<Unicode>
တိုင်ပင်ချိန်းနှင့် ၎င်း၏ မာယာပြစ်ချက်များ တိုင်ပင်ချိန်းသည် ဆိုင်ကယ်အင်ဂျင်တစ်လုံးတွင် Crank Case နှင့် Cam Shaft ကို ချိတ်ဆက်သွယ်တန်းထားသော ချိန်းတစ်ချောင်းဖြစ်သည်။ ၎င်းချိန်း၏ ဖောက်ပြန်မှုကြောင့် မီးတိုင်ပင်အောက်ခြင်း၊ ဘားကျိုးဘားကောက်ခြင်း“ဂျောက်ဂျောက်ဂျက်ဂျက်”အသံမြည်ခြင်း၊ ဆီပန့်ပင်နယံများစားခြင်း၊ တိုင်ပင် ပင်နယံများ ပျက်သုဉ်းခြင်းတိုင်ပင်ချိန်း ပြုတ်ကျခြင်း၊ တိုင်ပင်ချိန်းဆွဲ ပင်နယံပဲ့သွားခြင်း စသည့် အကျိုးအပြစ်များ ဖြစ်ပေါ်တတ်သည်
တိုင်ပင်ချိန်းခဏခဏ လဲနေရခြင်းပြဿနာ တိုင်ပင်ချိန်းလဲသည့်အခါ အထက်ဖော်ပြပါ အကျိုးအပြစ်များကို မစစ်ဆေးဘဲ လဲလှယ်မိခြင်း၊ တိုင်ပင်ချိန်း ထောက်ပုလွေ၏ Base Ball ကျွတ်နေခြင်းတို့ကြောင့် တိုင်ပင်ချိန်း ခဏခဏလဲနေရခြင်းဖြစ်သည်။
ရိုလာ (Roller) ခါးဘီး အကြီးအသေးတို့သည်လည်း တိုင်ပင်ချိန်းသံမြည်ခြင်း အကြောင်းတရား၏ တစ်စိတ်တစ်ဒေသတွင် ပါဝင်နေခြင်းကြောင့် တိုင်ပင်ချိန်းအသစ်လဲလှယ် ရာတွင် ထိုဘီးများ မကောင်းပါက လဲလှယ်ပေးရမည်။
တိုင်ပင်ချိန်းတစ်ချောင်း အလိုင်းမင်း မှန်ကန်စွာ လည်ပတ်နိုင်ရန် ချိန်းဖိမောင်း၊ ချိန်းထောက်ပုလွေနှင့် ချိန်းထောက် စပရိန်တို့သည် ချိန်းဘိရာဘာဘီးကို ထိန်းကြောင်းပေးရာတွင် အရေးပါအရာရောက်သော ပစ္စည်းများဖြစ်သောကြောင့် ကောင်းမကောင်း စစ်ဆေးပြီး လဲလှယ်ပေးသင့်သည်။
မှတ်ချက် ။ ။ ယိုးဒယားဘီးများနှင့် Yamaha ထုတ် မော်တော်ဆိုင်ကယ်များတွင် တပ်ဆင် အသုံးပြုသော တိုင်ပင်ချိန်းထောက်သည် တရုတ်ဘီးများတွင် တပ်ဆင်အသုံးပြုသည့် DO REDMI NOTE 9 ခိုက်ဒဏလစ် BaseBall ချိန်းထောက်နှင့် ကွာခြားမှုရှိပြီး အင်ဂျင်၏ အပေါ်ပိုင်းတွင်သာ တပ်ဆင်ထားလေ့ရှိသည်။ ၎င်းချိန်းထောက်တွင် သံပတ်ပါသော ချိန်းထောက်နှင့် စပရိန် ပါဝင်သော One Wave မောင်းထောက်ဟူ၍ နှစ်မျိုးရှိသည်။ အလုပ်လုပ်ဆောင်ပုံခြင် တူညီသော်လည်း Model မြင့်ဘီးများတွင် သံပတ်အော်တိုထောက်ကိုသာ ရွေးချယ်အသုံးပြု ကြသည်။ အဘယ်ကြောင့်ဆိုသော် . သံပတ်အော်တိုထောက်သည် အပြင်ဘက်မှနေ၍ ဝက်အူလှည့်ဖြင့် လှည့်ကာ အလျော့အတင်းပြုလုပ်၍ရခြင်းကြောင့် ဖြစ်သည်။ One Wave စပရိန်အော်တိုထောက်သည် တိုင်ပင်ချိန်းကို အော်တိုတင်းရန်အတွက် တစ်ဖက်သတ် အဓိကအတင်းတစ်လိုင်းတည်းသာ ဖွဲ့စည်းတည်ဆောက်ထားသောကြောင့် ၎င်းထောက်ကို ပြန်လည် ဖြေလျော့ရန်အတွက် ဆိုင်ကယ်အင်ဂျင်မှ ဖြုတ်ပြီးထောက်တွင် ထောက်ထားသည့် မောင်းလေးကို မပြီးတွန်းမှသာ လျော့သွားခြင်းကြောင့် အားနည်းချက်တစ်ခုအနေဖြင့် သုံးစွဲမှု လျော့နည်း erooroces
လာကြသည်။
သတိပြုရန်။ ။ တိုင်ပင်ချိန်းသံမြည်နေသော ဆိုင်ကယ်တစ်စီးကို ပြုပြင်မည်ဆိုပါက အင်ဂျင်မဖွင့်ခင် အင်ဂျင်ဝိုင်ရှိမရှိ၊ ဂိတ်မှီမမှီ စစ်ဆေးတိုင်းတာပြီးမှသာ လဲလှယ်ပေးရမည်။ အင်ဂျင်ဝိုင်level နိမ့်နေခြင်းကြောင့် တိုင်ပင်ချိန်းသံ ထွက်ပေါ်တတ်သည်ကို သတိပြုရပေမည်။
ဆရာစွမ်းနိုင်
<Zawgyi>
တိုင္ပင္ခ်ိန္းႏွင့္ ၎၏ မာယာျပစ္ခ်က္မ်ား တိုင္ပင္ခ်ိန္းသည္ ဆိုင္ကယ္အင္ဂ်င္တစ္လုံးတြင္ Crank Case ႏွင့္ Cam Shaft ကို ခ်ိတ္ဆက္သြယ္တန္းထားေသာ ခ်ိန္းတစ္ေခ်ာင္းျဖစ္သည္။ ၎ခ်ိန္း၏ ေဖာက္ျပန္မႈေၾကာင့္ မီးတိုင္ပင္ေအာက္ျခင္း၊ ဘားက်ိဳးဘားေကာက္ျခင္း“ေဂ်ာက္ေဂ်ာက္ဂ်က္ဂ်က္”အသံျမည္ျခင္း၊ ဆီပန္႔ပင္နယံမ်ားစားျခင္း၊ တိုင္ပင္ ပင္နယံမ်ား ပ်က္သုဉ္းျခင္းတိုင္ပင္ခ်ိန္း ျပဳတ္က်ျခင္း၊ တိုင္ပင္ခ်ိန္းဆြဲ ပင္နယံပဲ့သြားျခင္း စသည့္ အက်ိဳးအျပစ္မ်ား ျဖစ္ေပၚတတ္သည္
တိုင္ပင္ခ်ိန္းခဏခဏ လဲေနရျခင္းျပႆနာ တိုင္ပင္ခ်ိန္းလဲသည့္အခါ အထက္ေဖာ္ျပပါ အက်ိဳးအျပစ္မ်ားကို မစစ္ေဆးဘဲ လဲလွယ္မိျခင္း၊ တိုင္ပင္ခ်ိန္း ေထာက္ပုေလြ၏ Base Ball ကြၽတ္ေနျခင္းတို႔ေၾကာင့္ တိုင္ပင္ခ်ိန္း ခဏခဏလဲေနရျခင္းျဖစ္သည္။
႐ိုလာ (Roller) ခါးဘီး အႀကီးအေသးတို႔သည္လည္း တိုင္ပင္ခ်ိန္းသံျမည္ျခင္း အေၾကာင္းတရား၏ တစ္စိတ္တစ္ေဒသတြင္ ပါဝင္ေနျခင္းေၾကာင့္ တိုင္ပင္ခ်ိန္းအသစ္လဲလွယ္ ရာတြင္ ထိုဘီးမ်ား မေကာင္းပါက လဲလွယ္ေပးရမည္။
တိုင္ပင္ခ်ိန္းတစ္ေခ်ာင္း အလိုင္းမင္း မွန္ကန္စြာ လည္ပတ္ႏိုင္ရန္ ခ်ိန္းဖိေမာင္း၊ ခ်ိန္းေထာက္ပုေလြႏွင့္ ခ်ိန္းေထာက္ စပရိန္တို႔သည္ ခ်ိန္းဘိရာဘာဘီးကို ထိန္းေၾကာင္းေပးရာတြင္ အေရးပါအရာေရာက္ေသာ ပစၥည္းမ်ားျဖစ္ေသာေၾကာင့္ ေကာင္းမေကာင္း စစ္ေဆးၿပီး လဲလွယ္ေပးသင့္သည္။
မွတ္ခ်က္ ။ ။ ယိုးဒယားဘီးမ်ားႏွင့္ Yamaha ထုတ္ ေမာ္ေတာ္ဆိုင္ကယ္မ်ားတြင္ တပ္ဆင္ အသုံးျပဳေသာ တိုင္ပင္ခ်ိန္းေထာက္သည္ တ႐ုတ္ဘီးမ်ားတြင္ တပ္ဆင္အသုံးျပဳသည့္ DO REDMI NOTE 9 ခိုက္ဒဏလစ္ BaseBall ခ်ိန္းေထာက္ႏွင့္ ကြာျခားမႈရွိၿပီး အင္ဂ်င္၏ အေပၚပိုင္းတြင္သာ တပ္ဆင္ထားေလ့ရွိသည္။ ၎ခ်ိန္းေထာက္တြင္ သံပတ္ပါေသာ ခ်ိန္းေထာက္ႏွင့္ စပရိန္ ပါဝင္ေသာ One Wave ေမာင္းေထာက္ဟူ၍ ႏွစ္မ်ိဳးရွိသည္။ အလုပ္လုပ္ေဆာင္ပုံျခင္ တူညီေသာ္လည္း Model ျမင့္ဘီးမ်ားတြင္ သံပတ္ေအာ္တိုေထာက္ကိုသာ ေရြးခ်ယ္အသုံးျပဳ ၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ . သံပတ္ေအာ္တိုေထာက္သည္ အျပင္ဘက္မွေန၍ ဝက္အူလွည့္ျဖင့္ လွည့္ကာ အေလ်ာ့အတင္းျပဳလုပ္၍ရျခင္းေၾကာင့္ ျဖစ္သည္။ One Wave စပရိန္ေအာ္တိုေထာက္သည္ တိုင္ပင္ခ်ိန္းကို ေအာ္တိုတင္းရန္အတြက္ တစ္ဖက္သတ္ အဓိကအတင္းတစ္လိုင္းတည္းသာ ဖြဲ႕စည္းတည္ေဆာက္ထားေသာေၾကာင့္ ၎ေထာက္ကို ျပန္လည္ ေျဖေလ်ာ့ရန္အတြက္ ဆိုင္ကယ္အင္ဂ်င္မွ ျဖဳတ္ၿပီးေထာက္တြင္ ေထာက္ထားသည့္ ေမာင္းေလးကို မၿပီးတြန္းမွသာ ေလ်ာ့သြားျခင္းေၾကာင့္ အားနည္းခ်က္တစ္ခုအေနျဖင့္ သုံးစြဲမႈ ေလ်ာ့နည္း erooroces
လာၾကသည္။
သတိျပဳရန္။ ။ တိုင္ပင္ခ်ိန္းသံျမည္ေနေသာ ဆိုင္ကယ္တစ္စီးကို ျပဳျပင္မည္ဆိုပါက အင္ဂ်င္မဖြင့္ခင္ အင္ဂ်င္ဝိုင္ရွိမရွိ၊ ဂိတ္မွီမမွီ စစ္ေဆးတိုင္းတာၿပီးမွသာ လဲလွယ္ေပးရမည္။ အင္ဂ်င္ဝိုင္level နိမ့္ေနျခင္းေၾကာင့္ တိုင္ပင္ခ်ိန္းသံ ထြက္ေပၚတတ္သည္ကို သတိျပဳရေပမည္။
ဆရာစြမ္းႏိုင္