Piston, Rings

<Unicode>
"မင်္ဂလာပါဗျ"
-----------------

   ဒီနေ့တော့  အများစုသိထားပြီးဖြစ်တဲ့   Piston, Rings နှင့်  Sleeve  တွေရဲ့ပတ်သက်ပြီး  ထပ်မံဖတ်ရှု့နိုင်အောင်မျှဝေပေးပါမယ်။  ဦးစွာပထမ ပစ္စတင်နဲ့ပတ်သတ်တဲ့ အချက်တစ်ချို့ကို လေ့လာကြရအောင်....
   ပစ္စတင်တစ်လုံးသည် internal combustion engine
ဖြစ်တဲ့   အတွင်းကန်ပေါက်ကွဲ အင်ဂျင်များအတွက်  မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။  ၎င်းသည် လေနှင့်လောင်စာဆီအရောတို့ကိုဆလင်ဒါအတွင်းသို့ယူဆောင်ကာ  သတ်မှတ်သောအချိုးတစ်ခုဖြင့် ဖိသိပ်ခြင်းကိုလုပ်ဆောင်ပါတယ်။ ထိုသို့ဖိသိပ်မှုတွင်ပလပ်မီးပွာ
၏အကူအညီကိုရယူကာ ဆီလေအရောကိုလောင်ကျွမ်းစေပါတယ်။ ထိုလောင်ကျွမ်းခြင်းမှ ရရှိလာသောဓာတုစွမ်း
အင်ကို အသုံးဝင်သောစက်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးပါတယ်။  ပစ္စတင်သည်  ပေါက်ကွဲခြင်းမှရရှိလာသော စွမ်းအင်ကို Crankshaft သို့လွှဲပြောင်းပေးကာ လည်ပတ်ခြင်းဖြင့်အ‌ရွေ့စွမ်းအင်ကိုဖြစ်ပေါ်စေပါတယ်။
   ပစ္စတင်သည် အခြေခံအားဖြင် ဆလင်ဒါအတွင်းအတ
က်အဆင်း ရွေ့လျားနေသောအရာဖြစ်ပါတယ်။ ပစ္စတင်၏
အစိတ်အပိုင်းများသည် ရိုးရှင်းသည်ဟုထင်ရသော်လည်း
ဒီဇိုင်းရှုထောင့်မှကြည့်လျှင်  အင်မတန်  ရှုပ်ထွေးပါတယ်။
ပစ္စတင်၏  လုပ်ဆောင်မှုအပေါ်  မူတည်ကာ  အင်ဂျင်စွမ်းဆောင်ရည် နှင့်  ကြာရှည်အသုံးခံမှုအပေါ်  များစွာအကျိုး
သက်ရောက်နေပါတယ်။ ၎င်းသည် ဆလင်ဒါအတွင်းနံရံကို ပွန်းစားမှုအနည်းဆုံးဖြင့် လည်ပတ်ရမှာဖြစ်ပြီး လောင်
စာ လောင်ကျွမ်းခြင်းမှ  ရရှိလာသော ပေါက်ကွဲပြင်းအားကြောင့် အပူချိန်သည် 2000°C မှ 2800°C ရှိပြီး ထိုအပူ
ချိန်ကိုခံနိုင်အောင် ပစ္စတင်တစ်လုံးကို တည်ဆောက်ရပါတယ်။  ထို့ကြောင့် ပစ္စတင်သည် မာကြောနေဖို့ လိုအပ်ပါတယ်။ ထို့အပြင် ပစ္စတင်သည် ဆလင်ဒါအတွင်း  အရွေ့စွမ်းအင်ကို ဖော်ဆောင်ရတာ ဖြစ်သောကြောင့် Inertia
(လေးဖင့်မှု) လျော့နည်းစေရန် အလေးချိန်ကို တတ်နိုင်သမျှလျော့ချပေးရပါတယ်။ ပစ္စတင်တစ်လုံးသည် ကျွန်ပ်တို့အမြင်မှာ ညီညှာစွာ ဝက်ဝိုင်းပုံသဏ္ဍာန်ရှိသည်ဟု ထင်
ရသော်လည်း အမှန်တကယ်မှာပစ္စတင်၏ Combustion
Layer ဖြစ်တဲ့ ပင်စ္စတင် ၏မျက်နှာပြင်ဘက်တွင်သာ ဝိုင်းပြီး Skirt Layer ဘက်သည် ဘဲဉ ပုံ ဖြစ်ပါတယ်။
   ပစ္စတင်တစ်လုံးအားညီညှာစွာစက်ဝိုင်းပုံသဏ္ဍာန်ဖန်တီး အသုံးပြုမည်ဆိုပါက ဆလင်ဒါနံရံနှင်ပွတ်တိုက်မှုအချင်း
ပိုများနိုင်ကာ ပျက်စီးဆုံးရှုံးမှုများနိုင်သောကြောင့် ဖြစ်ပါတယ်။ထို့ကြောင့် တချို့ပစ္စတင်များသည် Skirt Layer အ
ပိုင်းတွင် coating liner များသုတ်လိမ်းထားသည်ကိုတွေ့နိုင်ပါတယ်။၎င်း coatingများသည် အင်ဂျင်ကိုအချိန်ကြာစွာရပ်ထားရာမှ အင်ဂျင်ပြန်နိုးသော အချိန်တွင် ပစ္စတင်နှင့်  ဆလင်ဒါအကြား  ‌လုံလောက်သောချောဆီမရ‌ရှိခင်
ပွတ်တိုက်မှုဒါဏ်ကိုခံနိုင်ရန် သုတ်လိမ်းထားသော အရည်တစ်မျိုးဖြစ်ပါတယ်။  နည်းပညာမြင့် အင်ဂျင်များတွင်
အဆိုပါပွန်းစားမှုကိုကာကွယ်နိုင်ရန် oil priming pump
ဟုခေါ်သော ချောဆီအကြိုပံ့ပိုးပေးသော စနစ်ကိုအသုံးပြု
ထားပါတယ်။ ၁မီးနစ်တွင် crankshaft အပတ်ရေ ၅၀၀၀
လည်ပါက တစ်စက္ကန့်အတွင်း အပေါ်အောက်ပင်စင်အတ
က်အဆင်း  ၁၆၆ ကြိမ်ရှိပါတယ်။ ထို့ကြောင့်စက်စနိုးချင်း ပင်စင်နှင့်ဆလင်ဒါအကြား ချောဆီမရောက်မှီ လီဘာကို
တင်မိလျင် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပျက်စီးနိုင်ပါတယ်။ သင့်အနေနဲ့ ထိုကဲ့သို့ပြုမှုနေမိလျှင် သတိထားနိုင်စေရန်ဖြစ်ပါတယ်။ 
   အင်ဂျင်တစ်လုံး၌ ပစ္စတင်နှင့်အတူ ring များကိုတပ်ဆင်ထားသည်ကိုတွေ့ရပါတယ်။ Ring တွေရဲ့အလုပ်လုပ်ပုံကတော့ ပစ္စတင်မှ ဖိကျစ်လိုက်သော ဆီလေအရောနှင့် ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော gas များကို ဆလင်ဒါ
နံရံကြားမှတစ်ဆင့် crankcase ထဲသို့ယိုစီးမသွားစေရန်
ဖြစ်ပါတယ်။ Ring များကိုကြည့်လျှင် ပထမ "ring" သည်
compression ( ဖိကျစ်ကွင်း )၊  ဒုတိယ "ring" သည်
intermediate ( ကြားခံကွင်း )၊ တတိယ "ring" သည်
oil control ( ဆီထိန်းကွင်း ) တို့ဖြစ်ပါတယ်။ Ring များ
သည် ပစ္စတင်မှအပူကို ဆလင်ဒါ ဆီသို့အပူကူးပြောင်းခြင်းကိုလည်း‌လုပ်ဆောင်ပါတယ်။ထို့အပြင် ပစ္စတင်နှင့်
ဆလင်ဒါနံရံအကြား ချောဆီများကိုထိန်းပေးခြင်းနှင့် ပွန်းစားမှုကိုကာ‌ကွယ်ပေးခြင်းတို့လုပ်ဆောင်ပေးပါတယ်။ တချို့ အင်ဂျင်များတွင် အပူဒါဏ်ခံနိုင်အောင် ring များအပေါ်တွင် titanium coating ကိုအသုံးပြုလာပါတယ်။ သို့သော် ထုတ်လုပ်စရိတ်များသောကြောင့် နာမည်ကြီး ထုတ်ကုန် အင်ဂျင်များတွင်သာ အသုံးပြုလာပါတယ်။
   "Ring"များသည် အပူစီးကူးခြင်းဖြင့် ပွလာသောကြောင့်
ring gap များကိုသတ်မှတ်တဲ့ပမာဏအတိုင်းထားရှိရန်
လိုပါတယ်။ Ring များကိုတပ်‌ဆင်ရာတွင် အဓိက ဖိအားသက်ရောက်မှုခံရသော အပေါ်+အောက်နှင့် ပစ္စတင်ပင် ရှိ
သော ဘေးနှစ်ဘက်ကို ရှောင်လွှဲ၍ တပ်ဆင်ရပါမယ်။ထို့မှသာ မီးလောင်ပေါက်ကွဲခန်းထဲမှ gasများ crankcaseထဲယိုစီးခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
   Sleeve တွေနဲ့ပတ်သက်ပြီး အမျိုးအစားသုံးမျိုးတွေ့နိုင်ပါတယ်။
(1) Dry cylinder sleeve(အပူဆလစ်)
(2) Wet cylinder sleeve(အအေးဆလစ်)
(3) Air cooled/ finned sleeve(လေအေးပေးဆလစ်)
ဆိုပြီးရှိပါတယ်။အပူဆလစ်တွေဟာ မီးလောင်ပေါက်ကွဲခြင်းမှ ထွက်ပေါ်လာသော အပူများ၏သက်ရောက်မှုကို တိုက်ရိုက်ခံရပြီးဆလစ်အပြင်ဘက် သတ္ထုလိုင်းများမှတစ်
ဆင့်အပူကိုချေဖြတ်ပါတယ်။ Water cooled(အ‌အေးစနစ်)သည် စလစ်မှအပူကို လိုင်နာအတွင်းရှိရေသို့ ကူး
ပြောင်ချေဖြတ်သောစနစ်ဖြစ်ပါတယ်။Air Cooled ဟာဆိုရင် ဆလစ်မှအပူကို ပန်ကာဖြင့် လေအေးပေးကာ အပူကိုလျော့ချသောစနစ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဆလင်ဒါတစ်လုံး၏ သက်တမ်းသည် Rings လေးခါ Piston နှစ်ခါ‌ ပြောင်းသုံးလို့ရပါတယ်။ ပစ္စတင်နှစ်ခါ လှဲလှယ်အသုံးပြုပြီးချိန်တွင်  sleeve လိုင်နာ အတွင်းသားများဟာ မူလ
ပစ္စတင်အရွယ်အစားနှင့် ချောင်လာပြီဖြစ်သောကြောင့်
bore size ချဲ့၍ ပစ္စတင်အရွယ်အစားအကြီးကိုပြောင်းသုံးခြင်းကို ဘိုးရင်းထိုးသည်ဟုခေါ်ပါတယ်။
   ကျွန်တော်တို့  sleeve  တစ်လုံးကိုဘိုးရင်းချတဲ့အခါ 
ပစ္စတင်နဲ့ဆလစ်ဟာ သတ်မှတ်ထားတဲ့အကွာအဝေးတစ်ခုရှိပါတယ်။ ထိုအချက်ကိုသတိမပြုဘဲ ပစ္စတင်နှင့်ဆလစ်ကိုတင်းကြပ်စွာ ပြုလုပ်ထားခြင်းကြောင့် ရေလောင်းကျင့်
စဉ်ပေါ်လာခြင်းဖြစ်ပါတယ်။တကယ်တော့အင်ဂျင်တစ်လုံး
ပြုပြင်အပြီး ‌ဆလစ်နဲ့ပစ္စတင် အသားကျအောင် train တယ်ဆိုတာသည် အမှန်ကိုသွေဖီနေသော error တစ်ခုဖြစ်ပါတယ်။ ပစ္စတင်တစ်လုံးသည် အများအားဖြင့်သတ္ထု
နှင့်ပြုလုပ်ထားတာဖြစ်ပြီး ပူလျှင်ပွပြီး အေးလျှင်ကျုံ့သော
ဂုဏ်သတ္တိရှိပါတယ်။ထို့အတွက်ကြောင့် ဆလစ်နဲ့ပစ္စတင်ကို တင်းကြပ်သောအခြေနေတစ်ခုဖြင့် တပ်ဆင်ထားပါက
အပူကြောင့်ပစ္စတင်ပွလာချိန်တွင် ဆလစ်လိုင်နာများကို
ဆိုးရွားသော ပူတိုက်မှုများဖြစ်ပေါ်လာစေပါတယ်။အပေါ်မှာ ပြောခဲ့တဲ့ sleeve နဲ့ ring အပေါ်မှာသုတ်လိမ်းထားတဲ့
coating လေးတွေဟာ ရေကျင့်သောကာလမှာပဲ ပွန်းစား
မှုကြောင့် ပျက်စီးကုန်ပါတယ်။ထို့ကြောင့် အင်ဂျင်သက်တ
မ်းဟာ ရှိသင့်သည်ထက်ပိုနည်းလာပါလိမ့်မယ်။ ပုံမှန်အား
ဖြင့် ဆလစ်နဲ့ပစ္စတင်ကြားရှိသင့်သည့်အကွာအဝေးဟာ 
အင်ဂျင်ဝိုင် တစ်ထုစာ 0.04 mm ရှိရပါမယ်။ အသုံးပြုသောအင်ဂျင်ဝိုင်အမျိုးအစားပေါ်မှုတည်၍ 0.08အထိအိုးခတ်သံထွက်မည်မဟုတ်ပါ။ 
   သက်တမ်းမကုန်သေး‌သော sleeve ကိုပစ္စတင်အသစ်ထည့်ပြီး ပြန်လည်အသုံးပြုမည်ဆိုပါက ဆလစ်လိုင်နာမျာကို wave cutting (ကန့်လန့်အစင်း)များပြန်ဖော်ပေးရန်
လိုအပ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မှုလပါရှိသော
 ကန့်လန့်အစင်းရာများသည် ပွတ်တိုက်မှုကြောင့် mirror
effect (မှန်ပြင်ကဲ့သို့) ပြောင်လက်နေတာကိုတွေ့ရလိမ့်
မည်။ထိုသို့အစင်းရာများပြောင်သွားမည်ဆိုပါက ဆလစ်လိုင်နာရှိwave cuttingများအတွင်း အင်ဂျင်ဝိုင်ကျန်မနေသောကြောင့် compression ring များသည် တိုက်
ရိုက်ပွတ်တိုက်မှုကိုခံရပြီး အပူတက်မြန်ကာ ring သက်
တမ်းတိုလာတာကို တွေ့ရပါမယ်။ ထို့ကြောင့်ဘိုးရင်းထိုးတဲ့အခါမှာလည်း ဆလစ်လိုင်နာများကို ပြောင်နေအောင်
မပြုလုပ်ဘဲ wave cutting ကန့်လန့်အစင်းရာများ ဖော်ပေးခြင်းဖြင့် အင်ဂျင်သက်တမ်းကိုမြင့်တင်နိုင်ပါတယ်။
ဆလစ်အကြောင်းနဲ့ပတ်သက်ပြီး အကျယ်တဝင့် သိရှိလိုပါက ကျွန့်တော်ဆရာ "ရဲရင့်သာဝေပိုင်" ရေးထားသော
"အစင်းရာများနှင့်မိတ်ဆက်ခြင်း"  ဆောင်းပါးကိုရှာဖွေဖတ်ရှူ့နိုင်ပါတယ်။ ဒါဖြင့်အပေါ်မှာပြောခဲ့သော Piston, Rings, Sleeve နှင့်ပတ်သက်သောအချက်အလက်တချို့ကိုသိရှိနားလည်မယ်လို့မျှော်လင့်ပါတယ်။ အောက်ပါပုံများတွင် ‌ဆက်လက်လေ့လာနိုင်ပါတယ်....။

"ကျေးဇူးတင်ပါသည်"
card. 

<Zawgyi>
"မဂၤလာပါဗ်"
-----------------

   ဒီေန႔ေတာ့  အမ်ားစုသိထားၿပီးျဖစ္တဲ့   Piston, Rings ႏွင့္  Sleeve  ေတြရဲ႕ပတ္သက္ၿပီး  ထပ္မံဖတ္ရႈ့ႏိုင္ေအာင္မွ်ေဝေပးပါမယ္။  ဦးစြာပထမ ပစၥတင္နဲ႔ပတ္သတ္တဲ့ အခ်က္တစ္ခ်ိဳ႕ကို ေလ့လာၾကရေအာင္....
   ပစၥတင္တစ္လုံးသည္ internal combustion engine
ျဖစ္တဲ့   အတြင္းကန္ေပါက္ကြဲ အင္ဂ်င္မ်ားအတြက္  မရွိမျဖစ္လိုအပ္ေသာ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။  ၎သည္ ေလႏွင့္ေလာင္စာဆီအေရာတို႔ကိုဆလင္ဒါအတြင္းသို႔ယူေဆာင္ကာ  သတ္မွတ္ေသာအခ်ိဳးတစ္ခုျဖင့္ ဖိသိပ္ျခင္းကိုလုပ္ေဆာင္ပါတယ္။ ထိုသို႔ဖိသိပ္မႈတြင္ပလပ္မီးပြာ
၏အကူအညီကိုရယူကာ ဆီေလအေရာကိုေလာင္ကြၽမ္းေစပါတယ္။ ထိုေလာင္ကြၽမ္းျခင္းမွ ရရွိလာေသာဓာတုစြမ္း
အင္ကို အသုံးဝင္ေသာစက္စြမ္းအင္အျဖစ္သို႔ ေျပာင္းလဲေပးပါတယ္။  ပစၥတင္သည္  ေပါက္ကြဲျခင္းမွရရွိလာေသာ စြမ္းအင္ကို Crankshaft သို႔လႊဲေျပာင္းေပးကာ လည္ပတ္ျခင္းျဖင့္အ‌ေရြ႕စြမ္းအင္ကိုျဖစ္ေပၚေစပါတယ္။
   ပစၥတင္သည္ အေျခခံအားျဖင္ ဆလင္ဒါအတြင္းအတ
က္အဆင္း ေရြ႕လ်ားေနေသာအရာျဖစ္ပါတယ္။ ပစၥတင္၏
အစိတ္အပိုင္းမ်ားသည္ ႐ိုးရွင္းသည္ဟုထင္ရေသာ္လည္း
ဒီဇိုင္းရႈေထာင့္မွၾကည့္လွ်င္  အင္မတန္  ရႈပ္ေထြးပါတယ္။
ပစၥတင္၏  လုပ္ေဆာင္မႈအေပၚ  မူတည္ကာ  အင္ဂ်င္စြမ္းေဆာင္ရည္ ႏွင့္  ၾကာရွည္အသုံးခံမႈအေပၚ  မ်ားစြာအက်ိဳး
သက္ေရာက္ေနပါတယ္။ ၎သည္ ဆလင္ဒါအတြင္းနံရံကို ပြန္းစားမႈအနည္းဆုံးျဖင့္ လည္ပတ္ရမွာျဖစ္ၿပီး ေလာင္
စာ ေလာင္ကြၽမ္းျခင္းမွ  ရရွိလာေသာ ေပါက္ကြဲျပင္းအားေၾကာင့္ အပူခ်ိန္သည္ 2000°C မွ 2800°C ရွိၿပီး ထိုအပူ
ခ်ိန္ကိုခံႏိုင္ေအာင္ ပစၥတင္တစ္လုံးကို တည္ေဆာက္ရပါတယ္။  ထို႔ေၾကာင့္ ပစၥတင္သည္ မာေၾကာေနဖို႔ လိုအပ္ပါတယ္။ ထို႔အျပင္ ပစၥတင္သည္ ဆလင္ဒါအတြင္း  အေရြ႕စြမ္းအင္ကို ေဖာ္ေဆာင္ရတာ ျဖစ္ေသာေၾကာင့္ Inertia
(ေလးဖင့္မႈ) ေလ်ာ့နည္းေစရန္ အေလးခ်ိန္ကို တတ္ႏိုင္သမွ်ေလ်ာ့ခ်ေပးရပါတယ္။ ပစၥတင္တစ္လုံးသည္ ကြၽန္ပ္တို႔အျမင္မွာ ညီညႇာစြာ ဝက္ဝိုင္းပုံသ႑ာန္ရွိသည္ဟု ထင္
ရေသာ္လည္း အမွန္တကယ္မွာပစၥတင္၏ Combustion
Layer ျဖစ္တဲ့ ပင္စၥတင္ ၏မ်က္ႏွာျပင္ဘက္တြင္သာ ဝိုင္းၿပီး Skirt Layer ဘက္သည္ ဘဲဉ ပုံ ျဖစ္ပါတယ္။
   ပစၥတင္တစ္လုံးအားညီညႇာစြာစက္ဝိုင္းပုံသ႑ာန္ဖန္တီး အသုံးျပဳမည္ဆိုပါက ဆလင္ဒါနံရံႏွင္ပြတ္တိုက္မႈအခ်င္း
ပိုမ်ားႏိုင္ကာ ပ်က္စီးဆုံးရႈံးမႈမ်ားႏိုင္ေသာေၾကာင့္ ျဖစ္ပါတယ္။ထို႔ေၾကာင့္ တခ်ိဳ႕ပစၥတင္မ်ားသည္ Skirt Layer အ
ပိုင္းတြင္ coating liner မ်ားသုတ္လိမ္းထားသည္ကိုေတြ႕ႏိုင္ပါတယ္။၎ coatingမ်ားသည္ အင္ဂ်င္ကိုအခ်ိန္ၾကာစြာရပ္ထားရာမွ အင္ဂ်င္ျပန္ႏိုးေသာ အခ်ိန္တြင္ ပစၥတင္ႏွင့္  ဆလင္ဒါအၾကား  ‌လုံေလာက္ေသာေခ်ာဆီမရ‌ရွိခင္
ပြတ္တိုက္မႈဒါဏ္ကိုခံႏိုင္ရန္ သုတ္လိမ္းထားေသာ အရည္တစ္မ်ိဳးျဖစ္ပါတယ္။  နည္းပညာျမင့္ အင္ဂ်င္မ်ားတြင္
အဆိုပါပြန္းစားမႈကိုကာကြယ္ႏိုင္ရန္ oil priming pump
ဟုေခၚေသာ ေခ်ာဆီအႀကိဳပံ့ပိုးေပးေသာ စနစ္ကိုအသုံးျပဳ
ထားပါတယ္။ ၁မီးနစ္တြင္ crankshaft အပတ္ေရ ၅၀၀၀
လည္ပါက တစ္စကၠန္႔အတြင္း အေပၚေအာက္ပင္စင္အတ
က္အဆင္း  ၁၆၆ ႀကိမ္ရွိပါတယ္။ ထို႔ေၾကာင့္စက္စႏိုးခ်င္း ပင္စင္ႏွင့္ဆလင္ဒါအၾကား ေခ်ာဆီမေရာက္မွီ လီဘာကို
တင္မိလ်င္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ပိုမိုပ်က္စီးႏိုင္ပါတယ္။ သင့္အေနနဲ႔ ထိုကဲ့သို႔ျပဳမႈေနမိလွ်င္ သတိထားႏိုင္ေစရန္ျဖစ္ပါတယ္။ 
   အင္ဂ်င္တစ္လုံး၌ ပစၥတင္ႏွင့္အတူ ring မ်ားကိုတပ္ဆင္ထားသည္ကိုေတြ႕ရပါတယ္။ Ring ေတြရဲ႕အလုပ္လုပ္ပုံကေတာ့ ပစၥတင္မွ ဖိက်စ္လိုက္ေသာ ဆီေလအေရာႏွင့္ ေပါက္ကြဲမႈေၾကာင့္ျဖစ္ေပၚလာေသာ gas မ်ားကို ဆလင္ဒါ
နံရံၾကားမွတစ္ဆင့္ crankcase ထဲသို႔ယိုစီးမသြားေစရန္
ျဖစ္ပါတယ္။ Ring မ်ားကိုၾကည့္လွ်င္ ပထမ "ring" သည္
compression ( ဖိက်စ္ကြင္း )၊  ဒုတိယ "ring" သည္
intermediate ( ၾကားခံကြင္း )၊ တတိယ "ring" သည္
oil control ( ဆီထိန္းကြင္း ) တို႔ျဖစ္ပါတယ္။ Ring မ်ား
သည္ ပစၥတင္မွအပူကို ဆလင္ဒါ ဆီသို႔အပူကူးေျပာင္းျခင္းကိုလည္း‌လုပ္ေဆာင္ပါတယ္။ထို႔အျပင္ ပစၥတင္ႏွင့္
ဆလင္ဒါနံရံအၾကား ေခ်ာဆီမ်ားကိုထိန္းေပးျခင္းႏွင့္ ပြန္းစားမႈကိုကာ‌ကြယ္ေပးျခင္းတို႔လုပ္ေဆာင္ေပးပါတယ္။ တခ်ိဳ႕ အင္ဂ်င္မ်ားတြင္ အပူဒါဏ္ခံႏိုင္ေအာင္ ring မ်ားအေပၚတြင္ titanium coating ကိုအသုံးျပဳလာပါတယ္။ သို႔ေသာ္ ထုတ္လုပ္စရိတ္မ်ားေသာေၾကာင့္ နာမည္ႀကီး ထုတ္ကုန္ အင္ဂ်င္မ်ားတြင္သာ အသုံးျပဳလာပါတယ္။
   "Ring"မ်ားသည္ အပူစီးကူးျခင္းျဖင့္ ပြလာေသာေၾကာင့္
ring gap မ်ားကိုသတ္မွတ္တဲ့ပမာဏအတိုင္းထားရွိရန္
လိုပါတယ္။ Ring မ်ားကိုတပ္‌ဆင္ရာတြင္ အဓိက ဖိအားသက္ေရာက္မႈခံရေသာ အေပၚ+ေအာက္ႏွင့္ ပစၥတင္ပင္ ရွိ
ေသာ ေဘးႏွစ္ဘက္ကို ေရွာင္လႊဲ၍ တပ္ဆင္ရပါမယ္။ထို႔မွသာ မီးေလာင္ေပါက္ကြဲခန္းထဲမွ gasမ်ား crankcaseထဲယိုစီးျခင္းကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။
   Sleeve ေတြနဲ႔ပတ္သက္ၿပီး အမ်ိဳးအစားသုံးမ်ိဳးေတြ႕ႏိုင္ပါတယ္။
(1) Dry cylinder sleeve(အပူဆလစ္)
(2) Wet cylinder sleeve(အေအးဆလစ္)
(3) Air cooled/ finned sleeve(ေလေအးေပးဆလစ္)
ဆိုၿပီးရွိပါတယ္။အပူဆလစ္ေတြဟာ မီးေလာင္ေပါက္ကြဲျခင္းမွ ထြက္ေပၚလာေသာ အပူမ်ား၏သက္ေရာက္မႈကို တိုက္႐ိုက္ခံရၿပီးဆလစ္အျပင္ဘက္ သတၳဳလိုင္းမ်ားမွတစ္
ဆင့္အပူကိုေခ်ျဖတ္ပါတယ္။ Water cooled(အ‌ေအးစနစ္)သည္ စလစ္မွအပူကို လိုင္နာအတြင္းရွိေရသို႔ ကူး
ေျပာင္ေခ်ျဖတ္ေသာစနစ္ျဖစ္ပါတယ္။Air Cooled ဟာဆိုရင္ ဆလစ္မွအပူကို ပန္ကာျဖင့္ ေလေအးေပးကာ အပူကိုေလ်ာ့ခ်ေသာစနစ္ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ဆလင္ဒါတစ္လုံး၏ သက္တမ္းသည္ Rings ေလးခါ Piston ႏွစ္ခါ‌ ေျပာင္းသုံးလို႔ရပါတယ္။ ပစၥတင္ႏွစ္ခါ လွဲလွယ္အသုံးျပဳၿပီးခ်ိန္တြင္  sleeve လိုင္နာ အတြင္းသားမ်ားဟာ မူလ
ပစၥတင္အရြယ္အစားႏွင့္ ေခ်ာင္လာၿပီျဖစ္ေသာေၾကာင့္
bore size ခ်ဲ႕၍ ပစၥတင္အရြယ္အစားအႀကီးကိုေျပာင္းသုံးျခင္းကို ဘိုးရင္းထိုးသည္ဟုေခၚပါတယ္။
   ကြၽန္ေတာ္တို႔  sleeve  တစ္လုံးကိုဘိုးရင္းခ်တဲ့အခါ 
ပစၥတင္နဲ႔ဆလစ္ဟာ သတ္မွတ္ထားတဲ့အကြာအေဝးတစ္ခုရွိပါတယ္။ ထိုအခ်က္ကိုသတိမျပဳဘဲ ပစၥတင္ႏွင့္ဆလစ္ကိုတင္းၾကပ္စြာ ျပဳလုပ္ထားျခင္းေၾကာင့္ ေရေလာင္းက်င့္
စဉ္ေပၚလာျခင္းျဖစ္ပါတယ္။တကယ္ေတာ့အင္ဂ်င္တစ္လုံး
ျပဳျပင္အၿပီး ‌ဆလစ္နဲ႔ပစၥတင္ အသားက်ေအာင္ train တယ္ဆိုတာသည္ အမွန္ကိုေသြဖီေနေသာ error တစ္ခုျဖစ္ပါတယ္။ ပစၥတင္တစ္လုံးသည္ အမ်ားအားျဖင့္သတၳဳ
ႏွင့္ျပဳလုပ္ထားတာျဖစ္ၿပီး ပူလွ်င္ပြၿပီး ေအးလွ်င္က်ဳံ႕ေသာ
ဂုဏ္သတၱိရွိပါတယ္။ထို႔အတြက္ေၾကာင့္ ဆလစ္နဲ႔ပစၥတင္ကို တင္းၾကပ္ေသာအေျခေနတစ္ခုျဖင့္ တပ္ဆင္ထားပါက
အပူေၾကာင့္ပစၥတင္ပြလာခ်ိန္တြင္ ဆလစ္လိုင္နာမ်ားကို
ဆိုးရြားေသာ ပူတိုက္မႈမ်ားျဖစ္ေပၚလာေစပါတယ္။အေပၚမွာ ေျပာခဲ့တဲ့ sleeve နဲ႔ ring အေပၚမွာသုတ္လိမ္းထားတဲ့
coating ေလးေတြဟာ ေရက်င့္ေသာကာလမွာပဲ ပြန္းစား
မႈေၾကာင့္ ပ်က္စီးကုန္ပါတယ္။ထို႔ေၾကာင့္ အင္ဂ်င္သက္တ
မ္းဟာ ရွိသင့္သည္ထက္ပိုနည္းလာပါလိမ့္မယ္။ ပုံမွန္အား
ျဖင့္ ဆလစ္နဲ႔ပစၥတင္ၾကားရွိသင့္သည့္အကြာအေဝးဟာ 
အင္ဂ်င္ဝိုင္ တစ္ထုစာ 0.04 mm ရွိရပါမယ္။ အသုံးျပဳေသာအင္ဂ်င္ဝိုင္အမ်ိဳးအစားေပၚမႈတည္၍ 0.08အထိအိုးခတ္သံထြက္မည္မဟုတ္ပါ။ 
   သက္တမ္းမကုန္ေသး‌ေသာ sleeve ကိုပစၥတင္အသစ္ထည့္ၿပီး ျပန္လည္အသုံးျပဳမည္ဆိုပါက ဆလစ္လိုင္နာမ်ာကို wave cutting (ကန္႔လန္႔အစင္း)မ်ားျပန္ေဖာ္ေပးရန္
လိုအပ္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် မႈလပါရွိေသာ
 ကန္႔လန္႔အစင္းရာမ်ားသည္ ပြတ္တိုက္မႈေၾကာင့္ mirror
effect (မွန္ျပင္ကဲ့သို႔) ေျပာင္လက္ေနတာကိုေတြ႕ရလိမ့္
မည္။ထိုသို႔အစင္းရာမ်ားေျပာင္သြားမည္ဆိုပါက ဆလစ္လိုင္နာရွိwave cuttingမ်ားအတြင္း အင္ဂ်င္ဝိုင္က်န္မေနေသာေၾကာင့္ compression ring မ်ားသည္ တိုက္
႐ိုက္ပြတ္တိုက္မႈကိုခံရၿပီး အပူတက္ျမန္ကာ ring သက္
တမ္းတိုလာတာကို ေတြ႕ရပါမယ္။ ထို႔ေၾကာင့္ဘိုးရင္းထိုးတဲ့အခါမွာလည္း ဆလစ္လိုင္နာမ်ားကို ေျပာင္ေနေအာင္
မျပဳလုပ္ဘဲ wave cutting ကန္႔လန္႔အစင္းရာမ်ား ေဖာ္ေပးျခင္းျဖင့္ အင္ဂ်င္သက္တမ္းကိုျမင့္တင္ႏိုင္ပါတယ္။
ဆလစ္အေၾကာင္းနဲ႔ပတ္သက္ၿပီး အက်ယ္တဝင့္ သိရွိလိုပါက ကြၽန္႔ေတာ္ဆရာ "ရဲရင့္သာေဝပိုင္" ေရးထားေသာ
"အစင္းရာမ်ားႏွင့္မိတ္ဆက္ျခင္း"  ေဆာင္းပါးကိုရွာေဖြဖတ္႐ွဴ့ႏိုင္ပါတယ္။ ဒါျဖင့္အေပၚမွာေျပာခဲ့ေသာ Piston, Rings, Sleeve ႏွင့္ပတ္သက္ေသာအခ်က္အလက္တခ်ိဳ႕ကိုသိရွိနားလည္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ ေအာက္ပါပုံမ်ားတြင္ ‌ဆက္လက္ေလ့လာႏိုင္ပါတယ္....။

"ေက်းဇူးတင္ပါသည္"
card.