<Unicode>
**အင်္ဂျင်တစ်လုံးရေရှည်ခံရန်**
အမြဲမြင်တွေ့နေရတာတွေရှိပါတယ် အသစ်ပဲဖြစ်ဖြစ် အင်္ဂျင်ပြန်ကိုင်တာပဲဖြစ်ဖြစ် သက်တန်းတွေကွာကြပါတယ်။
လက်တွေ့မှာလဲအင်္ဂျင်ကိုင်တဲ့ဘီးတွေ ပစ္စည်းတွေအတူတူပဲသုံးပေးတာတောင် သက်တန်းတွေကွာကြပါတယ်။
ဘာတွေဂရုစိုက်ရမလဲဆိုတာတွေးမိသလောက်လေး မျှဝေပေးတာပါ
--အင်္ဂျင်ဝိုင် တချို့ဆို အင်္ဂျင်ဝိုင်ရှိပြီးရောဆိုပြီးမောင်းကြတယ် အသစ်မလဲပဲဖြည့်ထည့်ကြတယ် အဲတော့ အင်္ဂျင်ဝိုင်က အရည်အသွေးမရှိဘူး
သံတွေပွတ်တိုက်တဲ့နေရာဆီရောက်ပေမယ့် အရည်အသွေးမရှိတဲ့အခါ တိုက်စားမှုတွေမြန်တတ်ပါတယ်
--အင်္ဂျင်ဝိုင်ပန့်ကလည်းအရေးကြီးပါတယ် မကောင်းလို့မရဘူး အထွက်နည်းလို့မရပါဘူး လိုအပ်တဲ့ဆီပမာဏကိုပို့ပေးနိုင်ဖို့အရေးကြီးပါတယ်
--ကာပရိုက်တာနဲ့ လေစစ်ဖော့တွေလည်းအရေးကြီးပါတယ် တချို့ဆို ကာပရိုက်တာမဆေး လေစစ်မလဲတော့ ဖုန်တွေက စလစ်ထဲထိ ပစ္စတင်ဝရိမ်းတွေထိတိုက်ရိုက်ဝင်နိုင်ပါတယ်
--ဂီယာကိုလည်း စနစ်တကျသုံးတတ်ဖို့လိုပါတယ် အားနဲ့ဝန် မညီမျှရင် ဆိုင်ကယ်ကဝန်ပိပါလေ့မယ် လိုအပ်တဲ့နေရာမှာ ဂီယာချိန်းဖို့အရေးကြီးပါတယ်
--နားပြီးစီးပေးဖို့လဲ လိုအပ်ပါတယ် အရာရာတိုင်းမှ ခံနိုင်ရည်အားရှိပါတယ် လူတွေတောင်မောရင်နားရသေးတယ်မလား စက်တွေလည်း အပူချိန်က လွန်ကဲလာရင်နားပေးလိုက်ပါ ပူတဲ့ချိန်ဆို အစားမြန်တာတွေဖြစ်တတ်ပါတယ် ခံနိုင်ရည်အားနည်းတဲ့အချိန်ပါ
--Free ရိုက်လီဗာဖြဲတာတွေ လီဗာဆောင့်ဆွဲတာတွေ ကအင်္ဂျင်ကိုအထိခိုက်မြန်နိုင်ပါတယ်
--ကလပ်ပြား ညံ့တာ ရုန်းအားကျတာမျိုးဆိုပြင်ပါ လိုအပ်တဲ့ အပတ်ရေထက်ပိုရုန်းနေရတော့ အင်္ဂျင်ပိုပြီးဝန်ပိပါတယ်။
--ရှေ့ဘီး နောက်ဘီး သွက်အောင်စစ်ပါ လေပေါင်တွေအမြဲစစ်ပါ ချိန်းတွေ စနစ်တကျတင်းပါ။
copy crd
<Zawgyi>
copy crd