ကြုံရဆုံရဆိုင်ကယ်ပြင်ဆရာဘ၀ ....

<Unicode>
ကြုံရဆုံရဆိုင်ကယ်ပြင်ဆရာဘ၀ ....

အဖိုးကြီးတစ်ယောက်၀င်လာတယ် dream 125 (2004)ဆိုင်ကယ်လေးနဲ့ဗျ။သားရေ စတတ်နိူးမရလို့တဲ့ အဘလဲ ကစ်မနင်းနိုင်ဘူးတဲ့။ဘီးလေးကN မီးကိုမလင်းတော့တာပါ။

အာ့နဲ့ဟုတ်ကဲ့ဆိုပြီးဖြူးစစ်ဖို့ ဘေးဖုံးဖြုတ်ဖို့လုပ်ရတာပေါ့(dreamလေးတွေက ညာဘက်ခြမ်းအောက်က အဖုံးအောက်မှာ ဘထရီနဲ့ ဖြူးဘောက်ကလေးတွေပါတာပါ။)

ကျောက်လှည့်ကလေးကိုင်ပြီးဖြုတ်မယ်လဲလုပ်ရော ဟ ဘာလုပ်တာလဲတဲ့ ဟာ လန့်ထှာအဘရာဘာလို့လဲလို့ ဆိုမှ မင်းဘာလုပ်မလို့လဲတဲ့ ကျွန်တော်ဖြူးစစ်မလို့လေ ဆိုတော့ အေ့လေ ကျောက်လှည့်က ဘာလုပ်ဖို့လဲတဲ့။

ဘေးကာဘာလေးဖြုတ်မလို့လေဆိုမှ ကာဘာဖြုတ်မယ်ဆိုမပြင်တော့ဘူးတဲ့။ဟင် အဘ ဖြူးက ဒီအောက်မှာကာဘာမဖြုတ်ပဲ မရဘူးဆိုတော့ နေပစေတာ့တဲ့ ဆိုပြီး တွန်းပြန်သွားပါလေရောဗျာ။

ခေါင်းထဲမှာအစီအရီပေါ်လာတာက စက်ပစ္စည်းတွေဟာ လူသားခန္ဓာလိုမဟုတ်ဘူး။ခန္ဓာမှာဇီ၀ကံမ ဖြစ်စဉ်တွေရှိတယ်။ထိန်းချုပ်နိုင်တဲ့ ဦးဏှောက်ကဖြစ်စဉ်တွေအကုန်လုံးကို ထိန်းချုပ်တယ်။ပူလာရင် /အေးလာရင် သဘာ၀နဲ့အနီးစပ်ဆုံးရှင်သန်နေနိုင်အောင်ဦးဏှောက်က ပြင်ဆင်ပြုပြင်ထိန်းချုပ်ပေးတယ်။

ဗိုင်းရပ်စ်တစ်မျိုး၀င်လာရင်ကို ကိုယ်ကိုအလွန်အမင်းပူပေးပြီး ခုခံတုံ့ပြန်တဲ့ ဓါတု ကလပ်စည်းတစ်ခုကိုခန္ဓာကိုယ်က ထုတ်လွှတ်ပေးတယ်။ကိုယ်ပူတယ်ဆိုတာအ‌ေအးမိ ဗိုင်းရပ်စ်ဆိုတဲ့ လက္ခဏာဖြစ်တယ်။ကိုယ်ပူတာကို ကြောက်ဖို့မလိုဘူး။ဒါကဥပမာပြောပြတာ လူ့ခန္ဓာလိုမဟုတ်တဲ့ စက်ပစ္စည်းတွေမှာ လူက ပြုပြင်ထိန်းသိမ်းပေးရတဲ့ အစိတ်အပိုင်းတွေရှိကိုရှိတယ်။

ဘယ်လောက်စောက်သုံးမကျတဲ့စကားလဲနားထာင်ကြည့် (ဒီဆိုင်ကယ်လေးက ဆယ်နှစ်ရှိပြီ ဘာမှမလုပ်ရတာ ကောင်းချက်)ဆိုတဲ့စကားပါ။အရမ်းမာတယ်ဆိုတာပါလိုက်သေး။လခွမ်း စလဲပြင်ရော နတ်ကအစ ချွတ်မရတပ်မရ ချွတ်လဲချွတ်ပြတ်လဲပြတ် ပဲ။

အာ့ကျမှ ပုစိန်နဲ့ပေါက်ထုတ်ယုံမက တွင်းပါတူးထုတ်ရတဲ့ အပုံတိုက်ကြီးဖြစ်လေရော။ကီလိုဘယ်လောက်မှာဘာလုပ်ရမယ်။နောက်ဘယ်လောက်ကြာရင် နတ် တွေလိုက်ပေးရမယ်/ဆားဗစ်အချိန်ကဘယ်လောက်မှာစမယ် ဆိုတဲ့အချက်တွေက မီယမ်မာ ပြည်ကြီးမှာရေစုံမျောရတော့တယ်။တကယ်သာ၀ါသနာကြီး ချစ်တတ်ရင် ကိုယ့်ဆိုင်ကယ်လေးကို ကိုယ် လိုတာလေးလိုက်လုပ်လိုက် တူးဘောက်စ်ကလေး၀ယ်ထား ဘယ်လောက်ပျော်ဖို့ကောင်းလဲ။

ခုတော့ သိသာတဲ့ လက္ခဏာကတော့ အာရှရဲ့ ဆိုင်ကယ်သင်းချိုင်း က မြန်မာပြည်ဖြစ်လာတာပဲ။ကာဘာဖြုတ်ရမယ်ဆို မပြင်ဘူးကွာဆိုတဲ့အဘ ကျောပြင်ကိုသာ ငေးကြည့်ရင်း...........

ππကိုဘာများပြောနိုင်ဦးမှာလဲ... ကိုဘာများတတ်နိုင်မှာလဲကွယ်........πππ

ဆိုင်ကယ်ပြင်ရင်း အဆဲခံရတဲ့ဘ၀က လွတ်ကြပါစေ
ရဲရင့်သာဝေပိုင်

<Zawgyi>
ႀကဳံရဆုံရဆိုင္ကယ္ျပင္ဆရာဘ၀ ....

အဖိုးႀကီးတစ္ေယာက္၀င္လာတယ္ dream 125 (2004)ဆိုင္ကယ္ေလးနဲ႔ဗ်။သားေရ စတတ္နိူးမရလို႔တဲ့ အဘလဲ ကစ္မနင္းႏိုင္ဘူးတဲ့။ဘီးေလးကN မီးကိုမလင္းေတာ့တာပါ။

အာ့နဲ႔ဟုတ္ကဲ့ဆိုၿပီးျဖဴးစစ္ဖို႔ ေဘးဖုံးျဖဳတ္ဖို႔လုပ္ရတာေပါ႔(dreamေလးေတြက ညာဘက္ျခမ္းေအာက္က အဖုံးေအာက္မွာ ဘထရီနဲ႔ ျဖဴးေဘာက္ကေလးေတြပါတာပါ။)

ေက်ာက္လွည့္ကေလးကိုင္ၿပီးျဖဳတ္မယ္လဲလုပ္ေရာ ဟ ဘာလုပ္တာလဲတဲ့ ဟာ လန္႔ထွာအဘရာဘာလို႔လဲလို႔ ဆိုမွ မင္းဘာလုပ္မလို႔လဲတဲ့ ကြၽန္ေတာ္ျဖဴးစစ္မလို႔ေလ ဆိုေတာ့ ေအ့ေလ ေက်ာက္လွည့္က ဘာလုပ္ဖို႔လဲတဲ့။

ေဘးကာဘာေလးျဖဳတ္မလို႔ေလဆိုမွ ကာဘာျဖဳတ္မယ္ဆိုမျပင္ေတာ့ဘူးတဲ့။ဟင္ အဘ ျဖဴးက ဒီေအာက္မွာကာဘာမျဖဳတ္ပဲ မရဘူးဆိုေတာ့ ေနပေစတာ့တဲ့ ဆိုၿပီး တြန္းျပန္သြားပါေလေရာဗ်ာ။

ေခါင္းထဲမွာအစီအရီေပၚလာတာက စက္ပစၥည္းေတြဟာ လူသားခႏၶာလိုမဟုတ္ဘူး။ခႏၶာမွာဇီ၀ကံမ ျဖစ္စဉ္ေတြရွိတယ္။ထိန္းခ်ဳပ္ႏိုင္တဲ့ ဦးေဏွာက္ကျဖစ္စဉ္ေတြအကုန္လုံးကို ထိန္းခ်ဳပ္တယ္။ပူလာရင္ /ေအးလာရင္ သဘာ၀နဲ႔အနီးစပ္ဆုံးရွင္သန္ေနႏိုင္ေအာင္ဦးေဏွာက္က ျပင္ဆင္ျပဳျပင္ထိန္းခ်ဳပ္ေပးတယ္။

ဗိုင္းရပ္စ္တစ္မ်ိဳး၀င္လာရင္ကို ကိုယ္ကိုအလြန္အမင္းပူေပးၿပီး ခုခံတုံ႔ျပန္တဲ့ ဓါတု ကလပ္စည္းတစ္ခုကိုခႏၶာကိုယ္က ထုတ္လႊတ္ေပးတယ္။ကိုယ္ပူတယ္ဆိုတာေအ‌အးမိ ဗိုင္းရပ္စ္ဆိုတဲ့ လကၡဏာျဖစ္တယ္။ကိုယ္ပူတာကို ေၾကာက္ဖို႔မလိုဘူး။ဒါကဥပမာေျပာျပတာ လူ့ခႏၶာလိုမဟုတ္တဲ့ စက္ပစၥည္းေတြမွာ လူက ျပဳျပင္ထိန္းသိမ္းေပးရတဲ့ အစိတ္အပိုင္းေတြရွိကိုရွိတယ္။

ဘယ္ေလာက္ေစာက္သုံးမက်တဲ့စကားလဲနားထာင္ၾကည့္ (ဒီဆိုင္ကယ္ေလးက ဆယ္ႏွစ္ရွိၿပီ ဘာမွမလုပ္ရတာ ေကာင္းခ်က္)ဆိုတဲ့စကားပါ။အရမ္းမာတယ္ဆိုတာပါလိုက္ေသး။လခြမ္း စလဲျပင္ေရာ နတ္ကအစ ခြၽတ္မရတပ္မရ ခြၽတ္လဲခြၽတ္ျပတ္လဲျပတ္ ပဲ။

အာ့က်မွ ပုစိန္နဲ႔ေပါက္ထုတ္ယုံမက တြင္းပါတူးထုတ္ရတဲ့ အပုံတိုက္ႀကီးျဖစ္ေလေရာ။ကီလိုဘယ္ေလာက္မွာဘာလုပ္ရမယ္။ေနာက္ဘယ္ေလာက္ၾကာရင္ နတ္ ေတြလိုက္ေပးရမယ္/ဆားဗစ္အခ်ိန္ကဘယ္ေလာက္မွာစမယ္ ဆိုတဲ့အခ်က္ေတြက မီယမ္မာ ျပည္ႀကီးမွာေရစုံေမ်ာရေတာ့တယ္။တကယ္သာ၀ါသနာႀကီး ခ်စ္တတ္ရင္ ကိုယ့္ဆိုင္ကယ္ေလးကို ကိုယ္ လိုတာေလးလိုက္လုပ္လိုက္ တူးေဘာက္စ္ကေလး၀ယ္ထား ဘယ္ေလာက္ေပ်ာ္ဖို႔ေကာင္းလဲ။

ခုေတာ့ သိသာတဲ့ လကၡဏာကေတာ့ အာရွရဲ႕ ဆိုင္ကယ္သင္းခ်ိဳင္း က ျမန္မာျပည္ျဖစ္လာတာပဲ။ကာဘာျဖဳတ္ရမယ္ဆို မျပင္ဘူးကြာဆိုတဲ့အဘ ေက်ာျပင္ကိုသာ ေငးၾကည့္ရင္း...........

ππကိုဘာမ်ားေျပာႏိုင္ဦးမွာလဲ... ကိုဘာမ်ားတတ္ႏိုင္မွာလဲကြယ္........πππ

ဆိုင္ကယ္ျပင္ရင္း အဆဲခံရတဲ့ဘ၀က လြတ္ၾကပါေစ
ရဲရင့္သာေဝပိုင္