ပုံမမှန်ပြုပြင်ခြင်းမျာ
<Unicode>
အဆဲခံရမယ့်ပိုစ့် သို့မဟုတ် ပုံမမှန်ပြုပြင်ခြင်းများ
*ဘိုးရင်းထိုးရင်ကျပ်ကျပ်လေးထိုးပေးပါ 
စီးစီးလေးထိုးပေးပါ ပြောင်ပြောင်လေး
*ဆိုင်ကယ်အင်ဂျင်ဝိုင်က ပျစ်သေးတယ် သုံးလို့ရသေးတယ် မလဲနဲ့ဦး
*ဘရိတ်ဆီက ပေါတယ် တစ်ဘူးငါးရာပဲရှိတယ် 
*ချိန်းဆီရွှဲရွှဲလေးထည့်ပေးပါညီလေး
*ကလပ်အုံချောင်လို့ ကလပ်ပြားလေးဂျမ်းခုပေးလိုက်မယ်
*ကူးလင့်ထည့်မှလားဟ ရေထည့်လဲရတာကို
*အော်တိုဖန်မလည်လို့ ခလုပ်တပ်ပေးလိုက်တယ်
*ပန့်ပရက်ရှာကျတာ over flow ပေါက်ကိုပိတ်လိုက်လေ
*ရှဲဒိုးဓါတ်ဆီပန့်က ရီလေးအလုပ်မလုပ်တာများ အော်တိုချိတ်ပေးလိုက် သော့ဖွင့်ပန့်လည်အောင်
*ဖြူးက 10Aမရဘူး 20Aပဲထည့်လိုက်မယ်
*ဖြူးက ခဏခဏပြတ်တယ် ဝါယာလေးနွှာပါတ်ပေးလိုက်
*အသံထွက်တာ စီးလိုက်ပျောက်သွားလိမ့်မယ်
*EXUPကျော်တာများ preset တစ်လုံးရရင်ရပြီလေ
*reset ချတာ ဘထရီဖြုတ်ယုံပဲကွ
*ဟျောင့် ပူလေကျဲလေပဲ မင်းs4 20/50ထည့်
*ချိန်းရှည်တာ ချိန်းဘိကို နတ်ခေါင်းလေးဝရိန်ဆော် ဆက်လိုက်လေ
*အဝါသုံးပင်များ သုံးဘီးဒိုင်အုပ်တွေပေါလို့ သွားဝယ်လိုက်
*ရင်း က std တော်ပေမယ့် မယူဘူး +25ကိုဝယ်လေ သွေးထည့်မယ်ရေရှည်ခံအောင်
*ဟျောင့် အင်ဂျင်ပူတုံးရေလောင်းကျင့်နော်
*ရိန်းပါးစပ်တွေစေ့နေမှ
*ဆီစားရင် ကာဘရိုက်တာ စလိုက်ပင်လေးတစ်ထစ်ချလိုက်လေ
*ဂတ်စကက်ပေါက်ပြန်ပြီလား သွား မီးခံပြား
သည့်ထက်ထူတာဝယ်လာခဲ့
*မီးခိုးမဲမဲတွေထွက်နေတာဆို ဘားဖြုတ်ကရိုင်းလိုက်
ဲ ကြားဖူးနေကျ အသံလေးတွေဖြစ်မှာပါ။ဘာဖြစ်လို့ပုံမမှန်တဲ့ ပြုပြင်ခြင်း သုံးသပ်ခြင်းတွေဖြစ်နေတာလဲ။ဖိနပ်စျေးတူရင်ကြီးတာယူ အိမ်ကျမှဓါးနဲ့ခုတ်စီးမယ်ဆိုတဲ့ ရွှေမြန်မာတို့ရဲ့အတွေးနဲ့ မြန်မာ့ဆိုင်ကယ်လောကဟာ အင်မတန်ယိုယွင်းခဲ့ပါတယ်။
တကယ်ပဲမထိရောက်တော့တဲ့ ခုတ်ရာရှရာလွဲနေတဲ့ အပြင်အဆင်တွေကြောင့်လဲဖြစ်မှာပါ။အဖြူပေါ်မှာ ကြိုက်ရာအရောင် ဆိုးတာ မပင်ပန်းပေမယ့် အမည်းရောင်ပေါ် အခြားအရောင်တင်ချင်တဲ့အခါ 
အမည်းကိုအရောင်ချွတ်ရတာ ပိုခက်ခဲခဲ့ပါတယ်။ဘာတွေက ဘာကြောင့် လွဲနေတာလဲ။တကယ်လို့ 
မိတ်ဆွေရဲ့အသိထဲမှာ အပေါ်ကလို များ ပါနေမယ်ဆိုရင်တော့ နားနဲ့မနာဖုဝါးနဲ့သာနာတော်မူပါမိတ်ဆွေ။အမည်းလေးနည်းနည်းချွတ်ပရစေ။
ဘာလို့reboring လုပ်ကြတဲ့အခါ အစည်းအကျပ်ထိုးခိုင်းတာလဲ စည်းလေ တင်းလေ အင်ဂျင်ရဲ့သက်တမ်းက တိုလေပါပဲ။ဘာဖြစ်လို့လဲ ဆိုတော့ ပူလာရင်ပွလာမယ့် ပင်စင်အသားနဲ့ရင်းတွေဟာ ခြစ်ချနေသလို ဖြစ်လာနိုင်တာတွေကြောင့်ပါ။ပြောင်ပြောင်လေးဘိုးရင်းထိုးတော့ စလစ်လိုင်နာအတွင်းသားနဲ့ ပင်စင် တိုက်ရိုက်ပွတ်နေတာကြောင့် အင်ဂျင်မြန်မြန်ကျလာစေမှာပါပဲ။ဒါဆိုဘာကအဖြေမှန်ဖြစ်မလဲ။
ညကျမှဆက်တာပေါ့။
,,
ရဲရင့်သာဝေပိုင်
<Zawgyi>
သည့်ထက်ထူတာဝယ်လာခဲ့
ညကျမှဆက်တာပေါ့။
,,
ရဲရင့်သာဝေပိုင်