<Unicode>
Auto ဆိုင်ကယ်လို့ အများသိတဲ့ Scoopy Click
Scooterတွေရဲ့ နောက်ဘီးအလုပ်လုပ်ပုံအကြောင်းအကျဥ်းချုပ်လေးပြောပါရစေ
Auto ဆိုင်ကယ်ဆိုတာနဲ Auto Gear ကားတွေလိုအလုပ်လုပ်တာမဟုတ်ပါဘူး
Auto Gear ကားတွေက Gearbox ကို Transmit လုပ်ပေးဖို့ သက်ဆိုင်ရာ sensor တွေကနေမှ ဘီးရဲ့လည်ပတ်တဲ့အပတ်ရေအတိုင်း ECU ကနေတဆင့်ထိန်းချုပ်ပြီး Gear ကိုအလိုအလျောက်ချိန်းပေးတဲ့စနစ်ပါ။
Auto ဆိုင်ကယ်တွေမှာ ကျနော်တို့ဝပ်ရှော့အခေါ်
ခြောက်လုံးဘောအထိုင်နဲ့ နောက်ဘီးလည်ပတ်နိုင်အောင်ထည့်ထားတဲ့ ဂါဗနာရူးနဲ့ကို ချိတ်ဆက်ပေးမယ် ပတ်တားကြိုးတို့ပါဝင်ပါတယ်။
Engineer အခေါ်အရ ခြောက်လုံးဘောအထိုင်ကို Driver pulley (မောင်းနှင်သူ) လို့ခေါ်ပြီး ဂါဗနာရူးအထိုင်ကို Driven Pulley (မောင်းနှင်ခံရသူ) လို့ခေါ်ပါတယ်။
Driver Pulley ထဲမှာဆိုရင် conical plate လို့ခေါ်တဲ့ ကန်တော့ပုံသတ္တူပြားနှစ်ခုပါဝင်ပြီးတော့ ခြောက်လုံးဘောအထိုင်ကတော့ ပတ်တားကြိုးကို အလျော့အတင်းလုပ်ပေးဖို့ နဲ့ ပတ်တားကြိုးပူလီကို diameter အကျဥ်း အကျယ်ပြုလုပ်ပေးဖို့လုပ်ဆောင်ပါတယ်။
Low Rpm အခြေအနေမှာ Driver Pulley က diameter အကျဥ်းအနေနဲ့ ရှိနေပြီးတော့ engine high rpm အခြေအနေမှာ diameter အကျယ်အနေနဲ့ပြောင်းလဲသွားပြီး နောက်ဘီးကိုအပတ်ရည်များများလည်ပတ်စေတဲ့စနစ်ကိုဆိုလိုတာပါ။
အလွယ်ပြောရရင် ခြောက်လုံးဘောအထိုင်ပူလီ ကြီးလာတဲ့အခါမှာ ဂါဗနာရူးပူလီသေးသွားပြီး နောက်ဘီးအပတ်ရေ များများလည်လာပြီး ဆိုင်ကယ်ဟာ အလိုအလျောက်အရှိန်တက်လာတာပါ။
လီဗာ အဆွဲ အလွတ်အပေါ်မူတည်ပြီး ခြောက်လုံးဘောအထိုင်ပူလီနဲ့ ဂါဗနာရူးပူလီဟာ အကြီးအသေးပြောင်းလဲပြီး ဆိုင်ကယ်ရဲ့ ပြေးနူန်းအနှေးအမြန် ပြောင်းလဲသွားတာကိုဆိုလိုတာပါ။
Auto ဆိုင်ကယ်ကို စတန့်မောင်းနှင်တဲ့သူတွေကတော့
အထအကြွကောင်းစေဖို့ roller လို့ခေါ်တဲ့ခြောက်လုံးဘောတွေကို
Modified လုပ်ပြီး (Kilogram) ဝိတ်ပေါ့တဲ့ခြောက်လုံးဘောတွေကိုအသုံးပြုကြပါတယ်။
အကြောင်းကတော့ ရုတ်တရက်လီဗာဆွဲပြီးရှေ့ဘီးထောင်တဲ့အခါ ခြောက်လုံးဘောတွေဟာချက်ခြင်းဆိုသလို အထိုင်ထဲမှာ အပေါ်တက်အောက်ဆင်းပြုလုပ်နိုင်တဲ့အတွက် Driver pulley လို့ခေါ်တဲ့ ခြောက်လုံးဘောအထိုင်ကို အကျဥ်းအကျယ်ပြုလုပ်ပေးနိုင်တဲ့အတွက် ရုတ်တရက်ရှေ့ဘီးထောင်နိုင်တာပါ။
ပုံမှန်ထက် ဝိတ်ပေါ့တဲ့ခြောက်လုံးဘောကိုအသုံးပြုမယ်ဆိုရင်
မိမိ ဆိုင်ကယ်ဟာ အထကောင်းသလို လီဗာလွတ်တဲ့အချိန်မှာလည်း ချက်ခြင်းပဲ ဆိုင်ကယ်ရဲ့အရှိန်ကိုလျော့ကျစေပါတယ်။
ပုံမှန် ဝိတ်အလေးချိန်ရှိတဲ့ ခြောက်လုံးဘောတွေဆိုရင်တော့
အထနှေးပေမယ့် ဟိုက်ဝေးမောင်းတဲ့အခါမှာ လီဗာလွတ်လိုက်သော်လည်း ပြေးနေတဲ့ဆိုင်ကယ်ရဲ့အရှိန်ကိုချက်ခြင်းမကျစေပါဘူး။
အနှစ်ချုပ်ပြောရရင်တော့ ဘီးထောင်မယ် စတန့်ကစားမယ်ဆို
ဝိတ်ပေါ့တဲ့ခြောက်လုံးဘောကိုအသုံးပြုသင့်သလို
ပုံမှန်စီးတဲ့သူဆိုရင်သူ့အော်ရီဂျင်နယ်ခြောက်လုံးဘောကိုသာအသုံးပြုရပါမယ်။နောက်တစ်ခုအနေနဲ့ အော်တိုဆိုင်ကယ်တွေမှာ အရုန်းအဆွဲကျတယ်ဆိုရင်
ပုံမှန်စစ်ဆေးနေကြ ပန့် နော်ဇယ် ပလပ် အင်ဂျင်compression တွေကောင်းရဲ့သားနဲ့မှ ပြေးနူန်းကျဆင်းနေတယ်ဆိုရင် ပတ်တားကြိုး ခြောက်လုံးဘော ဂါဗနာရူးတွေကိုပါစစ်ဆေးပေးရပါမယ်။
ဆိုင်ကယ်ဟာ ပုံမှန်မောင်းနေတဲ့အချိန်မှာ တုန်ခါမှုဖြစ်တာတို့ စတင်ထွက်တဲ့အချိန်မှာ တုန်ခါမှုဖြစ်တာတို့ဆိုရင်လည်း ဂါဗနာရူးနဲ့ ခြောက်လုံးဘောအထိုင်တွေကိုပါစစ်ဆေးပေးရပါမယ်။
ဓာတ်ပုံတွေကိုတစ်ပုံချင်းသေချာကြည့်ပေးပါ
ခြောက်လုံးဘောအထိုင် ပတ်တားကြိုး ဂါဗနာရူးတွေရဲ့ အင်ဂျင် rpm အနိမ့်အမြင့်မှာပြောင်းလဲပုံကိုတွေ့ရပါလိမ့်မယ်။
ကျနော်ရေးထားတဲ့ Auto ဆိုင်ကယ်ရဲ့ အလုပ်လုပ်ပုံအတော်လေးများရှုပ်သွားပြီထင်ပါတယ်။ 😅😅
ကိုနိုင်ကြီး
နေပြည်တော်
<Zawgyi>
Auto ဆိုင္ကယ္လို႔ အမ်ားသိတဲ့ Scoopy Click
Scooterေတြရဲ႕ ေနာက္ဘီးအလုပ္လုပ္ပုံအေၾကာင္းအက်ဥ္းခ်ဳပ္ေလးေျပာပါရေစ
Auto ဆိုင္ကယ္ဆိုတာနဲ Auto Gear ကားေတြလိုအလုပ္လုပ္တာမဟုတ္ပါဘူး
Auto Gear ကားေတြက Gearbox ကို Transmit လုပ္ေပးဖို႔ သက္ဆိုင္ရာ sensor ေတြကေနမွ ဘီးရဲ႕လည္ပတ္တဲ့အပတ္ေရအတိုင္း ECU ကေနတဆင့္ထိန္းခ်ဳပ္ၿပီး Gear ကိုအလိုအေလ်ာက္ခ်ိန္းေပးတဲ့စနစ္ပါ။
Auto ဆိုင္ကယ္ေတြမွာ က်ေနာ္တို႔ဝပ္ေရွာ့အေခၚ
ေျခာက္လုံးေဘာအထိုင္နဲ႔ ေနာက္ဘီးလည္ပတ္ႏိုင္ေအာင္ထည့္ထားတဲ့ ဂါဗနာ႐ူးနဲ႔ကို ခ်ိတ္ဆက္ေပးမယ္ ပတ္တားႀကိဳးတို႔ပါဝင္ပါတယ္။
Engineer အေခၚအရ ေျခာက္လုံးေဘာအထိုင္ကို Driver pulley (ေမာင္းႏွင္သူ) လို႔ေခၚၿပီး ဂါဗနာ႐ူးအထိုင္ကို Driven Pulley (ေမာင္းႏွင္ခံရသူ) လို႔ေခၚပါတယ္။
Driver Pulley ထဲမွာဆိုရင္ conical plate လို႔ေခၚတဲ့ ကန္ေတာ့ပုံသတၱဴျပားႏွစ္ခုပါဝင္ၿပီးေတာ့ ေျခာက္လုံးေဘာအထိုင္ကေတာ့ ပတ္တားႀကိဳးကို အေလ်ာ့အတင္းလုပ္ေပးဖို႔ နဲ႔ ပတ္တားႀကိဳးပူလီကို diameter အက်ဥ္း အက်ယ္ျပဳလုပ္ေပးဖို႔လုပ္ေဆာင္ပါတယ္။
Low Rpm အေျခအေနမွာ Driver Pulley က diameter အက်ဥ္းအေနနဲ႔ ရွိေနၿပီးေတာ့ engine high rpm အေျခအေနမွာ diameter အက်ယ္အေနနဲ႔ေျပာင္းလဲသြားၿပီး ေနာက္ဘီးကိုအပတ္ရည္မ်ားမ်ားလည္ပတ္ေစတဲ့စနစ္ကိုဆိုလိုတာပါ။
အလြယ္ေျပာရရင္ ေျခာက္လုံးေဘာအထိုင္ပူလီ ႀကီးလာတဲ့အခါမွာ ဂါဗနာ႐ူးပူလီေသးသြားၿပီး ေနာက္ဘီးအပတ္ေရ မ်ားမ်ားလည္လာၿပီး ဆိုင္ကယ္ဟာ အလိုအေလ်ာက္အရွိန္တက္လာတာပါ။
လီဗာ အဆြဲ အလြတ္အေပၚမူတည္ၿပီး ေျခာက္လုံးေဘာအထိုင္ပူလီနဲ႔ ဂါဗနာ႐ူးပူလီဟာ အႀကီးအေသးေျပာင္းလဲၿပီး ဆိုင္ကယ္ရဲ႕ ေျပးႏူန္းအေႏွးအျမန္ ေျပာင္းလဲသြားတာကိုဆိုလိုတာပါ။
Auto ဆိုင္ကယ္ကို စတန္႔ေမာင္းႏွင္တဲ့သူေတြကေတာ့
အထအႂကြေကာင္းေစဖို႔ roller လို႔ေခၚတဲ့ေျခာက္လုံးေဘာေတြကို
Modified လုပ္ၿပီး (Kilogram) ဝိတ္ေပါ႔တဲ့ေျခာက္လုံးေဘာေတြကိုအသုံးျပဳၾကပါတယ္။
အေၾကာင္းကေတာ့ ႐ုတ္တရက္လီဗာဆြဲၿပီးေရွ႕ဘီးေထာင္တဲ့အခါ ေျခာက္လုံးေဘာေတြဟာခ်က္ျခင္းဆိုသလို အထိုင္ထဲမွာ အေပၚတက္ေအာက္ဆင္းျပဳလုပ္ႏိုင္တဲ့အတြက္ Driver pulley လို႔ေခၚတဲ့ ေျခာက္လုံးေဘာအထိုင္ကို အက်ဥ္းအက်ယ္ျပဳလုပ္ေပးႏိုင္တဲ့အတြက္ ႐ုတ္တရက္ေရွ႕ဘီးေထာင္ႏိုင္တာပါ။
ပုံမွန္ထက္ ဝိတ္ေပါ႔တဲ့ေျခာက္လုံးေဘာကိုအသုံးျပဳမယ္ဆိုရင္
မိမိ ဆိုင္ကယ္ဟာ အထေကာင္းသလို လီဗာလြတ္တဲ့အခ်ိန္မွာလည္း ခ်က္ျခင္းပဲ ဆိုင္ကယ္ရဲ႕အရွိန္ကိုေလ်ာ့က်ေစပါတယ္။
ပုံမွန္ ဝိတ္အေလးခ်ိန္ရွိတဲ့ ေျခာက္လုံးေဘာေတြဆိုရင္ေတာ့
အထေႏွးေပမယ့္ ဟိုက္ေဝးေမာင္းတဲ့အခါမွာ လီဗာလြတ္လိုက္ေသာ္လည္း ေျပးေနတဲ့ဆိုင္ကယ္ရဲ႕အရွိန္ကိုခ်က္ျခင္းမက်ေစပါဘူး။
အႏွစ္ခ်ဳပ္ေျပာရရင္ေတာ့ ဘီးေထာင္မယ္ စတန္႔ကစားမယ္ဆို
ဝိတ္ေပါ႔တဲ့ေျခာက္လုံးေဘာကိုအသုံးျပဳသင့္သလို
ပုံမွန္စီးတဲ့သူဆိုရင္သူ့ေအာ္ရီဂ်င္နယ္ေျခာက္လုံးေဘာကိုသာအသုံးျပဳရပါမယ္။ေနာက္တစ္ခုအေနနဲ႔ ေအာ္တိုဆိုင္ကယ္ေတြမွာ အ႐ုန္းအဆြဲက်တယ္ဆိုရင္
ပုံမွန္စစ္ေဆးေနၾက ပန္႔ ေနာ္ဇယ္ ပလပ္ အင္ဂ်င္compression ေတြေကာင္းရဲ႕သားနဲ႔မွ ေျပးႏူန္းက်ဆင္းေနတယ္ဆိုရင္ ပတ္တားႀကိဳး ေျခာက္လုံးေဘာ ဂါဗနာ႐ူးေတြကိုပါစစ္ေဆးေပးရပါမယ္။
ဆိုင္ကယ္ဟာ ပုံမွန္ေမာင္းေနတဲ့အခ်ိန္မွာ တုန္ခါမႈျဖစ္တာတို႔ စတင္ထြက္တဲ့အခ်ိန္မွာ တုန္ခါမႈျဖစ္တာတို႔ဆိုရင္လည္း ဂါဗနာ႐ူးနဲ႔ ေျခာက္လုံးေဘာအထိုင္ေတြကိုပါစစ္ေဆးေပးရပါမယ္။
ဓာတ္ပုံေတြကိုတစ္ပုံခ်င္းေသခ်ာၾကည့္ေပးပါ
ေျခာက္လုံးေဘာအထိုင္ ပတ္တားႀကိဳး ဂါဗနာ႐ူးေတြရဲ႕ အင္ဂ်င္ rpm အနိမ့္အျမင့္မွာေျပာင္းလဲပုံကိုေတြ႕ရပါလိမ့္မယ္။
က်ေနာ္ေရးထားတဲ့ Auto ဆိုင္ကယ္ရဲ႕ အလုပ္လုပ္ပုံအေတာ္ေလးမ်ားရႈပ္သြားၿပီထင္ပါတယ္။ 😅😅
ကိုႏိုင္ႀကီး
ေနျပည္ေတာ္