"<Unicode>
"ရောဂါနဲ့ ဝေဒနာ"
-------------------------
ဆိုင်ကယ် ပညာတတ်ချင်ပါသလား။
ဟုတ်ကဲ့ ။
ဆိုင်ကယ် အစုတ်ကလေးတစ်စီးသာ ဝယ်စီးလိုက်ပါ။ သူက အကုန်သင်ပေးပါလိမ့်မယ်။
ခင်ဗျား မယုံဘူး လား။
ကျနော့်လို လူတွေကတော့ ရယ်နေလောက်ပြီဗျ။
သူက ပေးတဲ့ ပညာတွေ ပြောလို့တောင် ကုန်မယ် မထင်ဘူး။မနက်က စ ပြီး သင်ပေးလိုက်တဲ့ ပညာ တစ်နေ့တစ်မျိုးပါပဲ။
ဒီလိုဗျ။ တစ်နေ့မှာပေါ့ဗျာ ။ ကျနော်ရဲ့ ချစ်လှစွာသော ဆိုင်ကယ်လေးနဲ့ ကျောက်ဆည်ကို သွားတယ် ခင်ဗျ။
ကျွန်တော့်ရဲ့ ဆိုင်ကယ်လေးက 90cc super cub
လေးပေါ့။ ဂျပန်မလေးတော့ မဟုတ်ဘူးဗျ။
တရုတ် အဖွားကလေး။(တော်တော်အိုနေပြီမို့)
ကိုယ့်ရှေ့ကျော်တက်သွားကြတဲ့ ဆိုင်ကယ်သမားတွေက အော်ပြောသွားကြတယ်ခင်ဗျ။
ခြင်ဆေး ဖျန်းနေတာလားတဲ့။ပြောမယ်ဆိုလည်း ေပြာချင်စရာဗျ။
နောက်က ဆိုင်ကယ်တွေကျနော့်ဆိုင်ကယ်ကိုမမြင်ရဘူး၊ မီးခိုးပဲ မြင်ရတာကိုး။
မီးခိုးတွေက ခပ်ဖြူဖြူဆိုတော့ ခြင်ဆေးဖျန်းတာနဲ့ သိပ်တူတာပဲဗျာ။
အဲ...။ထားပါတော့ဗျာ။ အချိန်တွေကုန်ပါတယ်။
အဲဒီလိုနဲ့ ကျောက်ဆည်သွားတဲ့ ရန်-မန်းလမ်းမှာပေါ့ဗျာ။ ဆိုင်ကယ် လေးကို ဖြေးဖြေးချော့မောင်းရင်းနဲ့
အသံတစ်သံ မြည်လာတယ်ဗျ။ကျွီကျွီ ဆိုပြီး တော့။
တိုင်မင်လေးနဲ့ မည်တာခင်ဗျ။စက်သံအလိုက်အတိုင်းလေးပေါ့။
ကိုယ်လည်း မြည်သံတော့ ပေးနေပြီ။ ဘာလို့မှန်းလဲ မသိဘူး။ လေးငါးမိနစ်လောက်အထိတော့ သွားနေသေးတယ်ဗျ။
ဒါပေမယ့် သူ အသံပေးတာ မသိရကောင်းလားဆိုပြီး တရုတ် အဖွားကလေးက စိတ်ကောက်ဟန် တူပါရဲ့။ ရုတ်တရက် ထိုးရပ် ပါလေရော။
ပြန်နှိုးလို့လည်း မရတော့ဘူး။ နေပူကျဲ ကျဲ လမ်းမကြီးပေါ် ကို့ရို့ကားရားကြီးပေါ့ဗျာ။
(ကံကောင်းလို့ ကားမတိုက်တယ်)
ဒါနဲ့ ၉၆၉၃ ပေါ့လေ။
တရုတ်အဖွားလေးကို ပါ တွန်းရွေ့ရတော့တာ။
လမ်းမကြီးရဲ့ ဘေးနားက ဝပ်ရှော့ တစ်ခုမှာ ဝင်ပြရတယ်ခင်ဗျ။ အနီးအနား ရှိတဲ့ ဆိုင်ပဲ ပြရတာပေါ့လေ။
ဝပ်ရှော့ဆရာက တော်ပါတယ်။ ဘာဖြစ်တယ်ဆိုတာ တန်းပြီး သိတယ်။ ကိုယ်တောင် ဘာမှ သိပ်မပြောရပါဘူး။
"ဘားကောက်သွားတာဖြစ်မယ်"တဲ့။
ဟုတ်တာပေါ့ဗျာ။ ရှေ့head ကိုဖွင့်ပြီး ဘားတွေဖြုတ်တော့ ဘားတွေ ေကာက်နေတာကိုး။
ကျနော်လည်း အထင်ကြီးမိပါရဲ့။ သူခန့်မှန်းတဲ့အတိုင်းပဲလေ။ ဘားနှစ်ချောင်း အသစ်လဲ ပြီး
ကရိုင်း ပေါင်ဒါနဲ့ ပြန်ကရိုင်းထည့်ပေးလိုက်တာ။
အဆင်ပြေသွားရောဗျာ။
ဒါနဲ့ ကျသင့်ငွေလေးရှင်းပြီး ဆက်မောင်းလာခဲ့တာပေါ့။
အဲ...။
ဆယ်မိနစ်၊ဆယ့်ငါးမိနစ်လောက် မောင်းလိုက်တော့
စတုန်းက အသံ ပြန်မြည်လာပြန်တယ်ဗျ။
ကျွီကျွီ...ကျွီကျွီ နဲ့။
ဟား သီပြီ။ အဖွားလေး စိတ်ကောက်ပြန်ဦးတော့မယ်။ကျနော်လည်း သိပ်မမောင်းရဲတော့ဘူး။
ဖြည်းဖြည်း မောင်းရင်းနဲ့ ဆိုင်ရှာရတယ်ဗျ။
နောက်တော့ ဆိုင်ကယ်က အသံပိုကျယ်လာတာနဲ့
ဆင်းတွန်းရတော့တာပဲဗျို့။ဘားကောက်သွားပြန်ရင် ပိုက်ဆံ ထပ်ထွက်ဦးမယ်လေ။
သိပ်မတွန်းရခင် တစ်ဆိုင်တွေ့တယ်။ဒါနဲ့ အကျိုးအကြောင်းပြောပြလိုက်တယ်။
ဆရာဖြစ်သူက သူ့တပည့်လေးတစ်ယောက်ကို
"ဟေ့...ရှေ့တိုက်ပစ်ဖုံးဖွင့်ကွာ။စက်နှိုးပြီး ဆီတက် မတက် ကြည့်စမ်းတဲ့"
ကောင်လေးက ချက်ချင်းပဲ ဖွင့်ကြည့်တယ်။
"မတက်ဖူး ဆရာ"
"အေး...အဲ့ဒါ ဆို သံလိုက်အုံဖွင့် ဆီပန့်ဘီး ကြည့်စမ်း"
ကောင်လေးက သံလိုက်အုံဖွင့်ကြည့်ပါတယ်။ သူ့ဆရာပြောသလိုပါပဲ။ ဆီပန့်ဘီး ချော်ပြီး ဆီမတက်တော့တာ တဲ့။
လှဲလှယ်စရာရှိတာတွေ လဲ ပြီးတော့ စက်နှိုးစမ်းတယ်။ ဆီတက်ပြီ။ အိုကေ။
ကျနော် သဘောပေါက်သွားရတယ်။ ဒါ အဖွားလေးသင်ပေးတဲ့ ပညာပါဘဲ။
ပထမ ဆရာလည်း တော်ပါတယ်။ စက်နှိုးမရတာ ဘားဟာလို့ ဆိုတာ သူသိပါတယ်။ဒါပေမယ့် သူက အကြောင်းအရင်း ကို မရှာလိုက်ဘူး။
ဘာလို့ဘားကောက်သွားရတာလဲ။ တိုက်ပစ်ထောက်ပြီး ကောက်တယ်လို့ပဲ ေကာက်ချက်ချလိုက်ပုံရပါတယ်။တကယ်က ဆီပန့်က ဆီ မပို့တော့လို့
ဘားကိုက်တွေ ကျပ်ပြီး ဘားကောက်သွားတာပါ။
ဒုတိယ ဆရာက တော့ ရောဂါအစစ်အမှန်ကို တစ်ခါတည်း ကုပေးလိုက်နိုင်တယ်။
အဖွားလေး တော်တော်ကျန်းမာသွားတယ်။
ပိုက်ဆံလည်း.ထပ်ထွက်ပါတယ်။
တစ်ခါတစ်ရံမှာ ကျနော်တို့တွေဟာ လက်ရှိဖြစ်နေတဲ့ ဝေဒနါကို ပဲ အရင်မြင်ရလေ့ရှိတာပါ။
သူ့ အကြောင်းအရင်း ရောဂါက မြုပ်နေတတ်ပါတယ်။ပထမ ဆရာလိုမျိုး ရောဂါ အမှန်မမြင်မိတဲ့အခါ အမြစ်မပြတ်တာမျိုးဖြစ်တတ်ပါတယ်။
အလားတူ ပြသနာတွေ ကျနော် ခဏခဏ ကြုံရပါတယ်။
ဒါတွေဟာ ကျနော့်လို ဆိုင်ကယ်စုတ်လေးစီးခဲ့သူတိုင်း ရတတ်တဲ့ ပညာတွေပေါ့ဗျာ...။
ရောဂါ အစစ်အမှန်၊ အကြောင်းအရင်း ဇစ်မြစ်ကို
ရှာဖွေ ကုသ ပြင်ဆင်နိုင်ကြပါစေ...။
(ဆရာများကို အပြစ်တင်လိုခြင်းလုံးဝမရှိပါကြောင်း ၊ စေတနာဖြင့်)
ကိုဖြိုး(MDY)
#ဆိုင်ကယ်နည်းပညာဝါသနာရှင်
<Zawgyi>
"ေရာဂါနဲ႔ ေဝဒနာ"
-------------------------
ဆိုင္ကယ္ ပညာတတ္ခ်င္ပါသလား။
ဟုတ္ကဲ့ ။
ဆိုင္ကယ္ အစုတ္ကေလးတစ္စီးသာ ဝယ္စီးလိုက္ပါ။ သူက အကုန္သင္ေပးပါလိမ့္မယ္။
ခင္ဗ်ား မယုံဘူး လား။
က်ေနာ့္လို လူေတြကေတာ့ ရယ္ေနေလာက္ၿပီဗ်။
သူက ေပးတဲ့ ပညာေတြ ေျပာလို႔ေတာင္ ကုန္မယ္ မထင္ဘူး။မနက္က စ ၿပီး သင္ေပးလိုက္တဲ့ ပညာ တစ္ေန႔တစ္မ်ိဳးပါပဲ။
ဒီလိုဗ်။ တစ္ေန႔မွာေပါ႔ဗ်ာ ။ က်ေနာ္ရဲ႕ ခ်စ္လွစြာေသာ ဆိုင္ကယ္ေလးနဲ႔ ေက်ာက္ဆည္ကို သြားတယ္ ခင္ဗ်။
ကြၽန္ေတာ့္ရဲ႕ ဆိုင္ကယ္ေလးက 90cc super cub
ေလးေပါ႔။ ဂ်ပန္မေလးေတာ့ မဟုတ္ဘူးဗ်။
တ႐ုတ္ အဖြားကေလး။(ေတာ္ေတာ္အိုေနၿပီမို႔)
ကိုယ့္ေရွ႕ေက်ာ္တက္သြားၾကတဲ့ ဆိုင္ကယ္သမားေတြက ေအာ္ေျပာသြားၾကတယ္ခင္ဗ်။
ျခင္ေဆး ဖ်န္းေနတာလားတဲ့။ေျပာမယ္ဆိုလည္း ေျပာခ်င္စရာဗ်။
ေနာက္က ဆိုင္ကယ္ေတြက်ေနာ့္ဆိုင္ကယ္ကိုမျမင္ရဘူး၊ မီးခိုးပဲ ျမင္ရတာကိုး။
မီးခိုးေတြက ခပ္ျဖဴျဖဴဆိုေတာ့ ျခင္ေဆးဖ်န္းတာနဲ႔ သိပ္တူတာပဲဗ်ာ။
အဲ...။ထားပါေတာ့ဗ်ာ။ အခ်ိန္ေတြကုန္ပါတယ္။
အဲဒီလိုနဲ႔ ေက်ာက္ဆည္သြားတဲ့ ရန္-မန္းလမ္းမွာေပါ႔ဗ်ာ။ ဆိုင္ကယ္ ေလးကို ေျဖးေျဖးေခ်ာ့ေမာင္းရင္းနဲ႔
အသံတစ္သံ ျမည္လာတယ္ဗ်။ကြၽီကြၽီ ဆိုၿပီး ေတာ့။
တိုင္မင္ေလးနဲ႔ မည္တာခင္ဗ်။စက္သံအလိုက္အတိုင္းေလးေပါ႔။
ကိုယ္လည္း ျမည္သံေတာ့ ေပးေနၿပီ။ ဘာလို႔မွန္းလဲ မသိဘူး။ ေလးငါးမိနစ္ေလာက္အထိေတာ့ သြားေနေသးတယ္ဗ်။
ဒါေပမယ့္ သူ အသံေပးတာ မသိရေကာင္းလားဆိုၿပီး တ႐ုတ္ အဖြားကေလးက စိတ္ေကာက္ဟန္ တူပါရဲ႕။ ႐ုတ္တရက္ ထိုးရပ္ ပါေလေရာ။
ျပန္ႏႈိးလို႔လည္း မရေတာ့ဘူး။ ေနပူက်ဲ က်ဲ လမ္းမႀကီးေပၚ ကို႔႐ို႕ကားရားႀကီးေပါ႔ဗ်ာ။
(ကံေကာင္းလို႔ ကားမတိုက္တယ္)
ဒါနဲ႔ ၉၆၉၃ ေပါ႔ေလ။
တ႐ုတ္အဖြားေလးကို ပါ တြန္းေရြ႕ရေတာ့တာ။
လမ္းမႀကီးရဲ႕ ေဘးနားက ဝပ္ေရွာ့ တစ္ခုမွာ ဝင္ျပရတယ္ခင္ဗ်။ အနီးအနား ရွိတဲ့ ဆိုင္ပဲ ျပရတာေပါ႔ေလ။
ဝပ္ေရွာ့ဆရာက ေတာ္ပါတယ္။ ဘာျဖစ္တယ္ဆိုတာ တန္းၿပီး သိတယ္။ ကိုယ္ေတာင္ ဘာမွ သိပ္မေျပာရပါဘူး။
"ဘားေကာက္သြားတာျဖစ္မယ္"တဲ့။
ဟုတ္တာေပါ႔ဗ်ာ။ ေရွ႕head ကိုဖြင့္ၿပီး ဘားေတြျဖဳတ္ေတာ့ ဘားေတြ ေကာက္ေနတာကိုး။
က်ေနာ္လည္း အထင္ႀကီးမိပါရဲ႕။ သူခန္႔မွန္းတဲ့အတိုင္းပဲေလ။ ဘားႏွစ္ေခ်ာင္း အသစ္လဲ ၿပီး
က႐ိုင္း ေပါင္ဒါနဲ႔ ျပန္က႐ိုင္းထည့္ေပးလိုက္တာ။
အဆင္ေျပသြားေရာဗ်ာ။
ဒါနဲ႔ က်သင့္ေငြေလးရွင္းၿပီး ဆက္ေမာင္းလာခဲ့တာေပါ႔။
အဲ...။
ဆယ္မိနစ္၊ဆယ့္ငါးမိနစ္ေလာက္ ေမာင္းလိုက္ေတာ့
စတုန္းက အသံ ျပန္ျမည္လာျပန္တယ္ဗ်။
ကြၽီကြၽီ...ကြၽီကြၽီ နဲ႔။
ဟား သီၿပီ။ အဖြားေလး စိတ္ေကာက္ျပန္ဦးေတာ့မယ္။က်ေနာ္လည္း သိပ္မေမာင္းရဲေတာ့ဘူး။
ျဖည္းျဖည္း ေမာင္းရင္းနဲ႔ ဆိုင္ရွာရတယ္ဗ်။
ေနာက္ေတာ့ ဆိုင္ကယ္က အသံပိုက်ယ္လာတာနဲ႔
ဆင္းတြန္းရေတာ့တာပဲဗ်ိဳ႕။ဘားေကာက္သြားျပန္ရင္ ပိုက္ဆံ ထပ္ထြက္ဦးမယ္ေလ။
သိပ္မတြန္းရခင္ တစ္ဆိုင္ေတြ႕တယ္။ဒါနဲ႔ အက်ိဳးအေၾကာင္းေျပာျပလိုက္တယ္။
ဆရာျဖစ္သူက သူ့တပည့္ေလးတစ္ေယာက္ကို
"ေဟ့...ေရွ႕တိုက္ပစ္ဖုံးဖြင့္ကြာ။စက္ႏႈိးၿပီး ဆီတက္ မတက္ ၾကည့္စမ္းတဲ့"
ေကာင္ေလးက ခ်က္ခ်င္းပဲ ဖြင့္ၾကည့္တယ္။
"မတက္ဖူး ဆရာ"
"ေအး...အဲ့ဒါ ဆို သံလိုက္အုံဖြင့္ ဆီပန္႔ဘီး ၾကည့္စမ္း"
ေကာင္ေလးက သံလိုက္အုံဖြင့္ၾကည့္ပါတယ္။ သူ့ဆရာေျပာသလိုပါပဲ။ ဆီပန္႔ဘီး ေခ်ာ္ၿပီး ဆီမတက္ေတာ့တာ တဲ့။
လွဲလွယ္စရာရွိတာေတြ လဲ ၿပီးေတာ့ စက္ႏႈိးစမ္းတယ္။ ဆီတက္ၿပီ။ အိုေက။
က်ေနာ္ သေဘာေပါက္သြားရတယ္။ ဒါ အဖြားေလးသင္ေပးတဲ့ ပညာပါဘဲ။
ပထမ ဆရာလည္း ေတာ္ပါတယ္။ စက္ႏႈိးမရတာ ဘားဟာလို႔ ဆိုတာ သူသိပါတယ္။ဒါေပမယ့္ သူက အေၾကာင္းအရင္း ကို မရွာလိုက္ဘူး။
ဘာလို႔ဘားေကာက္သြားရတာလဲ။ တိုက္ပစ္ေထာက္ၿပီး ေကာက္တယ္လို႔ပဲ ေကာက္ခ်က္ခ်လိုက္ပုံရပါတယ္။တကယ္က ဆီပန္႔က ဆီ မပို႔ေတာ့လို႔
ဘားကိုက္ေတြ က်ပ္ၿပီး ဘားေကာက္သြားတာပါ။
ဒုတိယ ဆရာက ေတာ့ ေရာဂါအစစ္အမွန္ကို တစ္ခါတည္း ကုေပးလိုက္ႏိုင္တယ္။
အဖြားေလး ေတာ္ေတာ္က်န္းမာသြားတယ္။
ပိုက္ဆံလည္း.ထပ္ထြက္ပါတယ္။
တစ္ခါတစ္ရံမွာ က်ေနာ္တို႔ေတြဟာ လက္ရွိျဖစ္ေနတဲ့ ေဝဒနါကို ပဲ အရင္ျမင္ရေလ့ရွိတာပါ။
သူ့ အေၾကာင္းအရင္း ေရာဂါက ျမဳပ္ေနတတ္ပါတယ္။ပထမ ဆရာလိုမ်ိဳး ေရာဂါ အမွန္မျမင္မိတဲ့အခါ အျမစ္မျပတ္တာမ်ိဳးျဖစ္တတ္ပါတယ္။
အလားတူ ျပသနာေတြ က်ေနာ္ ခဏခဏ ႀကဳံရပါတယ္။
ဒါေတြဟာ က်ေနာ့္လို ဆိုင္ကယ္စုတ္ေလးစီးခဲ့သူတိုင္း ရတတ္တဲ့ ပညာေတြေပါ႔ဗ်ာ...။
ေရာဂါ အစစ္အမွန္၊ အေၾကာင္းအရင္း ဇစ္ျမစ္ကို
ရွာေဖြ ကုသ ျပင္ဆင္ႏိုင္ၾကပါေစ...။
(ဆရာမ်ားကို အျပစ္တင္လိုျခင္းလုံးဝမရွိပါေၾကာင္း ၊ ေစတနာျဖင့္)
ကိုၿဖိဳး(MDY)
#ဆိုင္ကယ္နည္းပညာဝါသနာရွင္