<Unicode>
မီးသံ(knocking)နှင့်မိတ်ဆက်ခြင်း
______________________________
ဒီစာစုလေးကို မပြုစုမီ ကြိုတင်တောင်းပန်ရမှာက
ဆရာများအတွက်မဟုတ်ဘဲ ကျွန်တော်တို့လို
အခြေခံသမားများအတွက် ရည်ရွယ်ပါတယ်
တက်ကျွမ်းနားလည်သော ဆရာအဆူဆူတို့ရဲ့
စာစုများ စကားများနဲ့ ကိုယ်တွေဖြစ်ရပ်များကို
ပေါင်းစပ်၍ ပြုစုပါတယ် ဆရာတို့အား
ရှိခိုးတောင်းပန် ကန်တော့ပန်းဆင်ပါတယ်
ကဲ မီးသံနဲ့မိတ်ဆက်ရအောင်
မီးသံ(knocking)ဘာကြောင့်ခေါက်ရတာလဲ
အချက်(၃)ချက်ရှိပါတယ်
၁။ ဆီအရည်အသွေးတွေမကောင်းတာကိုထည့်မိလို့
ဆီမသန့်တာတွေ ဆီအရည်အသွေးမကောင်းတာတွေ
ထည့်မိလိုက်မယ်ဆိုရင်တော့ အင်ဂျင်စလစ်အတွင်း
ဆီနဲ့မီးတွေ့ပြီး ပေါက်ကွဲချိန် ကာဘရိုက်တာကနေ
စုပ်ယူပေးလိုက်တဲ့ ဆီနဲ့လေမှာ ဆီမသန့်တာကြောင့်
ဆီအကုန်မလောင်ကျွမ်းနိုင်တာကြောင့်
မီးသံ(Knocking)ဖြစ်ရပါတယ်
စလစ်ထိပ်မှာရှိတဲ့ ပင်စတင်ဟာ intake valve ပွင့်တာနဲ့
စလစ်ထိပ်ကနေ အောက်ကို ဆင်းသွားပြီး
ကာဘရိုက်တာ အသုံးပြုဆိုင်ကယ်တွေမှာ
ကာဘရိုက်တာရဲ့ အလုပ်အတိုင်း လေနဲ့ဆီကို
ရောစပ်ပြီး စလစ်အတွင်းသို့စုပ်ယူသွားပါတယ်
စလစ်အောက်သို့ ပင်စတင်ရောက်သွားချိန်မှာ
Exhaust valve ရော Intake valveမှာ ပိတ်နေပါတယ်
ကွန်နတင်း နဲ့ ကရိုင်းတို့ရဲ့ အကူအညီနဲ့
ပင်စတင်ဟာ ခုနက စုပ်ယူလာတဲ့ ဆီနဲ့လေကို
စလစ်အပေါ်သို့ ပြန်တွန်းပြီး(Compressed)
ဖြစ်ရာ ပင်စတင်အပေါ်ရောက်ချိန်၌ မီးတိုင်ပင်ပွင့်၍
ပလပ်ကနေတစ်ဆင့် မီးပေးမှုကြောင့် ပေါက်ကွဲမှုအားနှင့်
ပင်စတင်ကို အောက်ကိုတွန်းချရာမှ စတင်နိုးပါတယ်
ထိုသို့အလုပ်လုပ်ရင်း ဆီမသန့်သောအခါ
စလစ်အတွင်း ပေါက်ကွဲမှုကောင်းစွာမဖြစ်ဘဲ
ဆီအကြွင်းအကျန်များ ဖြစ်လာပါတော့တယ်
ပင်စတင် တစ်ပတ်တိုင်းတွင်ဆီများကြွင်းကျန်သော
ကြောင့် အင်ဂျင်အပတ်ရည်များလာသောအခါ
ယခင်ဆီကျန်များနှင့် လုပ်စဉ်အတိုင်း ယူလာသော
လေနှင့်ဆီများကြောင့် ပင်စတင် စလစ်ထိပ်သို့
မရောက်ခင်မှာပဲ ပေါက်ကွဲပါတော့တယ်
ထိုသို့ ဆီကြွင်းများနှင့်ပြင်းထန်စွာပေါက်ကွဲမှုကြောင့်
အင်ဂျင်ပတ်ရည်များသောအခါ ပူလာပြီး
ပင်စတင်နှင့် စလစ် ရိုက်သံများကြောင့်
မီးသံစဖြစ်လာပါတော့တယ်
၂။ အရည်အသွေးမကောင်းသောပလပ်နှင့်
သက်တမ်းကုန်ပလပ်များကြောင့်
ဆီသန့်သော်လည်း
အရည်အသွေးမပြည့်ဝသောပလပ်များသုံးသောအခါ
ပလပ်ကွိုင်မှ ပို့ပေးသော မီးအားကို
ပလပ်မှာ ကောင်းစွာ မီးမပေးမှုကြောင့်
ဆီအကုန်မလောင်ကျွမ်းဘဲ အထက်ပါဖြစ်စဉ်အတိုင်း
မီးသံခေါက်ရပြန်ပါတယ်
ထို့ကြောင့်ပလပ်ကို အရည်အသွေးကောင်းများ
သုံးစွဲရပါမယ်
၃။ Air Cleaner ပိတ်စို့နေခြင်း
Air Cleaner ပိတ်စို့နေချိန် လီဗာပြင်းပြင်းဆွဲလိုက်တာနဲ့
Intake မှာ ရှိတဲ့ လေအဖွင့်အပိတ်တံခါးဟာပွင့်လိုက်ပြီး
ဆီဖွင့်ပေးလိုက်ပါတယ်
ထိုအချိန် Air Cleanerပိတ်စိုခြင်းကြောင့်
ဆီနှင့်လေ ကောင်းစွာမရောစပ်ဘဲ စလစ်အတွင်း
ဆီများ ပိုရောက်ခြင်းကြောင့်လည်း
ဆီအကုန်မလောင်ကျွမ်းဘဲ မီးသံခေါက်ရပြန်ပါတယ်
ဒါကြောင့် Air Cleanerကိုလည်း သန့်ရှင်းပေးသင့်ပါတယ်
ဒါတွေကတော့ သိသာတဲ့ အကြောင်းတွေဖြစ်ပါတယ်
အခြားသောအကြောင်းအရာများကိုလည်း
ဆရာသမားများထံမှ လေ့လာပြီး ရေးသားပေးပါ့မယ်
#YellNaingWin
#sharingbyempiremotocycleteach
<Zawgyi>
မီးသံ(knocking)ႏွင့္မိတ္ဆက္ျခင္း
______________________________
ဒီစာစုေလးကို မျပဳစုမီ ႀကိဳတင္ေတာင္းပန္ရမွာက
ဆရာမ်ားအတြက္မဟုတ္ဘဲ ကြၽန္ေတာ္တို႔လို
အေျခခံသမားမ်ားအတြက္ ရည္ရြယ္ပါတယ္
တက္ကြၽမ္းနားလည္ေသာ ဆရာအဆူဆူတို႔ရဲ႕
စာစုမ်ား စကားမ်ားနဲ႔ ကိုယ္ေတြျဖစ္ရပ္မ်ားကို
ေပါင္းစပ္၍ ျပဳစုပါတယ္ ဆရာတို႔အား
ရွိခိုးေတာင္းပန္ ကန္ေတာ့ပန္းဆင္ပါတယ္
ကဲ မီးသံနဲ႔မိတ္ဆက္ရေအာင္
မီးသံ(knocking)ဘာေၾကာင့္ေခါက္ရတာလဲ
အခ်က္(၃)ခ်က္ရွိပါတယ္
၁။ ဆီအရည္အေသြးေတြမေကာင္းတာကိုထည့္မိလို႔
ဆီမသန္႔တာေတြ ဆီအရည္အေသြးမေကာင္းတာေတြ
ထည့္မိလိုက္မယ္ဆိုရင္ေတာ့ အင္ဂ်င္စလစ္အတြင္း
ဆီနဲ႔မီးေတြ႕ၿပီး ေပါက္ကြဲခ်ိန္ ကာဘ႐ိုက္တာကေန
စုပ္ယူေပးလိုက္တဲ့ ဆီနဲ႔ေလမွာ ဆီမသန္႔တာေၾကာင့္
ဆီအကုန္မေလာင္ကြၽမ္းႏိုင္တာေၾကာင့္
မီးသံ(Knocking)ျဖစ္ရပါတယ္
စလစ္ထိပ္မွာရွိတဲ့ ပင္စတင္ဟာ intake valve ပြင့္တာနဲ႔
စလစ္ထိပ္ကေန ေအာက္ကို ဆင္းသြားၿပီး
ကာဘ႐ိုက္တာ အသုံးျပဳဆိုင္ကယ္ေတြမွာ
ကာဘ႐ိုက္တာရဲ႕ အလုပ္အတိုင္း ေလနဲ႔ဆီကို
ေရာစပ္ၿပီး စလစ္အတြင္းသို႔စုပ္ယူသြားပါတယ္
စလစ္ေအာက္သို႔ ပင္စတင္ေရာက္သြားခ်ိန္မွာ
Exhaust valve ေရာ Intake valveမွာ ပိတ္ေနပါတယ္
ကြန္နတင္း နဲ႔ က႐ိုင္းတို႔ရဲ႕ အကူအညီနဲ႔
ပင္စတင္ဟာ ခုနက စုပ္ယူလာတဲ့ ဆီနဲ႔ေလကို
စလစ္အေပၚသို႔ ျပန္တြန္းၿပီး(Compressed)
ျဖစ္ရာ ပင္စတင္အေပၚေရာက္ခ်ိန္၌ မီးတိုင္ပင္ပြင့္၍
ပလပ္ကေနတစ္ဆင့္ မီးေပးမႈေၾကာင့္ ေပါက္ကြဲမႈအားႏွင့္
ပင္စတင္ကို ေအာက္ကိုတြန္းခ်ရာမွ စတင္ႏိုးပါတယ္
ထိုသို႔အလုပ္လုပ္ရင္း ဆီမသန္႔ေသာအခါ
စလစ္အတြင္း ေပါက္ကြဲမႈေကာင္းစြာမျဖစ္ဘဲ
ဆီအႂကြင္းအက်န္မ်ား ျဖစ္လာပါေတာ့တယ္
ပင္စတင္ တစ္ပတ္တိုင္းတြင္ဆီမ်ားႂကြင္းက်န္ေသာ
ေၾကာင့္ အင္ဂ်င္အပတ္ရည္မ်ားလာေသာအခါ
ယခင္ဆီက်န္မ်ားႏွင့္ လုပ္စဉ္အတိုင္း ယူလာေသာ
ေလႏွင့္ဆီမ်ားေၾကာင့္ ပင္စတင္ စလစ္ထိပ္သို႔
မေရာက္ခင္မွာပဲ ေပါက္ကြဲပါေတာ့တယ္
ထိုသို႔ ဆီႂကြင္းမ်ားႏွင့္ျပင္းထန္စြာေပါက္ကြဲမႈေၾကာင့္
အင္ဂ်င္ပတ္ရည္မ်ားေသာအခါ ပူလာၿပီး
ပင္စတင္ႏွင့္ စလစ္ ႐ိုက္သံမ်ားေၾကာင့္
မီးသံစျဖစ္လာပါေတာ့တယ္
၂။ အရည္အေသြးမေကာင္းေသာပလပ္ႏွင့္
သက္တမ္းကုန္ပလပ္မ်ားေၾကာင့္
ဆီသန္႔ေသာ္လည္း
အရည္အေသြးမျပည့္ဝေသာပလပ္မ်ားသုံးေသာအခါ
ပလပ္ကြိဳင္မွ ပို႔ေပးေသာ မီးအားကို
ပလပ္မွာ ေကာင္းစြာ မီးမေပးမႈေၾကာင့္
ဆီအကုန္မေလာင္ကြၽမ္းဘဲ အထက္ပါျဖစ္စဉ္အတိုင္း
မီးသံေခါက္ရျပန္ပါတယ္
ထို႔ေၾကာင့္ပလပ္ကို အရည္အေသြးေကာင္းမ်ား
သုံးစြဲရပါမယ္
၃။ Air Cleaner ပိတ္စို႔ေနျခင္း
Air Cleaner ပိတ္စို႔ေနခ်ိန္ လီဗာျပင္းျပင္းဆြဲလိုက္တာနဲ႔
Intake မွာ ရွိတဲ့ ေလအဖြင့္အပိတ္တံခါးဟာပြင့္လိုက္ၿပီး
ဆီဖြင့္ေပးလိုက္ပါတယ္
ထိုအခ်ိန္ Air Cleanerပိတ္စိုျခင္းေၾကာင့္
ဆီႏွင့္ေလ ေကာင္းစြာမေရာစပ္ဘဲ စလစ္အတြင္း
ဆီမ်ား ပိုေရာက္ျခင္းေၾကာင့္လည္း
ဆီအကုန္မေလာင္ကြၽမ္းဘဲ မီးသံေခါက္ရျပန္ပါတယ္
ဒါေၾကာင့္ Air Cleanerကိုလည္း သန္႔ရွင္းေပးသင့္ပါတယ္
ဒါေတြကေတာ့ သိသာတဲ့ အေၾကာင္းေတြျဖစ္ပါတယ္
အျခားေသာအေၾကာင္းအရာမ်ားကိုလည္း
ဆရာသမားမ်ားထံမွ ေလ့လာၿပီး ေရးသားေပးပါ႔မယ္
#YellNaingWin
#sharingbyempiremotocycleteach