Carburetorကဘာလို့ဆေးရတာလဲ ဘယ်လောက်ကြာရင်တစ်ခါဆေးရတာလဲ
<Unicode>
**Carburetor**
Carburetorကဘာလို့ဆေးရတာလဲ ဘယ်လောက်ကြာရင်တစ်ခါဆေးရတာလဲ
အမေးများကြတယ်။
ဒါဆိုရင် userတွေအနေနဲ့ ကာပရိုက်တာရဲ့လုပ်ဆောင်ချက်ကိုအကြမ်းအားဖြင့်တော့သိဖို့လိုပါတယ်။
အင်္ဂျင်တစ်ခုစက်နိုးဖို့‌ဆိုတာ compressionဖြစ်ဖို့မီးလောင်ပေါက်ကွဲရတယ် မီးလောင်ပေါက်ကွဲဖို့ လိုအပ်တဲ့ ဆီနဲ့လေ ပမာဏကို ကာပရိုက်တာက အချိုးကျ ရောနှောပြီး အင်္ဂျင်ထဲကိုပို့ပေးတယ်။
ဒါကြောင့်ကာပရိုက်တာကအင်္ဂျင်နဲ့တိုက်ရိုက်ဆက်နွယ်နေတယ် အရင်ဆုံးပြင်ပလေကိုစပြီးဆွဲတယ် ဆွဲတဲ့အခါ ဖုန်သဲမပါအောင် လေစစ်ခံပေးရတယ် ဒါကြောင့်လေစစ်တွေမကောင်းရင် ဖုန်တွေကအင်္ဂျင်ထဲတိုက်ရိုက်ဝင်ပြီး ပစ္စတင် ဝရိမ်းတွေစားနိုင်တယ်။ဖုန်ထူးရင်ဆေးပေးအရမ်းဆိုးရင်လေစစ်အသစ်လဲပါ။
ဘယ်လောက်ကြာရင်ဆေးရမလဲဆိုတာတော့ ကိုယ်စီးနေတဲ့လမ်းပေါ်မှာလဲမူတည်ပါသေးတယ်။တချို့ဖုန်ထူတဲ့ဒေသမျိုးတွေဆိုရင် ကာပရိုက်တာအတွင်းဂျက်လိုင်းတွေတောင်ပိတ်တာတွေဖြစ်တတ်ပါတယ် ဖုန်ထူတဲ့လမ်းတွေ‌ဆို ပိုပြီးဂရုစိူက်ရပါမယ်။
ဆေးပြီဆိုလဲ အပေါ်ယံလေးတင်ပြောင်အောင်မဆေးပါနဲ့ လိုင်းပေါက်တွေကိုပွင့်အောင်ဆေးပါ ပလပ် လေစစ် ဘားတွေတစ်ခါတည်းစစ်ပါ။Float Chamberထဲက ဆီပမာဏကိုစစ်ပါ မိန်းဂျက် စနိုးဂျက်တွေသေချာစစ်ပါ စနိုးချိန်တဲ့အခါမှာလဲ‌ လေနဲ့ဆီ မျှတအောင်ချိန်ပါ
တချို့ဘီးတွေဆိုဖြစ်တတ်တာတွေရှိတယ် ဆေးပြီးမှ ဆီယိုတာမျိုးတွေ အဲဒါတွေက Float valve(ဒုံးကျည်)လေးနေရာပြောင်းသွားတော့မလုံတာမျိုးပါ။ အထိုင်ကိုသေချာပြန်ဆေးပါ အတွင်းထိပြောင်အောင် ကရိုင်းပါ အဲလို‌ဆိုလုံတာများပါတယ် မရသေးရင်Float Armလေးကိုအနိမ့်အမြင့်ချိန်ပါ အရမ်း‌ဆိုးတဲ့ဘီးမျိုးကတော့မရဘူးပေါ့။
Admin_Khant Hmhwe Swe
<Zawgyi>
**Carburetor**
အမေးများကြတယ်။
Admin_Khant Hmhwe Swe