<Unicode>
အင်ဂျင်ဝိုင်အသုံးပြုနည်း3
အင်ဂျင်ဝိုင်ကိုဂရုတစိုက် လဲပေးခြင်းဖြင့်အင်ဂျင်အတွင်းပိုင်းမှာ အင်ဂျင်ဝိုင်ဆီဂျိုးများ ကပ်ငြိခြင်းထူထပ်ခြင်းတို့မှ ကင်းဝေးစေမှာဖြစ်ပါတယ် ဟတ် ဘားအတွင်းပိုင်းပစ်စတင်ထိပ်မှာလည်း ဆီဂျိုးများကပ်ငြိခြင်းနဲပါးသွားမှာပဲဖြစ်ပါတယ် ကလပ်ပြား ကျောက်ပြင် ကလပ်အိမ်ပျက်းစီးခြင်းတို့မှလည်း ပျက်စီးလွယ်ခြင်းမှလည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ် ထိုသို့ဂရုစိုက်ပေးခြင်းကြောင့် အတွင်းပစွည်းများပျက်စီးလွယ်ခြင်းများမှ များစွာ ကာကွယ်မှာဖြစ်ပါတယ် အခုပြောပြတာကတော့ အခြေခံလမ်းညွှန်ချက်များသာဖြစ်ပါတယ် အထက်ပါ အကြောာင်းအရာများနှင့်ပတ်သတ်၍ လေ့လာသူတို့အတွက် အထောက်အကူပြုနိုင်မယ်ထင်ပါတယ်
ကျနော်ကတော့ အင်ဂျင်ခွဲတဲ့အခါမှာ အင်ဂျင်ဝိုင်ဆီဂျိုးများကို
စိတ်ရှည်စွားထားပီး ပြောင်ရှင်းနေအောင်ဆေးပါတယ် ထိုသို့ဆေးလိုက်တဲ့အခါမှာ နောက်တစ်ခါ အင်ဂျင်ဝိုင်လဲတဲ့အခါမှာ ဆီမဲမဖြစ်တော့ဘဲ အင်ဂျင်အတွင်းပိုင်းသန့်ရှင်းစေမှာဖြစ်ပါတယ်
အင်ဂျင်ဝိုင်လဲတဲ့အခါမှာ အင်ဂျင်ဝိုင်ဆီ မဲနေခြင်းဟာ အင်ဂျင်ဝိုင်သက်တမ်းကို လိုအပ်တာထက်ပိုမို အသုံးပြုလို့ဖြစ်ပါတယ်
ထိုသို့ပိုမိုအသုံးပြုတဲ့အကျိုးများဟာ အင်ဂျင်အတွင်းပိုင်းမှာ ဆီဂျိုးထခြင်းများဖြစ်စေတတ်ပါတယ် အဲ့ဒါကြောင့် အင်ဂျင်ဝိုင်အသုံးပြုခြင်းကို ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်
ဆက်ရန်ရှိသေးပါသည်
<Zawgyi>
အင်ဂျင်ဝိုင်အသုံးပြုနည်3း
ဆက်ရန်ရှိသေးပါသည်