⛔အင်ဂျင်တုန်ခါပြီး စက်သံမမှန်တာဘာကြောင့်လဲ ⛔

<Unicode>
⛔အင်ဂျင်တုန်ခါပြီး စက်သံမမှန်တာဘာကြောင့်လဲ ⛔
================================================================================================
ဓာတ်ဆီအင်ဂျင်များတွင် အများဆုံးဖြစ်လေ့ရှိသော ပြဿနာမှာ လီဗာနင်းလိုက်လျှင် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသော အဂ်ဂျင်လည်ပတ်ပုံ မှုမမှန်သော ရောဂါဖြစ်သည်။ ဓာတ်ဆီအင်ဂျင်တစ်လုံးတွင် လောင်စာဆီပို့စနစ်၊ မီးပေးစနစ် (lgnition System) တို့သည် အဓိကကျသည်။ ဆီမမှန်၊ မီးမမှန်သော အင်ဂျင်သည် စွမ်းအားပြည့် အလုပ်မလုပ်နိုင်ဘဲ အင်ဂျင်စက်သံပါ မမှန်မကန်ဖြစ်လာသည်။

လီဗာနင်း၍ စက်ရှိန်မြင့်သော်လည်း အင်ဂျင်လည်ပတ်နှုန်း ချက်ချင်းတက်မလာဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေမည်။ အင်ဂျင်အတွင်း လောင်စာဆီများ၊ မီးလောင်ပေါက်ကွဲမှု ပြင်းအားမမှန်တော့ဘဲ နည်းလိုက် များလိုက် ဖြစ်ပြီး တုံ့ဆိုင်းနေ မည်။

အင်ဂျင်လည်ပတ်မှု မမှန်တော့ဘဲ တုံ့ဆိုင်း နေသော ပြဿနာအကြောင်းရင်းများစွာ ရှိပါသည်။ ချွတ်ယွင်းချက်ဖြစ်နေသော အားနည်းချက်များကို ရှာဖွေ စစ်ဆေး၍ ကုစားမှသာ အင်ဂျင်ပြဿနာများ ဖြေရှင်းနိုင်ပါမည်။ မော်တော်ယာဉ်နည်းပညာများ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့၍ ယနေ့ခေတ်ပေါ် အင်ဂျင်များနှင့် ခေတ်ဟောင်းအင်ဂျင်များ ဖွဲ့စည်းအလုပ်လုပ်ပုံ နည်း စနစ်များ ကွာခြားနေပါသည်။

ခေတ်ဟောင်းအင်ဂျင်ကို အပြစ်ရှာဖွေသော နည်းလမ်းနှင့် ခေတ်ပေါ်အင်ဂျင်များ စစ်ဆေးပုံနည်းလမ်းများ မတူညီပါ။ ခေတ်ဟောင်းကားများတွင် ကာပရိုက်တာစနစ်ကိုသုံးပြီး လေနှင့်လောင်စာကို ရောနှောပေးသည်။ ဒစ်စတြီဗျူတာသုံး၍ မီးဖြန့်ဝေသည်။ ရိုးရှင်းသည်။ လွယ်ကူသည်။ ခေတ်ပေါ်ကားများတွင် ကွန်ပျူတာစနစ်ကို သုံး၍ နည်းပညာရှုပ်ထွေးသည်။ ဆင်ဆာအာရုံခံ ကိရိယာများ သုံးထားသည်။ လောင်စာ ကို Injector က ဖြန်းပေးသည်။အင်ဂျင်ချွတ်ယွင်းချက် အပြစ်များကို မျက်မြင်စစ်ဆေးရုံဖြင့် ရောဂါရှာဖွေ၍ မရနိုင်ပါ။ ခေတ်ပေါ် ကားများကို ရောဂါရှာဖွေရန် Scan Tool သုံးရသည်။

အင်ဂျင်တစ်လုံး တုံ့ဆိုင်းတွန့်ဆုတ်နေသော အခြေအနေ၏ အဓိပ္ပာယ်မှာ အင်ဂျင်လည်ပတ်မှု စက်ရှိန်မြှင့်တင်လိုက်သော အချိန်တွင် အင်ဂျင်၏ စွမ်းအား ချက်ချင်းတက်မလာဘဲ နှေးလိုက် မြန်လိုက်ဖြစ်ပြီး စက်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ အနှောင့်အယှက် အဟန့်အတားများရှိနေ၍ ဆတ်ခနဲ၊ တုံ့ခနဲသိမ့်ခနဲ ဖြစ်ပေါ်နေသော အခြေအနေမျိုးဖြစ်သည်။ ထိုအခြေ အနေမျိုးတွင် အင်ဂျင်စက်သည် ရုန်းအားမရှိဘဲ ကားတစ်စီးလုံး၏ ဝန်အလေးချိန်ကို ရွေ့လျားအောင် မစွမ်းဆောင်နိုင်ဘဲရှိ နေမည်။ အင်ဂျင်စက်၏ မူမမှန်သော လည်ပတ်မှုကြောင့် စွမ်းအားပါဝါ အပြည့်အဝထွက်မလာတော့ဘဲ ယာဉ်မောင်းသူကို ဒုက္ခပေးမည်။ တောင်ကုန်းတက်လမ်းမျိုးတွင် ရုတ်တရက် ဖြစ်လာပါက ကားနောက်ပြန်လိမ့်ဆင်းနိုင်သော အန္တရာယ်ရှိသည်။
Highway ထွက်မည့် ခရီးစဉ်တစ်ခုတွင် စတင်ထွက်လာခါစက ကားအင်ဂျင်ကောင်းနေသည်။ လမ်းတစ်ဝက်လောက် ရောက်ခါမှ ရုတ်တရက်ကောက်ကာငင်ကာ ထိုကဲ့သို့ အင်ဂျင်မမှန်တော့ဘဲ တုံ့ဆိုင်းနေလျှင် လမ်းခုလတ်၌ အားလုံး ဒုက္ခရောက်ကြရသည်။ အဘယ်ကြောင့် ကားအင်ဂျင်စက် တုံ့ဆိုင်းတွန့်ဆုတ်ဖြစ်နေရသနည်း။ ဖြစ်တတ်သော ချွတ်ယွင်း ချက် အားနည်းချက်များကို လေ့လာဆန်းစစ်လျှင် တွေ့နိုင်ပါသည်။ အဓိက အကြောင်းရင်းမှာ မီးနှင့်ဆီ မမှန်၍ ဖြစ်သည်။

ကာပရိုက်တာစနစ် သုံးနေသေးသောခေတ်ဟောင်း ကားများတွင် ထိုကဲ့သို့ အင်ဂျင်သိမ့်သိမ့်တုန် ဖြစ်နေပါက စက်ဆရာများ ပြောလေ့ရှိသော စကားတစ်ခွန်းရှိသည်။ “ကားသမားဆိုတာ အနည်းဆုံးတော့ ဆီပျောက်၊ မီးပျောက်တဲ့ရောဂါကို ရှာတတ်ရတယ် ” ခေတ်ဟောင်းကားများတွင် ဆီတိုင်ကီမှ ကာပရိုက်တာ ရောက်သည်အထိ ဆီလိုင်းတစ်လျှောက်တွင် ဆီပန့်နှင့် ဆီစစ်ဘူးသာ ရှိသည်။ ဆီပန့်တွင် A/C Pump နှင့် အော်တို လျှပ်စစ်ပန့် (၂)မျိုးသုံးသည်။ ဆီစစ်ဘူးတွင် အမှိုက်များ၊ အနယ်အနှစ်များ၊ ရေများကို စစ်ထုတ်ပေးပြီး ကာပရိုက်တာသို့ ဝင်သည်။

ဆီစစ်ဘူးပိတ်လျှင် ဓာတ်ဆီအလိုက်နည်းပြီး ကာပရိုက်တာသို့ ဆီအဝင်နည်းမည်။ Air Cleaner လေစစ်တွင် ဖုန်မှုန့်၊ သဲမှုန့်များပိတ်ဆို့နေပါက အင်ဂျင်လေဝင်နည်းပြီး အသက်ရှူကျပ်မည်။ ကာပရိုက်တာ မကောင်းလျှင်လည်း လေနှင့် ဓာတ်ဆီရောစပ်မှု အချိုးအစားမမှန်ဘဲ အင်ဂျင်လည်ပတ်မှု တုံ့ဆိုင်းစေသည်။ ထို့ကြောင့် ကာပရိုက်တာသုံး ကားဟောင်းများတွင် ဆီအလိုက် ကောင်း/မကောင်း သိရှိရန် ဆီပန့်၊ ဆီစစ်ဘူး (ဓာတ်ဆီစစ်) ကာပရိုက်တာတို့ကို စစ်ဆေးရမည်။

ခေတ်ဟောင်းကားများ၏ မီးပေးစနစ်တွင် Ignition Coil, Braker Point, ဒစ်စတြီဗျူတာ၊ ပလပ်ကြိုးနှင့် ပလပ်များ ပါဝင်သည်။ ပလပ်များမှ မီးပွား (Spark) ဖြစ်ပေါ်မှုအား မကောင်းခြင်း၊ မီးပျောက်နေခြင်းများသည် အင်ဂျင်လည်ပတ်မှု ချွတ်ယွင်းစေသာ အဓိက အားနည်းချက်ဖြစ်သည်။ ကွိုင်၊ ဒစ်စတြီဗျူတာကပ်ဖုံး၊ ပလပ်ကြိုးများ ရေစိုသွားလျှင်ဖြစ်စေ၊ ရေငွေ့ရိုက်ပြီး စိုထိုင်းထိုင်းဖြစ်စေ မီးပျောက်စေသော အခြေအနေဆိုးများ ဖြစ်သည်။
 
မိုးတွင်းရေကြီးရေလျှံသော လမ်းများတွင် မီးပျောက်၍ လမ်းဘေးချ ကားတွန်းရွှေ့ရသော ဒုက္ခမှာ မသက်သာလှပါ။ ဒစ်စတြီဗျူတာစနစ်တွင် အားနည်းချက်မှာ Braker Point ထိပ်ဖျားများ မီးစားသွားပြီး ကွိုင်မှ မီးထွက်အား ကျဆင်းသွားခြင်း ဖြစ်သည်။ ပွိုင့်ထိပ်ကို မကြာခဏ ကော်ပတ်စားပေးရ၊ ကွန်ဒင်ဆာလဲပေးရနှင့် ဒုက္ခများလှသည်။ ပွိုင့် Type ၏ အားနည်းချက်များကို ကျော်လွှားနိုင်ရန် ထရန်စစ္စတာသုံးမီးပေးစနစ်ကို ပြောင်းသုံးကြသည်။ သို့သော်လည်း ဒစ်စတြီဗျူတာ သုံးနေသမျှ အားနည်းချက်များရှိနေသေးသည်။ ပလပ်ကြိုး အတွင်းပိုင်းပြတ်နေခြင်း၊ ကာဘာပေါက်ကွဲ အက်နေခြင်းများ ဖြစ်နေပါက ပလပ်သို့ မီးမရောက်တော့ပါ။ ဆီမသန့်ခြင်း၊ အင်ဂျင်ဝိုင်ဆီရိုက်ခြင်းများကြောင့်လည်း ပလပ်များ မီးမကူးဘဲ ဖြစ်နေတတ်သည်။

ပလပ်ကြိုးမှ မီးလာ/မလာ ပထမဆုံးစမ်းသပ်ပါ။ ပလပ်ကြိုးကို ပလပ်ထိပ်မှဆွဲဖြုတ်ပြီး အင်ဂျင်ဘလောက်နှင့် နီးနီကပ်ကပ် ထားကြည့်ပါ။ မီးပွားများ ခုန်ကူးလျှင် ပလပ်အထိ မီးရောက်သည်။ ပလပ်ကောင်း/ မကောင်း သိရှိရန် စမ်းနည်းမှာ အင်ဂျင် Slow လည်နေချိန်တွင် ပလပ်ကြိုးတစ်ချောင်းချင်းကို ဖြုတ်၍မီးစမ်းပါ။ ပလပ်ကြိုးဖြုတ်လိုက်စဉ် အင်ဂျင်စက်သံ ပြောင်းသွားပြီး ပလပ်ကြိုး ပြန်တပ်လိုက်ပါက အင်ဂျင်လည်ပတ်မှု ပို၍မြန်သွားသည်ဟု ထင်ရပါက ထိုပလပ်ကောင်းသည်။ ပလပ်ခုတ် သည်ဟု ယူဆနိုင်သည်။ ပို၍ သေချာစေရန် Plug ကို အင်ဂျင်မှ ချွတ်လိုက်ပါ။ ပလပ်ထိပ်ဖျားငုတ် အခြေအနေကို စစ်ဆေးပါ။ သန့်ရှင်းဖြူဖွေးနေသော ပလပ်သည် ပုံမှန်ခုတ် ပေးနေသည်။ ညစ်ပေနေသော ပလပ်သည် အလုပ်မလုပ် သော၊ ညာနေသော ပလပ် ဖြစ်ပါသည်။ အချို့သော Ignition Coil များသည် ပူလာလျှင် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ မီးထွက် အားကျဆင်းတတ် သည်။ ကွိုင်မကောင်းလျှင်လည်း အင်ဂျင်စက်မမှန်ဘဲ ဖြစ်နေတတ်သည်။

ခေတ်ပေါ်ကားများတွင် အင်ဂျင်လည်ပတ်မှုများကို ကွန်ပျူတာခေါ် ECU က ထိန်းချုပ်သည်။ ဆီပို့ စနစ် (Fuel System) သည် EFI ခေါ် အီလက်ထရွန်းနစ် Fuel Injection စနစ်ဖြစ်သည်။ ဆင်ဆာခေါ် အာရုံခံကိရိယာ များသုံးထားပြီး ဆင်ဆာများက ပေးပို့သော သတင်းအချက်အလက်များကို အခြေခံ၍ ကွန်ပျူတာက မီးတိုင်မင်နှင့် ဆီဖြန်းပေးရမည့် ပမာဏကို ထိန်းချုပ်ကွပ်ကဲစီမံသည်။

ခေတ်ပေါ် EFI ကွန်ပျူတာစနစ်သုံးကားများ တွင် အင်ဂျင် တုံ့ဆိုင်းစေသော အကြောင်းတရားများမှာ-

⚫️ ဆီပန့်မကောင်း၍ ဆီအလိုက်နည်းပြီး ဆီဖိအားကျခြင်း
⚫️ ဆီစစ်ပိတ်ခြင်း
⚫️ ဆီမသန့်ရှင်းခြင်း၊ ရေနှင့် အညစ်အကြေးများ ရောနှောပါနေခြင်း၊ အောက်တိန်းနံပါတ်နိမ့်သော အရည်အသွေးညံ့ ဓာတ်ဆီများ သုံးထားခြင်း
⚫️ ဆီတိုင်ကီ မသန့်ခြင်း
⚫️ ဆီဖိအား ထိန်းညှိပေးသော Fuel Pressure Regulator မကောင်း၍ ဆီလိုင်းတွင် ဆီဖိအားနည်းနေခြင်း
⚫️ Fuel Injector များ မကောင်းခြင်း၊ ချေးပိတ် နေခြင်း၊ ဆီဖြန်းပေးသော Spray Pattern မကောင်းခြင်း
⚫️ MAP Sensor (Manifold Absolute Pressure) မကောင်းခြင်း
⚫️ TPS (Throttle Position Sensor) သရော်တယ် လေတံခါးအဖွင့် ဒီဂရီအာရုံခံ ဆင်ဆာ အလုပ် မလုပ်ခြင်း
⚫️ အင်ဂျင်မန်နီဖို့ထဲသို့ လေဝင်ပမာဏကို တိုင်း တာပေးသော MAF (Mass Airflow) Sensor မ ကောင်းခြင်း
⚫️ Inlet Manifold လေဟာနယ်တွင် လေစိမ့်ဝင်နေ ခြင်း (လေပိုက်များကွဲ အက်နေခြင်း)
⚫️ Spark Plug မကောင်းခြင်း၊ Plug ထိပ်ဖျားတွင် ကာဗွန်ချိုးများ၊ ဗားနစ်များ ကပ်တွယ်ညစ်ပေနေ ခြင်း၊ Plug ထိပ် ငုတ်တိုင်များ မီးစားနေခြင်း၊ ပလပ် ဆီရိုက်၍ ညစ်ပတ်နေခြင်း
⚫️ ပလပ်ဝါယာကြိုးသုံးသော ကားများတွင် ပလပ်ကြိုး ပေါက်ပြဲကွဲအက်နေခြင်း
⚫️ Ignition Coil မီးထွက်မကောင်းခြင်း
⚫️ EGR Valve များ လေမလုံခြင်း
⚫️ Transister Ignition Unit မှ မီးထွက်အား မကောင်းခြင်း
⚫️ ကွန်ပျူတာ ECU (Electronic Control Unit) ၌ ချွတ်ယွင်းချက်ရှိနေခြင်း
⚫️Crankshaft Angle Sensor မကောင်းခြင်း
⚫️ အောင်ဆီဂျင်ဆင်ဆာ မကောင်းခြင်း
⚫️ Timing Belt ကြိုးတပ်ဆင်မှု လွဲမှားနေခြင်း
⚫️ မီးတိုင်မင် လွဲချော်နေခြင်း
⚫️ ဒိုင်နမိုချာဂျင်အဝင်နည်း၍ ဘက်ထရီအား မရှိခြင်း။

ကွန်ပျူတာစနစ်သုံး EFI ကားများ၏ ချွတ်ယွင်းအားနည်းချက်များကို တိတိကျကျရှာဖွေရန် ကွန်ပျူတာ Scan Tool ကို သုံးရသည်။ ချွတ်ယွင်းပျက်စီးနေသော ဆင်ဆာနှင့် အခြားအစိတ်အပိုင်းများကို အစားထိုး လဲလှယ်မှသာ အင်ဂျင်စက်ပုံမှန် ပြန်ဖြစ်နိုင်သည်။ 

ခေတ်ဟောင်း ကာပရိုက်တာစနစ်သုံးကား များတွင် ဆီပျောက်မီးပျောက် ပြဿနာများကို မျက်မြင်စမ်း သပ်ရှာဖွေပြီးနောက် ကားဝပ်ရှော့ပ်တစ်ခုသို့ အပ်နှံ၍ အင်ဂျင်ကျူးနင်း လုပ်သင့်သည်။ အင်ဂျင်ကျူးနင်း လုပ်လိုက်လျှင် အင်ဂျင်အဆွဲအရုန်း ကျနေသောကားများ ပြန်လည်ကောင်းမွန်လာမည်။

ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးနေသော ကားများသည် ချွတ်ယွင်းအားနည်းချက်များ ဖြစ်ခဲသည်။ EFI စနစ်သုံးကားများတွင် အရည်အသွေးမှန်သော Octane ဆီများသုံးပြီး Injector Cleaner ဆေးရည်များကိုလည်း ဆီတိုင်ကီထဲတွင် မကြာခဏ ရောစပ် သုံးစွဲသင့်ပါသည်။
====================
(ပြန်လည်မျှဝေခြင်းသာ)

Credit :

                                                                            

<Zawgyi>
⛔အင္ဂ်င္တုန္ခါၿပီး စက္သံမမွန္တာဘာေၾကာင့္လဲ ⛔
================================================================================================
ဓာတ္ဆီအင္ဂ်င္မ်ားတြင္ အမ်ားဆုံးျဖစ္ေလ့ရွိေသာ ျပႆနာမွာ လီဗာနင္းလိုက္လွ်င္ တုံ႔ဆိုင္းတုံ႔ဆိုင္းျဖစ္ေနေသာ အဂ္ဂ်င္လည္ပတ္ပုံ မႈမမွန္ေသာ ေရာဂါျဖစ္သည္။ ဓာတ္ဆီအင္ဂ်င္တစ္လုံးတြင္ ေလာင္စာဆီပို႔စနစ္၊ မီးေပးစနစ္ (lgnition System) တို႔သည္ အဓိကက်သည္။ ဆီမမွန္၊ မီးမမွန္ေသာ အင္ဂ်င္သည္ စြမ္းအားျပည့္ အလုပ္မလုပ္ႏိုင္ဘဲ အင္ဂ်င္စက္သံပါ မမွန္မကန္ျဖစ္လာသည္။

လီဗာနင္း၍ စက္ရွိန္ျမင့္ေသာ္လည္း အင္ဂ်င္လည္ပတ္ႏႈန္း ခ်က္ခ်င္းတက္မလာဘဲ တြန္႔ဆုတ္တြန္႔ဆုတ္ ျဖစ္ေနမည္။ အင္ဂ်င္အတြင္း ေလာင္စာဆီမ်ား၊ မီးေလာင္ေပါက္ကြဲမႈ ျပင္းအားမမွန္ေတာ့ဘဲ နည္းလိုက္ မ်ားလိုက္ ျဖစ္ၿပီး တုံ႔ဆိုင္းေန မည္။

အင္ဂ်င္လည္ပတ္မႈ မမွန္ေတာ့ဘဲ တုံ႔ဆိုင္း ေနေသာ ျပႆနာအေၾကာင္းရင္းမ်ားစြာ ရွိပါသည္။ ခြၽတ္ယြင္းခ်က္ျဖစ္ေနေသာ အားနည္းခ်က္မ်ားကို ရွာေဖြ စစ္ေဆး၍ ကုစားမွသာ အင္ဂ်င္ျပႆနာမ်ား ေျဖရွင္းႏိုင္ပါမည္။ ေမာ္ေတာ္ယာဉ္နည္းပညာမ်ား အဆင့္ဆင့္ ေျပာင္းလဲတိုးတက္လာခဲ့၍ ယေန႔ေခတ္ေပၚ အင္ဂ်င္မ်ားႏွင့္ ေခတ္ေဟာင္းအင္ဂ်င္မ်ား ဖြဲ႕စည္းအလုပ္လုပ္ပုံ နည္း စနစ္မ်ား ကြာျခားေနပါသည္။

ေခတ္ေဟာင္းအင္ဂ်င္ကို အျပစ္ရွာေဖြေသာ နည္းလမ္းႏွင့္ ေခတ္ေပၚအင္ဂ်င္မ်ား စစ္ေဆးပုံနည္းလမ္းမ်ား မတူညီပါ။ ေခတ္ေဟာင္းကားမ်ားတြင္ ကာပ႐ိုက္တာစနစ္ကိုသုံးၿပီး ေလႏွင့္ေလာင္စာကို ေရာေႏွာေပးသည္။ ဒစ္စႀတီဗ်ဴတာသုံး၍ မီးျဖန္႔ေဝသည္။ ႐ိုးရွင္းသည္။ လြယ္ကူသည္။ ေခတ္ေပၚကားမ်ားတြင္ ကြန္ပ်ဴတာစနစ္ကို သုံး၍ နည္းပညာရႈပ္ေထြးသည္။ ဆင္ဆာအာ႐ုံခံ ကိရိယာမ်ား သုံးထားသည္။ ေလာင္စာ ကို Injector က ျဖန္းေပးသည္။အင္ဂ်င္ခြၽတ္ယြင္းခ်က္ အျပစ္မ်ားကို မ်က္ျမင္စစ္ေဆး႐ုံျဖင့္ ေရာဂါရွာေဖြ၍ မရႏိုင္ပါ။ ေခတ္ေပၚ ကားမ်ားကို ေရာဂါရွာေဖြရန္ Scan Tool သုံးရသည္။

အင္ဂ်င္တစ္လုံး တုံ႔ဆိုင္းတြန္႔ဆုတ္ေနေသာ အေျခအေန၏ အဓိပၸာယ္မွာ အင္ဂ်င္လည္ပတ္မႈ စက္ရွိန္ျမႇင့္တင္လိုက္ေသာ အခ်ိန္တြင္ အင္ဂ်င္၏ စြမ္းအား ခ်က္ခ်င္းတက္မလာဘဲ ေႏွးလိုက္ ျမန္လိုက္ျဖစ္ၿပီး စက္လည္ပတ္မႈ ပုံမွန္မဟုတ္ေတာ့ဘဲ အေႏွာင့္အယွက္ အဟန္႔အတားမ်ားရွိေန၍ ဆတ္ခနဲ၊ တုံ႔ခနဲသိမ့္ခနဲ ျဖစ္ေပၚေနေသာ အေျခအေနမ်ိဳးျဖစ္သည္။ ထိုအေျခ အေနမ်ိဳးတြင္ အင္ဂ်င္စက္သည္ ႐ုန္းအားမရွိဘဲ ကားတစ္စီးလုံး၏ ဝန္အေလးခ်ိန္ကို ေရြ႕လ်ားေအာင္ မစြမ္းေဆာင္ႏိုင္ဘဲရွိ ေနမည္။ အင္ဂ်င္စက္၏ မူမမွန္ေသာ လည္ပတ္မႈေၾကာင့္ စြမ္းအားပါဝါ အျပည့္အဝထြက္မလာေတာ့ဘဲ ယာဉ္ေမာင္းသူကို ဒုကၡေပးမည္။ ေတာင္ကုန္းတက္လမ္းမ်ိဳးတြင္ ႐ုတ္တရက္ ျဖစ္လာပါက ကားေနာက္ျပန္လိမ့္ဆင္းႏိုင္ေသာ အႏၲရာယ္ရွိသည္။
Highway ထြက္မည့္ ခရီးစဉ္တစ္ခုတြင္ စတင္ထြက္လာခါစက ကားအင္ဂ်င္ေကာင္းေနသည္။ လမ္းတစ္ဝက္ေလာက္ ေရာက္ခါမွ ႐ုတ္တရက္ေကာက္ကာငင္ကာ ထိုကဲ့သို႔ အင္ဂ်င္မမွန္ေတာ့ဘဲ တုံ႔ဆိုင္းေနလွ်င္ လမ္းခုလတ္၌ အားလုံး ဒုကၡေရာက္ၾကရသည္။ အဘယ္ေၾကာင့္ ကားအင္ဂ်င္စက္ တုံ႔ဆိုင္းတြန္႔ဆုတ္ျဖစ္ေနရသနည္း။ ျဖစ္တတ္ေသာ ခြၽတ္ယြင္း ခ်က္ အားနည္းခ်က္မ်ားကို ေလ့လာဆန္းစစ္လွ်င္ ေတြ႕ႏိုင္ပါသည္။ အဓိက အေၾကာင္းရင္းမွာ မီးႏွင့္ဆီ မမွန္၍ ျဖစ္သည္။

ကာပ႐ိုက္တာစနစ္ သုံးေနေသးေသာေခတ္ေဟာင္း ကားမ်ားတြင္ ထိုကဲ့သို႔ အင္ဂ်င္သိမ့္သိမ့္တုန္ ျဖစ္ေနပါက စက္ဆရာမ်ား ေျပာေလ့ရွိေသာ စကားတစ္ခြန္းရွိသည္။ “ကားသမားဆိုတာ အနည္းဆုံးေတာ့ ဆီေပ်ာက္၊ မီးေပ်ာက္တဲ့ေရာဂါကို ရွာတတ္ရတယ္ ” ေခတ္ေဟာင္းကားမ်ားတြင္ ဆီတိုင္ကီမွ ကာပ႐ိုက္တာ ေရာက္သည္အထိ ဆီလိုင္းတစ္ေလွ်ာက္တြင္ ဆီပန္႔ႏွင့္ ဆီစစ္ဘူးသာ ရွိသည္။ ဆီပန္႔တြင္ A/C Pump ႏွင့္ ေအာ္တို လွ်ပ္စစ္ပန္႔ (၂)မ်ိဳးသုံးသည္။ ဆီစစ္ဘူးတြင္ အမႈိက္မ်ား၊ အနယ္အႏွစ္မ်ား၊ ေရမ်ားကို စစ္ထုတ္ေပးၿပီး ကာပ႐ိုက္တာသို႔ ဝင္သည္။

ဆီစစ္ဘူးပိတ္လွ်င္ ဓာတ္ဆီအလိုက္နည္းၿပီး ကာပ႐ိုက္တာသို႔ ဆီအဝင္နည္းမည္။ Air Cleaner ေလစစ္တြင္ ဖုန္မႈန္႔၊ သဲမႈန္႔မ်ားပိတ္ဆို႔ေနပါက အင္ဂ်င္ေလဝင္နည္းၿပီး အသက္႐ွဴက်ပ္မည္။ ကာပ႐ိုက္တာ မေကာင္းလွ်င္လည္း ေလႏွင့္ ဓာတ္ဆီေရာစပ္မႈ အခ်ိဳးအစားမမွန္ဘဲ အင္ဂ်င္လည္ပတ္မႈ တုံ႔ဆိုင္းေစသည္။ ထို႔ေၾကာင့္ ကာပ႐ိုက္တာသုံး ကားေဟာင္းမ်ားတြင္ ဆီအလိုက္ ေကာင္း/မေကာင္း သိရွိရန္ ဆီပန္႔၊ ဆီစစ္ဘူး (ဓာတ္ဆီစစ္) ကာပ႐ိုက္တာတို႔ကို စစ္ေဆးရမည္။

ေခတ္ေဟာင္းကားမ်ား၏ မီးေပးစနစ္တြင္ Ignition Coil, Braker Point, ဒစ္စႀတီဗ်ဴတာ၊ ပလပ္ႀကိဳးႏွင့္ ပလပ္မ်ား ပါဝင္သည္။ ပလပ္မ်ားမွ မီးပြား (Spark) ျဖစ္ေပၚမႈအား မေကာင္းျခင္း၊ မီးေပ်ာက္ေနျခင္းမ်ားသည္ အင္ဂ်င္လည္ပတ္မႈ ခြၽတ္ယြင္းေစသာ အဓိက အားနည္းခ်က္ျဖစ္သည္။ ကြိဳင္၊ ဒစ္စႀတီဗ်ဴတာကပ္ဖုံး၊ ပလပ္ႀကိဳးမ်ား ေရစိုသြားလွ်င္ျဖစ္ေစ၊ ေရေငြ႕႐ိုက္ၿပီး စိုထိုင္းထိုင္းျဖစ္ေစ မီးေပ်ာက္ေစေသာ အေျခအေနဆိုးမ်ား ျဖစ္သည္။
 
မိုးတြင္းေရႀကီးေရလွ်ံေသာ လမ္းမ်ားတြင္ မီးေပ်ာက္၍ လမ္းေဘးခ် ကားတြန္းေရႊ႕ရေသာ ဒုကၡမွာ မသက္သာလွပါ။ ဒစ္စႀတီဗ်ဴတာစနစ္တြင္ အားနည္းခ်က္မွာ Braker Point ထိပ္ဖ်ားမ်ား မီးစားသြားၿပီး ကြိဳင္မွ မီးထြက္အား က်ဆင္းသြားျခင္း ျဖစ္သည္။ ပြိဳင့္ထိပ္ကို မၾကာခဏ ေကာ္ပတ္စားေပးရ၊ ကြန္ဒင္ဆာလဲေပးရႏွင့္ ဒုကၡမ်ားလွသည္။ ပြိဳင့္ Type ၏ အားနည္းခ်က္မ်ားကို ေက်ာ္လႊားႏိုင္ရန္ ထရန္စစၥတာသုံးမီးေပးစနစ္ကို ေျပာင္းသုံးၾကသည္။ သို႔ေသာ္လည္း ဒစ္စႀတီဗ်ဴတာ သုံးေနသမွ် အားနည္းခ်က္မ်ားရွိေနေသးသည္။ ပလပ္ႀကိဳး အတြင္းပိုင္းျပတ္ေနျခင္း၊ ကာဘာေပါက္ကြဲ အက္ေနျခင္းမ်ား ျဖစ္ေနပါက ပလပ္သို႔ မီးမေရာက္ေတာ့ပါ။ ဆီမသန္႔ျခင္း၊ အင္ဂ်င္ဝိုင္ဆီ႐ိုက္ျခင္းမ်ားေၾကာင့္လည္း ပလပ္မ်ား မီးမကူးဘဲ ျဖစ္ေနတတ္သည္။

ပလပ္ႀကိဳးမွ မီးလာ/မလာ ပထမဆုံးစမ္းသပ္ပါ။ ပလပ္ႀကိဳးကို ပလပ္ထိပ္မွဆြဲျဖဳတ္ၿပီး အင္ဂ်င္ဘေလာက္ႏွင့္ နီးနီကပ္ကပ္ ထားၾကည့္ပါ။ မီးပြားမ်ား ခုန္ကူးလွ်င္ ပလပ္အထိ မီးေရာက္သည္။ ပလပ္ေကာင္း/ မေကာင္း သိရွိရန္ စမ္းနည္းမွာ အင္ဂ်င္ Slow လည္ေနခ်ိန္တြင္ ပလပ္ႀကိဳးတစ္ေခ်ာင္းခ်င္းကို ျဖဳတ္၍မီးစမ္းပါ။ ပလပ္ႀကိဳးျဖဳတ္လိုက္စဉ္ အင္ဂ်င္စက္သံ ေျပာင္းသြားၿပီး ပလပ္ႀကိဳး ျပန္တပ္လိုက္ပါက အင္ဂ်င္လည္ပတ္မႈ ပို၍ျမန္သြားသည္ဟု ထင္ရပါက ထိုပလပ္ေကာင္းသည္။ ပလပ္ခုတ္ သည္ဟု ယူဆႏိုင္သည္။ ပို၍ ေသခ်ာေစရန္ Plug ကို အင္ဂ်င္မွ ခြၽတ္လိုက္ပါ။ ပလပ္ထိပ္ဖ်ားငုတ္ အေျခအေနကို စစ္ေဆးပါ။ သန္႔ရွင္းျဖဴေဖြးေနေသာ ပလပ္သည္ ပုံမွန္ခုတ္ ေပးေနသည္။ ညစ္ေပေနေသာ ပလပ္သည္ အလုပ္မလုပ္ ေသာ၊ ညာေနေသာ ပလပ္ ျဖစ္ပါသည္။ အခ်ိဳ႕ေသာ Ignition Coil မ်ားသည္ ပူလာလွ်င္ ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္ေတာ့ဘဲ မီးထြက္ အားက်ဆင္းတတ္ သည္။ ကြိဳင္မေကာင္းလွ်င္လည္း အင္ဂ်င္စက္မမွန္ဘဲ ျဖစ္ေနတတ္သည္။

ေခတ္ေပၚကားမ်ားတြင္ အင္ဂ်င္လည္ပတ္မႈမ်ားကို ကြန္ပ်ဴတာေခၚ ECU က ထိန္းခ်ဳပ္သည္။ ဆီပို႔ စနစ္ (Fuel System) သည္ EFI ေခၚ အီလက္ထရြန္းနစ္ Fuel Injection စနစ္ျဖစ္သည္။ ဆင္ဆာေခၚ အာ႐ုံခံကိရိယာ မ်ားသုံးထားၿပီး ဆင္ဆာမ်ားက ေပးပို႔ေသာ သတင္းအခ်က္အလက္မ်ားကို အေျခခံ၍ ကြန္ပ်ဴတာက မီးတိုင္မင္ႏွင့္ ဆီျဖန္းေပးရမည့္ ပမာဏကို ထိန္းခ်ဳပ္ကြပ္ကဲစီမံသည္။

ေခတ္ေပၚ EFI ကြန္ပ်ဴတာစနစ္သုံးကားမ်ား တြင္ အင္ဂ်င္ တုံ႔ဆိုင္းေစေသာ အေၾကာင္းတရားမ်ားမွာ-

⚫️ ဆီပန္႔မေကာင္း၍ ဆီအလိုက္နည္းၿပီး ဆီဖိအားက်ျခင္း
⚫️ ဆီစစ္ပိတ္ျခင္း
⚫️ ဆီမသန္႔ရွင္းျခင္း၊ ေရႏွင့္ အညစ္အေၾကးမ်ား ေရာေႏွာပါေနျခင္း၊ ေအာက္တိန္းနံပါတ္နိမ့္ေသာ အရည္အေသြးညံ့ ဓာတ္ဆီမ်ား သုံးထားျခင္း
⚫️ ဆီတိုင္ကီ မသန္႔ျခင္း
⚫️ ဆီဖိအား ထိန္းညႇိေပးေသာ Fuel Pressure Regulator မေကာင္း၍ ဆီလိုင္းတြင္ ဆီဖိအားနည္းေနျခင္း
⚫️ Fuel Injector မ်ား မေကာင္းျခင္း၊ ေခ်းပိတ္ ေနျခင္း၊ ဆီျဖန္းေပးေသာ Spray Pattern မေကာင္းျခင္း
⚫️ MAP Sensor (Manifold Absolute Pressure) မေကာင္းျခင္း
⚫️ TPS (Throttle Position Sensor) သေရာ္တယ္ ေလတံခါးအဖြင့္ ဒီဂရီအာ႐ုံခံ ဆင္ဆာ အလုပ္ မလုပ္ျခင္း
⚫️ အင္ဂ်င္မန္နီဖို႔ထဲသို႔ ေလဝင္ပမာဏကို တိုင္း တာေပးေသာ MAF (Mass Airflow) Sensor မ ေကာင္းျခင္း
⚫️ Inlet Manifold ေလဟာနယ္တြင္ ေလစိမ့္ဝင္ေန ျခင္း (ေလပိုက္မ်ားကြဲ အက္ေနျခင္း)
⚫️ Spark Plug မေကာင္းျခင္း၊ Plug ထိပ္ဖ်ားတြင္ ကာဗြန္ခ်ိဳးမ်ား၊ ဗားနစ္မ်ား ကပ္တြယ္ညစ္ေပေန ျခင္း၊ Plug ထိပ္ ငုတ္တိုင္မ်ား မီးစားေနျခင္း၊ ပလပ္ ဆီ႐ိုက္၍ ညစ္ပတ္ေနျခင္း
⚫️ ပလပ္ဝါယာႀကိဳးသုံးေသာ ကားမ်ားတြင္ ပလပ္ႀကိဳး ေပါက္ၿပဲကြဲအက္ေနျခင္း
⚫️ Ignition Coil မီးထြက္မေကာင္းျခင္း
⚫️ EGR Valve မ်ား ေလမလုံျခင္း
⚫️ Transister Ignition Unit မွ မီးထြက္အား မေကာင္းျခင္း
⚫️ ကြန္ပ်ဴတာ ECU (Electronic Control Unit) ၌ ခြၽတ္ယြင္းခ်က္ရွိေနျခင္း
⚫️Crankshaft Angle Sensor မေကာင္းျခင္း
⚫️ ေအာင္ဆီဂ်င္ဆင္ဆာ မေကာင္းျခင္း
⚫️ Timing Belt ႀကိဳးတပ္ဆင္မႈ လြဲမွားေနျခင္း
⚫️ မီးတိုင္မင္ လြဲေခ်ာ္ေနျခင္း
⚫️ ဒိုင္နမိုခ်ာဂ်င္အဝင္နည္း၍ ဘက္ထရီအား မရွိျခင္း။

ကြန္ပ်ဴတာစနစ္သုံး EFI ကားမ်ား၏ ခြၽတ္ယြင္းအားနည္းခ်က္မ်ားကို တိတိက်က်ရွာေဖြရန္ ကြန္ပ်ဴတာ Scan Tool ကို သုံးရသည္။ ခြၽတ္ယြင္းပ်က္စီးေနေသာ ဆင္ဆာႏွင့္ အျခားအစိတ္အပိုင္းမ်ားကို အစားထိုး လဲလွယ္မွသာ အင္ဂ်င္စက္ပုံမွန္ ျပန္ျဖစ္ႏိုင္သည္။ 

ေခတ္ေဟာင္း ကာပ႐ိုက္တာစနစ္သုံးကား မ်ားတြင္ ဆီေပ်ာက္မီးေပ်ာက္ ျပႆနာမ်ားကို မ်က္ျမင္စမ္း သပ္ရွာေဖြၿပီးေနာက္ ကားဝပ္ေရွာ့ပ္တစ္ခုသို႔ အပ္ႏွံ၍ အင္ဂ်င္က်ဴးနင္း လုပ္သင့္သည္။ အင္ဂ်င္က်ဴးနင္း လုပ္လိုက္လွ်င္ အင္ဂ်င္အဆြဲအ႐ုန္း က်ေနေသာကားမ်ား ျပန္လည္ေကာင္းမြန္လာမည္။

ပုံမွန္ျပဳျပင္ထိန္းသိမ္းျခင္း ေဆာင္ရြက္ေပးေနေသာ ကားမ်ားသည္ ခြၽတ္ယြင္းအားနည္းခ်က္မ်ား ျဖစ္ခဲသည္။ EFI စနစ္သုံးကားမ်ားတြင္ အရည္အေသြးမွန္ေသာ Octane ဆီမ်ားသုံးၿပီး Injector Cleaner ေဆးရည္မ်ားကိုလည္း ဆီတိုင္ကီထဲတြင္ မၾကာခဏ ေရာစပ္ သုံးစြဲသင့္ပါသည္။
====================
(ျပန္လည္မွ်ေဝျခင္းသာ)

Credit :