ဆိုင်ကယ်ပြုပြင်သဘောတရားများနှင့်အယူအဆများ(2)

<Unicode>
ဆိုင်ကယ်ပြုပြင်သဘောတရားများနှင့်အယူအဆများ(2)
အင်ဂျင်ပိုင်းဆိုင်ရာအသေးစိတ်များ
အင်ဂျင်ခွဲလုံးတော့မယ်ဆိုရင် အင်ဂျင်နဂိုအော်လဂျင်နယ် အသံထွက်အောင် အဓိကကျသော အချက်များမှာ ကော်နတင်း နှင့်
ခိုပင်နယံ ဘားဂွင်းဘားဂိုက် ကာဗရိုက်တာ တို့သည် အဓိက ကျပါသည် အခုပြောပြတာကတော့ အင်ဂျင်ပိုင်းဆိုင်ရာ စတ်သံငြိမ်ခြင်းနဲ့ဆိုင်သော အဓိကအချက်များဖြစ်သည် အတွင်းပစွည်း အကုန်လိုက်လဲတိုင်းအော်လဂျင်နယ် စတ်သံဖြစ်ဖို့ရာ မလွယ်ကူပါ
ပစွည်း အရည်အသွေးကို ကြည့်တတ်ဖို့လိုပါသည် ကင်းမရှပ်/လော်ကာလတ် ရှပ်တို့သည် လိုအပ်မှသာလဲသင့်မှသာအသုံးပြုသင့်သည် အင်ဂျင်တစ်ခုစတ်သံငြိမ်ဖို့ဆိုလျှင် ကော်နတင်း မိန်းဘော တင်လဲ၍အသုံးမချသင့်ပါ အများအားဖြင့် စတ်စနိုးချိန်တွင် မိန်းဘောသံများကျယ်လောင်စွာပေးတတ်လေသည် ထို့ကြောင့်အင်ဂျင်တစ်လုံးရှယ်ကိုင်မယ်ဆိုလျှင် ကရိုင်းအုပ်စုံအဆက် အရည်အသွေးကောင်းတာမျိုးသုံးသင့်ပေသည်
ဒါကတော့ အခြေခံအသေးစိတ်လေးတွေပြောပြပေးတာပါ အခြေနေကြုံတိုင်းမှာ ကျနော့်ရဲ့videoလေးတွေ အသေးစိတ်နားလည်လွယ်အောင်ဖန်တီးပေးဖို့စီစဉ်နေပါတယ်ဗျ
အင်ဂျင်တစ်လုံးသက်တမ်းရှည်ပီးနောက်အင်ဂျင်ကိုင်တော့မယ်ဆိုရင်ခိုပင်နယံကြီးသေးကိုလဲ တပါတည်း လဲပစ်သင့်ပါတယ် ဘာကြောင့်လဲဆိုတော့ စတ်သံငြိမ်ဖို့အတွက် ခိုးငြီးသံကလည်းမပါမဖြစ် စတ်သံငြိမ်စေဖို့အတွက် အင်ဂျင်အော်လဂျင်နယ်ရှယ်စတ်သံငြိမ်စေဖို့ လဲပေးရမှာဖြစ်ပါတယ်
များသောအားဖြင့်ခိုငြီးသံ ခိုပင်ပင်နယံအကြီးအသေးများဟာ ကလပ်အုံဘက်ခြမ်းဖွင့်တဲ့အခါမှာ စပီး ခိုသံပေးတာမျိုး ဖြစ်ပေါ်တတ်ပါတယ်
ဒါကတော့ အင်ဂျင်ပိုင်းနဲ့ပတ်သတ်လို့စတ်သံငြိမ်စေတဲ့အဓိကအကြောင်းရင်းများထဲက အခြေခံကျသောအပိုင်းအစလေးများဖြစ်ပါတယ်
ဆက်ရန်ရှိသေးပါသည်

<Zawgyi>
ဆက်ရန်ရှိသေးပါသည်