အကြံပေး post
<Unicode>
**အကြံပေး Postပါ**
တချို့စပေါ့ကတ်လဲကြတယ် ကျန်တာဘာမှ မစစ်ဖူး စပေါ့ကတ်လေးတင်လဲပေးလိုက်တယ် 
အသစ်ကိုချိန်းကျတာမျိုးတွေတောင် ခန ခန ဆိုင်ကိုရောက်ရောက်လာတယ်။
စပေါ့ကတ်လဲရင် တစ်ခါတည်း လုပ်သင့်တာတွေကတော့လုပ်ရမယ် ဒါမှ ကြာကြာခံမယ် ပြင်ဆရာတွေကရှင်းပြရမယ် Userတွေကလည်း နားလည်ဖို့လိုပါတယ်။
စပေါ့ကတ်လဲရင် ခါးဘွတ်တွေကောင်းရမယ် စပေါ့ကတ် ဘောတွေ ပလွေပါတဲ့ဘီးဆိုရင် ပလွေ
ချိန်းဆွဲတွေကောင်းရမယ် ဒါတွေက မဖြစ်မနေကိုလုပ်ရမယ့် အပိုင်းတွေ ဒါတွေမကောင်းရင် စပေါ့ကတ်ခါတာတွေ ချိန်းအလိုင်းမင်းမမှန်တာတွေဖြစ်နိုင်တယ် ချိန်းက ကျပြီးရင် သိပ်မကောင်းဘူး ချိန်းဆစ်တွေလိမ်သွားတတ်တယ်။
နောက်ပြောချင်တာက ဟတ်ရာဘာနဲ့ ဘရိတ် တချို့ဘီးတွေဆိုအရမ်းမဆိုးရင် ဟတ်ရာဘာတွေကို ကျွတ်သေချာခု ဘရိတ်တွေကို မာကာတင်ပေးလို့ရတာတွေရှိတယ်။ မကောင်းရင်တော့ ပိုင်ရှင်ကိုပြောပြပြီးလဲခိုင်းရမယ်။
ခါးဘွတ်မကောင်းရင် နောက်ဘီးရမ်းမယ်ချိန်းက ခါလိုက်မယ် စပေါ့ကတ်ဘောတွေမကောင်းရင် အသံမြည်တာတွေရှိမယ် နောက်စပေါ့ကတ်ရမ်းတာတွေဖြစ်မယ် ဟတ်ရာဘာမကောင်းရင် အထွက်တွေဆောင့်ရုန်းမယ် ချိန်းနာတယ် ဘရိတ်တွေမကောင်းရင် နင်းပြီးမပြန်တာတွေဖြစ်မယ် ဘရိတ်ငြိနေမှန်း မသိတဲ့သူတွေဆို ဆိုင်ကယ်အင်္ဂျင်တွေပါနာမယ် ချိန်းဆွဲတွေမကောင်းရင် ပလွေတွေမကောင်းရင်လဲ အဆင်မပြေတာတွေရှိတာပဲ။
တချို့userတွေက ဘာဖြစ်မှန်းမသိဘူး အရေးကြီးမှန်းမသိဘူး နားမလည်ကြတော့ စပေါ့ကတ်ပဲသိတော့ လဲပေးပါဆိုပြီးလာကြတယ် တချို့ဆရာတွေကရှင်းမပြဘူး
ဘာကတော့မကောင်းဘူး မလဲရင်ဘာတွေဖြစ်မယ် ဒါကတော့ သုံးလို့တော့ရသေးတယ် အရမ်းတော့မကောင်းဘူး ကြာလာရင်တော့ လဲသင့်တယ်စသည်ဖြင့်ပေါ့
ခုတော့စပေါ့ကတ်တွေလဲ ခံသင့်သလောက်တွေ ကြာရှည်မခံတော့ဘူးပေါ့။တွေ့မိတာလေးရေးတာပါ
တချို့အရာတွေမှာ စေတနာနဲ့လုပ်ပေးလိုက်ရတာတွေအများကြီးပါပဲ
Khant Hmhwe Swe
<Zawgyi>
**အကြံပေး Postပါ**
Khant Hmhwe Swe