<Unicode>
"ဆယ့်နှစ်နှစ်သား ကျနော့်ဆရာ"
========================
တခါတုန်းက တိုင်းပြည်တစ်ပြည်မှာ လှံတွေ ပစ်မြှောက်ပြီး ပါးစပ်နဲ့ ဖမ်းပြနိုင်တဲ့ လုလင်တစ်ဦး
ရှိခဲ့ပါတယ်။
ရှင်ဘုရင် ရွှေနားတော်အထိ ဂုဏ်သတင်းပျံ့မွှေးကျော်စော လေသောအခါ ထီးဘုရားဟာ ရှုစားလိုခြင်း အာသီသ ဖြစ်တော်မူတာကြောင့်
ဘုရင့် ရှေ့တော်မှောက် လက်စွမ်းပြ(ပါးစပ်စွမ်းပြ)
ေဖျာ်ဖြေခဲ့ရတယ်ပေါ့။
ဘုရင်ကြီးလည်း လုလင်ပျိုရဲ့ ပါစပ်မှ သွားဖြင့်
ဝေဟင်အမြင့်မှ ကျလာသောလှံကို ကျွမ်းကျင် နိုင်ပိုင်စွာ ဖမ်းသိမ်း ကစားပြခြင်းအား အံ့ဩမှင်သက်စွာ ရင်တမမ ရှုစား၍ နှစ်ထောင်းအာရလှသည့်အတွက် ဆုလာဘ်သပ္ပကာ အမြောက်အများ ချီးမြှင့်တော်မူပါရဲ့။
မကြုံစဖူး ထူးခြားလှတဲ့ပညာကို
" အဘယ်သူ့ထံမှ မောင်မင်း ဆည်းပူးလေ့လာ နည်းခံခဲ့ သနည်း"လို့ မင်းဘုရား မေးလေတဲ့အခါမှာ
"ကျွန်ုပ်၏ ဆရာမှာ ဗျိုင်းတစ်ကောင်ဖြစ်ပါသည်"လို့ ဖြေရမည်ကို ရှက်ရွံ့မိလေတဲ့ လုလင်ငယ်ဟာ
"ကျွန်ုပ်တွင် ဆရာမရှိပါ၊၏အတတ်အား ကျွန်တော်မျိုး ကိုယ်စ ဖြင့် ပိုင်နိုင်တတ်မြောက်ခဲ့ပါသည် ဘုရား"
ရယ်လို့ လွဲမှားတဲ့ မုသားကို ဆိုရှာကိုး။
အားရတော် မမူသေးတဲ့ ရွှေနန်းရှင်ဟာ ေနာက်တစ်ခေါက် ထပ်မံ ဖျော်ဖြေဖို့ ခိုင်းတာကိုး။
ဒီမှာတင်ပဲ ဆရာကို ဆရာပဲရယ်လို့ မုသားသုံးကာ ယွင်းမှားတဲ့ လုလင်ဟာ အာခံတွင်း၌ လှန်စင်းစင်းစိုက်ပြီး သေရှာ လေသတဲ့ဗျ။
ဒါက ယုံတမ်းပုံပြင်တစ်ပုဒ်ဖြစ်ပေမယ့်လည်း
ဆရာ့တန်ဖိုး ဆရာ့ ပညာ အလေးထားဖွယ်ဖြစ်တယ်ဆိုတာ အမှတ်ရစေပါတယ်။ကျနော်တို့အတွက်
မသင်ပေးသော်လည်း ကြားရုံမြင်ကာ မျှနဲ့ ဆရာ လို့ ခေါ်ဆိုထိုက်ပါသတဲ့ဗျာ။
ကျနော့်ဆရာဟာ ဆယ်နှစ်နှစ်သား တစ်ယောက် ဖြစ်ခဲ့ပါတယ်။
လွန်ခဲ့သော ၁၅ ဆီက။
တစ်နေ့သော အခါက ပေါ့ဗျာ။ဆိုင်ကယ် အပိုင် လက်ဝယ်နိုင်နိုင် မရှိသေးတဲ့အတွက် အစ်ကို တစ်ယောက်ရဲ့ ဆိုင်ကယ် အနွမ်းလေး ခဏ တောင်းယူကာ စစ်ကိုင်းဘက်တစ်နေရာ ထွက်လာသခိုက်ပေါ့။
ဆိုင်ကယ်ဆိုတာ စီးဖူးစီးစ ဆိုတော့ သူမြည်နေတဲ့ အသံတွေဟာ ကျနော့်အတွက်တော့ သိပ်ထူးခြားနေခြင်း မရှိပါဘူး။
အားလုံးက ဟာမိုနီ ဖြစ်ကြပါတယ်။
"ဂျက်....ဂျက်.....ဂျပ်....ကလပ်....ချောက်"
ဂျက်....ဂျက်.....ဂျပ်....ကလပ်....ချောက်"
တက်....တက်.....တက်...တက် နဲ့ ကပါသေးတယ်ဗျ။
ကြားလေသမျှဟာ ဒရမ် တီးနေသလိုပါဘဲ။
ဒီလိုနဲ့ စစ်ကိုင်းတံတား နှာပေါက် မရောင်ခင်မှာ
ကိုယ်တော်ချောက ထိုးရပ်တော့တာပါဘဲ။
သေးပေါက်ချင်လို့လား ရေသောက်ချင်လို့လား မပြောတတ်ပါဘူးဗျာ။ ကျနော်လည်း အတော် စိတ်ညစ်သွားတယ်။ (ဆိုင်ကယ်ဆိုတာ ကိုယ်နဲ့ ရင်းနှီးနေတဲ့ သူငယ်ချင်းမှ မဟုတ်တာ)
ဆီလည်း ဖြည့်ခဲ့ပါတယ်။ တိုင်ကီဖွင့်ကြည့် ။ဆီက အပြည့်နီးပါး။
စတက်က ဖွတ်ချပ် ဖွတ်ချပ် မို့ ခြေထောက်နဲ့အားပါးတရ ကစ်ပေမယ့် မနိုးတော့ပါဘူး။
ဒါနဲ့ ဆိုင်ကယ် ပြင်ဆိုင် ရှာရတော့တာပေါ့။
တွန်းသွားရင်း တစ်နေရာမှာ တွေ့ပါတယ်ခင်ဗျ။
အလုပ်တွေလည်း များနေပါတယ်။ အခြားဆိုင်ကယ် တစ်စီးစ နှစ်စီးစ ပြင်လျက် တန်းလန်းတွေပေါ့။
"စက်နှိုးမရတော့လို့ ကြည့်ပေးပါဦး "အကူအညီတောင်းတော့
တပည့်လေး တစ်ယောက်က ကစ်နင်းကြည့်တယ်။
မနိုးဘူး။ ဒါနဲ့ ပလပ်ဖြုတ်တယ်ဗျ။ပလပ်ဖြုတ်ပြီး
ပလပ်ကို ဆီနဲ့ ဆေးတယ်ဗျ။ နောက်တော့ ပလပ် တပ်တဲ့ အပေါက်ကို လက်နဲ့ ပိတ်ပြီး ကစ်သုံးလေးချက် နင်းတယ်ဗျာ။ ဘာတွေလုပ်နေတယ်ဆိုတာ ကျနော်တော့ နားမလည်နိုင်ဘူးဗျာ။
(ဘာကြောင့် ဖြစ်တယ် ဘာလုပ်တယ် ဆိုတာလည်း မပြောဘူးဗျ။မပြောအားလို့ နေမှာပေါ့နော်)
ဝရူး ဝရဲ ဆိုပြီး ဂမူးရှုးထိုး အသံနဲ့ ဆိုင်ကယ်လေးနိုးသွားပါတယ်။ ေဩာ်... ပညာပါပဲ။တတ်တဲ့သူများကျတော့ မြန်လိုက်တာ။ ကျနော် ချွေးထွက် ေသးထွက် ထောင်းခဲ့ရတာ တုတ်တုတ် မလှုပ်တဲ့ ဘီးက
အခုတော့ တစ်ချက်ထဲပါပဲ။ပိုက်ဆံ တစ်ထောင်ပဲ ကုန်ပါတယ်။
ဒါနဲ့ ဆက်မောင်းတာပေါ့။ စစ်ကိုင်းတံတားပေါ်လည်း တက်ရော။ မောင်မင်းကြီးသားက "ဖွတ်ချက်
ဖွတ်ချက်"မြည်သံပေးပြီး ရပ်ပြန်ပါလေရော။
ကျနော် အတော် မောသွားတာပေါ့။ အခုန ဆိုင်ပြန်တွန်းရင်လည်း မနီး၊ ဆက်သွားရအောင်လည်း မနီး။
ခါးလယ်ကြီးမှာ ပေါ့ဗျာ။ နောက်တော့ စစ်ကိုင်းမြို့ထဲဘက် ကိုပဲရွေးလိုက်ပါတယ်။
ဆယ်ငါးမိနစ်ကျော် လောက် တွန်းသွားပြီးတော့ လူအုံနေတဲ့ ဝပ်ရှော့ဆိုင်လေးတစ်ဆိုင်မှာ ကျနော့်
ကောင်ရဲ့ ရောဂါကို ပြန်ပြရပါတယ်။
ဆရာကြီး ထင်ရသူက
"ဟေ့ ရှေ့က တစ်ယောက် ဘာဖြစ်တာလဲ သွားမေးစမ်း" ခိုင်းလိုက်တော့
ဆိုင်ထဲက ဆီချေး မည်းမည်း လေး တစ်စုံ ကျနော့်အနားရောက်လာပါတယ်။ အဝတ်အစားတင်မဟုတ်ဘူး။လူကလည်း မည်းမည်းလေးပါပဲ။
အသက်ကတော့ ဆယ်နှစ်နှစ်လောက် ပဲရှိဦးမယ့် ပညာသင် ကလေးလေးပါ။
"အစ်ကို ဘာဖြစ်လို့လဲ ဗျ"
"ထိုးရပ်သွားလို့ကွ.... လမ်းမှာလည်း တစ်ခါရပ်လို့ ဆိုင်တစ်ဆိုင် ဝင်ပြခဲ့ရသေးတယ်....မရပါဘူးကွာ
သိပ်မမောင်းရသေးဘူး တံတားပေါ် ထပ်ရပ် သွားလို့ ညီ....ကြည့်ပေးပါဦးကွာ"
ကောင်လေးက
"အင်ဂျင် ဝိုင်ကောရှိရဲ့လားဗျ"
မေးလိုက်တဲ့အခါ ကျနော် လည်း ကိုယ့်ဆိုင်ကယ် မဟုတ်လေတော့ ရှိမရှိမသိ။
"မသိဘူးကွ...ဒါ ကိုယ့်ဘီးမဟုတ်ဘူး...အစ်ကိုဝမ်းကွဲဆီက ခဏ ငှားလာတာ စစ်ကြည့်ပါဦးကွာ"
ဒါနဲ့ ကောင်လေးက ဆိုင်ကယ် အင်ဂျင်ဝိုင် ဂိတ်တံလေးဖွင့်ကြည့်ပါတယ်။ သူ့အားလေးနဲ့ မပွင့်လို့
"ပလယာ"အကူအညီနဲ့ ဖွင့်ရ ရှာတာ။
"ဟာ အစ်ကို ဂိတ်မမီဘူးဗျ။ ရှိကော ရှိသေးရဲ့လားမသိဘူး"ပြောပြောဆိုဆို အင်ဂျင် ဝိုင် ဖောက်ချတဲ့
(ချက်တိုင်) နတ်ကို ဖွင့်ပါတယ်။ အင်ဂျင်ဝိုင်ဆိုတာ
ဆီးအောင့်နေသလား မှတ်ရတယ်၊
"ပေါက် ပေါက် "နဲ့နှစ်စက် သုံးစက်ပဲ ကျတော့တာ။
"အစ်ကို...အင်ဂျင် ဝိုင် ဖြည့်ရမယ်ဗျ...ချက်တိုင်နက်ကလည်း ဆီယိုနေတာ အဲ့ဒါကြောင့် အင်ဂျင်ဝိုင် မရှိတော့တာ"
ယောင်ယမ်းပြီး အိပ်ကပ်စမ်းမိတယ်။ ဆီဖြည့်တာက နှစ်ထောင် ။ အခုနက တစ်ထောင်။ အခု တစ်ထောင်ကျော်ပဲ ကျန်တော့တာ။ကိုယ့်ဘာသာတွေးရင်း
"ဟို ....ညီ အစ်ကို ပိုက်ဆံမလောက်ဘူးကွ ဘယ်လို လုပ်ရမလဲ"
"နောက်မှ ပြန်လဲ လိုက်ပေါ့...အခုလောလောဆယ် စီးရအောင် လို့ ကျနော် မနက်က လဲထားတဲ့ အင်ဂျင် ဝိုင် အဟောင်းလေး ထည့်ပေးလိုက်မယ်"
"ကျေးဇူးပါပဲ ညီရယ်"
တကယ်ကို ကျေးဇူးတင်မိတာပါ။ ချက်တိုင်နတ်ကို အရစ်တိပ်လို့ ခေါ်တဲ့ seal tape နဲ့ ဆီလုံအောင် ပြန်ကျပ်ပြီး.အင်ဂျင်ဝိုင် အကျလေး ထည့်ပေးရှာတယ်။
ပြီးတော့ နှိုးကြည့်တယ်။ နိုးပြီ။
မီးခိုးလေးတွေ ဖြူနေအောင် ထွက်နေတယ်ဗျ။
ကလေး မနက်က စီးလာတုန်းက မီးခိုး မထွကိဘူးကွ အခုဘာလို့ မီးခိုးဖြုတွေ ထွက်နေတာတုန်း
"အစ်ကို့ ဘီးက ရှေ့ပိုင်းကျနေတာ
အင်ဂျင်ဝိုင်စားတာပေါ့ ပြီးတော့ နတ်တွေကလည်း ဆီမလုံတော့ ဆီနည်းလာရင် မီးခိုးဖြူ မမြင်ရတော့ဘူးလေ အခု ဂိတ်မီအောင် ပြန်ထည့်လိုက်လို့
မီးခိုးထွက်တာ"
ကလေးလေးက ဆိုင်ကယ် ပြသနာကိုရှင်းပြရင်း
ပစ္စည်းတွေ သိမ်းသွားပါတယ်။
ဘယ်လောက်ပေးရမလဲ ဆိုတော့
"ရပါတယ်အစ်ကို မပေးပါနဲ့ ဆီက အဟောင်းဘဲဟာ"
ကျနော်လည်း
"ဒါပေမယ့် ကိုယ် အရမ်းကျေးဇူးတင်လို့ မုန့်ဖိုးတော့ ယူလိုက်ပါ"ဆိုပြီး ငွေကလေး ၅၀၀တောင်းတောင်းပန်ပန် ပေးခဲ့ရပါတယ်။
ကျနော် အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပညာတွေ သင်ပေးလိုက်တာ အဲ့ဒီ ၁၂နှစ်သား ကလေးလေးပါ။
နောက် ထပ် စစ်ကိုင်းဘက် ရောက်ဖြစ်တိုင်း သတိရပေမယ့် မတွေ့ရတော့ပါ။စစ်ကိုင်းက အပြန်
မျိးခိုးဖြူတန်းကလေးထွက်နေတဲ့ ကျနော့်ရဲ့ စီးတော် ဆိုင်ကယ်လေးဟာ မနက်ကထက် ညက်ညောသာယာ ပြေပြစ်နေပါတယ်။
ကိုယ်စီးတဲ့ ဆိုင်ကယ်က မီးခိုးလေးနဲ့မို့ Do စီးနေရသလားတောင် အောက်မေ့မိပါရဲ့လေ။
နောက်နောင် အခါများမှာဆိုင်ကယ် အင်ဂျင်ဝိုင်ကို ဆရာ့ကျေးဇူးကြောင့် အမြဲ ဂရုစိုက်ဖြစ်ခဲ့ပါတယ်။
ကိုဖြိုး(MDY)
#ဆိုင်ကယ်နည်းပညာချစ်သူ
<Zawgyi>
"ဆယ့္ႏွစ္ႏွစ္သား က်ေနာ့္ဆရာ"
========================
တခါတုန္းက တိုင္းျပည္တစ္ျပည္မွာ လွံေတြ ပစ္ေျမႇာက္ၿပီး ပါးစပ္နဲ႔ ဖမ္းျပႏိုင္တဲ့ လုလင္တစ္ဦး
ရွိခဲ့ပါတယ္။
ရွင္ဘုရင္ ေရႊနားေတာ္အထိ ဂုဏ္သတင္းပ်ံ႕ေမႊးေက်ာ္ေစာ ေလေသာအခါ ထီးဘုရားဟာ ရႈစားလိုျခင္း အာသီသ ျဖစ္ေတာ္မူတာေၾကာင့္
ဘုရင့္ ေရွ႕ေတာ္ေမွာက္ လက္စြမ္းျပ(ပါးစပ္စြမ္းျပ)
ေဖ်ာ္ေျဖခဲ့ရတယ္ေပါ႔။
ဘုရင္ႀကီးလည္း လုလင္ပ်ိဳရဲ႕ ပါစပ္မွ သြားျဖင့္
ေဝဟင္အျမင့္မွ က်လာေသာလွံကို ကြၽမ္းက်င္ ႏိုင္ပိုင္စြာ ဖမ္းသိမ္း ကစားျပျခင္းအား အံ့ဩမွင္သက္စြာ ရင္တမမ ရႈစား၍ ႏွစ္ေထာင္းအာရလွသည့္အတြက္ ဆုလာဘ္သပၸကာ အေျမာက္အမ်ား ခ်ီးျမႇင့္ေတာ္မူပါရဲ႕။
မႀကဳံစဖူး ထူးျခားလွတဲ့ပညာကို
" အဘယ္သူ့ထံမွ ေမာင္မင္း ဆည္းပူးေလ့လာ နည္းခံခဲ့ သနည္း"လို႔ မင္းဘုရား ေမးေလတဲ့အခါမွာ
"ကြၽႏ္ုပ္၏ ဆရာမွာ ဗ်ိဳင္းတစ္ေကာင္ျဖစ္ပါသည္"လို႔ ေျဖရမည္ကို ရွက္ရြံ႕မိေလတဲ့ လုလင္ငယ္ဟာ
"ကြၽႏ္ုပ္တြင္ ဆရာမရွိပါ၊၏အတတ္အား ကြၽန္ေတာ္မ်ိဳး ကိုယ္စ ျဖင့္ ပိုင္ႏိုင္တတ္ေျမာက္ခဲ့ပါသည္ ဘုရား"
ရယ္လို႔ လြဲမွားတဲ့ မုသားကို ဆိုရွာကိုး။
အားရေတာ္ မမူေသးတဲ့ ေရႊနန္းရွင္ဟာ ေနာက္တစ္ေခါက္ ထပ္မံ ေဖ်ာ္ေျဖဖို႔ ခိုင္းတာကိုး။
ဒီမွာတင္ပဲ ဆရာကို ဆရာပဲရယ္လို႔ မုသားသုံးကာ ယြင္းမွားတဲ့ လုလင္ဟာ အာခံတြင္း၌ လွန္စင္းစင္းစိုက္ၿပီး ေသရွာ ေလသတဲ့ဗ်။
ဒါက ယုံတမ္းပုံျပင္တစ္ပုဒ္ျဖစ္ေပမယ့္လည္း
ဆရာ့တန္ဖိုး ဆရာ့ ပညာ အေလးထားဖြယ္ျဖစ္တယ္ဆိုတာ အမွတ္ရေစပါတယ္။က်ေနာ္တို႔အတြက္
မသင္ေပးေသာ္လည္း ၾကား႐ုံျမင္ကာ မွ်နဲ႔ ဆရာ လို႔ ေခၚဆိုထိုက္ပါသတဲ့ဗ်ာ။
က်ေနာ့္ဆရာဟာ ဆယ္ႏွစ္ႏွစ္သား တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။
လြန္ခဲ့ေသာ ၁၅ ဆီက။
တစ္ေန႔ေသာ အခါက ေပါ႔ဗ်ာ။ဆိုင္ကယ္ အပိုင္ လက္ဝယ္ႏိုင္ႏိုင္ မရွိေသးတဲ့အတြက္ အစ္ကို တစ္ေယာက္ရဲ႕ ဆိုင္ကယ္ အႏြမ္းေလး ခဏ ေတာင္းယူကာ စစ္ကိုင္းဘက္တစ္ေနရာ ထြက္လာသခိုက္ေပါ႔။
ဆိုင္ကယ္ဆိုတာ စီးဖူးစီးစ ဆိုေတာ့ သူျမည္ေနတဲ့ အသံေတြဟာ က်ေနာ့္အတြက္ေတာ့ သိပ္ထူးျခားေနျခင္း မရွိပါဘူး။
အားလုံးက ဟာမိုနီ ျဖစ္ၾကပါတယ္။
"ဂ်က္....ဂ်က္.....ဂ်ပ္....ကလပ္....ေခ်ာက္"
ဂ်က္....ဂ်က္.....ဂ်ပ္....ကလပ္....ေခ်ာက္"
တက္....တက္.....တက္...တက္ နဲ႔ ကပါေသးတယ္ဗ်။
ၾကားေလသမွ်ဟာ ဒရမ္ တီးေနသလိုပါဘဲ။
ဒီလိုနဲ႔ စစ္ကိုင္းတံတား ႏွာေပါက္ မေရာင္ခင္မွာ
ကိုယ္ေတာ္ေခ်ာက ထိုးရပ္ေတာ့တာပါဘဲ။
ေသးေပါက္ခ်င္လို႔လား ေရေသာက္ခ်င္လို႔လား မေျပာတတ္ပါဘူးဗ်ာ။ က်ေနာ္လည္း အေတာ္ စိတ္ညစ္သြားတယ္။ (ဆိုင္ကယ္ဆိုတာ ကိုယ္နဲ႔ ရင္းႏွီးေနတဲ့ သူငယ္ခ်င္းမွ မဟုတ္တာ)
ဆီလည္း ျဖည့္ခဲ့ပါတယ္။ တိုင္ကီဖြင့္ၾကည့္ ။ဆီက အျပည့္နီးပါး။
စတက္က ဖြတ္ခ်ပ္ ဖြတ္ခ်ပ္ မို႔ ေျခေထာက္နဲ႔အားပါးတရ ကစ္ေပမယ့္ မႏိုးေတာ့ပါဘူး။
ဒါနဲ႔ ဆိုင္ကယ္ ျပင္ဆိုင္ ရွာရေတာ့တာေပါ႔။
တြန္းသြားရင္း တစ္ေနရာမွာ ေတြ႕ပါတယ္ခင္ဗ်။
အလုပ္ေတြလည္း မ်ားေနပါတယ္။ အျခားဆိုင္ကယ္ တစ္စီးစ ႏွစ္စီးစ ျပင္လ်က္ တန္းလန္းေတြေပါ႔။
"စက္ႏႈိးမရေတာ့လို႔ ၾကည့္ေပးပါဦး "အကူအညီေတာင္းေတာ့
တပည့္ေလး တစ္ေယာက္က ကစ္နင္းၾကည့္တယ္။
မႏိုးဘူး။ ဒါနဲ႔ ပလပ္ျဖဳတ္တယ္ဗ်။ပလပ္ျဖဳတ္ၿပီး
ပလပ္ကို ဆီနဲ႔ ေဆးတယ္ဗ်။ ေနာက္ေတာ့ ပလပ္ တပ္တဲ့ အေပါက္ကို လက္နဲ႔ ပိတ္ၿပီး ကစ္သုံးေလးခ်က္ နင္းတယ္ဗ်ာ။ ဘာေတြလုပ္ေနတယ္ဆိုတာ က်ေနာ္ေတာ့ နားမလည္ႏိုင္ဘူးဗ်ာ။
(ဘာေၾကာင့္ ျဖစ္တယ္ ဘာလုပ္တယ္ ဆိုတာလည္း မေျပာဘူးဗ်။မေျပာအားလို႔ ေနမွာေပါ႔ေနာ္)
ဝ႐ူး ဝရဲ ဆိုၿပီး ဂမူးရႈးထိုး အသံနဲ႔ ဆိုင္ကယ္ေလးႏိုးသြားပါတယ္။ ေဩာ္... ပညာပါပဲ။တတ္တဲ့သူမ်ားက်ေတာ့ ျမန္လိုက္တာ။ က်ေနာ္ ေခြၽးထြက္ ေသးထြက္ ေထာင္းခဲ့ရတာ တုတ္တုတ္ မလႈပ္တဲ့ ဘီးက
အခုေတာ့ တစ္ခ်က္ထဲပါပဲ။ပိုက္ဆံ တစ္ေထာင္ပဲ ကုန္ပါတယ္။
ဒါနဲ႔ ဆက္ေမာင္းတာေပါ႔။ စစ္ကိုင္းတံတားေပၚလည္း တက္ေရာ။ ေမာင္မင္းႀကီးသားက "ဖြတ္ခ်က္
ဖြတ္ခ်က္"ျမည္သံေပးၿပီး ရပ္ျပန္ပါေလေရာ။
က်ေနာ္ အေတာ္ ေမာသြားတာေပါ႔။ အခုန ဆိုင္ျပန္တြန္းရင္လည္း မနီး၊ ဆက္သြားရေအာင္လည္း မနီး။
ခါးလယ္ႀကီးမွာ ေပါ႔ဗ်ာ။ ေနာက္ေတာ့ စစ္ကိုင္းၿမိဳ႕ထဲဘက္ ကိုပဲေရြးလိုက္ပါတယ္။
ဆယ္ငါးမိနစ္ေက်ာ္ ေလာက္ တြန္းသြားၿပီးေတာ့ လူအုံေနတဲ့ ဝပ္ေရွာ့ဆိုင္ေလးတစ္ဆိုင္မွာ က်ေနာ့္
ေကာင္ရဲ႕ ေရာဂါကို ျပန္ျပရပါတယ္။
ဆရာႀကီး ထင္ရသူက
"ေဟ့ ေရွ႕က တစ္ေယာက္ ဘာျဖစ္တာလဲ သြားေမးစမ္း" ခိုင္းလိုက္ေတာ့
ဆိုင္ထဲက ဆီေခ်း မည္းမည္း ေလး တစ္စုံ က်ေနာ့္အနားေရာက္လာပါတယ္။ အဝတ္အစားတင္မဟုတ္ဘူး။လူကလည္း မည္းမည္းေလးပါပဲ။
အသက္ကေတာ့ ဆယ္ႏွစ္ႏွစ္ေလာက္ ပဲရွိဦးမယ့္ ပညာသင္ ကေလးေလးပါ။
"အစ္ကို ဘာျဖစ္လို႔လဲ ဗ်"
"ထိုးရပ္သြားလို႔ကြ.... လမ္းမွာလည္း တစ္ခါရပ္လို႔ ဆိုင္တစ္ဆိုင္ ဝင္ျပခဲ့ရေသးတယ္....မရပါဘူးကြာ
သိပ္မေမာင္းရေသးဘူး တံတားေပၚ ထပ္ရပ္ သြားလို႔ ညီ....ၾကည့္ေပးပါဦးကြာ"
ေကာင္ေလးက
"အင္ဂ်င္ ဝိုင္ေကာရွိရဲ႕လားဗ်"
ေမးလိုက္တဲ့အခါ က်ေနာ္ လည္း ကိုယ့္ဆိုင္ကယ္ မဟုတ္ေလေတာ့ ရွိမရွိမသိ။
"မသိဘူးကြ...ဒါ ကိုယ့္ဘီးမဟုတ္ဘူး...အစ္ကိုဝမ္းကြဲဆီက ခဏ ငွားလာတာ စစ္ၾကည့္ပါဦးကြာ"
ဒါနဲ႔ ေကာင္ေလးက ဆိုင္ကယ္ အင္ဂ်င္ဝိုင္ ဂိတ္တံေလးဖြင့္ၾကည့္ပါတယ္။ သူ့အားေလးနဲ႔ မပြင့္လို႔
"ပလယာ"အကူအညီနဲ႔ ဖြင့္ရ ရွာတာ။
"ဟာ အစ္ကို ဂိတ္မမီဘူးဗ်။ ရွိေကာ ရွိေသးရဲ႕လားမသိဘူး"ေျပာေျပာဆိုဆို အင္ဂ်င္ ဝိုင္ ေဖာက္ခ်တဲ့
(ခ်က္တိုင္) နတ္ကို ဖြင့္ပါတယ္။ အင္ဂ်င္ဝိုင္ဆိုတာ
ဆီးေအာင့္ေနသလား မွတ္ရတယ္၊
"ေပါက္ ေပါက္ "နဲ႔ႏွစ္စက္ သုံးစက္ပဲ က်ေတာ့တာ။
"အစ္ကို...အင္ဂ်င္ ဝိုင္ ျဖည့္ရမယ္ဗ်...ခ်က္တိုင္နက္ကလည္း ဆီယိုေနတာ အဲ့ဒါေၾကာင့္ အင္ဂ်င္ဝိုင္ မရွိေတာ့တာ"
ေယာင္ယမ္းၿပီး အိပ္ကပ္စမ္းမိတယ္။ ဆီျဖည့္တာက ႏွစ္ေထာင္ ။ အခုနက တစ္ေထာင္။ အခု တစ္ေထာင္ေက်ာ္ပဲ က်န္ေတာ့တာ။ကိုယ့္ဘာသာေတြးရင္း
"ဟို ....ညီ အစ္ကို ပိုက္ဆံမေလာက္ဘူးကြ ဘယ္လို လုပ္ရမလဲ"
"ေနာက္မွ ျပန္လဲ လိုက္ေပါ႔...အခုေလာေလာဆယ္ စီးရေအာင္ လို႔ က်ေနာ္ မနက္က လဲထားတဲ့ အင္ဂ်င္ ဝိုင္ အေဟာင္းေလး ထည့္ေပးလိုက္မယ္"
"ေက်းဇူးပါပဲ ညီရယ္"
တကယ္ကို ေက်းဇူးတင္မိတာပါ။ ခ်က္တိုင္နတ္ကို အရစ္တိပ္လို႔ ေခၚတဲ့ seal tape နဲ႔ ဆီလုံေအာင္ ျပန္က်ပ္ၿပီး.အင္ဂ်င္ဝိုင္ အက်ေလး ထည့္ေပးရွာတယ္။
ၿပီးေတာ့ ႏႈိးၾကည့္တယ္။ ႏိုးၿပီ။
မီးခိုးေလးေတြ ျဖဴေနေအာင္ ထြက္ေနတယ္ဗ်။
ကေလး မနက္က စီးလာတုန္းက မီးခိုး မထြကိဘူးကြ အခုဘာလို႔ မီးခိုးျဖဳေတြ ထြက္ေနတာတုန္း
"အစ္ကို႔ ဘီးက ေရွ႕ပိုင္းက်ေနတာ
အင္ဂ်င္ဝိုင္စားတာေပါ႔ ၿပီးေတာ့ နတ္ေတြကလည္း ဆီမလုံေတာ့ ဆီနည္းလာရင္ မီးခိုးျဖဴ မျမင္ရေတာ့ဘူးေလ အခု ဂိတ္မီေအာင္ ျပန္ထည့္လိုက္လို႔
မီးခိုးထြက္တာ"
ကေလးေလးက ဆိုင္ကယ္ ျပသနာကိုရွင္းျပရင္း
ပစၥည္းေတြ သိမ္းသြားပါတယ္။
ဘယ္ေလာက္ေပးရမလဲ ဆိုေတာ့
"ရပါတယ္အစ္ကို မေပးပါနဲ႔ ဆီက အေဟာင္းဘဲဟာ"
က်ေနာ္လည္း
"ဒါေပမယ့္ ကိုယ္ အရမ္းေက်းဇူးတင္လို႔ မုန္႔ဖိုးေတာ့ ယူလိုက္ပါ"ဆိုၿပီး ေငြကေလး ၅၀၀ေတာင္းေတာင္းပန္ပန္ ေပးခဲ့ရပါတယ္။
က်ေနာ္ အတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ ပညာေတြ သင္ေပးလိုက္တာ အဲ့ဒီ ၁၂ႏွစ္သား ကေလးေလးပါ။
ေနာက္ ထပ္ စစ္ကိုင္းဘက္ ေရာက္ျဖစ္တိုင္း သတိရေပမယ့္ မေတြ႕ရေတာ့ပါ။စစ္ကိုင္းက အျပန္
မ်ိးခိုးျဖဴတန္းကေလးထြက္ေနတဲ့ က်ေနာ့္ရဲ႕ စီးေတာ္ ဆိုင္ကယ္ေလးဟာ မနက္ကထက္ ညက္ေညာသာယာ ေျပျပစ္ေနပါတယ္။
ကိုယ္စီးတဲ့ ဆိုင္ကယ္က မီးခိုးေလးနဲ႔မို႔ Do စီးေနရသလားေတာင္ ေအာက္ေမ့မိပါရဲ႕ေလ။
ေနာက္ေနာင္ အခါမ်ားမွာဆိုင္ကယ္ အင္ဂ်င္ဝိုင္ကို ဆရာ့ေက်းဇူးေၾကာင့္ အၿမဲ ဂ႐ုစိုက္ျဖစ္ခဲ့ပါတယ္။
ကိုၿဖိဳး(MDY)
#ဆိုင္ကယ္နည္းပညာခ်စ္သူ