အင်ဂျင်ဝိုင်အသုံးပြုနည်း5

<Unicode>
အင်ဂျင်ဝိုင်အသုံးပြုနည်း5
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ အင်ဂျင်ကလပ်အုံဘက်ခြမ်းဖွင့်တဲ့အခါမှာ အင်ဂျင်ဝိုင်ကို လိုအပ်တာထက် ပိုမိုအသုံးပြုပီး အင်ဂျင်ဝိုင်ဂိတ်မမှီမှလဲသောဘီးများ ပြုပြင်ရာတွင် သတိထားရမည်ဖြစ်သော အချက်အလက်လေးများကိုပြောပြချင်ပါတယ်

ကလပ်အုံဘက်ခြမ်းဖွင့်သည်ဆိုပါစို့အင်ဂျင်အတွင်းခြမ်းများတွင် အင်ဂျင်ဝိုင်ဂျိုးများများပြားစွာထူထပ်နေပါက အင်ဂျင်ဝိုင်ဆီပို့လမ်းကြောင်းများစစ်ဆေးရန်လိုအပ်ပါတယ် ကိုယ့်ရဲ့စိစစ်မှု့အားနဲချက်ကြောင့် လာပြင်တုန်းက မဆွဲလို့ ပြင်ပီးမှ ထိုးရပ်သွားတယ်ပုံစံမျိုး ပြင်လိုက်မှ ပိုဆိုးသွားတယ် ဆိုတာမျိုးနဲ့နာမည်ပျက်တတ်ပါတယ် အဲဒီလိုမဖြစ်အောင် ပြုပြင်သူဘက်မှ စိစစ်သေချာမှသာကိုယ့်ဘက်က ပိုင်နိုင်တိကျမှာဖြစ်ပါတယ် တစ်ချို့ဘီးတွေက နဂိုထဲက ပျက်ချင်ချင် ကိုယ့်ဘက်က စိစစ်တိကျရဲ့သားနဲ့ ဖောက်သည်ပျက်ရတာမကောင်းပါဘူး ဆူးပေါ်ဖက်ကျလဲဖက်ပဲပေါက်သလို ဖက်ပေါ်ဆူးကျလဲ ဖက်ပဲပေါက်သလို ဘယ်ဘက်ကကြည့်ကြည့် ပြုပြင်သူပဲနစ်နာရတာမျိုးပါ အဲ့ဒီလိုမဖြစ်အောင် ကိုယ့်ဘက်က ကလပ်ပြားတွေ ဆီခြောက်နေရင် ဘာကြောင့်လဲ အင်ဂျင်ဝိုင် လယ်ပယ်မမှီလို့လား ဒါမှမဟုတ် ဆီလမ်းကြောင်းပိတ်လို့လား ဆီလမ်းကြောင်းပိတ်တဲ့အနေအထားက ကလပ်ကျောက်ပြင်တွေပျက်စီးလွယ်သလို ပစ်စတင် စလစ်အစင်းထင်ခြင်း ကော်နတင်းကရိုင်းရှပ်စားခြင်း ဘားဂွင်းဘားဂိုက်ကင်းမရှပ် လော်ကာလပ်ရှပ်စားခြင်းပျက်စီးခြင်းတို့ဖြစ်စေနိုင်တာကြောင့် တစ်ခုချင်းအသေးစိတ်ဝေဖန်ပီးတော့ ပိုင်ရှင်ကို အကျိုးသင့်အကြောင်းသင့် ကိုယ်ပြုပြင်နေတဲ့အရာပြန်လည်မတပ်ဆင်သေးခင်မှာ ဒီလိုဖြစ်ခြင်းရဲ့ အကျိုးအပြစ်တွေက ဘယ်အတိုင်းတာထိ ပြစ်ချက်တွေရှိနိုင်တယ် သက်ရောက်မှု့တွေရှိနိုင်တယ်ဆိုတာ အသေးစိတ် ပြောပြပေးရပါမယ် 
ကျနော်ဆိုကြုံဖူးခဲ့ပါတယ်
တိုင်းပင်ချိန်းချောင်သံတအားထွက်ပီး တိုင်ပင်ချော်ရုန်းအားမရှိတော့လို့ တိုင်ပင်ချိန်းလဲပေးရာမှာ တိုင်ပင်ဝိုင်းအဖုံးဖွင့်တဲ့အခါ တိုင်ပင်ပင်နယံမှာ အင်ဂျင်ဝိုင်မရှိ‌တာကြောင့် ခြောက်ကပ်နေပါတယ် ထိုအနေအထားအရ အင်ဂျင်ဝိုင်ဂိတ်မမှီခြင်း အင်ဂျင်ဝိုင်ခမ်းခြင်း ဖြစ်နေပီဆိုတာသိလိုက်ရတဲ့အခါမှာ ပိုင်ရှင်ကို ပြရပါတယ် ဒီမယ်ခင်ဗျားဆိုင်ကယ် အင်ဂျင်ဝိုင်ခမ်းနေတယ် အဲ့လိုပြောပီး အင်ဂျင်ဝိုင်ဂိတ်တံကိုဖြုတ် ဆီဂိတ်တိုင်းပြ မမှီတော့ အောက်ခြေထိ ထိတဲ့ ကျောက်လှည့်နဲ့ တိုင်းပြတယ် သူ့ကိုလည်းလက်တွေ့ တိုင်းခိုင်းတယ် အဲ့လို ပြောပီးတဲ့အခါမှာ ကိုယ်ကရှင်းပြရတယ် ခင်ဗျားဘီးက တိုင်ပင်ချိန်းလဲတာတော့ဟုတ်ပါပီ ဒါပေမဲ့ မဖြုတ်ခင် မတပ်ခင်ပြောပြအုံးမယ် အင်ဂျင်ဝိုင်ပျက်ထားတဲ့ဘီးဆိုတော့ အရှေ့ပိုင်းမှာပျက်စီးနိုင်‌တာတွေရှိတယ် အင်ဂျင်ဝိုင်ပျက်တာကြောင့် ဒီဟတ်တုံးထဲက ကင်းမရှပ်လော်ကာလတ်တွေ စားပီးပျက်စီးနေရင် တိုင်ပင်ချိန်းလဲပီးပေမဲ့စတ်သံမငြိမ်ပဲ ကင်းမရှပ်သံတွေ ထွက်လာနိုင်တယ် ရိန်းကွင်းတွေ ပါးပီးပစ်စတင်ခတ်သံတွေပေးလာနိုင်တယ်
ရုန်းအားကျနိုင်တယ်ပစ်စတင်စလစ်အစင်းထင်နိုင်တဲ့အနေအထားရှိနိုင်တယ် ပီးတော့ ခင်ဗျားစီးလာ‌ေတော့ မီးခိုးမလိုက်ဘူး ဒါပေမဲ့ အခုတိုင်ပင်ချိန်းလဲပီးအင်ဂျင်ဝိုင်ထည့်စတ်နိုးရင် မီးခိုးလိုက်နိုင်တဲ့အနေအထားမှာရှိတယ် အင်ဂျင်ဝိုင်တွေ ခဏတာ ရက်ပိုင်းအတွင်းပဲ အကုန်မြန်မယ် အဲ့ဒါ တိုင်ပင်ချိန်းလဲပီးပြင်ပီးလို့ အရင်ကမီးခိုးမလိုက်လို့ အခုမီးခိုးလိုက်ရင် အခုချိန်းလဲတာနဲ့မဆိုင်ဘူး အင်ဂျင်ဝိုင်မရှိလို့ လိုက်တာ မလုပ်ခင်ကတည်းကအင်ဂျင်ဝိုင်ကုန်ခမ်းခြင်းကြောင့်ဖြစ်မဲ့ဆိုကျိုးတွေကို ကြိုပြောပြရတာ တော်နေ မပြင်ခင်တုန်းက မီးခိုးမလိုက်ဘူးပြင်လိုက်မှ ဖြစ်ပျက်သွားပုံ လို့အပြောခံရမှာကြောင့်ရှင်းပြထားပါတယ် သူ့ဘက်ကဟုတ်လားဘာညာသရကာပြောပီး ဟုတ်ကဲ့ပါ ပေါ့ ချိန်းလဲ ဆီထည့် စတ်နိုးတော့ မီးခိုးတွေထွက်လိုက်တာများ ဆိုင်ကယ်တစ်စီးလုံးကိုဖုံးသွားတာပဲဗျာ အဲ့တော့ ပြင်ပီး ပိုက်ဆံရှင်းပေးပီးသကာလ နောက်ရက်တွေမှာ တစ်ယောက်စကားတစ်ယောက်နားဆိုသလို အသံကြားရတော့တာပေါ့ဗျ ဟာ စိုးဘိုဘိုဟိန်း ဆိုတဲ့ကောင်စီ ဆိုင်ကယ်ပြင်လိုက်တာ အရင်ကမီးခိုးမလိုက်ဘူး ပြင်လိုက်မှ မီးခိုးတွေ လိုက်လာလို့ မီးလောင်မှာကြောက်လို့စီးကိုမစီးရဲဘူးဘာညာသာရကာပေါ့ မမတုတ် အတင်းတုတ်တော့ ကျုပ် နာမည်ပြုတ်တဲ့အခိုက်အတံ့တွေရှိခဲ့တာပေါ့ လိုဥပမာပေးရင်း ပြစ်ချက်ရှာတတ်ဖို့လိုသလို ပိုင်ရှင်လက်ခံတတ်အောင် နားလည်တတ်အောင် ပြောပြတတ်ဖို့လိုပါတယ်လို့ ဖြစ်ရပ်မှန်လေးနဲ့ ဥပမာပြုရင်း အင်ဂျင်ဝိုင်ရဲ့ အခြေခံအနေထားလေးကို ဒီးမှာပဲ တစ်ခန်းရပ် နိဂုံးချုပ်လိုက်ပါတော့သည်ဗျား

အားလုံး ဗဟုသုတ လေ့လာမှတ်သားနိုင်စရာပါမယ်လို့မျှော်လင့်ရင်း............

<Zawgyi>
အင္ဂ်င္ဝိုင္အသုံးျပဳနည္း5
ေနာက္ဆုံးအေနနဲ႔ေျပာခ်င္တာကေတာ့ အင္ဂ်င္ကလပ္အုံဘက္ျခမ္းဖြင့္တဲ့အခါမွာ အင္ဂ်င္ဝိုင္ကို လိုအပ္တာထက္ ပိုမိုအသုံးျပဳပီး အင္ဂ်င္ဝိုင္ဂိတ္မမွီမွလဲေသာဘီးမ်ား ျပဳျပင္ရာတြင္ သတိထားရမည္ျဖစ္ေသာ အခ်က္အလက္ေလးမ်ားကိုေျပာျပခ်င္ပါတယ္

ကလပ္အုံဘက္ျခမ္းဖြင့္သည္ဆိုပါစို႔အင္ဂ်င္အတြင္းျခမ္းမ်ားတြင္ အင္ဂ်င္ဝိုင္ဂ်ိဳးမ်ားမ်ားျပားစြာထူထပ္ေနပါက အင္ဂ်င္ဝိုင္ဆီပို႔လမ္းေၾကာင္းမ်ားစစ္ေဆးရန္လိုအပ္ပါတယ္ ကိုယ့္ရဲ႕စိစစ္မႈ့အားနဲခ်က္ေၾကာင့္ လာျပင္တုန္းက မဆြဲလို႔ ျပင္ပီးမွ ထိုးရပ္သြားတယ္ပုံစံမ်ိဳး ျပင္လိုက္မွ ပိုဆိုးသြားတယ္ ဆိုတာမ်ိဳးနဲ႔နာမည္ပ်က္တတ္ပါတယ္ အဲဒီလိုမျဖစ္ေအာင္ ျပဳျပင္သူဘက္မွ စိစစ္ေသခ်ာမွသာကိုယ့္ဘက္က ပိုင္ႏိုင္တိက်မွာျဖစ္ပါတယ္ တစ္ခ်ိဳ႕ဘီးေတြက နဂိုထဲက ပ်က္ခ်င္ခ်င္ ကိုယ့္ဘက္က စိစစ္တိက်ရဲ႕သားနဲ႔ ေဖာက္သည္ပ်က္ရတာမေကာင္းပါဘူး ဆူးေပၚဖက္က်လဲဖက္ပဲေပါက္သလို ဖက္ေပၚဆူးက်လဲ ဖက္ပဲေပါက္သလို ဘယ္ဘက္ကၾကည့္ၾကည့္ ျပဳျပင္သူပဲနစ္နာရတာမ်ိဳးပါ အဲ့ဒီလိုမျဖစ္ေအာင္ ကိုယ့္ဘက္က ကလပ္ျပားေတြ ဆီေျခာက္ေနရင္ ဘာေၾကာင့္လဲ အင္ဂ်င္ဝိုင္ လယ္ပယ္မမွီလို႔လား ဒါမွမဟုတ္ ဆီလမ္းေၾကာင္းပိတ္လို႔လား ဆီလမ္းေၾကာင္းပိတ္တဲ့အေနအထားက ကလပ္ေက်ာက္ျပင္ေတြပ်က္စီးလြယ္သလို ပစ္စတင္ စလစ္အစင္းထင္ျခင္း ေကာ္နတင္းက႐ိုင္းရွပ္စားျခင္း ဘားဂြင္းဘားဂိုက္ကင္းမရွပ္ ေလာ္ကာလပ္ရွပ္စားျခင္းပ်က္စီးျခင္းတို႔ျဖစ္ေစႏိုင္တာေၾကာင့္ တစ္ခုခ်င္းအေသးစိတ္ေဝဖန္ပီးေတာ့ ပိုင္ရွင္ကို အက်ိဳးသင့္အေၾကာင္းသင့္ ကိုယ္ျပဳျပင္ေနတဲ့အရာျပန္လည္မတပ္ဆင္ေသးခင္မွာ ဒီလိုျဖစ္ျခင္းရဲ႕ အက်ိဳးအျပစ္ေတြက ဘယ္အတိုင္းတာထိ ျပစ္ခ်က္ေတြရွိႏိုင္တယ္ သက္ေရာက္မႈ့ေတြရွိႏိုင္တယ္ဆိုတာ အေသးစိတ္ ေျပာျပေပးရပါမယ္ 
က်ေနာ္ဆိုႀကဳံဖူးခဲ့ပါတယ္
တိုင္းပင္ခ်ိန္းေခ်ာင္သံတအားထြက္ပီး တိုင္ပင္ေခ်ာ္႐ုန္းအားမရွိေတာ့လို႔ တိုင္ပင္ခ်ိန္းလဲေပးရာမွာ တိုင္ပင္ဝိုင္းအဖုံးဖြင့္တဲ့အခါ တိုင္ပင္ပင္နယံမွာ အင္ဂ်င္ဝိုင္မရွိ‌တာေၾကာင့္ ေျခာက္ကပ္ေနပါတယ္ ထိုအေနအထားအရ အင္ဂ်င္ဝိုင္ဂိတ္မမွီျခင္း အင္ဂ်င္ဝိုင္ခမ္းျခင္း ျဖစ္ေနပီဆိုတာသိလိုက္ရတဲ့အခါမွာ ပိုင္ရွင္ကို ျပရပါတယ္ ဒီမယ္ခင္ဗ်ားဆိုင္ကယ္ အင္ဂ်င္ဝိုင္ခမ္းေနတယ္ အဲ့လိုေျပာပီး အင္ဂ်င္ဝိုင္ဂိတ္တံကိုျဖဳတ္ ဆီဂိတ္တိုင္းျပ မမွီေတာ့ ေအာက္ေျခထိ ထိတဲ့ ေက်ာက္လွည့္နဲ႔ တိုင္းျပတယ္ သူ့ကိုလည္းလက္ေတြ႕ တိုင္းခိုင္းတယ္ အဲ့လို ေျပာပီးတဲ့အခါမွာ ကိုယ္ကရွင္းျပရတယ္ ခင္ဗ်ားဘီးက တိုင္ပင္ခ်ိန္းလဲတာေတာ့ဟုတ္ပါပီ ဒါေပမဲ့ မျဖဳတ္ခင္ မတပ္ခင္ေျပာျပအုံးမယ္ အင္ဂ်င္ဝိုင္ပ်က္ထားတဲ့ဘီးဆိုေတာ့ အေရွ႕ပိုင္းမွာပ်က္စီးႏိုင္‌တာေတြရွိတယ္ အင္ဂ်င္ဝိုင္ပ်က္တာေၾကာင့္ ဒီဟတ္တုံးထဲက ကင္းမရွပ္ေလာ္ကာလတ္ေတြ စားပီးပ်က္စီးေနရင္ တိုင္ပင္ခ်ိန္းလဲပီးေပမဲ့စတ္သံမၿငိမ္ပဲ ကင္းမရွပ္သံေတြ ထြက္လာႏိုင္တယ္ ရိန္းကြင္းေတြ ပါးပီးပစ္စတင္ခတ္သံေတြေပးလာႏိုင္တယ္
႐ုန္းအားက်ႏိုင္တယ္ပစ္စတင္စလစ္အစင္းထင္ႏိုင္တဲ့အေနအထားရွိႏိုင္တယ္ ပီးေတာ့ ခင္ဗ်ားစီးေလာ‌ေတာ့ မီးခိုးမလိုက္ဘူး ဒါေပမဲ့ အခုတိုင္ပင္ခ်ိန္းလဲပီးအင္ဂ်င္ဝိုင္ထည့္စတ္ႏိုးရင္ မီးခိုးလိုက္ႏိုင္တဲ့အေနအထားမွာရွိတယ္ အင္ဂ်င္ဝိုင္ေတြ ခဏတာ ရက္ပိုင္းအတြင္းပဲ အကုန္ျမန္မယ္ အဲ့ဒါ တိုင္ပင္ခ်ိန္းလဲပီးျပင္ပီးလို႔ အရင္ကမီးခိုးမလိုက္လို႔ အခုမီးခိုးလိုက္ရင္ အခုခ်ိန္းလဲတာနဲ႔မဆိုင္ဘူး အင္ဂ်င္ဝိုင္မရွိလို႔ လိုက္တာ မလုပ္ခင္ကတည္းကအင္ဂ်င္ဝိုင္ကုန္ခမ္းျခင္းေၾကာင့္ျဖစ္မဲ့ဆိုက်ိဳးေတြကို ႀကိဳေျပာျပရတာ ေတာ္ေန မျပင္ခင္တုန္းက မီးခိုးမလိုက္ဘူးျပင္လိုက္မွ ျဖစ္ပ်က္သြားပုံ လို႔အေျပာခံရမွာေၾကာင့္ရွင္းျပထားပါတယ္ သူ့ဘက္ကဟုတ္လားဘာညာသရကာေျပာပီး ဟုတ္ကဲ့ပါ ေပါ႔ ခ်ိန္းလဲ ဆီထည့္ စတ္ႏိုးေတာ့ မီးခိုးေတြထြက္လိုက္တာမ်ား ဆိုင္ကယ္တစ္စီးလုံးကိုဖုံးသြားတာပဲဗ်ာ အဲ့ေတာ့ ျပင္ပီး ပိုက္ဆံရွင္းေပးပီးသကာလ ေနာက္ရက္ေတြမွာ တစ္ေယာက္စကားတစ္ေယာက္နားဆိုသလို အသံၾကားရေတာ့တာေပါ႔ဗ် ဟာ စိုးဘိုဘိုဟိန္း ဆိုတဲ့ေကာင္စီ ဆိုင္ကယ္ျပင္လိုက္တာ အရင္ကမီးခိုးမလိုက္ဘူး ျပင္လိုက္မွ မီးခိုးေတြ လိုက္လာလို႔ မီးေလာင္မွာေၾကာက္လို႔စီးကိုမစီးရဲဘူးဘာညာသာရကာေပါ႔ မမတုတ္ အတင္းတုတ္ေတာ့ က်ဳပ္ နာမည္ျပဳတ္တဲ့အခိုက္အတံ့ေတြရွိခဲ့တာေပါ႔ လိုဥပမာေပးရင္း ျပစ္ခ်က္ရွာတတ္ဖို႔လိုသလို ပိုင္ရွင္လက္ခံတတ္ေအာင္ နားလည္တတ္ေအာင္ ေျပာျပတတ္ဖို႔လိုပါတယ္လို႔ ျဖစ္ရပ္မွန္ေလးနဲ႔ ဥပမာျပဳရင္း အင္ဂ်င္ဝိုင္ရဲ႕ အေျခခံအေနထားေလးကို ဒီးမွာပဲ တစ္ခန္းရပ္ နိဂုံးခ်ဳပ္လိုက္ပါေတာ့သည္ဗ်ား

အားလုံး ဗဟုသုတ ေလ့လာမွတ္သားႏိုင္စရာပါမယ္လို႔ေမွ်ာ္လင့္ရင္း............