<Unicode>
အခြေခံ ဆိုင်ကယ်ပြုပြင်နည်း စာတွေ့ လက်တွေ့ သင်ခန်းစာ ၁
ဆိုင်ကယ်နည်းပညာ ဝါသနာပါပေမဲ့ လက်တွေ့ မလေ့ကျင့်ရသေးပဲ စာတွေ့ လေ့လာနေသူတွေအတွက် အလွယ်တကူ ပညာတတ်ခြင်းကို ပြောပြပေးပါမယ် အရင်ဦးဆုံး ဂွကိုင်နည်းနှင့် အဖြုတ်အကျပ် ကို အရင်လေ့လာရပါမယ်
ဟာဂွကိုင်တာများလွယ်လွယ်လေးကို စောက်ရေးလုပ်ပီး ပြောနေတယ် လို့မထင်ပါနဲ့ ဂွကိုင်တာလည် နည်းပညာတစ်ခုဖြစ်ပါတယ် နတ်တစ်လုံး ဖြုတ်တိုင်းမှာ နတ်ဖြုတ်ရမဲ့အထာရှိပါတယ် ဥပမာ အင်ဂျင်ဝိုင်နတ်ကိုဖြုတ်မယ်ဆိုရင်
ဂွကိုကိုင် ဖြုတ်တဲ့ဘက်ကို ဆွဲဖြုတ်လို့ ပြုတ်သွားနိုင်ပေမဲ့ လွယ်ကူမှု့မရှိပါဘူး လူလဲပန်းပါတယ် တကယ်မလုပ်ဖူးသူတွေအတွက်ပြောတာပါနော်
အင်ဂျင်ဝိုင်နတ်ကိုဖြုတ်မယ်ဆိုရင်
16-17ဂွင်း
1 ...17ဂွင်းကိုကိုင်
2...အင်ဂျင်ဝိုင်နတ်ကိုချိတ်
3...ဘယ်လက်မှ အင်ဂျင်ဝိုင်နတ်ဂွင်းချိတ်ရာ နေရာကိုထိန်းပါ
4...အဲ့လိုထိန်းထားပီးလျှင် ညာလက်ဖနှောင့်ဖြင့် 16ဂွင်းနေရာကို လက်ဖနှောင့်ဖြင့်ရိုက်ပီးအသုံးပြုပါ
ဒါကအခြေခံဂွကိုင်နည်းလမ်းညွှန်ဖြစ်ပါတယ်
စာတွေ့ သဘောနဲ့ လက်တွေ့သဘောကိုနားလည်ထားရပါမယ်
စာတွေ့က လက်တွေ့လောက်အမြင်မကျယ်ပါဘူး စတင်လေ့လာနေသူတွေ အတွက် တကယ်ဝါသနာပါတယ် အချိန်က မပေးနိုင်ဘူး အသက်အရွယ်နဲ့ မလိုက်တော့ဘူး ဒါပေမဲ့ ကိုယ်ရဲ့ဘီးလေးကို သချင်တယ် စမ်းကြည့်ချင်တယ် ဆိုသူတွေအတွက်ပါ လက်တွေ့ကို လေ့လာမယ်ဆိုရင် ပြင်ဆိုင်မှာ ဘီးကို အပ်တဲ့အခါ ဂွကိုင်နည်း နတ်ဖြုတ်ပုံကို အရင်လေ့လာပါ သင်ဆရာ မြင်ဆရာ ကြားဆရာ ထိုသုံးမျိုးပြည့်စုံနေပီဆိုရင် ပညာကခနလေးအတွင်းမှာ ထိထိရောက်ရောက်တတ်လွယ်ပါတယ်
ကျနော့်ဆိုင်မှာကျနော်က တစ်ယောက်ထဲလုပ်ရတာဆိုတော့ ဆိုင်ကယ်ကျတဲ့အခါမျိုးဆို တကယ်မိတ်ရင်းတွေကို ရော့ဒါလေးဒီလိုဖြုတ်ဘယ်လိုဘယ်ညာ နောက်ဘီး ဘရိတ်ရှုး လဲ အဲ့ဒါမျိုးလေးတွေ သင်ပေး လုပ်ခိုင်းတာ အတတ်မြန်ပါတယ်
ဂွဖြုတ် စာညွန်း ဘယ်ဖြုတ် ညာကျပ်
ဂွဖြုတ် စာညွှန်း ကျပ်ရင် သဝေထိုးဖြုတ်ရင် ၉
ဖြစ်နိုင်နေတဲ့ အရာက မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မဖြစ်သေးတာပဲရှိတာပါ ဖြစ်နိုင်အောင်ကြိုးစားရမှာက မိမိရဲ့ ဇွဲ လုံ့လ ဝိရိယ ပေါ်မူတည်တာပါ
<Zawgyi>
16-17ဂွင်း
1 ...17ဂွင်းကိုကိုင်