပြင့္တဲ့ အခ်ိန္ထပ္ေလာင္ျပန္ရင္ ေပါက္ကြဲမႈ ႏွစ္ခု ဆုံၿပီး Detonation ဆက္ျဖစ္ျပန္ေရာ။
ဒါေလာက္ဆို အင္ဂ်င္ထဲက ေခါက္သံအေၾကာင္းရိပ္ဖမ္းသံဖမ္းေတာ့ သိေလာက္မယ္ ထင္ပါတယ္။
ဒီေတာ့ Compression Ratio 9 အထက္ဆို RON 87 အထက္ ထည့္ပါ။(ဒီမွာေတာ့ 92 ေပါ႔)
Compression Ratio 10 အထက္ဆို RON 93 အထက္ထည့္ပါ။(ဒီမွာဆို 95 )
မိမိအင္ဂ်င္ အပူမလြန္ကဲပါေစႏွင့္။
မိမိအင္ဂ်င္အတြက္ မွန္ကန္တဲ့ ပလပ္မ်ိဳး ေရြးမိပါေစ။
အင္ဂ်င္ကို ၀န္ပိုေစမယ့္ ႐ုတ္တရက္ေဆာင့္ဆြဲျခင္းမ်ိဳး မလုပ္ပါႏွင့္။
ဆီ၊အင္ဂ်င္ဝိုင္၊ေလ သန္႔ရွင္းေစျခင္းအားျဖင့္ အတြင္းမွာ ဂ်ိဳးမကပ္ေအာင္ ကာကြယ္ပါ။
ေခါက္သံ ၾကားတာနဲ႔ လီဗာ ေလွ်ာ့ပါ။
အားလုံးပဲ ဆိုင္ကယ္ဗဟုသုတ ႏွင့္ျပည့္စုံၾကပါေစ။
Crd copy....