<Unicode>
အင်ဂျင်ဝိုင်အသုံးပြုနည်း၂
ဟိုက်ဝေးခရီးမောင်းနှင်မှု့မှာ မောင်းနှင်သူတစ်ချို့လုပ်မိတဲ့အမှားလေးတွေကိုပြောပြပါမယ်
အင်ဂျင်ပူလာတဲ့အခါ အင်ဂျင်ကိုရေလောင်းကြတာဖြစ်ပါတယ်
တစ်ချို့ ဘီးတွေမှာတော့ ဟိ တတ်ပီး လမ်းခရီးမှာဒုက္ခရောက်ရပါတယ် ဝပ်ရှော့ပြင်ဆိုင်နဲ့ မနီးရင်ပိုပီးဒုက္ခရောက်ရပီးအချိန်ကုန်ငွေကုန်လူပန်းဖြစ်ရပါတယ် အဲ့လိုမဖြစ်ရအောင် ဟိုက်ဝေးမောင်းတဲ့အခါ အင်ဂျင်ပူလို့ရေလောင်းမယ်ဆိုရင် အေဇောအရင်းကိုအရင်လောင်းပါ လောင်းလို့အပူကျပီဆိုမှ သာအင်ဂျင်ကိုလောင်းပေးပါအဲ့ဒါကတော့ အင်ဂျင်အတွက်လဲ သက်တမ်းရှည်စေပေါတယ်
အကယ်လို့ရေလောင်းမှားလို့ အင်ဂျင် ဟိ တတ်တာမျိုးမဖြစ်ရင်တောင် အင်ဂျင်သက်တမ်းတိုစေမှာသေချာပါတယ်
ပုံမှန်ထက်ပို၍ ကိုယ့်ရဲ့မောင်းနှင်မှု့အတိုင်းအတာထက် အင်ဂျင်ပူလောင်မှု့လွန်ကဲနေခြင်းဟာ အင်ဂျင်ဝိုင်ရဲ့အခန်းကဏ္ဌကတစ်ထောင့်တစ်နေရာပါဝင်ပတ်သတ်မှု့ရှိနေပါတယ်
တစ်ချို့က ပေပါဆီများအသုံးပြုကြပါတယ် အင်ဂျင်သက်တမ်းတိုစေပီး အင်ဂျင်ပါဝါအလျှင်အမြန်ကျလွယ်စေပါတယ်
ကျနော်ကတော့ ဟိုက်ဝေးသမားတွေအတွက်ဆိုရင် အင်ဂျင်ဝိုင်အစေးကိုအသုံးပြုပေးပါတယ်
အင်ဂျင်ဝိုင်အကျဲကိုတော့ မသုံးပါဘူး ဘာလို့လဲဆိုတော့ ဂရုမစိုက်တတ်တဲ့မောင်းနှင်သူပြုပြင်သူများဟာ အင်ဂျင်ဝိုင်ရဲ့သက်တမ်းကုန်ပီးနောက် အင်ဂျင်ဝိုင်ရဲ့ ဂိတ်ကိုမှီနေတယ်ဆိုရင်ဆက်လက်အသုံးပြုနေကြလို့ဖြစ်ပါတယ်
တစ်ချို့ကျတော့လဲအင်ဂျင်ဝိုင်ကိုအရမ်းဂရုစိုက်ကြပါတယ် ဟိုက်ဝေးတစ်ခေါက်လောက်မောင်းပီးရင် အင်ဂျင်ဝိုင်လဲကြပါတယ် ဒါဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါတယ်
မောင်းနှင်သူတစ်ချို့ရဲ့အမှားကတော့ အင်ဂျင်ဝိုင်ရဲ့သက်တမ်းကို ရက်စွဲ/လ နဲ့တွက်တာပါပဲ
တကယ်အမှန်ကတော့ အင်ဂျင်ဝိုင်ရဲ့ သက်တမ်းကို မောင်းနှင်မှု့ မိုင်နှုန်းနဲ့တိုင်းတာရမှာဖြစ်ပါတယ်
ဆက်ရန်ရှိသေးပါတယ်
ဘီးကြီးလမ်းညွှန်နည်းပညာများကို ဒီစာမျက်နှာမှာပဲ တင်ပေးမည်ဖြစ်ပါတယ်
<Zawgyi>
အင္ဂ်င္ဝိုင္အသုံးျပဳနည္း၂
ဟိုက္ေဝးခရီးေမာင္းႏွင္မႈ့မွာ ေမာင္းႏွင္သူတစ္ခ်ိဳ႕လုပ္မိတဲ့အမွားေလးေတြကိုေျပာျပပါမယ္
အင္ဂ်င္ပူလာတဲ့အခါ အင္ဂ်င္ကိုေရေလာင္းၾကတာျဖစ္ပါတယ္
တစ္ခ်ိဳ႕ ဘီးေတြမွာေတာ့ ဟိ တတ္ပီး လမ္းခရီးမွာဒုကၡေရာက္ရပါတယ္ ဝပ္ေရွာ့ျပင္ဆိုင္နဲ႔ မနီးရင္ပိုပီးဒုကၡေရာက္ရပီးအခ်ိန္ကုန္ေငြကုန္လူပန္းျဖစ္ရပါတယ္ အဲ့လိုမျဖစ္ရေအာင္ ဟိုက္ေဝးေမာင္းတဲ့အခါ အင္ဂ်င္ပူလို႔ေရေလာင္းမယ္ဆိုရင္ ေအေဇာအရင္းကိုအရင္ေလာင္းပါ ေလာင္းလို႔အပူက်ပီဆိုမွ သာအင္ဂ်င္ကိုေလာင္းေပးပါအဲ့ဒါကေတာ့ အင္ဂ်င္အတြက္လဲ သက္တမ္းရွည္ေစေပါတယ္
အကယ္လို႔ေရေလာင္းမွားလို႔ အင္ဂ်င္ ဟိ တတ္တာမ်ိဳးမျဖစ္ရင္ေတာင္ အင္ဂ်င္သက္တမ္းတိုေစမွာေသခ်ာပါတယ္
ပုံမွန္ထက္ပို၍ ကိုယ့္ရဲ႕ေမာင္းႏွင္မႈ့အတိုင္းအတာထက္ အင္ဂ်င္ပူေလာင္မႈ့လြန္ကဲေနျခင္းဟာ အင္ဂ်င္ဝိုင္ရဲ႕အခန္းကဏၭကတစ္ေထာင့္တစ္ေနရာပါဝင္ပတ္သတ္မႈ့ရွိေနပါတယ္
တစ္ခ်ိဳ႕က ေပပါဆီမ်ားအသုံးျပဳၾကပါတယ္ အင္ဂ်င္သက္တမ္းတိုေစပီး အင္ဂ်င္ပါဝါအလွ်င္အျမန္က်လြယ္ေစပါတယ္
က်ေနာ္ကေတာ့ ဟိုက္ေဝးသမားေတြအတြက္ဆိုရင္ အင္ဂ်င္ဝိုင္အေစးကိုအသုံးျပဳေပးပါတယ္
အင္ဂ်င္ဝိုင္အက်ဲကိုေတာ့ မသုံးပါဘူး ဘာလို႔လဲဆိုေတာ့ ဂ႐ုမစိုက္တတ္တဲ့ေမာင္းႏွင္သူျပဳျပင္သူမ်ားဟာ အင္ဂ်င္ဝိုင္ရဲ႕သက္တမ္းကုန္ပီးေနာက္ အင္ဂ်င္ဝိုင္ရဲ႕ ဂိတ္ကိုမွီေနတယ္ဆိုရင္ဆက္လက္အသုံးျပဳေနၾကလို႔ျဖစ္ပါတယ္
တစ္ခ်ိဳ႕က်ေတာ့လဲအင္ဂ်င္ဝိုင္ကိုအရမ္းဂ႐ုစိုက္ၾကပါတယ္ ဟိုက္ေဝးတစ္ေခါက္ေလာက္ေမာင္းပီးရင္ အင္ဂ်င္ဝိုင္လဲၾကပါတယ္ ဒါဟာ မွန္ကန္တဲ့လုပ္ရပ္ျဖစ္ပါတယ္
ေမာင္းႏွင္သူတစ္ခ်ိဳ႕ရဲ႕အမွားကေတာ့ အင္ဂ်င္ဝိုင္ရဲ႕သက္တမ္းကို ရက္စြဲ/လ နဲ႔တြက္တာပါပဲ
တကယ္အမွန္ကေတာ့ အင္ဂ်င္ဝိုင္ရဲ႕ သက္တမ္းကို ေမာင္းႏွင္မႈ့ မိုင္ႏႈန္းနဲ႔တိုင္းတာရမွာျဖစ္ပါတယ္
ဆက္ရန္ရွိေသးပါတယ္
ဘီးႀကီးလမ္းၫႊန္နည္းပညာမ်ားကို ဒီစာမ်က္ႏွာမွာပဲ တင္ေပးမည္ျဖစ္ပါတယ္