မော်တော်ဆိုင်ကယ်သက်တမ်း ကြာရှည်စေဖို့ ဂရုပြုသင့်သည့် ပြုပြင်ထိန်းသိမ်းနည်းများ

<Unicode>
မော်တော်ဆိုင်ကယ်သက်တမ်း ကြာရှည်စေဖို့ ဂရုပြုသင့်သည့် ပြုပြင်ထိန်းသိမ်းနည်းများ
#carandcycleinformation

မော်တော်ဆိုင်ကယ်တစ်စီးဖြစ်စေ၊ ယာဉ်တစ်စီးစီးဖြစ်စေ ပိုင်ဆိုင်ပြီဆိုလျှင် မိမိပိုင်ဆိုင်သည့် စက်ပစ္စည်းကို သက်တမ်းကြာကြာ အသုံးပြုနိုင်မှသာလျှင် ၀ယ်ယူသုံးစွဲမှု၏ ရလဒ်ကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်ပြီး ငွေကြေးကုန်ကျခံရကျိုးလည်း နပ်မည်ဖြစ်သည်။ အလိုရှိချိန် မောင်းနှင်စီးနင်းရုံသာပြုလုပ်ကာ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုမရှိပါက မိမိ၏ စက်ပစ္စည်းမှာ များမကြာခင်တွင် ဖောက်လွှဲဖောက်ပြန်မှုအမျိုးမျိုးဖြင့် သက်တမ်းမကုန်မီ ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ရှိမည်ဖြစ်သည်။ ထို့အတွက် မော်တော်ဆိုင်ကယ်ပိုင်ဆိုင်သူ၊ စီးနင်းသူတို့အနေဖြင့် မိမိတို့ ပိုင်ဆိုင်သည့်ဆိုင်ကယ်အား တာရှည်ခံစေရန် ပုံမှန် ပြုပြင်ထိန်းသိမ်းမှု လိုအပ်မည် ဖြစ်သောကြောင့် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အချက်များအား ရေးသားဖော်ပြလိုက်ပါသည်။ 

၁။ တာယာ
မိမိဆိုင်ကယ်ရဲ့ တာယာလေပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ။ လေလျော့နေတဲ့ဘီးကြောင့် တာယာ၊ ခွေ၊ စပုတ်၊ ကျွတ်တွေကို အချိန်မတိုင်ခင် ပျက်စီးစေပါတယ်။ လေလျော့နေတဲ့ တာယာက စတီယာရင်နဲ့ ဘရိတ်တို့ဆီကို သက်ရောက်မှု ရှိစေပါတယ်။ တာယာ လေပေါင်ချိန်နည်းနေရင် တာယာရဲ့နံရံတွေက သက်ရောက်မှုအားတွေကို မှန်မှန်ကန်ကန် မထမ်းဆောင်နိုင်တော့ပါဘူး။ တာယာလေပေါင်ချိန်များလွန်းရင်လည်း လမ်းနဲ့ တာယာ ထိစပ်မှုဧရိယာနည်းစေတဲ့အတွက် ကုပ်တွယ်မှုကို လျော့နည်းစေပါတယ်။
တာယာလေပေါင်ချိန် တိုင်းတာစစ်ဆေးမယ်ဆိုရင် အရည်အသွေးကောင်းမွန်တဲ့ လေပေါင်ချိန်တိုင်းကိရိယာကို အသုံးပြုပြီး စစ်ဆေးရပါမယ်။ မိမိဆိုင်ကယ်နောက်ထိုင်ခုံမှာ လူတစ်ဦးအမြဲလိုလိုတင်စီးနင်းတယ်ဆိုရင်တော့ တာယာလေပေါင်ချိန်ကို ပိုမိုဖြည့်ထားဖို့ လိုပါတယ်။ တာယာအေးနေချိန်မှာ လေပေါင်ချိန်ကို အမြဲစစ်ဆေးပါ။ တာယာ လေထိုးသွင်းနေချိန်မှာပဲ တာယာရဲ့အခြေအနေနဲ့ တာယာအထူအပါးတို့ကို တစ်ခါတည်း စစ်ဆေးသင့်ပါတယ်။

၂။ ဆီတိုင်ကီမှ ဆီလက်ကျန်ကို သတိပြုပါ။
ဆိုင်ကယ်ကို မေ့မေ့လျော့လျော့ စီးနင်းခြင်းမျိုး မဖြစ်စေဘဲ ဆီပမာဏနှုန်းပြ ဒိုင်ခွက်ကို မကြာမကြာ စစ်ဆေးပေးခြင်းဖြင့် ဆိုင်ကယ်အတွင်း လက်ကျန်ဆီကို ဂရုပြုပါ။ EFI အမျိုးအစား ဆိုင်ကယ်တွေမှာ လောင်စာဆီ နည်းနေရင် ဆီပေးစနစ်ပိုင်း ထိခိုက်နိုင်မှာဖြစ်ပြီး Carburetor အမျိုးအစား ဆိုင်ကယ်တွေမှာလည်း Carburetor ထိခိုက်နိုင်မှာ ဖြစ်ပါတယ်။

၃။ ချိန်းအလျော့အတင်း သတိပြုပါ
မမှန်ကန်တဲ့ ချိန်းတင်းအားကြောင့် ဂီယာဆောင့်၀င်တာနဲ့ ဂီယာ အချိန်းအပြောင်း ကြမ်းတာတွေကို ဖြစ်စေပြီး ချိန်းစပေါ့ကပ်နဲ့ ဂီယာဘောက်စ်တို့ကို အချိန်မတိုင်ခင် ပျက်စီးစေပါတယ်။ ဒါ့ပြင် ဆိုင်ကယ်နောက်ခြမ်း အောက်ပိုင်းစနစ်တွေကိုလည်း လျော့ကျစေပါတယ်။ ချိန်းရဲ့သက်တမ်းလည်း လျော့နည်းသွားပါတယ်။
မိမိဆိုင်ကယ်ရဲ့ ချိန်းကို မှန်ကန်တဲ့တင်းအားရဖို့အတွက် ကျွမ်းကျင်တဲ့ ၀ပ်ရှော့တွေမှာ စစ်ဆေးပါ။ ချိန်းတင်းအားကို ချိန်ညှိတဲ့အခါ ဆိုင်ကယ်ပေါ်မှာ လူတစ်ယောက်ထိုင်ပြီး ချိန်ညှိမှသာ လမ်းပေါ်မှာ မောင်းနှင်တဲ့အခါ တစ်ပြိုင်နက် တင်းအားရရှိပါလိမ့်မယ်။ ချိန်ညှိနေချိန်အတွင်းမှာလည်း ချိန်းသက်တမ်း ပိုမိုကြာရှည်ဖို့အတွက် ချိန်းဆီဖြည့်ပေးဖို့ သတိရပါ။

၄။ ဘက်ထရီဗို့အား သတိပြုပါ
ဘက်ထရီအိုးအများစုကတော့ ထိုင်ခုံရဲ့အောက်ဘက် ဆီတိုင်ကီအနားမှာ ရှိပါတယ်။ ဒါပေမဲ့ ဘက်ထရီအိုးကို အပေါ်ယံကြည့်ရုံနဲ့ ထိန်းသိမ်းမှုပြုလုပ်ဖို့ အတော်ခက်ခဲပါတယ်။ ဘက်ထရီသက်တမ်း ကုန်တဲ့အခါမှာ အားမ၀င်တော့တာတွေ ဖြစ်လာပါတယ်။ ဘက်ထရီအိုး ဗို့အားကို တိုင်းတာစစ်ဆေးမယ်ဆိုရင် အရည်အသွေးကောင်းမွန်တဲ့ ဗို့အားတိုင်းကိရိယာကိုအသုံးပြုပြီး စစ်ဆေးရပါမယ်။ ဘက်ထရီအိုးဗို့အားနည်းနေရင် အားသွင်းစက်နဲ့ အားပြန်သွင်းပါ။ ဘက်ထရီအိုး ပျက်စီးမှုမရှိစေဖို့ ဘက်ထရီခေါင်းကို အမဲဆီသုတ်ပြီးမှ ပြန်လည်တပ်ဆင်ပါ။ ဘက်ထရီအိုးခေါင်းနှစ်ခုကို တစ်ပြိုင်တည်း မထိမိစေဖို့ ဂရုစိုက်ရမှာပါ။

၅။ Coolant (အင်ဂျင် အအေးခံရည်) ကို စစ်ဆေးပါ
ဆိုင်ကယ်ရဲ့ Coolant ဘူးရှိတဲ့နေရာကို ရှာဖွေပါ။ Coolant အရည် Level အမြင့်/အနိမ့်တွေကို ဖောက်ထွင်းမြင်နေရတဲ့ ဘူးရဲ့အပြင်ဘက်မှာ အမှတ်တွေပါပါတယ်။ Coolant ဘူးမပါဘူးဆိုရင်လည်း Level စစ်ဆေးဖို့အတွက် Coolant ရေတိုင်ကီ အဖုံးကိုဖွင့်ပါ။ Coolant ရေတိုင်ကီအဖုံးကို အင်ဂျင်အေးတဲ့အခါမှသာ ဖွင့်ပြီးစစ်ဆေးပါ။ Coolant ရည်ကို တိုင်းတာစစ်ဆေးမယ်ဆိုရင် အရည်အသွေးကောင်းမွန်တဲ့ အရည်အသွေးတိုင်းကိရိယာကိုအသုံးပြုပြီး စစ်ဆေးရပါမယ်။ Coolant ရည်ကောင်းနေပြီး Level မမီရင် ဖြည့်စွက်ပေးရပါမယ်။
Coolant အရည်အသွေးနိမ့်ကျနေရင် အရည်အသွေးကောင်းမွန်တဲ့ coolant အသစ်ကို လဲရပါမယ်။ Coolant ရေထွက်ပေါက်ကိုဖွင့်ပြီး ကုန်စင်အောင် ထုတ်လိုက်ပါ။ Coolant ရည် ကုန်စင်သွားရင် ရေထွက်ပေါက်ကို ပြန်ပိတ်ပြီး Coolant ရည်ကို Level အမှတ်ရောက်အောင် ထည့်ပါ။ Coolant ရေ လေမခိုစေအောင် ရေတိုင်ကီပိုက်ကို လက်နဲ့ ညှစ်လိုက်၊ လွှတ်လိုက် လုပ်ပေးပါ။ အစမ်းမောင်းနှင်စစ်ဆေးမှု တစ်ကြိမ်ပြုလုပ်ပြီးနောက် Coolant ရည် Level ကို ထပ်မံစစ်ဆေးပါ။ လိုအပ်ပါက ထပ်မံဖြည့်စွက်ပါ။

၆။ Engine Oil and Filter (အင်ဂျင်ဝိုင်နှင့် အင်ဂျင်ဝိုင်အစစ်)
ဆိုင်ကယ်ရဲ့ အင်ဂျင်ဝိုင်ဂိတ်တံရှိတဲ့နေရာကို စစ်ဆေးရှာဖွေပါ။ အင်ဂျင်ဝိုင် Level အမြင့်၊ အနိမ့်တွေကိုမှတ်သားဖို့ အင်ဂျင်ဝိုင်ဂိတ်တံမှာ အမှတ်တွေပါပါတယ်။ အင်ဂျင်ဝိုင် Level ကို အင်ဂျင်မနိုးခင် တိုင်းတာစစ်ဆေးပါ။ အင်ဂျင်ဝိုင်ကောင်းနေပြီး Level မမီရင် ဖြည့်စွက် ပေးရပါမယ်။ အဲဒီလိုပဲ အင်ဂျင်ဝိုင် အသုံးပြုသက်တမ်း ကီလိုမီတာပြည့်ရင် အရည်အသွေး ကောင်းမွန်တဲ့ အင်ဂျင်ဝိုင်ကိုအသစ်လဲရပါမယ်။ အင်ဂျင်ဝိုင်လဲလှယ်ရင် အင်ဂျင်အေးတဲ့ အချိန်မှာ ပြုလုပ်ပါ။ အင်ဂျင်ဝိုင်ထွက်ပေါက်ကိုဖွင့်ပြီး အင်ဂျင်ဝုိင် အဟောင်းကို ကုန်စင်အောင် ထုတ်လိုက်ပါ။ အင်ဂျင်ဝိုင်ကုန်စင်သွားရင် အင်ဂျင်ဝိုင်ထွက်ပေါက်ကိုပြန်ပိတ်ပြီး အင်ဂျင်ဝိုင်ကို Level အမှတ်ရောက်အောင် ထည့်ပါ။ အင်ဂျင်ဝိုင်အသစ်ပါရင် အသစ်လဲပါ။

၇။ Air Filter (လေစစ်)
မိမိဆိုင်ကယ်ရဲ့ လေစစ်ကို မကြာခဏ ဂရုမစိုက်ဘဲ လျစ်လျူရှုပြီးနေမိခဲ့ရင် အင်ဂျင် အဆွဲအရုန်းကျလာပြီး အင်ဂျင်ထိခိုက်စေနိုင်ပါတယ်။ မိမိဆိုင်ကယ်ရဲ့ လေစစ်ရှိတဲ့နေရာကို စစ်ဆေးရှာဖွေပါ။ လေစစ်ကောင်းနေရင် လေမှုတ်ပြီးပြန်တပ်ပါ။ လေစစ်မကောင်းရင် အရည်အသွေးကောင်းမွန်တဲ့ လေစစ်အသစ် လဲပါ။

၈။ Spark Plug (ပလပ်)
မိမိဆိုင်ကယ်ရဲ့ ပလပ်ကို လျစ်လျူရှုထားခဲ့မယ်ဆိုရင်လည်း အင်ဂျင် အဆွဲအရုန်းကျပြီး အင်ဂျင်ထိခိုက်မှု ရှိစေပါတယ်။ ကျွမ်းကျင်တဲ့ ၀ပ်ရှော့တစ်ခုခုမှာ ပုံမှန်စစ်ဆေးပါ။

၉။ Grease (အမဲဆီ၊ချောဆီ ထည့်ခြင်း)
မိမိဆိုင်ကယ်ကို အမဲဆီ၊ ချောဆီ ပုံမှန်ထည့်ခြင်းအားဖြင့် အပိုပစ္စည်းစရိတ် သက်သာခြင်း၊ ဆိုင်ကယ်အသစ်စီးရသလို ချောမွေ့ခြင်းတွေ ခံစားရပါမယ်။ မိမိဆိုင်ကယ်ရဲ့ အမဲဆီ၊ ချောဆီ ထည့်သွင်းရမယ့်နေရာအကုန်လုံးကို အမဲဆီ၊ ချောဆီ ပုံမှန်ထည့်သွင်းပေးရပါမယ်။ ဘရိတ်အနီးတစ်ဝိုက်မှာတော့ အမဲဆီမထိမိစေဖို့ ဂရုစိုက်ရပါမယ်။

၁၀။ Oil And Adjust Cables (ဘရိတ်ကြိုး၊ ကလပ်ကြိုးနှင့် လီဗာကြိုးတို့ကို ချောဆီထည့်ခြင်း၊ ချိန်ညှိခြင်း)
မိမိဆိုင်ကယ်ရဲ့ ဘရိတ်ကြိုး၊ ကလပ်ကြိုးနဲ့ လီဗာကြိုးတို့ကို ချောဆီထည့်ပေးတာ၊ ချိန်ညှိပေးတာဟာ မောင်းနှင်ရာမှာ ပိုမိုချောမွေ့ပြီး ပိုကောင်းတဲ့တုံ့ပြန်မှုကို ရရှိစေပါတယ်။ ထုတ်လုပ်စဉ်ကတည်းက ပါရှိတဲ့ ချောဆီ(အမဲဆီ)တွေကို ကေဘယ်လ်ကြိုးအိမ်ထဲမှာ အချိန်လွန်အောင် ထားခြင်းကြောင့် အရည်အသွေးနိမ့်ကျလာပြီး ဆိုင်ကယ်ရဲ့ လုပ်ဆောင်မှုကို ယိုယွင်းစေပါတယ်။ ဒါကြောင့် ကေဘယ်လ်ကြိုးတွေ တုံ့ပြန်မှုကောင်းစေဖို့၊ ချောဆီ(အမဲဆီ) ထည့်ခြင်းနဲ့ ချိန်ညှိခြင်းတို့ကို ပြုလုပ်ရပါမယ်။

၁၁။ Break Pads and Break Shoes (ဘရိတ်အပြားနှင့် ဘရိတ်အခြမ်း)
ဆိုင်ကယ်စီးနင်းရာမှာ မိမိရဲ့ အသက် အန္တရာယ်အတွက် ဘရိတ်က အရေးကြီးပါတယ်။ ဘရိတ်ကောင်းကောင်း မိစေဖို့ ဘရိတ်အပြားနဲ့ ဘရိတ်အခြမ်း ပါးနေရင် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းကို လဲလှယ်ပါ။ 

၁၂။ Clean It (ဆိုင်ကယ်ကို သန့်ရှင်းပါ)
သင့်ဆိုင်ကယ်ကို အသုံးပြုပြီးတိုင်း အသစ်လိုတောက်ပနေဖို့ ဆေးကြောသန့်ရှင်းတာက အကောင်းဆုံးနည်းလမ်းပါ။ အထူးသဖြင့် မိုးတွင်းနဲ့ ဖုန်များတဲ့လမ်းတွေမှာ စီးပြီးရင် ဂရုတစိုက်ဆေးကြောသင့်ပါတယ်။ ဆိုင်ကယ် တစ်စုံတစ်ရာပြသနာပေါ်လာရင် စက်ပိုင်းဆိုင်ရာ မှားယွင်းမှု တလွဲတွေမရှိဘဲ ပြင်ဆင်ဖို့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သံကြေးတက်တာကိုလည်း ကာကွယ်ရာရောက်ပါတယ်။ ချိန်းကြိုးကိုလည်း ချိန်းကြိုးဆေးရည်နဲ့ ဆေးပါ။ ချိန်းကြိုးဆေးကြောပြီးရင် ချိန်းကြိုးဆီ၊ ဒါမှမဟုတ် အမဲဆီ ထည့်ပေးပါ။

<Zawgyi>
ေမာ္ေတာ္ဆိုင္ကယ္သက္တမ္း ၾကာရွည္ေစဖို႔ ဂ႐ုျပဳသင့္သည့္ ျပဳျပင္ထိန္းသိမ္းနည္းမ်ား
#carandcycleinformation

ေမာ္ေတာ္ဆိုင္ကယ္တစ္စီးျဖစ္ေစ၊ ယာဉ္တစ္စီးစီးျဖစ္ေစ ပိုင္ဆိုင္ၿပီဆိုလွ်င္ မိမိပိုင္ဆိုင္သည့္ စက္ပစၥည္းကို သက္တမ္းၾကာၾကာ အသုံးျပဳႏိုင္မွသာလွ်င္ ၀ယ္ယူသုံးစြဲမႈ၏ ရလဒ္ေကာင္းမြန္သည္ဟု ဆိုရမည္ျဖစ္ၿပီး ေငြေၾကးကုန္က်ခံရက်ိဳးလည္း နပ္မည္ျဖစ္သည္။ အလိုရွိခ်ိန္ ေမာင္းႏွင္စီးနင္း႐ုံသာျပဳလုပ္ကာ ပုံမွန္ျပဳျပင္ထိန္းသိမ္းမႈမရွိပါက မိမိ၏ စက္ပစၥည္းမွာ မ်ားမၾကာခင္တြင္ ေဖာက္လႊဲေဖာက္ျပန္မႈအမ်ိဳးမ်ိဳးျဖင့္ သက္တမ္းမကုန္မီ ပ်က္စီးဆုံးရႈံးျခင္းသို႔ ေရာက္ရွိမည္ျဖစ္သည္။ ထို႔အတြက္ ေမာ္ေတာ္ဆိုင္ကယ္ပိုင္ဆိုင္သူ၊ စီးနင္းသူတို႔အေနျဖင့္ မိမိတို႔ ပိုင္ဆိုင္သည့္ဆိုင္ကယ္အား တာရွည္ခံေစရန္ ပုံမွန္ ျပဳျပင္ထိန္းသိမ္းမႈ လိုအပ္မည္ ျဖစ္ေသာေၾကာင့္ ပုံမွန္ျပဳျပင္ထိန္းသိမ္းမႈဆိုင္ရာ အခ်က္မ်ားအား ေရးသားေဖာ္ျပလိုက္ပါသည္။ 

၁။ တာယာ
မိမိဆိုင္ကယ္ရဲ႕ တာယာေလေပါင္ခ်ိန္ကို ပုံမွန္စစ္ေဆးပါ။ ေလေလ်ာ့ေနတဲ့ဘီးေၾကာင့္ တာယာ၊ ေခြ၊ စပုတ္၊ ကြၽတ္ေတြကို အခ်ိန္မတိုင္ခင္ ပ်က္စီးေစပါတယ္။ ေလေလ်ာ့ေနတဲ့ တာယာက စတီယာရင္နဲ႔ ဘရိတ္တို႔ဆီကို သက္ေရာက္မႈ ရွိေစပါတယ္။ တာယာ ေလေပါင္ခ်ိန္နည္းေနရင္ တာယာရဲ႕နံရံေတြက သက္ေရာက္မႈအားေတြကို မွန္မွန္ကန္ကန္ မထမ္းေဆာင္ႏိုင္ေတာ့ပါဘူး။ တာယာေလေပါင္ခ်ိန္မ်ားလြန္းရင္လည္း လမ္းနဲ႔ တာယာ ထိစပ္မႈဧရိယာနည္းေစတဲ့အတြက္ ကုပ္တြယ္မႈကို ေလ်ာ့နည္းေစပါတယ္။
တာယာေလေပါင္ခ်ိန္ တိုင္းတာစစ္ေဆးမယ္ဆိုရင္ အရည္အေသြးေကာင္းမြန္တဲ့ ေလေပါင္ခ်ိန္တိုင္းကိရိယာကို အသုံးျပဳၿပီး စစ္ေဆးရပါမယ္။ မိမိဆိုင္ကယ္ေနာက္ထိုင္ခုံမွာ လူတစ္ဦးအၿမဲလိုလိုတင္စီးနင္းတယ္ဆိုရင္ေတာ့ တာယာေလေပါင္ခ်ိန္ကို ပိုမိုျဖည့္ထားဖို႔ လိုပါတယ္။ တာယာေအးေနခ်ိန္မွာ ေလေပါင္ခ်ိန္ကို အၿမဲစစ္ေဆးပါ။ တာယာ ေလထိုးသြင္းေနခ်ိန္မွာပဲ တာယာရဲ႕အေျခအေနနဲ႔ တာယာအထူအပါးတို႔ကို တစ္ခါတည္း စစ္ေဆးသင့္ပါတယ္။

၂။ ဆီတိုင္ကီမွ ဆီလက္က်န္ကို သတိျပဳပါ။
ဆိုင္ကယ္ကို ေမ့ေမ့ေလ်ာ့ေလ်ာ့ စီးနင္းျခင္းမ်ိဳး မျဖစ္ေစဘဲ ဆီပမာဏႏႈန္းျပ ဒိုင္ခြက္ကို မၾကာမၾကာ စစ္ေဆးေပးျခင္းျဖင့္ ဆိုင္ကယ္အတြင္း လက္က်န္ဆီကို ဂ႐ုျပဳပါ။ EFI အမ်ိဳးအစား ဆိုင္ကယ္ေတြမွာ ေလာင္စာဆီ နည္းေနရင္ ဆီေပးစနစ္ပိုင္း ထိခိုက္ႏိုင္မွာျဖစ္ၿပီး Carburetor အမ်ိဳးအစား ဆိုင္ကယ္ေတြမွာလည္း Carburetor ထိခိုက္ႏိုင္မွာ ျဖစ္ပါတယ္။

၃။ ခ်ိန္းအေလ်ာ့အတင္း သတိျပဳပါ
မမွန္ကန္တဲ့ ခ်ိန္းတင္းအားေၾကာင့္ ဂီယာေဆာင့္၀င္တာနဲ႔ ဂီယာ အခ်ိန္းအေျပာင္း ၾကမ္းတာေတြကို ျဖစ္ေစၿပီး ခ်ိန္းစေပါ႔ကပ္နဲ႔ ဂီယာေဘာက္စ္တို႔ကို အခ်ိန္မတိုင္ခင္ ပ်က္စီးေစပါတယ္။ ဒါ႔ျပင္ ဆိုင္ကယ္ေနာက္ျခမ္း ေအာက္ပိုင္းစနစ္ေတြကိုလည္း ေလ်ာ့က်ေစပါတယ္။ ခ်ိန္းရဲ႕သက္တမ္းလည္း ေလ်ာ့နည္းသြားပါတယ္။
မိမိဆိုင္ကယ္ရဲ႕ ခ်ိန္းကို မွန္ကန္တဲ့တင္းအားရဖို႔အတြက္ ကြၽမ္းက်င္တဲ့ ၀ပ္ေရွာ့ေတြမွာ စစ္ေဆးပါ။ ခ်ိန္းတင္းအားကို ခ်ိန္ညႇိတဲ့အခါ ဆိုင္ကယ္ေပၚမွာ လူတစ္ေယာက္ထိုင္ၿပီး ခ်ိန္ညႇိမွသာ လမ္းေပၚမွာ ေမာင္းႏွင္တဲ့အခါ တစ္ၿပိဳင္နက္ တင္းအားရရွိပါလိမ့္မယ္။ ခ်ိန္ညႇိေနခ်ိန္အတြင္းမွာလည္း ခ်ိန္းသက္တမ္း ပိုမိုၾကာရွည္ဖို႔အတြက္ ခ်ိန္းဆီျဖည့္ေပးဖို႔ သတိရပါ။

၄။ ဘက္ထရီဗို႔အား သတိျပဳပါ
ဘက္ထရီအိုးအမ်ားစုကေတာ့ ထိုင္ခုံရဲ႕ေအာက္ဘက္ ဆီတိုင္ကီအနားမွာ ရွိပါတယ္။ ဒါေပမဲ့ ဘက္ထရီအိုးကို အေပၚယံၾကည့္႐ုံနဲ႔ ထိန္းသိမ္းမႈျပဳလုပ္ဖို႔ အေတာ္ခက္ခဲပါတယ္။ ဘက္ထရီသက္တမ္း ကုန္တဲ့အခါမွာ အားမ၀င္ေတာ့တာေတြ ျဖစ္လာပါတယ္။ ဘက္ထရီအိုး ဗို႔အားကို တိုင္းတာစစ္ေဆးမယ္ဆိုရင္ အရည္အေသြးေကာင္းမြန္တဲ့ ဗို႔အားတိုင္းကိရိယာကိုအသုံးျပဳၿပီး စစ္ေဆးရပါမယ္။ ဘက္ထရီအိုးဗို႔အားနည္းေနရင္ အားသြင္းစက္နဲ႔ အားျပန္သြင္းပါ။ ဘက္ထရီအိုး ပ်က္စီးမႈမရွိေစဖို႔ ဘက္ထရီေခါင္းကို အမဲဆီသုတ္ၿပီးမွ ျပန္လည္တပ္ဆင္ပါ။ ဘက္ထရီအိုးေခါင္းႏွစ္ခုကို တစ္ၿပိဳင္တည္း မထိမိေစဖို႔ ဂ႐ုစိုက္ရမွာပါ။

၅။ Coolant (အင္ဂ်င္ အေအးခံရည္) ကို စစ္ေဆးပါ
ဆိုင္ကယ္ရဲ႕ Coolant ဘူးရွိတဲ့ေနရာကို ရွာေဖြပါ။ Coolant အရည္ Level အျမင့္/အနိမ့္ေတြကို ေဖာက္ထြင္းျမင္ေနရတဲ့ ဘူးရဲ႕အျပင္ဘက္မွာ အမွတ္ေတြပါပါတယ္။ Coolant ဘူးမပါဘူးဆိုရင္လည္း Level စစ္ေဆးဖို႔အတြက္ Coolant ေရတိုင္ကီ အဖုံးကိုဖြင့္ပါ။ Coolant ေရတိုင္ကီအဖုံးကို အင္ဂ်င္ေအးတဲ့အခါမွသာ ဖြင့္ၿပီးစစ္ေဆးပါ။ Coolant ရည္ကို တိုင္းတာစစ္ေဆးမယ္ဆိုရင္ အရည္အေသြးေကာင္းမြန္တဲ့ အရည္အေသြးတိုင္းကိရိယာကိုအသုံးျပဳၿပီး စစ္ေဆးရပါမယ္။ Coolant ရည္ေကာင္းေနၿပီး Level မမီရင္ ျဖည့္စြက္ေပးရပါမယ္။
Coolant အရည္အေသြးနိမ့္က်ေနရင္ အရည္အေသြးေကာင္းမြန္တဲ့ coolant အသစ္ကို လဲရပါမယ္။ Coolant ေရထြက္ေပါက္ကိုဖြင့္ၿပီး ကုန္စင္ေအာင္ ထုတ္လိုက္ပါ။ Coolant ရည္ ကုန္စင္သြားရင္ ေရထြက္ေပါက္ကို ျပန္ပိတ္ၿပီး Coolant ရည္ကို Level အမွတ္ေရာက္ေအာင္ ထည့္ပါ။ Coolant ေရ ေလမခိုေစေအာင္ ေရတိုင္ကီပိုက္ကို လက္နဲ႔ ညႇစ္လိုက္၊ လႊတ္လိုက္ လုပ္ေပးပါ။ အစမ္းေမာင္းႏွင္စစ္ေဆးမႈ တစ္ႀကိမ္ျပဳလုပ္ၿပီးေနာက္ Coolant ရည္ Level ကို ထပ္မံစစ္ေဆးပါ။ လိုအပ္ပါက ထပ္မံျဖည့္စြက္ပါ။

၆။ Engine Oil and Filter (အင္ဂ်င္ဝိုင္ႏွင့္ အင္ဂ်င္ဝိုင္အစစ္)
ဆိုင္ကယ္ရဲ႕ အင္ဂ်င္ဝိုင္ဂိတ္တံရွိတဲ့ေနရာကို စစ္ေဆးရွာေဖြပါ။ အင္ဂ်င္ဝိုင္ Level အျမင့္၊ အနိမ့္ေတြကိုမွတ္သားဖို႔ အင္ဂ်င္ဝိုင္ဂိတ္တံမွာ အမွတ္ေတြပါပါတယ္။ အင္ဂ်င္ဝိုင္ Level ကို အင္ဂ်င္မႏိုးခင္ တိုင္းတာစစ္ေဆးပါ။ အင္ဂ်င္ဝိုင္ေကာင္းေနၿပီး Level မမီရင္ ျဖည့္စြက္ ေပးရပါမယ္။ အဲဒီလိုပဲ အင္ဂ်င္ဝိုင္ အသုံးျပဳသက္တမ္း ကီလိုမီတာျပည့္ရင္ အရည္အေသြး ေကာင္းမြန္တဲ့ အင္ဂ်င္ဝိုင္ကိုအသစ္လဲရပါမယ္။ အင္ဂ်င္ဝိုင္လဲလွယ္ရင္ အင္ဂ်င္ေအးတဲ့ အခ်ိန္မွာ ျပဳလုပ္ပါ။ အင္ဂ်င္ဝိုင္ထြက္ေပါက္ကိုဖြင့္ၿပီး အင္ဂ်င္ဝုိင္ အေဟာင္းကို ကုန္စင္ေအာင္ ထုတ္လိုက္ပါ။ အင္ဂ်င္ဝိုင္ကုန္စင္သြားရင္ အင္ဂ်င္ဝိုင္ထြက္ေပါက္ကိုျပန္ပိတ္ၿပီး အင္ဂ်င္ဝိုင္ကို Level အမွတ္ေရာက္ေအာင္ ထည့္ပါ။ အင္ဂ်င္ဝိုင္အသစ္ပါရင္ အသစ္လဲပါ။

၇။ Air Filter (ေလစစ္)
မိမိဆိုင္ကယ္ရဲ႕ ေလစစ္ကို မၾကာခဏ ဂ႐ုမစိုက္ဘဲ လ်စ္လ်ဴရႈၿပီးေနမိခဲ့ရင္ အင္ဂ်င္ အဆြဲအ႐ုန္းက်လာၿပီး အင္ဂ်င္ထိခိုက္ေစႏိုင္ပါတယ္။ မိမိဆိုင္ကယ္ရဲ႕ ေလစစ္ရွိတဲ့ေနရာကို စစ္ေဆးရွာေဖြပါ။ ေလစစ္ေကာင္းေနရင္ ေလမႈတ္ၿပီးျပန္တပ္ပါ။ ေလစစ္မေကာင္းရင္ အရည္အေသြးေကာင္းမြန္တဲ့ ေလစစ္အသစ္ လဲပါ။

၈။ Spark Plug (ပလပ္)
မိမိဆိုင္ကယ္ရဲ႕ ပလပ္ကို လ်စ္လ်ဴရႈထားခဲ့မယ္ဆိုရင္လည္း အင္ဂ်င္ အဆြဲအ႐ုန္းက်ၿပီး အင္ဂ်င္ထိခိုက္မႈ ရွိေစပါတယ္။ ကြၽမ္းက်င္တဲ့ ၀ပ္ေရွာ့တစ္ခုခုမွာ ပုံမွန္စစ္ေဆးပါ။

၉။ Grease (အမဲဆီ၊ေခ်ာဆီ ထည့္ျခင္း)
မိမိဆိုင္ကယ္ကို အမဲဆီ၊ ေခ်ာဆီ ပုံမွန္ထည့္ျခင္းအားျဖင့္ အပိုပစၥည္းစရိတ္ သက္သာျခင္း၊ ဆိုင္ကယ္အသစ္စီးရသလို ေခ်ာေမြ႕ျခင္းေတြ ခံစားရပါမယ္။ မိမိဆိုင္ကယ္ရဲ႕ အမဲဆီ၊ ေခ်ာဆီ ထည့္သြင္းရမယ့္ေနရာအကုန္လုံးကို အမဲဆီ၊ ေခ်ာဆီ ပုံမွန္ထည့္သြင္းေပးရပါမယ္။ ဘရိတ္အနီးတစ္ဝိုက္မွာေတာ့ အမဲဆီမထိမိေစဖို႔ ဂ႐ုစိုက္ရပါမယ္။

၁၀။ Oil And Adjust Cables (ဘရိတ္ႀကိဳး၊ ကလပ္ႀကိဳးႏွင့္ လီဗာႀကိဳးတို႔ကို ေခ်ာဆီထည့္ျခင္း၊ ခ်ိန္ညႇိျခင္း)
မိမိဆိုင္ကယ္ရဲ႕ ဘရိတ္ႀကိဳး၊ ကလပ္ႀကိဳးနဲ႔ လီဗာႀကိဳးတို႔ကို ေခ်ာဆီထည့္ေပးတာ၊ ခ်ိန္ညႇိေပးတာဟာ ေမာင္းႏွင္ရာမွာ ပိုမိုေခ်ာေမြ႕ၿပီး ပိုေကာင္းတဲ့တုံ႔ျပန္မႈကို ရရွိေစပါတယ္။ ထုတ္လုပ္စဉ္ကတည္းက ပါရွိတဲ့ ေခ်ာဆီ(အမဲဆီ)ေတြကို ေကဘယ္လ္ႀကိဳးအိမ္ထဲမွာ အခ်ိန္လြန္ေအာင္ ထားျခင္းေၾကာင့္ အရည္အေသြးနိမ့္က်လာၿပီး ဆိုင္ကယ္ရဲ႕ လုပ္ေဆာင္မႈကို ယိုယြင္းေစပါတယ္။ ဒါေၾကာင့္ ေကဘယ္လ္ႀကိဳးေတြ တုံ႔ျပန္မႈေကာင္းေစဖို႔၊ ေခ်ာဆီ(အမဲဆီ) ထည့္ျခင္းနဲ႔ ခ်ိန္ညႇိျခင္းတို႔ကို ျပဳလုပ္ရပါမယ္။

၁၁။ Break Pads and Break Shoes (ဘရိတ္အျပားႏွင့္ ဘရိတ္အျခမ္း)
ဆိုင္ကယ္စီးနင္းရာမွာ မိမိရဲ႕ အသက္ အႏၲရာယ္အတြက္ ဘရိတ္က အေရးႀကီးပါတယ္။ ဘရိတ္ေကာင္းေကာင္း မိေစဖို႔ ဘရိတ္အျပားနဲ႔ ဘရိတ္အျခမ္း ပါးေနရင္ အရည္အေသြးေကာင္းမြန္တဲ့ ပစၥည္းကို လဲလွယ္ပါ။ 

၁၂။ Clean It (ဆိုင္ကယ္ကို သန္႔ရွင္းပါ)
သင့္ဆိုင္ကယ္ကို အသုံးျပဳၿပီးတိုင္း အသစ္လိုေတာက္ပေနဖို႔ ေဆးေၾကာသန္႔ရွင္းတာက အေကာင္းဆုံးနည္းလမ္းပါ။ အထူးသျဖင့္ မိုးတြင္းနဲ႔ ဖုန္မ်ားတဲ့လမ္းေတြမွာ စီးၿပီးရင္ ဂ႐ုတစိုက္ေဆးေၾကာသင့္ပါတယ္။ ဆိုင္ကယ္ တစ္စုံတစ္ရာျပသနာေပၚလာရင္ စက္ပိုင္းဆိုင္ရာ မွားယြင္းမႈ တလြဲေတြမရွိဘဲ ျပင္ဆင္ဖို႔ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။ သံေၾကးတက္တာကိုလည္း ကာကြယ္ရာေရာက္ပါတယ္။ ခ်ိန္းႀကိဳးကိုလည္း ခ်ိန္းႀကိဳးေဆးရည္နဲ႔ ေဆးပါ။ ခ်ိန္းႀကိဳးေဆးေၾကာၿပီးရင္ ခ်ိန္းႀကိဳးဆီ၊ ဒါမွမဟုတ္ အမဲဆီ ထည့္ေပးပါ။