<Unicode>
ပစ်စတင်ကြား အကွာအဝေးဆိုတာက ပစ္စတင်နဲ့ သတ္တု ဆလင်ဒါနံရံကြား အကွာအဝေးကို ဆိုလိုပါတယ်။လောင်ကျွမ်းမှု ဖြစ်စဉ်အတွင်းမြင့်တက်လာတဲ့
အပူချိန်ကြောင့် ပစ္စတင် ပြန့်ကားလာချိန် ပြန့်ကားမှု
အရမ်းများလာတဲ့ အခါ ပျက်စီးမှု မဖြစ်အောင် ကာကွယ်ဖို့ ထားထားတဲ့ကြား အကွာအဝေး ဖြစ်ပါတယ်။
ဒါကို Piston to bore clearance လို့ခေါ်ပါတယ်။
ယေဘုယျအနေနဲ့ ပစ်စတင်က အပူစီးကူးမှု ကောင်းစေဖို့ပုံသွန်းအလူမီနီယံအလွိုင်းနဲ့ပြုလုပ်ထားပါတယ်။ပူလာတဲ့အခါမှာ ပစ်စတင်က ဆလင်ဒါနံရံထက် ပိုပြန့်ကားလာတာပါ။
ဒါကြောင့်ဆင်ဒါအတွင်း ပစ်စတင်လွတ်လွပ်လပ်လပ် တက်ဆင်း နိုင်ဖို့ သင့်လျော်တဲ့ ကြားအကွာ အဝေးတစ်ရပ်ရှိနေဖို လိုပါတယ် တကယ်လို့ အကွာအဝေးကအရမ်းနည်းနေချိန် အပူချိန်တက်လာလို့ ကျယ်ပြန့်လာချိန် ဆလင်ဒါနံရံနဲ့ ညပ်သွားမှာပါ။
ဒီအခါ ဆလင်ဒါနံရံနဲ့ ပွတ်တိုက်မှု ပိုများလာပြီး ဆလင်ဒါနံရံ ပျက်စီးနိုင်ပါတယ်
တကယ်လို့ ဆလင်ဒါနဲ့ပစ်စတင် အကွာအဝေးက များနေမယ်ရင်လည်း ပစ်စတင်ကအပေါ်အောက် ရွေ့လျားမှုကပိုပြီးလွတ်လွတ်လပ်လပ်ရွေ့လျားပါလိမ့်မယ် ပစ္စတင်
အသံထွက်ပြီး ပစ်စတင်ပျက်စီးနိုင်သလို ဖိသိပ်အားလည်း လျော့နည်းစေနိုင်ပါတယ် အကွာအဝေး
မျာနေခြင်းက ပစ်တင်ကွင်းတွေရဲ့ မီးလောင်ခန်းကို ပိတ်ဆို့ နိုင်မှု စွမ်းရည် လျော့နည်စေလို့
ဆလင်ဒါနဲ့ ပတ်သတ်လို့ အကွာအဝေးတွေက အမျိုးမျိုးရှိပါတယ်။
1.ပစ်စတင်နဲ့ ဆလင်ဒါဟဒ်အကွာအဝေး
2.ပစ်စတင်နဲ့ ဆလင်ဒါနံရံအကွာအဝေး
3.ပစ်စတင်ရင်း မြောင်းနဲ့ပစ်စတင် ရင်းအကွာအဝေး
4.ပစ်စတင်ရင်း တစ်ခုနဲ့ တစ်ခုကြား ထောင့်ပြောင်းအကွာအဝေး
ပစ်စတင် နဲ့ဆလင်ဒါအကွာအဝေးက ပစ်စတင်ထိပ်နဲ့ဆလင်ဒါဟဒ်ဗား စတာတွေနဲ့ ထိတွေ့မှု မဖြစ်စေရန် ရည်ရွယ်ပြီး ပစ်စတင်နဲ့ဆလင်ဒါနံရံအကွာအဝေးက
ပစ်စတင်နဲ့ နံရံပွတ်တိုက်မှု ကိုလျော့ချဖို့ရည်ရွယ်ပါတယ် ဒီနှစ်ခုအကွာအဝေးကဘယ်လောက်ဆိုတာ အကြောင်း
အရာတော်တော်များများနဲ့ သက်ဆိုင်ပေမဲ့ ယေဘုယျအနေနဲ့ ကြားအကွာအဝေးကို
0.025mm နဲ့ 0.052mm အကြားထားလေ့ရှိပါတယ်
(ဒီအကွာအဝေးက စံမဟုတ်ပါဘူး)
ပစ်စတင် နဲ့ဆလင်ဒါနံရံ အကွာအဝေးများနေရင် ဆလင်ဒါခတ်သံထွက်ပေါ်နိုင်ပါတယ် အထူးသဖြစ် အေးတဲ့အချိန်မှာ ပိုထွက်ပြီး ၊ပူလာတဲ့အခါပစ်စတင်က အေးချိန်ထက် ပိုပြန့်ကားလာတာကြောင့် အကွာအဝေး ပြန်လျော့လာလို့ အသံပြန် ပါးသွားနိုင်ပါတယ်။
Credit
<Zawgyi>
Credit