<Unicode>
**အတွေ့အကြုံမျှဝေတဲ့ postပါ**
ဆိုင်ကယ်တစ်စီးရောက်လာတယ် ဖြစ်လာတဲ့ပြဿနာကစတက်မရတာ ဘီးက Suzuki smashဘီး စတက်မရဘူးဆိုပြီးပြောတော့အရင်ဆုံး ဘက်ထရီစစ်တာပေါ့ ဘက်ထရီကလည်းကောင်းတယ် အားသွင်းလိုင်းလည်း လက်စနဲ့စစ်ကြည့်တော့ အကုန်ကောင်းတယ်
ဒါနဲ့စတက်နှိပ်ကြည့်တာပေါ့ မော်တာကလည်တာမှစိန်နေတာပဲ ပြစ်ချက်ကမော်တာလည်တယ် အင်္ဂျင်ကိုမချိတ်တာ
ဒါဆိုလွယ်တယ်လေ မော်တာလည်နေမှပဲ မချိတ်ရင် ဘောကတ်ဖြစ်ချင်ဖြစ် ဒါမှမဟုတ် စတက်ပီနယံတွေကြွေပြီပေါ့
ဒါနဲ့ သံလိုက်အုံးခြမ်းကိုဖြုတ်စစ်တယ် ပီနီယံတွေ ဘောကတ်တွေ စစ်ကြည့်တော့အကုန်ကောင်းနေရော တစ်ဖတ်ဆိုငြိတယ် တစ်ဖတ်ဆိုလွတ်တယ် okပြီပေါ့။
ဒါဆိုဘာလို့မငြိလဲအဖြေရှာရပြီ အဲဒီမှာကဲ စတက်ဆွဲစမ်းဆိုပြီးဆွဲကြည့်ခိုင်းတယ်တွေ့ပြီ ပြဿနာက စတက် မော်တာက ပြောင်းပြန်လည်နေတာ ဟုတ်ပြီး ပြစ်ချက်တော့တွေ့ပြီပေါ့။
ဒါနဲ့ မော်တာကိုဖြုတ်ချပြီး အဖုံးကိုလှည့်ပေးလိုက်တယ် ချိတ်သွားပါလေရော။Suzuki smash တွေက နတ်၂ပေါက်ထဲဆိုတော့မှားတတ်ပါတယ် ပထမလည်းပြောင်းပြန်တက်ပြီးတိုင်ပတ်သွားတယ်ထင်ပါရဲ့။
Copyမယူပဲ share ပေးကြပါ။
Admin-Khant Hmhwe Swe
<Zawgyi>
Admin-Khant Hmhwe Swe