စတတ်မော်တာဘာကြောင့်ပြောင်းပြန်လည်ရတာလဲ၂

<Unicode>
စတတ်မော်တာတွေဘာကြောင့်ပြောင်းပြန်လည်
ကြတာလဲ

ဆိုင်ကယ်မှာပါတဲ့စတတ်မော်တာတွေဟာ ပုံသေသံလိုက်နဲ့ ယာယီသံလိုက်ကို အသုံးပြု
ပြီးလည်ပတ်စေတာဖြစ်တယ်။ပုံသေသံလိုက်ဆိုတာဘာလဲ ဟုတ်ပြီ ရှင်းမယ် မော်တာရဲ့အဖုံး စလောင်းမှာတပ်ဆင်ထားတာပိုပုံသေသံလိုက်အမြဲတမ်းသံလိုက်လို့ခေါ်တယ်။မော်တာရဲ့အတွင်းပိုင်းအူတိုင်ချောင်းကြီးကတော့ အာမေချာကွိုင်လို့ခေါ်တဲ့ယာယီသံလိုက်ကြီးပါ။ဘာကြောင့်ယာယီသံလိုက်လို့ခေါ်ရတာလဲ ဟုတ်ပြီ ယာယီသံလိုက်ဆိုတာဟာ အဲ့ဒီကွိုင်အတွင်းသို့လျှပ်စီးပတ်လမ်းရောက်မှသာသံလိုက်အလုပ်ကိုလုပ်ဆောင်တာဖြစ်တယ် ဒါကြောင့် စတတ်ခလုတ်ကိုနှိပ်တဲ့အခါ ဆိုလိုနိုက်က တပ်တပ်ဆိုပြီး အသံနှင့်အတူ ဘက်ထရီရဲ့မိန်းဝါယာတစကိုပူးပေးလိုက်တယ်။အဲ့လိုပူးပေးလိုက်တာနဲ့ ဘက်ထရီရဲ့ဗို့အားဟာ မော်တာအတွင်းရှိ အာမေချာကွိုင်လို့ခေါ်တဲ့ ယာယီသံလိုက်တုံးဆီသို့ ကာဗွန်မှတဆင့်ဖြတ်သန်းစီးဝင်သွားတယ်။မော်တာရဲ့ဘော်ဒီဟာအပ်ပေါ့။ဒါကြောင့်အပ်ကပုံသေရှိနှင့်ပြီးဖြစ်တာကြောင့် အပေါင်းဗို့အားရောက်ရှိလာသည်နှင့် အာမေချာကွိုင်ကြီးဟာ ယာယီသံလိုက်အလုပ်ကိုလုပ်ဆောင်ပါတော့တယ်။အဲ့ဒီမှာ သံလိုက်အချင်းချင်းတွန်းကန်ပြီးမော်တာဟာ လည်ပတ်ခြင်းစတင်ပါတော့တယ်။မော်တာဟာသူ့ပတ်လမ်းအတိုင်းလည်ပတ်နေတာမှန်သော်လဲ မိမိအသုံးပြုလိုသည့်လားရာဖက်ကို ပြောင်းလဲအသုံးပြုနိုင်တယ် ဆိုလိုတာက ဘယ်လည် ညာလည် ပေါ့။အဲဒီမှာပြသနာကဘာလဲဆိုတော့ ဝပ်ရှော့ညီအကိုတွေ မော်တာစလောင်းကသံလိုက်တုံးလေးတွေကွာနေတာမြင်ဖူးကြုံဖူးမယ်ထင်ပါတယ်။လွယ်လွယ်ပဲသံလိုက်ကိုဖြုတ်လိုက်တယ် ဆူပါဂလူးကော်နဲ့ကပ်ပြီးပြန်တပ်တယ် ပြီးတော့မော်တာက ပြောင်းပြန်လည်တော့တာပါဘဲ။အဲ့အချိန်မှာစတတ်ဘောလဲသူလဲရှိမယ် ကျန်တာဘာညာ လိုက်လုပ် မရသူလဲရှိမယ် ဘာဖြစ်လို့လဲဆိုတော့ မော်တာပြောင်းပြန်လည်ခြင်းဟာ အင်ဂျင်ကိုချိတ်ပြီးမရုန်းတော့ဘဲစတတ်ဘောချော်သလို ဖရီးလိုက်လည်နေတာပါဘဲ။ကဲဘယ်လိုပြင်မလဲ နောက်ဆိုသံလိုက်ကွာတာတွေ့ရင် အခြမ်းဘယ်ညာမလွဲစေနဲ့ သံလိုက်အပေါ်အောက်မမှားစေနဲ့ပေါ့။မှားခဲ့ရင်လဲလွယ်ပါတယ် သံလိုက်အုံစလောင်းက်ိုလှည့်ပြီးထည့်ပေးလိုက်ပါ။ရှစ်နပ်အကြီးနစ်လုံးပဲတပ်လို့ရမယ် ကျန်နပ်အသေးသုံးလုံးတပ်မရတော့ပါ အပေါက်တွေလွဲနေလိမ့်မယ်။ကိစ္စမရှိ
ဘူး မော်တာအမှန်အတိုင်းပြန်လည်လိမ့်မယ်။နောက်တနည်းကတော့ကာဗွန်ငုတ်ပြောင်းတပ်ရင်လဲရပါတယ် အဲ့နည်းကဝါယာမကျွမ်းရင်မီးလောင်နိုင်တာမို့ပြောမပြတော့ပါဘူး။ဂပ်ရှော့ညီအကိုများပညာရရှိပြီးအဆင်ပြေတတ်မြောက်ကြပါစေ။
ဆရာစွမ်းနိုင် ဆင်ဖြူကျွန်း

crd. Copy

<Zawgyi>
စတတ္ေမာ္တာေတြဘာေၾကာင့္ေျပာင္းျပန္လည္
ၾကတာလဲ

ဆိုင္ကယ္မွာပါတဲ့စတတ္ေမာ္တာေတြဟာ ပုံေသသံလိုက္နဲ႔ ယာယီသံလိုက္ကို အသုံးျပဳ
ၿပီးလည္ပတ္ေစတာျဖစ္တယ္။ပုံေသသံလိုက္ဆိုတာဘာလဲ ဟုတ္ၿပီ ရွင္းမယ္ ေမာ္တာရဲ႕အဖုံး စေလာင္းမွာတပ္ဆင္ထားတာပိုပုံေသသံလိုက္အၿမဲတမ္းသံလိုက္လို႔ေခၚတယ္။ေမာ္တာရဲ႕အတြင္းပိုင္းအူတိုင္ေခ်ာင္းႀကီးကေတာ့ အာေမခ်ာကြိဳင္လို႔ေခၚတဲ့ယာယီသံလိုက္ႀကီးပါ။ဘာေၾကာင့္ယာယီသံလိုက္လို႔ေခၚရတာလဲ ဟုတ္ၿပီ ယာယီသံလိုက္ဆိုတာဟာ အဲ့ဒီကြိဳင္အတြင္းသို႔လွ်ပ္စီးပတ္လမ္းေရာက္မွသာသံလိုက္အလုပ္ကိုလုပ္ေဆာင္တာျဖစ္တယ္ ဒါေၾကာင့္ စတတ္ခလုတ္ကိုႏွိပ္တဲ့အခါ ဆိုလိုႏိုက္က တပ္တပ္ဆိုၿပီး အသံႏွင့္အတူ ဘက္ထရီရဲ႕မိန္းဝါယာတစကိုပူးေပးလိုက္တယ္။အဲ့လိုပူးေပးလိုက္တာနဲ႔ ဘက္ထရီရဲ႕ဗို႔အားဟာ ေမာ္တာအတြင္းရွိ အာေမခ်ာကြိဳင္လို႔ေခၚတဲ့ ယာယီသံလိုက္တုံးဆီသို႔ ကာဗြန္မွတဆင့္ျဖတ္သန္းစီးဝင္သြားတယ္။ေမာ္တာရဲ႕ေဘာ္ဒီဟာအပ္ေပါ႔။ဒါေၾကာင့္အပ္ကပုံေသရွိႏွင့္ၿပီးျဖစ္တာေၾကာင့္ အေပါင္းဗို႔အားေရာက္ရွိလာသည္ႏွင့္ အာေမခ်ာကြိဳင္ႀကီးဟာ ယာယီသံလိုက္အလုပ္ကိုလုပ္ေဆာင္ပါေတာ့တယ္။အဲ့ဒီမွာ သံလိုက္အခ်င္းခ်င္းတြန္းကန္ၿပီးေမာ္တာဟာ လည္ပတ္ျခင္းစတင္ပါေတာ့တယ္။ေမာ္တာဟာသူ့ပတ္လမ္းအတိုင္းလည္ပတ္ေနတာမွန္ေသာ္လဲ မိမိအသုံးျပဳလိုသည့္လားရာဖက္ကို ေျပာင္းလဲအသုံးျပဳႏိုင္တယ္ ဆိုလိုတာက ဘယ္လည္ ညာလည္ ေပါ႔။အဲဒီမွာျပသနာကဘာလဲဆိုေတာ့ ဝပ္ေရွာ့ညီအကိုေတြ ေမာ္တာစေလာင္းကသံလိုက္တုံးေလးေတြကြာေနတာျမင္ဖူးႀကဳံဖူးမယ္ထင္ပါတယ္။လြယ္လြယ္ပဲသံလိုက္ကိုျဖဳတ္လိုက္တယ္ ဆူပါဂလူးေကာ္နဲ႔ကပ္ၿပီးျပန္တပ္တယ္ ၿပီးေတာ့ေမာ္တာက ေျပာင္းျပန္လည္ေတာ့တာပါဘဲ။အဲ့အခ်ိန္မွာစတတ္ေဘာလဲသူလဲရွိမယ္ က်န္တာဘာညာ လိုက္လုပ္ မရသူလဲရွိမယ္ ဘာျဖစ္လို႔လဲဆိုေတာ့ ေမာ္တာေျပာင္းျပန္လည္ျခင္းဟာ အင္ဂ်င္ကိုခ်ိတ္ၿပီးမ႐ုန္းေတာ့ဘဲစတတ္ေဘာေခ်ာ္သလို ဖရီးလိုက္လည္ေနတာပါဘဲ။ကဲဘယ္လိုျပင္မလဲ ေနာက္ဆိုသံလိုက္ကြာတာေတြ႕ရင္ အျခမ္းဘယ္ညာမလြဲေစနဲ႔ သံလိုက္အေပၚေအာက္မမွားေစနဲ႔ေပါ႔။မွားခဲ့ရင္လဲလြယ္ပါတယ္ သံလိုက္အုံစေလာင္းက္ိုလွည့္ၿပီးထည့္ေပးလိုက္ပါ။ရွစ္နပ္အႀကီးနစ္လုံးပဲတပ္လို႔ရမယ္ က်န္နပ္အေသးသုံးလုံးတပ္မရေတာ့ပါ အေပါက္ေတြလြဲေနလိမ့္မယ္။ကိစၥမရွိ
ဘူး ေမာ္တာအမွန္အတိုင္းျပန္လည္လိမ့္မယ္။ေနာက္တနည္းကေတာ့ကာဗြန္ငုတ္ေျပာင္းတပ္ရင္လဲရပါတယ္ အဲ့နည္းကဝါယာမကြၽမ္းရင္မီးေလာင္ႏိုင္တာမို႔ေျပာမျပေတာ့ပါဘူး။ဂပ္ေရွာ့ညီအကိုမ်ားပညာရရွိၿပီးအဆင္ေျပတတ္ေျမာက္ၾကပါေစ။
ဆရာစြမ္းႏိုင္ ဆင္ျဖဴကြၽန္း

crd. Copy