userလမ်းညွှန်

<Unicode>
**အကြံပေးpostပါ**

Userတွေသေချာဖတ်ဖို့လိုပါတယ်

တချို့Userတွေက ဘီးအသစ်ဝယ်စီးကြတယ် မီးခိုးလေးလိုက်လာတဲ့အခါ ကျန်တာဘာမှမလုပ်ပဲ ပစ္စတင်ဝရိမ်းလေးတင်လဲလိုက်တယ်
တချို့ဘီးတွေက ပထမတစ်သက်ထိ ဂိုက် ဘားတွေ​ကောင်းတတ်ပါတယ် ကလပ်ပြား တိုင်ပင်ချိန်း ကွန်နက်တင်းတွေကအစကောင်းနေသေးတော့ ပစ္စတင် ဝရိမ်းလဲလိုက်ရုံနဲ့တင် အသံတွေကအစ ငြိမ်ပြီး မီးခိုးပျောက်ပါတယ် 
အကုန်အကျကစပြီးသက်သာပါတယ် Userတွေရဲ့စိတ်ထဲမှာ ဒါကိုမှတ်သွားတတ်ပါတယ် 

ပစ္စတင် ဝရိမ်းပဲလဲချင်ရင်တောင် လဲလို့ရတဲ့အနေထားရှိမှလဲရပါတယ် ဝရိမ်းအသစ်ကိုအရမ်းဟနေတာတို့ဆိုမရပါဘူး

နောက်တစ်ခါကြလဲ ပစ္စတင် ဝရိမ်းပဲလဲရင်ကောင်းမယ်ထင်ကြတယ် 
အဲဒီအခါ ပစ္စတင် ဝရိမ်းပဲလဲပေးလိုက်ရင်
ခဏတော့ မီးခိုးပျောက်နိုင်ပါတယ် မီးခိုးပျောက်ပေမယ့် ဂိုက်တွေ ဘားတွေ လေမလုံရင် စနိုးချက်မရတာ နှိုးရခက်တာ စက်သံမမှန်တာတွေဖြစ်လာနိုင်ပါတယ် 

ကလပ်ပြားတွေချော်ရင် ရုန်းအားလျော့မယ် 
မလဲပဲပေစီးရင် စက်သံအော်သလောက်မပြေးတဲ့အတွက် အင်္ဂျင်heatတက်မယ် အင်္ဂျင်အထိမြန်မယ် 

ဟက်ခြမ်းက ကမ်းမရှပ် အမ်းမောင်းတွေမကောင်းရင်အသံတွေထွက်မယ်  

တိုင်ပင်ချိန်းခြမ်းမှာဆိုစစ်စရာတွေပိုများသေးတယ် တိုင်ပင်ချိန်းမကောင်းရင် တိုင်ပင်ကျော်ပြီးဘားကောက်နိူင်တယ် 

ကရိုင်းတွေမကောင်းရင်း ဘိုးရိမ်းထိုးလိုက်ရင် ပစ္စတင် ဝရိမ်း ကြပ်သွားတဲ့အခါမိန်းဖမ်းတတ်တယ်

ကာပရိုက်တာလိုင်းကလဲအရေးကြီးတာပါပဲ စက်သံတွေမှန်နေဖို့ ဆီဝိတ်ပြည့်ရမယ် ဆီလိုင်းပေါက်အတွင်းလိုင်းတွေပွင့်ဖို့လိုပါတယ် လေစစ်ကလဲအရေးကြီးပါတယ်လေစစ်မကောင်းရင် ဖုန်တွေကအင်္ဂျင်ထိဝင်နိုင်ပါတယ်

ကျွန်တော်ပြောချင်တာက ဆိုင်ကယ်တစ်စီးစက်သံချောမွေ့ဖို့ဆိုတာအကုန်လုံးနဲ့ဆိုင်တယ်ဆိုတာကိုပါ  

ပစ္စတင်ဝရိမ်းတင်လဲရင် လဲတဲ့ဟာပဲကောင်းမှာပါ
စလစ်တုံး setလိုက်အသစ်လဲရင်တောင် သူ့တာဝန်က မီးခိုးမလိုက်ဖို့နဲ့ကွန်ပရက်ရှင်းပေးဖို့ပါပဲ 
ဒီထက်ပိုပြီးမျော်လင့်လို့မရပါဘူး

တချို့လဲ အရင်လိုထင်ပြီးပစ္စတင် ဝရိမ်းလေးပဲလဲခိုင်းတယ် ကျန်တာတွေကပထမတစ်သက်လိုမကောင်းတော့ အသံတွေမငြိမ် စနိုးချက်တွေမရမှ မကောင်းဘူး မခံဘူး ဘာညာပြောတတ်ကြလို့ပါ

Userတွေကဆိုင်ကိုသွားပြီး ပစ္စတင် ဝရိမ်းလဲပေးပါဆိုလဲခိုင်းရင် 

ဆိုင်ကလည်းသေချာရှင်းမပြ userတွေကသေချာနားမလည်ပဲသွားပြောရင်
ဖြစ်လာမယ့်နောက်ဆက်တွဲကအများကြီးပါ စီးရတာမကောင်းသလို ဟိုနေရာကပြန်ဖြစ်လိုက် ဒီနေရာကပြန်ဖြစ်လိုက်ဖြစ်ပါလေ့မယ်

​ဆိုင်ကယ်တစ်စီးအင်္ဂျင်ကိုင်ပြီဆိုရင်လိုအပ်တာအကုန်လုပ်ဖို့ကအရေးကြီးပါတယ် ဟိုဟာလေးကွက်ပြင် ဒီဟာလေးကွက်ပြင်လုပ်တာက userတွေပိုပြီးပိုက်ဆံကုန်ပါလေ့မယ်
စီးရတဲ့အခါမှာလဲ စိတ်မချရပါဘူး။

Admin--Khant Hmhwe Swe

<Zawgyi>
**အကြံပေးpostပါ**







တိုင်ပင်ချိန်းခြမ်းမှာဆိုစစ်စရာတွေပိုများသေးတယ် တိုင်ပင်ချိန်းမကောင်းရင် တိုင်ပင်ကျော်ပြီးဘားကောက်နိုင်တယ် 









Admin--Khant Hmhwe Swe